ဘီယာျဖတ္လိုက္ၿပီးတဲ့ေနာက္ ဝိတ္က်ၿပီး ခႏၶာကိုယ္ပုံစံလုံးဝေျပာင္းလဲသြားခဲ့သူ


Zawgyiျဖင့္ဖတ္ရန္
ကယ္လိုရီမ်ားတဲ့ အစားအေသာက္ေတြစားျခင္းနဲ႔ ေလ့က်င့္ခန္းမလုပ္ျခင္းတင္မက ဘီယာနဲ႔ဝိုင္ေတြကို အတိုင္း အဆမရွိ ေန႔စဥ္ပုံမွန္ေသာက္သုံးျခင္းဟာလည္း ကိုယ္အေလးခ်ိန္တိုးေစႏိုင္တဲ့ အဓိကအေၾကာင္းအရင္းေတြထဲ က တစ္ခ်က္ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီအခ်က္ကို ကယ္လီဖိုးနီးယားျပည္နယ္က အေမရိကန္ႏိုင္ငံသား တစ္ေယာက္က သက္ေသျပလိုက္ပါတယ္။
Cheyne Kobzoff လို႔ နာမည္ရတဲ့ ကယ္လီဖိုးနီးယားျပည္နယ္သားဟာ သူ႔ဘဝတစ္ေလွ်ာက္လုံး ဘီယာနဲ႔ အရက္ကို စြဲစြဲလန္းလန္း ေသာက္သုံးခဲ့ပါတယ္။ အရက္ဟာ သူ႔အတြက္ ေန႔တိုင္းမေသာက္ရရင္ မေနႏိုင္တဲ့ အထိ ျဖစ္လာခဲ့ပါတယ္။ အိမ္ေထာင္သည္ ကေလးတစ္ေယာက္အေဖျဖစ္တဲ့ အသက္ ၃၀ ဝန္းက်င္အ႐ြယ္ Kobzoff ဟာ အလုပ္ကေန အိမ္ျပန္ေရာက္တာနဲ႔ ဘီယာေသာက္ေလ့ရွိသူ ျဖစ္ပါတယ္။ အဲဒီအက်င့္ဆိုးဟာ ႏွစ္ေပါင္းမ်ားစြာ စြဲကပ္လာခဲ့ပါတယ္။
Tonic နဲ႔ အင္တာဗ်ဴးတစ္ခုမွာ သူကိုယ္တိုင္ ဝန္ခံေျပာျပခဲ့တာကေတာ့ သူဟာ တစ္ညကို ဝိုင္တစ္ခြက္ကေန ႏွစ္ခြက္အပါအဝင္ စုစုေပါင္း ဘီယာ ၁၂ ဗူးေလာက္ ေန႔စဥ္ေသာက္ေလ့ရွိတဲ့ အက်င့္ဆိုး စြဲကပ္ခဲ့ပါတယ္။ အဲဒီ လို ႏွစ္မ်ားစြာၾကာေအာင္ ေသာက္သုံးမႈေၾကာင့္ သူဟာ အ႐ြယ္နဲ႔မလိုက္ေအာင္ ႐ုပ္ရင့္ၿပီး ခႏၶာကိုယ္ဟာလည္း ၾကည့္ရဆိုးေအာင္ ဝၿဖီးလာခဲ့ပါတယ္။ သူ႔အေနနဲ႔ အဲဒီအက်င့္ဟာ မေကာင္းမွန္းသိေပမဲ့ ဘယ္လိုျဖစ္ေတာက္ ရမွန္းမသိခဲ့ပါဘူး။
၂၀၁၆ ခုႏွစ္မွာေတာ့ သူ ႀကိဳးစားၿပီး အရက္ျဖတ္ပစ္ခဲ့ပါတယ္။ အဲဒီလိုအရက္ျဖတ္ၿပီး တစ္ႏွစ္အၾကာမွာ သူ႔ရဲ႕ ပုံပန္းအသြင္ျပင္ဟာ အရင္နဲ႔လုံုးဝမတူေတာ့ဘဲ လုံးဝကြာျခားသြားခဲ့ပါတယ္။ ေန႔စဥ္အစားနဲ႔ဝိတ္ခ်ၿပီး ေလ့က်င့္ ခန္းလုပ္လိုက္တဲ့ လူတစ္ေယာက္လိုပဲ Kobzoff ဟဟာလည္း အရက္ျဖတ္လိုက္႐ုံနဲ႔ ကိုယ္အေလးခ်ိန္က်ဆင္း သြားခဲ့ပါတယ္။ အခုဆိုရင္ သူဟာ ဗိုက္႐ႊဲႀကီးနဲ႔မဟုတ္ေတာ့ဘဲ အ႐ြယ္တင္ႏုပ်ိဳၿပီး ၾကည့္ေကာင္းတဲ့ လူတစ္ေယာက္အသြင္ကို ေျပာင္းလဲသြားခဲ့ပါၿပီ။
ႏွစ္ေပါင္းမ်ားစြာ စြဲလမ္းေနတဲ့ အရက္ကိုျဖတ္လိုက္တာေၾကာင့္ သူ ရရွိခဲ့တဲ့ အက်ိဳးေက်းဇူးကေတာ့ ၅၃ ေပါင္ အထိ ဝိတ္က်သြားတာပါပဲ။ အရက္ျဖတ္ၿပီး တစ္ႏွစ္ေလာက္အၾကာမွာ သူ႔ခႏၶာကိုယ္အသြင္ျပင္တင္မကဘဲ သူ႔ရဲ႕ စိတ္ပိုင္းဆိုင္ရာလည္း ေျပာင္းလဲတိုးတက္လာတယ္လို႔ ဆိုပါတယ္။ အရက္ျဖတ္ၿပီးတဲ့ေနာက္ သူ႔ရဲ႕ ယခင္ နဲ႔ ယခုပုံကို ႏႈိင္းယွဥ္ၿပီး ဆိုရွယ္မီဒီယာမွာတင္ခဲ့ရာ သူ႔ကို အတုယူခဲ့သူ အမ်ားအျပားလည္း ေပၚေပါက္လာခဲ့ပါ တယ္။
သူ႔ရဲ႕အဆိုအရ အဲဒီလိုျဖတ္ေတာက္လိုက္ရတာဟာ အစပိုင္းမွာ အေတာ္ေလးအခက္အခဲ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့ျပင္ သူဟာ အရက္ျဖတ္တဲ့ကာလမွာ ေလ့က်င့္ခန္းေတြလည္း လုပ္ခဲ့ပါတယ္။ အရက္ျဖတ္လိုက္တာ ေၾကာင့္ ဝိတ္က်သြားတဲ့အျပင္ ဆံပင္ေတြကြၽတ္တာသက္သာလာသလို အေမာလည္းပိုခံႏိုင္လာတယ္လို႔ သူက ဆိုပါတယ္။
by Cherry Mon
Ref; Good Times
Credit:We.Com
Unicodeဖြင့်ဖတ်ရန်

ဘီယာဖြတ်လိုက်ပြီးတဲ့နောက် ဝိတ်ကျပြီး ခန္ဓာကိုယ်ပုံစံလုံးဝပြောင်းလဲသွားခဲ့သူ

ကယ်လိုရီများတဲ့ အစားအသောက်တွေစားခြင်းနဲ့ လေ့ကျင့်ခန်းမလုပ်ခြင်းတင်မက ဘီယာနဲ့ဝိုင်တွေကို အတိုင်း အဆမရှိ နေ့စဉ်ပုံမှန်သောက်သုံးခြင်းဟာလည်း ကိုယ်အလေးချိန်တိုးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲ က တစ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်ကို ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်နိုင်ငံသား တစ်ယောက်က သက်သေပြလိုက်ပါတယ်။
Cheyne Kobzoff လို့ နာမည်ရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်သားဟာ သူ့ဘဝတစ်လျှောက်လုံး ဘီယာနဲ့ အရက်ကို စွဲစွဲလန်းလန်း သောက်သုံးခဲ့ပါတယ်။ အရက်ဟာ သူ့အတွက် နေ့တိုင်းမသောက်ရရင် မနေနိုင်တဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ အိမ်ထောင်သည် ကလေးတစ်ယောက်အဖေဖြစ်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် Kobzoff ဟာ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ ဘီယာသောက်လေ့ရှိသူ ဖြစ်ပါတယ်။ အဲဒီအကျင့်ဆိုးဟာ နှစ်ပေါင်းများစွာ စွဲကပ်လာခဲ့ပါတယ်။
Tonic နဲ့ အင်တာဗျူးတစ်ခုမှာ သူကိုယ်တိုင် ဝန်ခံပြောပြခဲ့တာကတော့ သူဟာ တစ်ညကို ဝိုင်တစ်ခွက်ကနေ နှစ်ခွက်အပါအဝင် စုစုပေါင်း ဘီယာ ၁၂ ဗူးလောက် နေ့စဉ်သောက်လေ့ရှိတဲ့ အကျင့်ဆိုး စွဲကပ်ခဲ့ပါတယ်။ အဲဒီ လို နှစ်များစွာကြာအောင် သောက်သုံးမှုကြောင့် သူဟာ အရွယ်နဲ့မလိုက်အောင် ရုပ်ရင့်ပြီး ခန္ဓာကိုယ်ဟာလည်း ကြည့်ရဆိုးအောင် ဝဖြီးလာခဲ့ပါတယ်။ သူ့အနေနဲ့ အဲဒီအကျင့်ဟာ မကောင်းမှန်းသိပေမဲ့ ဘယ်လိုဖြစ်တောက် ရမှန်းမသိခဲ့ပါဘူး။
၂၀၁၆ ခုနှစ်မှာတော့ သူ ကြိုးစားပြီး အရက်ဖြတ်ပစ်ခဲ့ပါတယ်။ အဲဒီလိုအရက်ဖြတ်ပြီး တစ်နှစ်အကြာမှာ သူ့ရဲ့ ပုံပန်းအသွင်ပြင်ဟာ အရင်နဲ့လုံးဝမတူတော့ဘဲ လုံးဝကွာခြားသွားခဲ့ပါတယ်။ နေ့စဉ်အစားနဲ့ဝိတ်ချပြီး လေ့ကျင့် ခန်းလုပ်လိုက်တဲ့ လူတစ်ယောက်လိုပဲ Kobzoff ဟဟာလည်း အရက်ဖြတ်လိုက်ရုံနဲ့ ကိုယ်အလေးချိန်ကျဆင်း သွားခဲ့ပါတယ်။ အခုဆိုရင် သူဟာ ဗိုက်ရွှဲကြီးနဲ့မဟုတ်တော့ဘဲ အရွယ်တင်နုပျိုပြီး ကြည့်ကောင်းတဲ့ လူတစ်ယောက်အသွင်ကို ပြောင်းလဲသွားခဲ့ပါပြီ။
နှစ်ပေါင်းများစွာ စွဲလမ်းနေတဲ့ အရက်ကိုဖြတ်လိုက်တာကြောင့် သူ ရရှိခဲ့တဲ့ အကျိုးကျေးဇူးကတော့ ၅၃ ပေါင် အထိ ဝိတ်ကျသွားတာပါပဲ။ အရက်ဖြတ်ပြီး တစ်နှစ်လောက်အကြာမှာ သူ့ခန္ဓာကိုယ်အသွင်ပြင်တင်မကဘဲ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလဲတိုးတက်လာတယ်လို့ ဆိုပါတယ်။ အရက်ဖြတ်ပြီးတဲ့နောက် သူ့ရဲ့ ယခင် နဲ့ ယခုပုံကို နှိုင်းယှဉ်ပြီး ဆိုရှယ်မီဒီယာမှာတင်ခဲ့ရာ သူ့ကို အတုယူခဲ့သူ အများအပြားလည်း ပေါ်ပေါက်လာခဲ့ပါ တယ်။
သူ့ရဲ့အဆိုအရ အဲဒီလိုဖြတ်တောက်လိုက်ရတာဟာ အစပိုင်းမှာ အတော်လေးအခက်အခဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သူဟာ အရက်ဖြတ်တဲ့ကာလမှာ လေ့ကျင့်ခန်းတွေလည်း လုပ်ခဲ့ပါတယ်။ အရက်ဖြတ်လိုက်တာ ကြောင့် ဝိတ်ကျသွားတဲ့အပြင် ဆံပင်တွေကျွတ်တာသက်သာလာသလို အမောလည်းပိုခံနိုင်လာတယ်လို့ သူက ဆိုပါတယ်။
by Cherry Mon
Ref; Good Times
Credit:We.Com

မှတ်ချက်များ