လာကိုက္တဲ့ေႁမြကို အပိုင္းပိုင္းျဖစ္ေအာင္ ျပန္ကိုက္ပစ္လိုက္တဲ့ အမူးသမား


Zawgyiျဖင့္ဖတ္ရန္


ကိုယ့္ကိုလာေအာ္တဲ့သူကို ျပန္ေအာ္တယ္။ ကိုယ့္အေပၚအက်င့္ယုတ္တဲ့သူကို ျပန္ယုတ္တယ္။ ကိုယ့္စီးပြားပ်က္ေအာင္ လုပ္တဲ့သူကို ျပန္တိုက္ခိုက္တယ္။ စတာေတြကေတာ့ ျဖစ္တတ္တဲ့ ကိစၥေတြပါ။ ဒါေပမဲ့ ဒီတစ္ခါ ကိုယ့္ကို ကိုက္တဲ့ေႁမြကို ျပန္ကိုက္တယ္တဲ့။ ဒါကေတာ့ နည္းနည္း ထူးဆန္းၿပီး အသည္းယားစရာေကာင္းသြားၿပီ။ အျခားသတၱဝါမဟုတ္ဘူး။ ေႁမြတဲ့ေလ။

အိႏၵိယ ေျမာက္ပိုင္း Uttar Praddesh မွာ အဲဒီအသည္းယားစရာ ျဖစ္ပ်က္ခဲ့တာပါ။ Raj Kumar ဆိုသူဟာ သူ႔ဘာသူ အိမ္မွာ အရက္ေအးေဆး ထိုင္ေသာက္ေနတုန္း ေႁမြက အသာေလးဝင္လာၿပီး သူ႔ကို ကိုက္သြားတာပါ။ မူးကလည္း မူးေနေတာ့ သူလည္း စိတ္တိုတိုနဲ႔ ျပန္ကိုက္လိုက္ပုံေပၚပါတယ္။ ေႁမြက အပိုင္းပိုင္းေတာင္ ျပတ္ထြက္သြားတယ္။

အဲဒီေနာက္မွာေတာ့ Raj ကို ေဆး႐ုံတင္လိုက္ရပါတယ္။ အေျခအေနကလည္း စိုးရိမ္ရတယ္လို႔ သိရပါတယ္။ သူ႔ကို ကိုက္သြားတဲ့ ေႁမြက အနီေရာင္ျဖစ္ၿပီး အဆိပ္ျပင္းတဲ့ေႁမြအမ်ိဳးအစားေတာ့ မဟုတ္ဘူးလို႔ ပညာရွင္ေတြက ဆိုပါတယ္။ Raj ရဲ႕ အေဖျဖစ္သူကေတာ့ သားျဖစ္သူရဲ႕ ေဆး႐ုံစရိတ္ မတတ္ႏိုင္ေၾကာင္း ေျပာထားပါတယ္။

“ဒါက တကယ္ကို အူေၾကာင္ေၾကာင္ႏိုင္တဲ့ ကိစၥပါ။ ကြၽန္ေတာ့္ဆီ ေရာက္လာတဲ့ လူနာအမ်ားစုက ေႁမြအကိုက္ခံရလို႔ ေရာက္လာၾကတာပါ။ ေႁမြကို ကိုက္ပစ္လိုက္လို႔ ေရာက္လာတာမဟုတ္ပါဘူး။ သူ႔အေျခအေနက ဆိုးပါတယ္။ ပိုေကာင္းတဲ့ေဆး႐ုံကို ေျပာင္းဖို႔လိုပါတယ္။” လို႔ Raj ကို ကုသေပးတဲ့ ဆရာဝန္က ဆိုပါတယ္။ အပိုင္းပိုင္းျပတ္သြားတဲ့ ေႁမြကိုေတာ့ Raj ရဲ႕မိသားစုက မီးရႈိ႕ဖ်က္ဆီးပစ္လိုက္ပါၿပီ။

ကလဲ့စားေခ်တယ္ဆိုတာလည္း ေခ်တိုင္းေကာင္းတာမဟုတ္ဘူးဆိုတာ ဒီအျဖစ္အပ်က္က သက္ေသပါပဲ။ ေနာက္တစ္ခုက အခုလို မိုးရာသီမွာ ေႁမြပါးကင္းပါးကို အထူးဂ႐ုျပဳဖို႔လိုပါတယ္။ ျဖစ္လာၿပီဆိုရင္လည္း ေျခမကိုင္မိ လက္မကိုင္မိ မျဖစ္ရေအာင္ အေရးေပၚကုသနည္းေတြကို ေလ့လာထားသင့္ပါတယ္။

Ref; www.worldofbuzz.com

By Paulina

Credit:we.media

Unicodeဖြင့်ဖတ်ရန်

လာကိုက်တဲ့မြွေကို အပိုင်းပိုင်းဖြစ်အောင် ပြန်ကိုက်ပစ်လိုက်တဲ့ အမူးသမား

ကိုယ့်ကိုလာအော်တဲ့သူကို ပြန်အော်တယ်။ ကိုယ့်အပေါ်အကျင့်ယုတ်တဲ့သူကို ပြန်ယုတ်တယ်။ ကိုယ့်စီးပွားပျက်အောင် လုပ်တဲ့သူကို ပြန်တိုက်ခိုက်တယ်။ စတာတွေကတော့ ဖြစ်တတ်တဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ ဒီတစ်ခါ ကိုယ့်ကို ကိုက်တဲ့မြွေကို ပြန်ကိုက်တယ်တဲ့။ ဒါကတော့ နည်းနည်း ထူးဆန်းပြီး အသည်းယားစရာကောင်းသွားပြီ။ အခြားသတ္တဝါမဟုတ်ဘူး။ မြွေတဲ့လေ။

အိန္ဒိယ မြောက်ပိုင်း Uttar Praddesh မှာ အဲဒီအသည်းယားစရာ ဖြစ်ပျက်ခဲ့တာပါ။ Raj Kumar ဆိုသူဟာ သူ့ဘာသူ အိမ်မှာ အရက်အေးဆေး ထိုင်သောက်နေတုန်း မြွေက အသာလေးဝင်လာပြီး သူ့ကို ကိုက်သွားတာပါ။ မူးကလည်း မူးနေတော့ သူလည်း စိတ်တိုတိုနဲ့ ပြန်ကိုက်လိုက်ပုံပေါ်ပါတယ်။ မြွေက အပိုင်းပိုင်းတောင် ပြတ်ထွက်သွားတယ်။

အဲဒီနောက်မှာတော့ Raj ကို ဆေးရုံတင်လိုက်ရပါတယ်။ အခြေအနေကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။ သူ့ကို ကိုက်သွားတဲ့ မြွေက အနီရောင်ဖြစ်ပြီး အဆိပ်ပြင်းတဲ့မြွေအမျိုးအစားတော့ မဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ Raj ရဲ့ အဖေဖြစ်သူကတော့ သားဖြစ်သူရဲ့ ဆေးရုံစရိတ် မတတ်နိုင်ကြောင်း ပြောထားပါတယ်။

“ဒါက တကယ်ကို အူကြောင်ကြောင်နိုင်တဲ့ ကိစ္စပါ။ ကျွန်တော့်ဆီ ရောက်လာတဲ့ လူနာအများစုက မြွေအကိုက်ခံရလို့ ရောက်လာကြတာပါ။ မြွေကို ကိုက်ပစ်လိုက်လို့ ရောက်လာတာမဟုတ်ပါဘူး။ သူ့အခြေအနေက ဆိုးပါတယ်။ ပိုကောင်းတဲ့ဆေးရုံကို ပြောင်းဖို့လိုပါတယ်။” လို့ Raj ကို ကုသပေးတဲ့ ဆရာဝန်က ဆိုပါတယ်။ အပိုင်းပိုင်းပြတ်သွားတဲ့ မြွေကိုတော့ Raj ရဲ့မိသားစုက မီးရှို့ဖျက်ဆီးပစ်လိုက်ပါပြီ။

ကလဲ့စားချေတယ်ဆိုတာလည်း ချေတိုင်းကောင်းတာမဟုတ်ဘူးဆိုတာ ဒီအဖြစ်အပျက်က သက်သေပါပဲ။ နောက်တစ်ခုက အခုလို မိုးရာသီမှာ မြွေပါးကင်းပါးကို အထူးဂရုပြုဖို့လိုပါတယ်။ ဖြစ်လာပြီဆိုရင်လည်း ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်ရအောင် အရေးပေါ်ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

Ref; www.worldofbuzz.com

By Paulina

Credit:we.media

မှတ်ချက်များ