Zawgyiျဖင့္ဖတ္ရန္
အမ်ိဳးသမီးမ်ားကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ ေယာက်္ားတစ္ေယာက္မွာ ရွိသင့္တဲ့ စံႏႈန္းေတြကေတာ့ အမ်ားႀကီးရွိပါလိမ့္မယ္။ ဒါကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္
သတ္မွတ္ခ်က္ေတြ မတူညီၾကပါဘူး။ ဒီလိုပါပဲ။ ႏိုင္ငံအသီးသီးမွာလည္း ေယာက်္ားေလးတစ္ေယာက္ တည္ၾကည္ခန႔္ညားျခင္းကို တိုင္းတာတဲ့ စံႏႈန္းမ်ားက
ကြဲျပားျခားနားမႈ ရွိေနပါတယ္။ ဒါ့ေၾကာင့္ ဘယ္ႏိုင္ငံေတြမွာ ဘယ္လို႐ုပ္ရည္၊ ပိုင္ဆိုင္ထားၾကတဲ့ သူေတြက ေစာ္ၾကည္ဘဲ ျဖစ္ႏိုင္လဲ ဆိုတာကို ေလ့လာၾကည့္လိုက္ရေအာင္။
အေမရိကန္
အေမရိကန္က အမ်ိဳးသမီးမ်ားဟာ ခႏၶာကိုယ္ဖြံ႕ဖြံ႕ထြားထြား၊ ရင္အုပ္က်ယ္က်ယ္နဲ႔ Sporty type မ်ိဳးရွိတဲ့ အမ်ိဳးသားမ်ားကို ပိုမိုစိတ္ဝင္တစားရွိၾကပါတယ္တဲ့။ အသားအေရျဖဴေနစရာမလိုရင္ေတာင္ စိုစိုေျပေျပနဲ႔ ၾကည့္ေကာင္းေနရမယ္၊
စကားေျပာတဲ့အခါမွာလည္း တည္တည္တံ့တံ့ရွိၿပီး ဖက္ရွင္ပိုင္းမွာဆိုရင္လည္း ရွပ္အက်ီနၤဲ့ဂ်င္းေဘာင္းဘီကို ႏွစ္ၿခိဳက္စြာ ဝတ္ဆင္တတ္တဲ့ ၾကမ္းတမ္းခတ္ထန္တဲ့ ေယာက်္ားဆန္ဆန္အမ်ိဳးသားမ်ားက ေစာ္ၾကည္ဘဲပါပဲတဲ့။
ဘရာဇီးလ္
ဆံပင္နက္ေမွာင္ၿပီး မ်က္လုံးအညိဳေရာင္ကို ပိုင္ဆိုင္ထားၾကတဲ့ ဘရာဇီးလ္အမ်ိဳးသားမ်ားဟာ သာမာန္လူေတြထက္ ပိုမိုဆြဲေဆာင္မႈရွိၾကသူေတြပါပဲ။ Six-packs ေတြဘာေတြ
မလိုအပ္ဘဲ ရင္အုပ္က်ယ္ျပန႔္ၿပီး ခႏၶာကိုယ္ေတာင့္တင္းတဲ့ အမ်ိဳးသားမ်ားဟာ ဘရာဇီးလ္သူေတြရဲ႕ အႀကိဳက္ျဖစ္ပါလိမ့္မယ္။
အိႏၵိယ
အိႏၵိယအမ်ိဳးသားမ်ားဟာ မိန္းကေလးကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ သပ္သပ္ရပ္ရပ္ေနထိုင္ဝတ္စား တတ္ၾကပါတယ္။ ဆံပင္ကို ဂ်ယ္လ္နဲ႔ ေသခ်ာၿဖီးလိမ္းၿပီး
ေဘာ္ဒီအလွကိုလည္း ဦးစားေပးတတ္ၾကပါ တယ္။ ေနာက္ၿပီး ပသိုင္းေမႊးနဲ႔ အမ်ိဳးသားမ်ားဟာ အိႏၵိယႏိုင္ငံမွာဆိုရင္ ေယာက်ာ္းပီသတဲ့ ေစာ္ၾကည္ဘဲျဖစ္ႏိုင္ပါတယ္။
ဆြီဒင္
ဆြီဒင္အမ်ိဳးသားမ်ားရဲ႕ မ်က္လုံးဟာ တျခားႏိုင္ငံသားေတြထက္ကို ထူးျခားမႈ ရွိတာကို ေတြ႕ရမွာပါ။ ၾကင္နာတတ္တဲ့ မ်က္လုံးမ်ိဳးကို ပိုင္ဆိုင္ထားၾကၿပီး
ပါး႐ိုးႀကီးႀကီး၊ အရပ္ရွည္ရွည္နဲ႔ အမ်ိဳးသားမ်ားဟာ ဆြီဒင္အမ်ိဳးသားမ်ားရဲ႕ တည္ၾကည္ခန႔္ညားမႈ တိုင္းတာတဲ့စံႏႈန္းပဲ ျဖစ္ပါတယ္။
အီတလီ
အီတလီအမ်ိဳးသားအမ်ားစုက ဖက္ရွင္က်က်နဲ႔ စမတ္က်တဲ့ အမ်ိဳးသားေတြအျဖစ္ သတ္မွတ္ျခင္း ခံရပါတယ္။ ေနာက္ၿပီး သူတို႔က အလွအပကို ဦးစားေပးၾကတဲ့သူေတြျဖစ္ၿပီး
အမ်ိဳးသမီးသုံးတဲ့ skin care ေတြကိုလည္း အသုံးျပဳတတ္ၾကပါေသးတယ္တဲ့။ ေနာက္ၿပီး ပါးသိုင္းေမႊး၊ ႏႈတ္ခမ္းေမႊးကို ေသေသသပ္သပ္ထားတတ္ၾကပါတယ္။
ဒီလို အလွအပကို စိတ္ဝင္တစားရွိၿပီး ဖက္ရွင္က်က် ဝတ္ဆင္တတ္တဲ့ အမ်ိဳးသားမ်ားကို အီတလီအမ်ိဳးသမီးမ်ားက ပိုမိုစိတ္ဝင္စားၾကပါတယ္။
ေတာင္ကိုရီးယား
K-pop အဆိုေတာ္ေကာင္ေလးေတြကို သာၾကည့္လိုက္ပါ။ ေတာင္ကိုရီးယားအမ်ိဳးသားမ်ားဟာ မိန္းကေလးတစ္ေယာက္ကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ branded အဝတ္အစားမ်ားကို
ေ႐ြးခ်ယ္ဝတ္ဆင္ တတ္ဖို႔လည္း လိုသလို၊ ခႏၶာကိုယ္ေတာင့္တင္းေနဖို႔လည္း မလိုပါဘူး။ ႐ိုမန္းတစ္ဆန္ဖို႔လိုၿပီး ပိန္ပိန္ရွည္ရွည္နဲ႔ အသားျဖဴျဖဴေကာင္ေလးေတြက ကိုရီးယားအမ်ိဳးသမီးမ်ား အတြက္ေတာ့ ေစာ္ၾကည္ဘဲျဖစ္ႏိုင္ပါတယ္တဲ့။
အဂၤလန္
အဂၤလန္ႏိုင္ငံက အမ်ိဳးသားမ်ားဟာ က်န္းမာေရးလိုက္စားၿပီး ခႏၶာကိုယ္ႀကံ့ခိုင္သူေတြျဖစ္ၿပီး ဝတ္စားဆင္ယင္ပိုင္းမွာလည္း အထက္တန္းဆန္တဲ့ ဖက္ရွင္မ်ိဳးေတြကို
ေ႐ြးခ်ယ္ဝတ္ဆင္ေလ့ ရွိၾကပါတယ္။ ေနာက္ၿပီး တက္တူးထိုးထားတဲ့ အမ်ိဳးသားမ်ားက ေယာက်္ားဆန္ၿပီး အားကိုးခ်င္စရာ ေကာင္းတယ္လို႔ ဆယ္ေက်ာ္သက္လူငယ္ေတြအေနနဲ႔ သတ္မွတ္ထားၾကတာပါ။
ဂရိ
ဂရိႏိုင္ငံမွာေတာ့ အမ်ိဳးသားတစ္ဦးဟာ ပ်မ္းမွ်အားျဖင့္ အရပ္ ၅ ေပ ၅လက္မ အထက္ရွိေနမွ တည္ၾကည္ ခန႔္ညားတဲ့သူအျဖစ္ ေဘာင္ဝင္ပါတယ္။ ခႏၶာကိုယ္အလွအပကို
သိပ္ဦးစားမေပးဘဲ ဆံပင္နဲ႔ ပါးသိုင္းေမႊးေတြကို ေသေသသပ္သပ္ထားႏိုင္ဖို႔ လိုၿပီး အၾကည့္ေတြက စူးရွေနမယ္ ဆိုရင္ေတာ့ ဂရိႏိုင္ငံမွာ ေစာ္ၾကည္ဘဲ ျဖစ္ဖို႔ ေသခ်ာေနပါၿပီ။
ျမန္မာ
ျမန္မာႏုိင္ငံမွာေတာ့ အမ်ိဳးသားမ်ားရဲ႕အရပ္ဟာ မရွည္လြန္း မပုလြန္း သာမန္အရည္ရွိေနရပါမယ္။ ႏုနယ္တဲ့ ေယာက္်ားေတြထက္ ခပ္မုိက္မုိက္အထာရွိတဲ့ ေယာက်္ားေတြက
ပိုၿပီး ဆြဲေဆာင္မႈရွိေနတာပါ။ စတုိင္က်က် ၀တ္ဆင္တတ္ၿပီး ဒီဇုိင္းဆန္းတဲ့ တက္တူးေတြ ဆင္ျမန္းထားဦးမယ္ဆိုရင္ ႏႈတ္ခမ္းနီမေလးေတြ အသဲစြဲျဖစ္မွာ အေသအခ်ာပါပဲ။
သင္ဟာ ရာဇ၀င္ထဲက သူရဲေကာင္းေတြလို ခန္႔ညားထည္၀ါတဲ့ႏႈတ္ခမ္းေမႊးရွိၿပီး ေယာက်္ားဆန္တဲ့အၾကည့္ေတြနဲ႔ ညိွဳ႕ယူတတ္မယ္ဆိုရင္ ျမန္မာႏုိင္ငံမွာေနဖို႔ အသင့္ေတာ္ဆံုးပါပဲ။
ကဲ… သင္ကေရာ…. ဘယ္ႏုိင္ငံရဲ႔ ရူပါစံႏႈန္းနဲ႔ ျပည့္မွီေနတာလဲေျပာသြားပါဦး…….
Credit:Momolay
Unicodeဖြင့်ဖတ်ရန်
စော်ကြည်ဘဲဖြစ်ဖို့ နိုင်ငံအလိုက်အမျိုးသားမှာ ရှိသင့်တဲ့ ရူပါသတ်မှတ်ချက် စံနှုန်းများ
အမျိုးသမီးများကို ဆွဲဆောင်နိုင်ဖို့အတွက် ယောကျ်ားတစ်ယောက်မှာ ရှိသင့်တဲ့ စံနှုန်းတွေကတော့ အများကြီးရှိပါလိမ့်မယ်။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်
သတ်မှတ်ချက်တွေ မတူညီကြပါဘူး။ ဒီလိုပါပဲ။ နိုင်ငံအသီးသီးမှာလည်း ယောကျ်ားလေးတစ်ယောက် တည်ကြည်ခန့်ညားခြင်းကို တိုင်းတာတဲ့ စံနှုန်းများက
ကွဲပြားခြားနားမှု ရှိနေပါတယ်။ ဒါ့ကြောင့် ဘယ်နိုင်ငံတွေမှာ ဘယ်လိုရုပ်ရည်၊ ပိုင်ဆိုင်ထားကြတဲ့ သူတွေက စော်ကြည်ဘဲ ဖြစ်နိုင်လဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
အမေရိကန်
အမေရိကန်က အမျိုးသမီးများဟာ ခန္ဓာကိုယ်ဖွံ့ဖွံ့ထွားထွား၊ ရင်အုပ်ကျယ်ကျယ်နဲ့ Sporty type မျိုးရှိတဲ့ အမျိုးသားများကို ပိုမိုစိတ်ဝင်တစားရှိကြပါတယ်တဲ့။ အသားအရေဖြူနေစရာမလိုရင်တောင် စိုစိုပြေပြေနဲ့ ကြည့်ကောင်းနေရမယ်၊
စကားပြောတဲ့အခါမှာလည်း တည်တည်တံ့တံ့ရှိပြီး ဖက်ရှင်ပိုင်းမှာဆိုရင်လည်း ရှပ်အကျီင်္နဲ့ဂျင်းဘောင်းဘီကို နှစ်ခြိုက်စွာ ဝတ်ဆင်တတ်တဲ့ ကြမ်းတမ်းခတ်ထန်တဲ့ ယောကျ်ားဆန်ဆန်အမျိုးသားများက စော်ကြည်ဘဲပါပဲတဲ့။
ဘရာဇီးလ်
ဆံပင်နက်မှောင်ပြီး မျက်လုံးအညိုရောင်ကို ပိုင်ဆိုင်ထားကြတဲ့ ဘရာဇီးလ်အမျိုးသားများဟာ သာမာန်လူတွေထက် ပိုမိုဆွဲဆောင်မှုရှိကြသူတွေပါပဲ။ Six-packs တွေဘာတွေ
မလိုအပ်ဘဲ ရင်အုပ်ကျယ်ပြန့်ပြီး ခန္ဓာကိုယ်တောင့်တင်းတဲ့ အမျိုးသားများဟာ ဘရာဇီးလ်သူတွေရဲ့ အကြိုက်ဖြစ်ပါလိမ့်မယ်။
အိန္ဒိယ
အိန္ဒိယအမျိုးသားများဟာ မိန်းကလေးကို ဆွဲဆောင်နိုင်ဖို့အတွက် သပ်သပ်ရပ်ရပ်နေထိုင်ဝတ်စား တတ်ကြပါတယ်။ ဆံပင်ကို ဂျယ်လ်နဲ့ သေချာဖြီးလိမ်းပြီး
ဘော်ဒီအလှကိုလည်း ဦးစားပေးတတ်ကြပါ တယ်။ နောက်ပြီး ပသိုင်းမွှေးနဲ့ အမျိုးသားများဟာ အိန္ဒိယနိုင်ငံမှာဆိုရင် ယောကျာ်းပီသတဲ့ စော်ကြည်ဘဲဖြစ်နိုင်ပါတယ်။
ဆွီဒင်
ဆွီဒင်အမျိုးသားများရဲ့ မျက်လုံးဟာ တခြားနိုင်ငံသားတွေထက်ကို ထူးခြားမှု ရှိတာကို တွေ့ရမှာပါ။ ကြင်နာတတ်တဲ့ မျက်လုံးမျိုးကို ပိုင်ဆိုင်ထားကြပြီး
ပါးရိုးကြီးကြီး၊ အရပ်ရှည်ရှည်နဲ့ အမျိုးသားများဟာ ဆွီဒင်အမျိုးသားများရဲ့ တည်ကြည်ခန့်ညားမှု တိုင်းတာတဲ့စံနှုန်းပဲ ဖြစ်ပါတယ်။
အီတလီ
အီတလီအမျိုးသားအများစုက ဖက်ရှင်ကျကျနဲ့ စမတ်ကျတဲ့ အမျိုးသားတွေအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ နောက်ပြီး သူတို့က အလှအပကို ဦးစားပေးကြတဲ့သူတွေဖြစ်ပြီး
အမျိုးသမီးသုံးတဲ့ skin care တွေကိုလည်း အသုံးပြုတတ်ကြပါသေးတယ်တဲ့။ နောက်ပြီး ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေးကို သေသေသပ်သပ်ထားတတ်ကြပါတယ်။
ဒီလို အလှအပကို စိတ်ဝင်တစားရှိပြီး ဖက်ရှင်ကျကျ ဝတ်ဆင်တတ်တဲ့ အမျိုးသားများကို အီတလီအမျိုးသမီးများက ပိုမိုစိတ်ဝင်စားကြပါတယ်။
တောင်ကိုရီးယား
K-pop အဆိုတော်ကောင်လေးတွေကို သာကြည့်လိုက်ပါ။ တောင်ကိုရီးယားအမျိုးသားများဟာ မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့အတွက် branded အဝတ်အစားများကို
ရွေးချယ်ဝတ်ဆင် တတ်ဖို့လည်း လိုသလို၊ ခန္ဓာကိုယ်တောင့်တင်းနေဖို့လည်း မလိုပါဘူး။ ရိုမန်းတစ်ဆန်ဖို့လိုပြီး ပိန်ပိန်ရှည်ရှည်နဲ့ အသားဖြူဖြူကောင်လေးတွေက ကိုရီးယားအမျိုးသမီးများ အတွက်တော့ စော်ကြည်ဘဲဖြစ်နိုင်ပါတယ်တဲ့။
အင်္ဂလန်
အင်္ဂလန်နိုင်ငံက အမျိုးသားများဟာ ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ်ကြံ့ခိုင်သူတွေဖြစ်ပြီး ဝတ်စားဆင်ယင်ပိုင်းမှာလည်း အထက်တန်းဆန်တဲ့ ဖက်ရှင်မျိုးတွေကို
ရွေးချယ်ဝတ်ဆင်လေ့ ရှိကြပါတယ်။ နောက်ပြီး တက်တူးထိုးထားတဲ့ အမျိုးသားများက ယောကျ်ားဆန်ပြီး အားကိုးချင်စရာ ကောင်းတယ်လို့ ဆယ်ကျော်သက်လူငယ်တွေအနေနဲ့ သတ်မှတ်ထားကြတာပါ။
ဂရိ
ဂရိနိုင်ငံမှာတော့ အမျိုးသားတစ်ဦးဟာ ပျမ်းမျှအားဖြင့် အရပ် ၅ ပေ ၅လက်မ အထက်ရှိနေမှ တည်ကြည် ခန့်ညားတဲ့သူအဖြစ် ဘောင်ဝင်ပါတယ်။ ခန္ဓာကိုယ်အလှအပကို
သိပ်ဦးစားမပေးဘဲ ဆံပင်နဲ့ ပါးသိုင်းမွှေးတွေကို သေသေသပ်သပ်ထားနိုင်ဖို့ လိုပြီး အကြည့်တွေက စူးရှနေမယ် ဆိုရင်တော့ ဂရိနိုင်ငံမှာ စော်ကြည်ဘဲ ဖြစ်ဖို့ သေချာနေပါပြီ။
မြန်မာ
မြန်မာနိုင်ငံမှာတော့ အမျိုးသားများရဲ့အရပ်ဟာ မရှည်လွန်း မပုလွန်း သာမန်အရည်ရှိနေရပါမယ်။ နုနယ်တဲ့ ယောက်ျားတွေထက် ခပ်မိုက်မိုက်အထာရှိတဲ့ ယောကျ်ားတွေက
ပိုပြီး ဆွဲဆောင်မှုရှိနေတာပါ။ စတိုင်ကျကျ ဝတ်ဆင်တတ်ပြီး ဒီဇိုင်းဆန်းတဲ့ တက်တူးတွေ ဆင်မြန်းထားဦးမယ်ဆိုရင် နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်မှာ အသေအချာပါပဲ။
သင်ဟာ ရာဇဝင်ထဲက သူရဲကောင်းတွေလို ခန့်ညားထည်ဝါတဲ့နှုတ်ခမ်းမွှေးရှိပြီး ယောကျ်ားဆန်တဲ့အကြည့်တွေနဲ့ ညှို့ယူတတ်မယ်ဆိုရင် မြန်မာနိုင်ငံမှာနေဖို့ အသင့်တော်ဆုံးပါပဲ။
ကဲ… သင်ကရော…. ဘယ်နိုင်ငံရဲ့ ရူပါစံနှုန်းနဲ့ ပြည့်မှီနေတာလဲပြောသွားပါဦး…….
Credit:Momolay










မှတ်ချက်များ