Zawgyiျဖင့္ဖတ္ရန္
ႏုိင္ငံတကာမွာဆိုရင္ အသားျဖဴသူေတြထက္ အသားညိဳသူေတြကို ပိုၿပီးဆြဲေဆာင္မႈရိွတယ္လို႔ သတ္မွတ္ထားၾကတာပါ ပ်ိဳေမတုိ႔ေရ။ အသားညိဳတာဟာ အားငယ္ရမယ့္ ကိစၥတစ္ခု မဟုတ္တဲ့အျပင္ အသားညိဳတဲ့ အညိဳဆင္ေလးေတြမွာပဲ အခုေျပာျပမယ့္ အားသာခ်က္ေတြ ရိွေနတာပါ။
(၁) ေနေလာင္ဒဏ္ကို ခံႏိုင္ရည္ရိွတယ္
အသားညိဳသူေတြမွာ melanin ဓာတ္ ပိုမ်ားတဲ့အတြက္ ခရမ္းလြန္ေရာင္ျခည္နဲ႔ ေနေလာင္ဒဏ္ကို သာမန္ထက္ပုိၿပီး ခံႏိုင္ရည္ရိွၾကပါတယ္။ ခရမ္းလြန္ေရာင္ျခည္ဟာ သာမန္အသားအေရေတြကို ပ်က္စီးေစႏုိင္ေပမယ့္ အသားညိဳသူေတြရဲ႕ အသားအေရကိုေတာ့ ထိခိုက္ပ်က္စီးႏိုင္ေျခ နည္းပါးပါတယ္။
(၂) အေရးေၾကာင္းေတြ အလြယ္တကူ မျဖစ္ေပၚႏုိင္ဘူး
ေနေရာင္ျခည္နဲ႔ ပတ္ဝန္းက်င္ ေလထုညစ္ညမ္းမႈေၾကာင့္ ျဖစ္တဲ့ အသားအေရ ပ်က္စီးျခင္းနဲ႔ အေရးေၾကာင္းေတြ ျဖစ္ေပၚျခင္းကို အသားညိဳသူေတြဟာ ခံႏိုင္ရည္ရိွၾကၿပီး အမည္းစက္နဲ႔ အေရျပားျပႆနာေတြ အလြယ္တကူ ျဖစ္ေပၚႏုိင္ေျခလည္း နည္းပါးၾကပါတယ္။
(၃) အေရျပားကင္ဆာ ျဖစ္ႏုိင္ေျခနည္းပါးတယ္
ေလ့လာမႈေတြအရဆိုရင္ အသားညိဳသူေတြဟာ melanin ဓာတ္ ပိုမ်ားတဲ့အတြက္ ခရမ္းလြန္ေရာင္ျခည္ေတြကို ခံႏုိင္ရည္ရိွတာေၾကာင့္ အသားျဖဴသူေတြထက္ အေရျပားကင္ဆာ ျဖစ္ႏုိင္ေျခနည္းပါးလွတယ္လို႔ ဆိုပါတယ္။
(၄) ဓာတ္ပံုရိုက္တဲ့အခါ ပိုၿပီးဆြဲေဆာင္မႈရိွတယ္
ဒါကေတာ့ အသားညိဳသူေတြအတြက္ ဘုရားေပးတဲ့ ဆုတစ္ခုလိုပါပဲ။ ဓာတ္ပံုရိုက္တဲ့အခါ အသားညိဳသူေတြဟာ အသားျဖဴသူေတြထက္ ပိုၿပီး ဆြဲေဆာင္မႈရိွတာဟာ ျငင္းမရတဲ့ အခ်က္တစ္ခုပါ။
(၅) ဆံသားေတြပိုၿပီး နက္ေမွာင္သန္စြမ္းၾကတယ္
မိ်ဳးရိုးဗီဇအရ ေျပာမယ္ဆိုရင္ အသားညိဳသူအမ်ားစုဟာ ပံုမွန္အသားအေရာင္ ရိွသူေတြထက္ပိုၿပီး ဆံေကသာ နက္ေမွာင္သန္စြမ္းၾကပါတယ္။
Calcifer
Credit: Aunty may
Unicodeဖြင့်ဖတ်ရန်
အသားညိုသူလေးတွေမှာပဲ ရှိနိုင်တဲ့ အားသာချက် (၅) မျိုးအကြောင်း
နိုင်ငံတကာမှာဆိုရင် အသားဖြူသူတွေထက် အသားညိုသူတွေကို ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်ထားကြတာပါ ပျိုမေတို့ရေ။ အသားညိုတာဟာ အားငယ်ရမယ့် ကိစ္စတစ်ခု မဟုတ်တဲ့အပြင် အသားညိုတဲ့ အညိုဆင်လေးတွေမှာပဲ အခုပြောပြမယ့် အားသာချက်တွေ ရှိနေတာပါ။
(၁) နေလောင်ဒဏ်ကို ခံနိုင်ရည်ရှိတယ်
အသားညိုသူတွေမှာ melanin ဓာတ် ပိုများတဲ့အတွက် ခရမ်းလွန်ရောင်ခြည်နဲ့ နေလောင်ဒဏ်ကို သာမန်ထက်ပိုပြီး ခံနိုင်ရည်ရှိကြပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ သာမန်အသားအရေတွေကို ပျက်စီးစေနိုင်ပေမယ့် အသားညိုသူတွေရဲ့ အသားအရေကိုတော့ ထိခိုက်ပျက်စီးနိုင်ခြေ နည်းပါးပါတယ်။
(၂) အရေးကြောင်းတွေ အလွယ်တကူ မဖြစ်ပေါ်နိုင်ဘူး
နေရောင်ခြည်နဲ့ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ အသားအရေ ပျက်စီးခြင်းနဲ့ အရေးကြောင်းတွေ ဖြစ်ပေါ်ခြင်းကို အသားညိုသူတွေဟာ ခံနိုင်ရည်ရှိကြပြီး အမည်းစက်နဲ့ အရေပြားပြဿနာတွေ အလွယ်တကူ ဖြစ်ပေါ်နိုင်ခြေလည်း နည်းပါးကြပါတယ်။
(၃) အရေပြားကင်ဆာ ဖြစ်နိုင်ခြေနည်းပါးတယ်
လေ့လာမှုတွေအရဆိုရင် အသားညိုသူတွေဟာ melanin ဓာတ် ပိုများတဲ့အတွက် ခရမ်းလွန်ရောင်ခြည်တွေကို ခံနိုင်ရည်ရှိတာကြောင့် အသားဖြူသူတွေထက် အရေပြားကင်ဆာ ဖြစ်နိုင်ခြေနည်းပါးလှတယ်လို့ ဆိုပါတယ်။
(၄) ဓာတ်ပုံရိုက်တဲ့အခါ ပိုပြီးဆွဲဆောင်မှုရှိတယ်
ဒါကတော့ အသားညိုသူတွေအတွက် ဘုရားပေးတဲ့ ဆုတစ်ခုလိုပါပဲ။ ဓာတ်ပုံရိုက်တဲ့အခါ အသားညိုသူတွေဟာ အသားဖြူသူတွေထက် ပိုပြီး ဆွဲဆောင်မှုရှိတာဟာ ငြင်းမရတဲ့ အချက်တစ်ခုပါ။
(၅) ဆံသားတွေပိုပြီး နက်မှောင်သန်စွမ်းကြတယ်
မျိုးရိုးဗီဇအရ ပြောမယ်ဆိုရင် အသားညိုသူအများစုဟာ ပုံမှန်အသားအရောင် ရှိသူတွေထက်ပိုပြီး ဆံကေသာ နက်မှောင်သန်စွမ်းကြပါတယ်။
Calcifer
Credit: Aunty may


မှတ်ချက်များ