Zawgyiျဖင့္ဖတ္ရန္
စုန္းေလာကမွာ ဒီအဂၢိရတ္သေကၤတာေတြဟာ အေျမာ္အျမင္ရွိျခင္းကို ေဖာ္ျပပါတယ္။ ဒီသေကၤတေတြကို မွန္ကန္စြာ အသုံးခ်တတ္မယ္ဆိုရင္ ထူးျခားေကာင္းမြန္တဲ့အရာေတြ ျဖစ္လာတယ္လို႔ စုန္းေတြက ယုံၾကည္ၾကပါတယ္။ ဒီသေကၤတေတြက က်ပန္းဖြဲ႕စည္းထားတာမဟုတ္ဘဲ စနစ္တက် စီရင္ထားတာပါ။ ဒါေၾကာင့္ ဒီသေကၤတေတြထဲက တစ္ခုခုကို ေရြးခ်ယ္မယ္ဆိုရင္ သင့္စိတ္ဝိညာဥ္က ေတာင့္တေနတဲ့ အရာကို သိနိုင္ပါတယ္။ တကယ္က သင္ေရြးခ်ယ္တာမဟုတ္ပါဘူး။ သင့္စိတ္ဝိညာဥ္က ေရြးခ်ယ္လိုက္တာပါေနာ္
ဘယ္လိုေရြးခ်ယ္မလဲ
ပုံလွတာ မလွတာအေပၚ အာ႐ုံမစိုက္ပါနဲ႔ ဦးေႏွာက္ထဲက အေတြးေတြကို ရွင္းထုတ္လိုက္ပါ ဘာမွမေတြးဘဲ ပုံကိုၾကည့္ပါ
ၿပီးရင္ေတာ့ ပုံတစ္ပုံ ေရြးခ်ယ္လိုက္ပါ
The Lion
အခက္အခဲ
သင္အားသြန္ခြန္စိုက္ တည္ေဆာက္ခဲ့တဲ့ အရာကေန ထြက္ေျပးလြတ္ေျမာက္ခ်င္ေနပါတယ္။ ျခေသၤ့ရဲ့ သေကၤတက ေနရဲ့စြမ္းအင္ကို ကိုယ္စားျပဳၿပီး လႊမ္းမိုးခ်ဳပ္ကိုင္ျခင္းရဲ့သေဘာကို ေဆာင္ပါတယ္။ သင္ဟာ သင့္ဘဝကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားခဲ့ေပမယ့္ အခုေတာ့ တာဝန္ဝတၱရားေတြက သင့္ကိုပိတ္ေလွာင္ လႊမ္းမိုးေနတယ္လို႔ ခံစားေနရတယ္။ ဒါေၾကာင့္ သင္ဟာ မတူညီတဲ့ တစ္ခုခုကို လုပ္ၾကည့္ရင္ ေကာင္းမလားလို႔ ေတြးေနပါလိမ့္မယ္။
ေျဖရွင္းနည္း
လက္ရွိဘဝက သင့္ကိုစိတ္အေႏွာင့္အယွက္ျဖစ္ေစလား? လြတ္လပ္မႈရဲ့အရသာကို ေနာက္တစ္ခါေလာက္ ခံစားၾကည့္ခ်င္ေနလား? အခြင့္အေရးသာရွိရင္ အျခားဘဝတစ္ခုနဲ႔ ေနခ်င္တယ္လို႔ ေတြးေနမိလား? သင္ဘာပဲ လုပ္ခဲ့လုပ္ခဲ့ အက်ိဳးအေၾကာင္းေတာ့ ရွိခဲ့မွာပါပဲ။ သင္လုပ္ခဲ့တဲ့အရာကို သင္လက္ခံလိုက္တာနဲ႔ တစ္ၿပိဳင္နက္ သင္အခုၾကဳံေနရတဲ့ ျပႆနာေတြကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတာကို သိလာပါလိမ့္မယ္။
အႀကံျပဳခ်က္
သင့္ရဲ့ ေရြးခ်ယ္မႈေတြနဲ႔ ၿငိမ္းခ်မ္းေရးယူပါ။ လက္ခံပါ။ ဘာေၾကာင့္လဲဆိုေတာ့ သင္ကိုယ္တိုင္ ေရြးခ်ယ္ခဲ့တာ မဟုတ္လား။ ဒါ့အျပင္ သင့္ရဲ့စဥ္းစားေတြးေခၚမႈေတြက ေျပာင္းလဲေနသလို သင့္ကိုယ္သင္လည္း ေျပာင္းလဲလို႔ ရပါတယ္။ သင္လြတ္ေျမာက္ခ်င္ေနတယ္ဆိုရင္ ထြက္ေျပးလို႔ရပါတယ္။ သင့္ရဲ့ကံၾကမၼာက သင့္လက္ထဲမွာပဲ ရွိေနတာပါ။
The Hourglass
အခက္အခဲ
သဲနာရီက ေရွာင္လႊဲလို႔မရတဲ့ အခ်ိန္စက္ဝိုင္းရဲ့ သေကၤတ ျဖစ္ပါတယ္။ သင္ဟာ အခ်ိန္တစ္ခုခုမွာ ပိတ္မိေနပါတယ္။ နာက်င္စရာအျဖစ္အပ်က္ေတြ ၾကဳံခဲ့ရတဲ့ အတိတ္ကာလမွာ သင့္အခ်ိန္ေတြက ရပ္တန္႔ေနပါတယ္။ သင္ဟာ အဲဒီအခ်ိန္ထဲမွာပဲ နစ္ျမႇုပ္ေပ်ာက္ကြယ္ေတာ့မလို ခံစားေနရၿပီး ျပန္တြန္းလွန္ဖို႔လည္း အင္အားမရွိပါဘူး။
ေျဖရွင္းနည္း
အသက္ႀကီးျခင္းနဲ႔ ေသဆုံးျခင္းက ဘဝရဲ့ အစိတ္အပိုင္းေတြထဲက တစ္ခုပါပဲ။ ကၽြႏု္ပ္တို႔အားလုံး ေမြးဖြားလာတယ္၊ ႀကီးျပင္းလာတယ္၊ ေသဆုံးသြားတယ္။ ဒါေၾကာင့္ ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး ဘာလို႔ေၾကာက္ေနဦးမွာလဲ။ အခ်ိန္ေတြနဲ႔ ၿငိမ္းခ်မ္းေရးယူလိုက္ပါ။ ျဖစ္နိုင္မယ္ဆိုရင္ အတိတ္နဲ႔လည္း ၿငိမ္းခ်မ္းေရး ယူလိုက္ပါ။ အတိတ္ေတြေၾကာင့္ပဲ ယေန႔သင္ဆိုတဲ့သူ ျဖစ္တည္လာတာမဟုတ္လား။ ၿပီးေတာ့ အတိတ္ေၾကာင့္ပဲ သင္အရင္ကထက္ ပိုသန္မာလာၿပီေလ။
အႀကံျပဳခ်က္
အခုကစၿပီး အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြကို ခ်ပါ။ ပစၥဳပၸန္တည့္တည့္မွာ အသက္ရွင္ပါ။ သင့္မွာ စြမ္းအားေတြ ရွိပါတယ္။ အခ်ိန္ဆိုတာ သင့္ရဲ့သူငယ္ခ်င္းပါ။
The Moon
အခက္အခဲ
လရဲ့စြမ္းအားဟာ စိတ္ခံစားခ်က္၊ ဖုံးကြယ္ထားတဲ့ အမွန္တရားေတြနဲ႔ ဆက္စပ္ေနပါတယ္။ သင့္ရဲ့ စိတ္ႏွလုံးထဲမွာ တိုက္ပြဲျဖစ္ေနပါတယ္။ သင့္ရဲ့အသိစိတ္ အတြင္းနက္နက္ထဲက အရာတစ္ခုက သင့္ကို အိပ္လို႔မရေအာင္ လုပ္ေနပါတယ္။ ဘာေတြမ်ားလၽွို႔ဝွက္ထားရလို႔ အိပ္ေရးပ်က္တဲ့အထိ ျဖစ္ရတာလဲ? ေဒါသေတြလား၊ အမုန္းတရားေတြလား၊ စြဲလန္းတပ္မက္မႈေတြလား?
ေျဖရွင္းနည္း
သင့္ရဲ့ စိတ္ဝိညာဥ္က အနားယူဖို႔လိုအပ္ေနပါတယ္။ အနားယူဖို႔အတြက္ သင့္ရဲ့စိတ္ခံစားခ်က္ေတြကို လက္ခံလိုက္ဖို႔၊ အသိအမွတ္ျပဳေပးလိုက္ဖို႔ လိုပါတယ္။ လၽွို႔ဝွက္ျခင္းက မေကာင္းတဲ့ စိတ္ခံစားခ်က္ေတြကို စြမ္းအားႀကီးေစပါတယ္။ လၽွို႔ဝွက္ခ်က္ေတြကို ဖြင့္ထုတ္လိုက္မွ စိတ္သက္သာရာရမွာပါ။
အၾကဳံျပဳခ်က္
သင့္ခံစားခ်က္ေတြကို ထုတ္ျပတတ္ဖို႔ ႀကိဳးစားပါ။ ဖိႏွိပ္ထားတာ၊ ဖုံးကြယ္ထားတာက သင့္ကို ထိခိုက္ေစပါတယ္။
The Key
အခက္အခဲ
ေသာ့ဆိုတာ ဘဝလမ္းေၾကာင္းအတြက္ သိျမင္နားလည္ျခင္း သေကၤတပါ။ သင္ဟာ အေျဖေတြကို အသည္းအသန္ ရွာေဖြေနပါတယ္။ သင္ေလၽွာက္လွမ္းေနတဲ့ ဘဝနဲ႔ပတ္သက္ၿပီး အေျဖမသိနိုင္တဲ့ ေမးခြန္းေတြ ရွိေနပါတယ္။ ဘယ္လိုအေျဖရွာရမလဲမသိတာ ျဖစ္ေနနိုင္သလို၊ အေျဖရွာဖို႔ ပင္ပန္းေနတာလည္း ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။ တစ္ဖက္မွာလည္း သင္ဟာ ဘာကိုမွစိတ္မဝင္စားဘဲ ေနရတာ ပ်င္းရိသလို ျဖစ္ေနပါတယ္။
ေျဖရွင္းနည္း
အခုအခ်ိန္ဟာ ေနမင္းလို ေတာက္ပရမယ့္အခ်ိန္ပါ။ သင့္စိတ္ဆႏၵျပင္းျပေနတဲ့ လမ္းကို ေလၽွာက္လွမ္းလိုက္ပါ။ သင့္မွာ ရွိေနတဲ့ေသာ့ဟာ သင့္လက္ရွိဘဝကို ပိုေကာင္းမြန္လာေစနိုင္သလို၊ ပိုၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ အေတြ႕အၾကဳံေတြကိုလည္း ရရွိလာနိုင္ပါတယ္။
အႀကံျပဳခ်က္
ခရီးထြက္ပါ။ ခရီးထြက္ျခင္းက သင့္ကို လူအမ်ားႀကီးနဲ႔ပိုမို ကူးလူးဆက္သြယ္ဖို႔ အေထာက္အကူျပဳပါလိမ့္မယ္။ သင့္ရဲ့ စြန္႔စားခ်င္ေနတဲ့စိတ္ေတြကို အခြင့္အေရးေပးလိုက္ပါ။
The Hamsa Hand
အခက္အခဲ
မ်က္လုံးပုံပါတဲ့လက္ဖဝါးဟာ မေကာင္းဆိုးဝါးရဲ့တြန္းအားေတြကေန ကာကြယ္ျခင္းရဲ့ သေကၤတာပါ။ သင့္ရဲ့ စိတ္ဝိညာဥ္က လြတ္လပ္မႈကို ဆာေလာင္ေနပါတယ္။ သင့္ရဲ့စိတ္ဝိညာဥ္က သတိေပးဖို႔ ႀကိဳးစားေနတာကို သင္သတိျပဳမိဖို႔ လိုေနပါတယ္။
ေျဖရွင္းနည္း
အရမ္းကို ဆိုးရြားတဲ့အခ်ိန္ေတြမွာေတာင္ လြတ္ေျမာက္ျခင္းဟာ သင္ကိုယ္တိုင္ရဲ့လက္ထဲမွာပဲ ရွိေနပါတယ္။ ကိုယ္တိုင္ပဲ ပိတ္မိေအာင္လုပ္တာျဖစ္သလို ကိုယ္တိုင္ပဲ လြတ္ေျမာက္ေအာင္ လုပ္နိုင္ပါတယ္။ ဆိုးရြားတဲ့ ေန႔ရက္ေတြက လြတ္ေျမာက္ဖို႔အတြက္ ကိုယ့္ကိုယ္ကိုယ္ ၾကင္နာပါ၊ ခြင့္လႊတ္လိုက္ပါ။ သင့္ကိုယ္သင္ ခြင့္လႊတ္ျခင္းဟာ သင့္စိတ္ဝိညာဥ္ကို ခ်စ္ေပးလိုက္တာနဲ႔ အတူတူပါပဲ။
အႀကံျပဳခ်က္
အနားယူဖို႔ အခ်ိန္ေပးပါ။ သင့္စြမ္းအားေတြကို ျပန္လည္ျဖည့္တင္းပါ။
Credit: ၀ီမီဒီယာ
Unicodeဖြင့်ဖတ်ရန်
ပုံတစ်ပုံရွှေးချယ်ပြီး သင်လက်တလောကြုံတွေ့နေရတဲ့ အခက်အခဲအတွက် အဖြေရှာလိုက်ပါ
စုန်းလောကမှာ ဒီအဂ္ဂိရတ်သင်္ကေတာတွေဟာ အမြော်အမြင်ရှိခြင်းကို ဖော်ပြပါတယ်။ ဒီသင်္ကေတတွေကို မှန်ကန်စွာ အသုံးချတတ်မယ်ဆိုရင် ထူးခြားကောင်းမွန်တဲ့အရာတွေ ဖြစ်လာတယ်လို့ စုန်းတွေက ယုံကြည်ကြပါတယ်။ ဒီသင်္ကေတတွေက ကျပန်းဖွဲ့စည်းထားတာမဟုတ်ဘဲ စနစ်တကျ စီရင်ထားတာပါ။ ဒါကြောင့် ဒီသင်္ကေတတွေထဲက တစ်ခုခုကို ရွေးချယ်မယ်ဆိုရင် သင့်စိတ်ဝိညာဉ်က တောင့်တနေတဲ့ အရာကို သိနိုင်ပါတယ်။ တကယ်က သင်ရွေးချယ်တာမဟုတ်ပါဘူး။ သင့်စိတ်ဝိညာဉ်က ရွေးချယ်လိုက်တာပါနော်
ဘယ်လိုရွေးချယ်မလဲ
ပုံလှတာ မလှတာအပေါ် အာရုံမစိုက်ပါနဲ့ ဦးနှောက်ထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပါ ဘာမှမတွေးဘဲ ပုံကိုကြည့်ပါ
ပြီးရင်တော့ ပုံတစ်ပုံ ရွေးချယ်လိုက်ပါ
The Lion
အခက်အခဲ
သင်အားသွန်ခွန်စိုက် တည်ဆောက်ခဲ့တဲ့ အရာကနေ ထွက်ပြေးလွတ်မြောက်ချင်နေပါတယ်။ ခြင်္သေ့ရဲ့ သင်္ကေတက နေရဲ့စွမ်းအင်ကို ကိုယ်စားပြုပြီး လွှမ်းမိုးချုပ်ကိုင်ခြင်းရဲ့သဘောကို ဆောင်ပါတယ်။ သင်ဟာ သင့်ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမယ့် အခုတော့ တာဝန်ဝတ္တရားတွေက သင့်ကိုပိတ်လှောင် လွှမ်းမိုးနေတယ်လို့ ခံစားနေရတယ်။ ဒါကြောင့် သင်ဟာ မတူညီတဲ့ တစ်ခုခုကို လုပ်ကြည့်ရင် ကောင်းမလားလို့ တွေးနေပါလိမ့်မယ်။
ဖြေရှင်းနည်း
လက်ရှိဘဝက သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေလား? လွတ်လပ်မှုရဲ့အရသာကို နောက်တစ်ခါလောက် ခံစားကြည့်ချင်နေလား? အခွင့်အရေးသာရှိရင် အခြားဘဝတစ်ခုနဲ့ နေချင်တယ်လို့ တွေးနေမိလား? သင်ဘာပဲ လုပ်ခဲ့လုပ်ခဲ့ အကျိုးအကြောင်းတော့ ရှိခဲ့မှာပါပဲ။ သင်လုပ်ခဲ့တဲ့အရာကို သင်လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် သင်အခုကြုံနေရတဲ့ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိလာပါလိမ့်မယ်။
အကြံပြုချက်
သင့်ရဲ့ ရွေးချယ်မှုတွေနဲ့ ငြိမ်းချမ်းရေးယူပါ။ လက်ခံပါ။ ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်လား။ ဒါ့အပြင် သင့်ရဲ့စဉ်းစားတွေးခေါ်မှုတွေက ပြောင်းလဲနေသလို သင့်ကိုယ်သင်လည်း ပြောင်းလဲလို့ ရပါတယ်။ သင်လွတ်မြောက်ချင်နေတယ်ဆိုရင် ထွက်ပြေးလို့ရပါတယ်။ သင့်ရဲ့ကံကြမ္မာက သင့်လက်ထဲမှာပဲ ရှိနေတာပါ။
The Hourglass
အခက်အခဲ
သဲနာရီက ရှောင်လွှဲလို့မရတဲ့ အချိန်စက်ဝိုင်းရဲ့ သင်္ကေတ ဖြစ်ပါတယ်။ သင်ဟာ အချိန်တစ်ခုခုမှာ ပိတ်မိနေပါတယ်။ နာကျင်စရာအဖြစ်အပျက်တွေ ကြုံခဲ့ရတဲ့ အတိတ်ကာလမှာ သင့်အချိန်တွေက ရပ်တန့်နေပါတယ်။ သင်ဟာ အဲဒီအချိန်ထဲမှာပဲ နစ်မြှုပ်ပျောက်ကွယ်တော့မလို ခံစားနေရပြီး ပြန်တွန်းလှန်ဖို့လည်း အင်အားမရှိပါဘူး။
ဖြေရှင်းနည်း
အသက်ကြီးခြင်းနဲ့ သေဆုံးခြင်းက ဘဝရဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ ကျွနု်ပ်တို့အားလုံး မွေးဖွားလာတယ်၊ ကြီးပြင်းလာတယ်၊ သေဆုံးသွားတယ်။ ဒါကြောင့် ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘာလို့ကြောက်နေဦးမှာလဲ။ အချိန်တွေနဲ့ ငြိမ်းချမ်းရေးယူလိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် အတိတ်နဲ့လည်း ငြိမ်းချမ်းရေး ယူလိုက်ပါ။ အတိတ်တွေကြောင့်ပဲ ယနေ့သင်ဆိုတဲ့သူ ဖြစ်တည်လာတာမဟုတ်လား။ ပြီးတော့ အတိတ်ကြောင့်ပဲ သင်အရင်ကထက် ပိုသန်မာလာပြီလေ။
အကြံပြုချက်
အခုကစပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ချပါ။ ပစ္စုပ္ပန်တည့်တည့်မှာ အသက်ရှင်ပါ။ သင့်မှာ စွမ်းအားတွေ ရှိပါတယ်။ အချိန်ဆိုတာ သင့်ရဲ့သူငယ်ချင်းပါ။
The Moon
အခက်အခဲ
လရဲ့စွမ်းအားဟာ စိတ်ခံစားချက်၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့ ဆက်စပ်နေပါတယ်။ သင့်ရဲ့ စိတ်နှလုံးထဲမှာ တိုက်ပွဲဖြစ်နေပါတယ်။ သင့်ရဲ့အသိစိတ် အတွင်းနက်နက်ထဲက အရာတစ်ခုက သင့်ကို အိပ်လို့မရအောင် လုပ်နေပါတယ်။ ဘာတွေများလျှို့ဝှက်ထားရလို့ အိပ်ရေးပျက်တဲ့အထိ ဖြစ်ရတာလဲ? ဒေါသတွေလား၊ အမုန်းတရားတွေလား၊ စွဲလန်းတပ်မက်မှုတွေလား?
ဖြေရှင်းနည်း
သင့်ရဲ့ စိတ်ဝိညာဉ်က အနားယူဖို့လိုအပ်နေပါတယ်။ အနားယူဖို့အတွက် သင့်ရဲ့စိတ်ခံစားချက်တွေကို လက်ခံလိုက်ဖို့၊ အသိအမှတ်ပြုပေးလိုက်ဖို့ လိုပါတယ်။ လျှို့ဝှက်ခြင်းက မကောင်းတဲ့ စိတ်ခံစားချက်တွေကို စွမ်းအားကြီးစေပါတယ်။ လျှို့ဝှက်ချက်တွေကို ဖွင့်ထုတ်လိုက်မှ စိတ်သက်သာရာရမှာပါ။
အကြုံပြုချက်
သင့်ခံစားချက်တွေကို ထုတ်ပြတတ်ဖို့ ကြိုးစားပါ။ ဖိနှိပ်ထားတာ၊ ဖုံးကွယ်ထားတာက သင့်ကို ထိခိုက်စေပါတယ်။
The Key
အခက်အခဲ
သော့ဆိုတာ ဘဝလမ်းကြောင်းအတွက် သိမြင်နားလည်ခြင်း သင်္ကေတပါ။ သင်ဟာ အဖြေတွေကို အသည်းအသန် ရှာဖွေနေပါတယ်။ သင်လျှောက်လှမ်းနေတဲ့ ဘဝနဲ့ပတ်သက်ပြီး အဖြေမသိနိုင်တဲ့ မေးခွန်းတွေ ရှိနေပါတယ်။ ဘယ်လိုအဖြေရှာရမလဲမသိတာ ဖြစ်နေနိုင်သလို၊ အဖြေရှာဖို့ ပင်ပန်းနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း သင်ဟာ ဘာကိုမှစိတ်မဝင်စားဘဲ နေရတာ ပျင်းရိသလို ဖြစ်နေပါတယ်။
ဖြေရှင်းနည်း
အခုအချိန်ဟာ နေမင်းလို တောက်ပရမယ့်အချိန်ပါ။ သင့်စိတ်ဆန္ဒပြင်းပြနေတဲ့ လမ်းကို လျှောက်လှမ်းလိုက်ပါ။ သင့်မှာ ရှိနေတဲ့သော့ဟာ သင့်လက်ရှိဘဝကို ပိုကောင်းမွန်လာစေနိုင်သလို၊ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတွေကိုလည်း ရရှိလာနိုင်ပါတယ်။
အကြံပြုချက်
ခရီးထွက်ပါ။ ခရီးထွက်ခြင်းက သင့်ကို လူအများကြီးနဲ့ပိုမို ကူးလူးဆက်သွယ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ သင့်ရဲ့ စွန့်စားချင်နေတဲ့စိတ်တွေကို အခွင့်အရေးပေးလိုက်ပါ။
The Hamsa Hand
အခက်အခဲ
မျက်လုံးပုံပါတဲ့လက်ဖဝါးဟာ မကောင်းဆိုးဝါးရဲ့တွန်းအားတွေကနေ ကာကွယ်ခြင်းရဲ့ သင်္ကေတာပါ။ သင့်ရဲ့ စိတ်ဝိညာဉ်က လွတ်လပ်မှုကို ဆာလောင်နေပါတယ်။ သင့်ရဲ့စိတ်ဝိညာဉ်က သတိပေးဖို့ ကြိုးစားနေတာကို သင်သတိပြုမိဖို့ လိုနေပါတယ်။
ဖြေရှင်းနည်း
အရမ်းကို ဆိုးရွားတဲ့အချိန်တွေမှာတောင် လွတ်မြောက်ခြင်းဟာ သင်ကိုယ်တိုင်ရဲ့လက်ထဲမှာပဲ ရှိနေပါတယ်။ ကိုယ်တိုင်ပဲ ပိတ်မိအောင်လုပ်တာဖြစ်သလို ကိုယ်တိုင်ပဲ လွတ်မြောက်အောင် လုပ်နိုင်ပါတယ်။ ဆိုးရွားတဲ့ နေ့ရက်တွေက လွတ်မြောက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ၊ ခွင့်လွှတ်လိုက်ပါ။ သင့်ကိုယ်သင် ခွင့်လွှတ်ခြင်းဟာ သင့်စိတ်ဝိညာဉ်ကို ချစ်ပေးလိုက်တာနဲ့ အတူတူပါပဲ။
အကြံပြုချက်
အနားယူဖို့ အချိန်ပေးပါ။ သင့်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းပါ။
Credit: ဝီမီဒီယာ


မှတ်ချက်များ