အႏၱရာယ္ ရွိေသာ ၾကက္သြန္နီ ျခမ္း(ေန႔တိုင္းဟင္းခ်က္ရင္အသံုးျပဳတာမို႔ဖတ္ၾကည့္ေစခ်င္တယ္ေနာ္)




Zawgyi ျဖင့္ဖတ္ရန္

ထက္ျခမ္းခြဲထားေသာ ၾကက္သြန္နီ ကို ခ်က္ခ်င္းအသုံးမျပဳႏိုင္ပဲ ရက္ေက်ာ္လြန္သြားလွ်င္ ျပန္၍အသုံးမျပဳသင့္ပါ။ မစားသင့္ပါ။

အႏၲရာယ္ ကို ျဖစ္ေစပါသည္။ ခြဲျခမ္းထားၿပီး အျပင္မွာ အနည္းဆုံး ၆ နာရီႏွင့္ အထက္ၾကာသြားသည့္ ၎ၾကက္သြန္နီျခမ္းဟာ အပုတ္နံ႔မ်ား၊ အနဲ႔ဆိုးမ်ားကို စုပ္ထားထားႏိုင္ၿပီး ဘတ္တီးရီးယားပိုးမႊားမ်ားႏွင့္ အျခား အႏၲရာယ္ကို ျဖစ္ေစတတ္သည့္ ပိုးမႊားမ်ားလည္း ပါရွိလာသည့္အတြက္ ဝမ္းပ်က္၊ ဝမ္းေလွ်ာ၊ ပိုက္ေအာင့္၊ ပိုက္နာျဖစ္ႏိုင္သည့္အျပင္ အဆိပ္အေတာက္ကိုလည္း ျဖစ္ေစႏိုင္ပါတယ္လို႔ ႏိုင္ငံတကာ က်န္းမာေရးစာမ်က္ႏွာမ်ားမွာ ေဖာ္ျပထားၾကပါတယ္။ အခြံခါြထားသည့္ ၾကက္သြန္နီႏွင့္ ထက္ျခမ္းခြဲထားသည့္ ၾကက္သြန္နီျခမ္းကို ျပန္လည္အသုံးျပဳလိုပါက အဖုံးလုံေအာင္ ပိတ္ထားေသာ ဗူး၊ ခြက္တို႔ျဖင့္ လုံၿခဳံစြာ ထည့္ထားသင့္ပါတယ္။

သို႔မဟုတ္ ေရခဲေသတၱာထဲတြင္ ထည့္သြင္းသိမ္းဆည္းထားသင့္ပါတယ္လို႔ အႀကံျပဳလိုပါတယ္။ မသိမ္းဆည္းလိုက္ရပဲ အျပင္မွာ အခ်ိန္ၾကာေအာင္ ပစ္ထားမိသည့္ ၾကက္သြန္နီျခမ္းကို မျဖစ္မေန အသုံးျပဳရေတာ့မည္ဆိုလွ်င္လည္း ပုံထဲမွာ ျမင္ရသည့္အတိုင္း အလယ္တည့္တည့္မွ အဆံ၊ အဖူးကေလးကို ဖယ္ထုတ္ပစ္သင့္ပါတယ္။ အေၾကာင္းကေတာ့ အပုတ္နံ႔မ်ားႏွင့္ အနံ႔ဆိုးမ်ားကို ၎ေနရာမွ အဓိက စုပ္ယူထားၿပီး ပိုမႊားမ်ားလည္း ၎ေနရာမွာ ပါဝင္မႈအမ်ားဆုံးလို႔ သိရပါတယ္။ အသက္ကို ဉာဏ္ေစာင့္ဆိုသလို သတိမမူ ဂူမျမင္ မျဖစ္ၾကေစဖို႔ ေစတနာျဖင့္ မွ်ေဝေပးလိုက္ရပါသည္။

Credit: ေန႔စဥ္သတင္းထူးမ်ား

Unicode ဖြင့်ဖတ်ရန်

အန္တရာယ် ရှိသော ကြက်သွန်နီ ခြမ်း(နေ့တိုင်းဟင်းချက်ရင်အသုံးပြုတာမို့ဖတ်ကြည့်စေချင်တယ်နော်)



ထက်ခြမ်းခွဲထားသော ကြက်သွန်နီ ကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။

အန္တရာယ် ကို ဖြစ်စေပါသည်။ ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက်ကြာသွားသည့် ၎င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါရှိလာသည့်အတွက် ဝမ်းပျက်၊ ဝမ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။ အခွံခါွထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားသင့်ပါတယ်။

သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။ မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။ အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၎င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၎င်းနေရာမှာ ပါဝင်မှုအများဆုံးလို့ သိရပါတယ်။ အသက်ကို ဉာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

Credit: နေ့စဉ်သတင်းထူးများ


မှတ်ချက်များ