ရႉးရႉးရွဲရွဲအရသာနဲ႔ ငါးေခါင္းဟင္းရည္
Zawgyi ျဖင့္ဖတ္ရန္
ဒီတခါေတာ့ ဟင္းရည္ခ်က္နည္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။ လုပ္ရတာလည္း လက္မဝင္၊ အရသာကလည္း ရႉးရႉးရွဲရွဲေလးနဲ႔ဆိုေတာ့ ထမင္းစားၿမိန္မွာအေသအခ်ာပါပဲ။
ပါဝင္ပစၥည္းမ်ား
ငါးရံ႕ေခါင္း ခပ္ႀကီးႀကီး – ငါးဆယ္သား
ၾကက္သြန္နီ – သုံးဥ
ၾကက္သြန္ျဖဴ ဥႀကီး – ၁၅ ႁမႊာ
ခ်င္း – လက္တစ္ဆစ္
စပါးလင္ – ႏွစ္ေခ်ာင္း
ခရမ္းခ်ဥ္သီး – သုံးလုံး
ပဲျပား – တစ္တုံး
ငုံးဥ – ဆယ္လုံး
ငါးဖယ္လုံး – ဆယ့္ငါးလုံး
မွ်စ္ခ်ဥ္ႏုႏု – ဆယ့္ငါးက်ပ္သား
ရွမ္းနံနံ (ဝါ) နံနံပင္ – အနည္းငယ္
င႐ုတ္သီးအစိမ္းမႈန႔္ – အနည္းငယ္
င႐ုတ္သီးစိမ္း – ဆယ့္ငါးေတာင့္
ဆီ – သုံးက်ပ္သားခန႔္
ဆား၊ သၾကား၊ ငံျပာရည္ – အနည္းငယ္
ျပင္ဆင္ခ်က္ျပဳတ္ပုံ အဆင့္ဆင့္
ပထမဆုံး ငါးေခါင္းကို အေနေတာ္အ႐ြယ္ ပိုင္း၍ ေရေဆးၿပီး ဆား၊ နႏြင္းတို႔ျဖင့္ နယ္ပါ။ ၾကက္သြန္အနီ၊ အျဖဴႏွင့္ ခ်င္းကို အခြံႏႊာေရေဆးကာ မညက္တညက္ ေထာင္းပါ။ စပါးလင္ကို ရင့္တဲ့အပိုင္းမ်ားဖယ္ပါ။ ၿပီးလွ်င္ ေရေဆး၍ စပါးလင္ကို ထုေခ်ၿပီး အထုံးေလးျဖစ္ေအာင္ ထုံးထားပါ။ ခရမ္းခ်ဥ္သီးကို ေရေဆး၍ ေလးစိတ္စိတ္ပါ။ ပဲျပားကိုလည္း အေနေတာ္ ေလးေထာင့္အတုံးေလးေတြ တုံးထားပါ။ ၿပီးလွ်င္ ငုံးဥကို က်က္ေအာင္ ျပဳတ္ၿပီး အခြံခြာထားပါ။ ငါးဖယ္လုံးအတြက္ ငါးဖယ္ျခစ္ၿပီးသားကို ဆား၊ နႏြင္းျဖင့္ ေစးေအာင္ နယ္ၿပီး ငုံးဥအ႐ြယ္ခန႔္လုံးထားပါ။ မွ်စ္ခ်ဥ္ကို သင့္ေတာ္သလို လွီးပါ။
ရွမ္းနံနံကို ေရေဆးကာ လက္ႏွစ္ဆစ္ခန႔္ျဖတ္ထားၿပီး င႐ုတ္သီးစိမ္းကို အညႇာေခြၽ၊ ေရေဆး၍ ထက္ျခမ္း ျခမ္းပါ။ ငါးေခါင္းဟင္းရည္ခ်က္ဖို႔ လိုအပ္တာေတြျပင္ဆင္ၿပီးရင္ ဟင္းခ်က္မည့္ဒယ္အိုးထဲတြင္ ဆီထည့္ပါ။ ဆီပူလွ်င္ ေထာင္ထားတဲ့ ၾကက္သြန္အႏွစ္နဲ႔ င႐ုတ္သီးအစိမ္းမႈန႔္ထည့္ ဆီသပ္ပါ။ ၾကက္သြန္မ်ား ေ႐ႊဝါေရာင္သမ္းစျပဳၿပီး အနံ႔ေလးေမႊးလာရင္ ခရမ္းခ်ဥ္သီး၊ မွ်စ္ခ်ဥ္နဲ႔ စပါးလင္ကို ထည့္ေမႊပါ။
ၿပီးလွ်င္ ငါးေခါင္းႏွင့္ ဆား၊ သၾကား၊ ငံျပာရည္တို႔ကို ထည့္၍ သမေအာင္ ေမႊၿပီးရင္ ေရႏို႔ဆီဘူး ငါးလုံးခန႔္ထည့္ကာ အဖုံးအုပ္ၿပီး ဟင္းရည္ပြက္ပြက္ဆူတဲ့အထိ တည္ပါ။ ဟင္းရည္ဆူလာရင္ ပဲျပား၊ ငုံးဥ၊ ငါးဖယ္လုံးနဲ႔ င႐ုတ္သီးစိမ္းမ်ား ထည့္လိုက္ပါ။ ငါးေခါင္းဟင္းရည္ကို အခ်ိဳရည္က်ေအာင္ ပြက္ပြက္ဆူၿပီး မိနစ္ႏွစ္ဆယ္ခန႔္ ဆက္တည္ေပးရပါမယ္။ ၿပီးလွ်င္ အရသာျမည္းကာ ဟင္းအိုးခ်ကာနီးတြင္ ရွမ္းနံနံကို အုပ္ခပ္လိုက္ပါ။ ခ်ဥ္စပ္အရသာနဲ႔ ရွမ္းနံနံႏွင့္ စပါးလင္ရနံ႔ေလး ေမႊးသင္းေနတဲ့ ငါးေခါင္းဟင္းရည္ က်က္ပါၿပီ။
မွတ္ခ်က္။ ။ ငါးေခါင္းဟင္းရည္ခ်က္ရာတြင္ ငါးေခါင္းအျပင္ ငါးအသားကိုလည္း ထည့္ခ်က္ႏိုင္ပါတယ္။
Credit: my food myanmar
Unicode ဖြင့်ဖတ်ရန်
ရှူးရှူးရှဲရှဲအရသာနဲ့ ငါးခေါင်းဟင်းရည်
ဒီတခါတော့ ဟင်းရည်ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ လုပ်ရတာလည်း လက်မဝင်၊ အရသာကလည်း ရှူးရှူးရှဲရှဲလေးနဲ့ဆိုတော့ ထမင်းစားမြိန်မှာအသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
ငါးရံ့ခေါင်း ခပ်ကြီးကြီး – ငါးဆယ်သား
ကြက်သွန်နီ – သုံးဥ
ကြက်သွန်ဖြူ ဥကြီး – ၁၅ မြွှာ
ချင်း – လက်တစ်ဆစ်
စပါးလင် – နှစ်ချောင်း
ခရမ်းချဉ်သီး – သုံးလုံး
ပဲပြား – တစ်တုံး
ငုံးဥ – ဆယ်လုံး
ငါးဖယ်လုံး – ဆယ့်ငါးလုံး
မျှစ်ချဉ်နုနု – ဆယ့်ငါးကျပ်သား
ရှမ်းနံနံ (ဝါ) နံနံပင် – အနည်းငယ်
ငရုတ်သီးအစိမ်းမှုန့် – အနည်းငယ်
ငရုတ်သီးစိမ်း – ဆယ့်ငါးတောင့်
ဆီ – သုံးကျပ်သားခန့်
ဆား၊ သကြား၊ ငံပြာရည် – အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ အဆင့်ဆင့်
ပထမဆုံး ငါးခေါင်းကို အနေတော်အရွယ် ပိုင်း၍ ရေဆေးပြီး ဆား၊ နနွင်းတို့ဖြင့် နယ်ပါ။ ကြက်သွန်အနီ၊ အဖြူနှင့် ချင်းကို အခွံနွှာရေဆေးကာ မညက်တညက် ထောင်းပါ။ စပါးလင်ကို ရင့်တဲ့အပိုင်းများဖယ်ပါ။ ပြီးလျှင် ရေဆေး၍ စပါးလင်ကို ထုချေပြီး အထုံးလေးဖြစ်အောင် ထုံးထားပါ။ ခရမ်းချဉ်သီးကို ရေဆေး၍ လေးစိတ်စိတ်ပါ။ ပဲပြားကိုလည်း အနေတော် လေးထောင့်အတုံးလေးတွေ တုံးထားပါ။ ပြီးလျှင် ငုံးဥကို ကျက်အောင် ပြုတ်ပြီး အခွံခွာထားပါ။ ငါးဖယ်လုံးအတွက် ငါးဖယ်ခြစ်ပြီးသားကို ဆား၊ နနွင်းဖြင့် စေးအောင် နယ်ပြီး ငုံးဥအရွယ်ခန့်လုံးထားပါ။ မျှစ်ချဉ်ကို သင့်တော်သလို လှီးပါ။
ရှမ်းနံနံကို ရေဆေးကာ လက်နှစ်ဆစ်ခန့်ဖြတ်ထားပြီး ငရုတ်သီးစိမ်းကို အညှာချွေ၊ ရေဆေး၍ ထက်ခြမ်း ခြမ်းပါ။ ငါးခေါင်းဟင်းရည်ချက်ဖို့ လိုအပ်တာတွေပြင်ဆင်ပြီးရင် ဟင်းချက်မည့်ဒယ်အိုးထဲတွင် ဆီထည့်ပါ။ ဆီပူလျှင် ထောင်ထားတဲ့ ကြက်သွန်အနှစ်နဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့် ဆီသပ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သမ်းစပြုပြီး အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီး၊ မျှစ်ချဉ်နဲ့ စပါးလင်ကို ထည့်မွှေပါ။
ပြီးလျှင် ငါးခေါင်းနှင့် ဆား၊ သကြား၊ ငံပြာရည်တို့ကို ထည့်၍ သမအောင် မွှေပြီးရင် ရေနို့ဆီဘူး ငါးလုံးခန့်ထည့်ကာ အဖုံးအုပ်ပြီး ဟင်းရည်ပွက်ပွက်ဆူတဲ့အထိ တည်ပါ။ ဟင်းရည်ဆူလာရင် ပဲပြား၊ ငုံးဥ၊ ငါးဖယ်လုံးနဲ့ ငရုတ်သီးစိမ်းများ ထည့်လိုက်ပါ။ ငါးခေါင်းဟင်းရည်ကို အချိုရည်ကျအောင် ပွက်ပွက်ဆူပြီး မိနစ်နှစ်ဆယ်ခန့် ဆက်တည်ပေးရပါမယ်။ ပြီးလျှင် အရသာမြည်းကာ ဟင်းအိုးချကာနီးတွင် ရှမ်းနံနံကို အုပ်ခပ်လိုက်ပါ။ ချဉ်စပ်အရသာနဲ့ ရှမ်းနံနံနှင့် စပါးလင်ရနံ့လေး မွှေးသင်းနေတဲ့ ငါးခေါင်းဟင်းရည် ကျက်ပါပြီ။
မှတ်ချက်။ ။ ငါးခေါင်းဟင်းရည်ချက်ရာတွင် ငါးခေါင်းအပြင် ငါးအသားကိုလည်း ထည့်ချက်နိုင်ပါတယ်။
Credit: my food myanmar


မှတ်ချက်များ