သင္ဟာ ရုပ္ရွင္ၾကည့္ရင္း လိုက္ငုိမိေနတတ္သူတစ္ေယာက္လား?


Zawgyiျဖင့္ဖတ္ရန္

ရုပ္ရွင္ၾကည့္ရင္းငိုတဲ႔သူေတြကုိျမင္ဖူးလား?သင့္အေနနဲ ႔သူတုိ႔ကုိရယ္မိေကာင္းရယ္မိပါလိမ့္မယ္။ရုပ္ရွင္ပဲ တကယ္မွမဟုတ္တာ ဘာငိုစရာလိုလို႔လဲ စိတ္က
လည္းေပ်ာ့လိုက္တာဆုိတဲ႔အေတြးမ်ိဳးနဲ႔ေပါ့။

ဒါေပမဲ႔ သင္သိထားဖုိ႔က ရုပ္ရွင္ၾကည့္ရင္းလိုက္ငုိတတ္တဲ႔သူ၊ရုပ္ရွင္ၾကည့္ရင္း၀မ္းနည္းတတ္တဲ႔သူေတြဟာ တကယ္ေတာ့ စိတ္ဓာတ္ေပ်ာ့ညံ႔အားနည္းတဲ႔သူေတြမဟုတ္ပါဘူး။အဲ႔ဒီလုိရုပ္ရွင္ၾကည့္ရင္း ငုိတတ္သူေတြက သင္္ေတြ႔ဖူးသမ်ွသူေတြထဲမွာ Strongest အျဖစ္ဆံုးသူေတြျဖစ္ပါတယ္တဲ႔။

ဘာလို႔လဲ?ဘာလို႔လဲဆုိေတာ့ ရုပ္ရွင္ၾကည့္ရင္း ငိုတဲ႔သူေတြဟာ ကုိယ္ခ်င္းစာစိတ္အရမ္းျမင့္မားလုိ႔ပါပဲ။သူတို႔က ရုပ္ရွင္ၾကည့္ရင္းရုပ္ရွင္သရုပ္ေဆာင္ေတြခံစားသလုိလုိက္ျပီးခံစားတယ္။ငုိေၾကြးတယ္။သူတုိ႔ရဲ႔ခံစားခ်က္အတုိင္းလိုက္စဥ္းစားတယ္။အဲ႔ဒါေၾကာင့္ရုပ္ရွင္သရုပ္ေဆာင္ေတြငိုၾကသလုိ သူတုိ႔လည္းလိုက္ျပီးငိုၾကတယ္။ဒါဟာ ကုိယ္ခ်င္းစာနာမႈျမင့္မားတယ္ဆိုတဲ႔သေဘာပါပဲ။

စိတ္ပုိင္းဆုိင္ရာခံစားခ်က္ေတြထဲမွာ လူတစ္ဖက္သားကုိကုိယ္ခ်င္းစာစိတ္ရွိတယ္ဆုိတာအေရးၾကီးတဲ႔စိတ္စြမ္းအားတစ္ခုပါပဲ။ဒီလိုမ်ိဳးတစ္ဖက္လူဘယ္လိုခံစားရတယ္ဆုိတာလုိက္ေတြးေပး၊ခံစားေပးတဲ႔စိတ္ဟာ ေခါင္းေဆာင္ေကာင္းေတြ၊စိတ္ခြန္အားျပည့္တဲ႔သူေတြမွာသာ ရွိႏုိင္ပါတယ္။

ရုပ္ရွင္ၾကည့္ရင္းငုိေၾကြးတဲ႔သူေတြဟာ အျပင္ေလာကမွာလည္းတစ္ဖက္လူအေပၚဘယ္လိုဆက္ဆံရမယ္။ဘယ္လိုျပဳမူရမယ္။ေအာ္ ငါဒီလုိလုပ္လိုက္ရင္သူ႔ခမ်ာ ဘယ္လိုခံစားသြားရမယ္ဆိုတာမ်ိဳးေတြပါ ပုိျပီးေတြးေပးတတ္လာပါတယ္။ကုိယ္မၾကိဳက္တဲ႔အျပဳအမူတစ္ခုကုိ တစ္ဖက္သားအေပၚလည္းမလုပ္သင့္ဘူးဆုိတာ ပုိသိလာပါတယ္။သူတို႔ဟာ တစ္ျခားသူဆီက နာက်င္မႈေတြ၊ေပ်ာ္ရႊင္မႈေတြ၊၀မ္းနည္းမႈေတြကုိလည္း မ်ွေ၀ခံစားေပးႏုိင္တဲ႔သူေတြလည္းျဖစ္ပါတယ္။

တစ္ဖက္လူရဲ႔အျမင္ဘက္က ၀င္မၾကည့္ေပးသေရြ႔ သင္က အဲ႔ဒီလူတစ္ေယာက္ကုိ ဘယ္ေတာ့မွနားလည္မွာမဟုတ္ဘူးဆုိတဲ႔ စကားေတာင္ရွိပါေသးတယ္။ဒါေပမဲ႔ ရုပ္ရွင္ၾကည့္ရင္းအျပင္မွာပါ လိုက္ခံစားေနတဲ႔သူေတြကေတာ့ တစ္ဖက္လူဘယ္လိုခံစားရတယ္ဆုိတာကုိ ေကာင္းေကာင္းနားလည္ေပးႏုိင္ပါတယ္။

ဘာလို႔လဲဆုိေတာ ့သူတို႔က ရုပ္ရွင္ထဲက သရုပ္ေဆာင္ေတြေနရာကေန ပါ၀င္ခံစားတတ္လုိ႔ပါပဲ။ငါသာ သူ႔ေနရာမွာဆုိရင္ဆုိတဲ႔စိတ္နဲ႔ ခံစားတဲ႔အတြက္ေၾကာင့္သာ ရုပ္ရွင္ၾကည့္ရင္းငုိၾက၊၀မ္းနည္းၾက၊ေပ်ာ္ရႊင္ၾကနဲ႔ ျဖစ္ေနၾကတာပါ။ဒါေၾကာင့္ ရုပ္ရွင္ၾကည့္ရင္းငိုတဲ႔သူ၊ေပ်ာ္ရႊင္ေနတဲ႔သူကုိ ေတြ႔တဲ႔အခါ
သင္မရယ္မိတုိင္း၊သင္မငုိမိတိုင္း အေ၀ဖန္မေစာမိပါနဲ႔။သူတုိ႔ကမာၻေလးနဲ႔ သူတို႔ေနပါေစ။

Source:Relrules

Credit:Trend Myanmar

Unicodeဖြင့်ဖတ်ရန်

သင်ဟာ ရုပ်ရှင်ကြည့်ရင်း လိုက်ငိုမိနေတတ်သူတစ်ယောက်လား?

ရုပ်ရှင်ကြည့်ရင်းငိုတဲ့သူတွေကိုမြင်ဖူးလား?သင့်အနေနဲ့သူတို့ကိုရယ်မိကောင်းရယ်မိပါလိမ့်မယ်။ရုပ်ရှင်ပဲ တကယ်မှမဟုတ်တာ ဘာငိုစရာလိုလို့လဲ စိတ်က
လည်းပျော့လိုက်တာဆိုတဲ့အတွေးမျိုးနဲ့ပေါ့။

ဒါပေမဲ့ သင်သိထားဖို့က ရုပ်ရှင်ကြည့်ရင်းလိုက်ငိုတတ်တဲ့သူ၊ရုပ်ရှင်ကြည့်ရင်းဝမ်းနည်းတတ်တဲ့သူတွေဟာ တကယ်တော့ စိတ်ဓာတ်ပျော့ညံ့အားနည်းတဲ့သူတွေမဟုတ်ပါဘူး။အဲ့ဒီလိုရုပ်ရှင်ကြည့်ရင်း ငိုတတ်သူတွေက သင်တွေ့ဖူးသမျှသူတွေထဲမှာ Strongest အဖြစ်ဆုံးသူတွေဖြစ်ပါတယ်တဲ့။

ဘာလို့လဲ?ဘာလို့လဲဆိုတော့ ရုပ်ရှင်ကြည့်ရင်း ငိုတဲ့သူတွေဟာ ကိုယ်ချင်းစာစိတ်အရမ်းမြင့်မားလို့ပါပဲ။သူတို့က ရုပ်ရှင်ကြည့်ရင်းရုပ်ရှင်သရုပ်ဆောင်တွေခံစားသလိုလိုက်ပြီးခံစားတယ်။ငိုကြွေးတယ်။သူတို့ရဲ့ခံစားချက်အတိုင်းလိုက်စဉ်းစားတယ်။အဲ့ဒါကြောင့်ရုပ်ရှင်သရုပ်ဆောင်တွေငိုကြသလို သူတို့လည်းလိုက်ပြီးငိုကြတယ်။ဒါဟာ ကိုယ်ချင်းစာနာမှုမြင့်မားတယ်ဆိုတဲ့သဘောပါပဲ။

စိတ်ပိုင်းဆိုင်ရာခံစားချက်တွေထဲမှာ လူတစ်ဖက်သားကိုကိုယ်ချင်းစာစိတ်ရှိတယ်ဆိုတာအရေးကြီးတဲ့စိတ်စွမ်းအားတစ်ခုပါပဲ။ဒီလိုမျိုးတစ်ဖက်လူဘယ်လိုခံစားရတယ်ဆိုတာလိုက်တွေးပေး၊ခံစားပေးတဲ့စိတ်ဟာ ခေါင်းဆောင်ကောင်းတွေ၊စိတ်ခွန်အားပြည့်တဲ့သူတွေမှာသာ ရှိနိုင်ပါတယ်။

ရုပ်ရှင်ကြည့်ရင်းငိုကြွေးတဲ့သူတွေဟာ အပြင်လောကမှာလည်းတစ်ဖက်လူအပေါ်ဘယ်လိုဆက်ဆံရမယ်။ဘယ်လိုပြုမူရမယ်။အော် ငါဒီလိုလုပ်လိုက်ရင်သူ့ခမျာ ဘယ်လိုခံစားသွားရမယ်ဆိုတာမျိုးတွေပါ ပိုပြီးတွေးပေးတတ်လာပါတယ်။ကိုယ်မကြိုက်တဲ့အပြုအမူတစ်ခုကို တစ်ဖက်သားအပေါ်လည်းမလုပ်သင့်ဘူးဆိုတာ ပိုသိလာပါတယ်။သူတို့ဟာ တစ်ခြားသူဆီက နာကျင်မှုတွေ၊ပျော်ရွှင်မှုတွေ၊ဝမ်းနည်းမှုတွေကိုလည်း မျှဝေခံစားပေးနိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။

တစ်ဖက်လူရဲ့အမြင်ဘက်က ဝင်မကြည့်ပေးသရွေ့ သင်က အဲ့ဒီလူတစ်ယောက်ကို ဘယ်တော့မှနားလည်မှာမဟုတ်ဘူးဆိုတဲ့ စကားတောင်ရှိပါသေးတယ်။ဒါပေမဲ့ ရုပ်ရှင်ကြည့်ရင်းအပြင်မှာပါ လိုက်ခံစားနေတဲ့သူတွေကတော့ တစ်ဖက်လူဘယ်လိုခံစားရတယ်ဆိုတာကို ကောင်းကောင်းနားလည်ပေးနိုင်ပါတယ်။

ဘာလို့လဲဆိုတော့သူတို့က ရုပ်ရှင်ထဲက သရုပ်ဆောင်တွေနေရာကနေ ပါဝင်ခံစားတတ်လို့ပါပဲ။ငါသာ သူ့နေရာမှာဆိုရင်ဆိုတဲ့စိတ်နဲ့ ခံစားတဲ့အတွက်ကြောင့်သာ ရုပ်ရှင်ကြည့်ရင်းငိုကြ၊ဝမ်းနည်းကြ၊ပျော်ရွှင်ကြနဲ့ ဖြစ်နေကြတာပါ။ဒါကြောင့် ရုပ်ရှင်ကြည့်ရင်းငိုတဲ့သူ၊ပျော်ရွှင်နေတဲ့သူကို တွေ့တဲ့အခါ
သင်မရယ်မိတိုင်း၊သင်မငိုမိတိုင်း အဝေဖန်မစောမိပါနဲ့။သူတို့ကမ္ဘာလေးနဲ့ သူတို့နေပါစေ။

Source:Relrules

Credit:Trend Myanmar

မှတ်ချက်များ