လွပတဲ့မ်က္ႏွာေလးရဖုိ႔ ေစာေစာအိပ္ၾကစုိ႔….


Zawgyiျဖင့္ဖတ္ရန္

အိပ္စက္ျခင္းကလည္း လွပတဲ့မ်က္ႏွာေလးကိုရရွိဖို႔ အေကာင္းဆံုးနည္းလမ္းေတြထဲကတစ္ခုပါ။

ညဘက္အိပ္တဲ့အခါ မ်က္ႏွာမွာလိမ္းထားတဲ့ မိတ္ကပ္ေတြ၊ႏႈတ္ခမ္းနီေတြကိုေသခ်ာသန္႔စင္ေအာင္ဖ်က္ပါ။လိုးရွင္း၊ခ်ိဳင္းလိမ္းဆီေတြလိမ္းထားရင္ေတာ့ ေရခ်ိဳးျပီးအိပ္တာအေကာင္းဆံုးပါပဲ။ညဘက္ေတြေရေႏြးေႏြးေလးနဲ႔ခ်ိဳးတဲ့အခါ အေၾကာေတြေျပျပီးေတာ့ ေသြးလည္ပတ္မႈကိုေကာင္းေစပါတယ္။မ်က္ႏွာမွာလည္းသန္႔စင္ျပီးျပီ။ေရလည္းခ်ိဳးျပီးျပီဆုိရင္ေတာ့ပိုက္ဆံလည္းအမ်ားၾကီးကုန္စရာမလိုပဲ လွပစိုေျပတဲ့အသားအေရေလးရဖုိ႔လုပ္ရေအာင္။

နည္းလမ္းေလးကေတာ့ လြယ္လြယ္ေလးပါပဲ။ အိပ္ေရး၀၀နဲ႔ အခ်ိန္မွန္အိပ္ဖို႔ပါ။

အိပ္စက္ေနတဲ့အခ်ိန္အတြင္းမွာ အေရျပားေပၚကဆဲလ္ေတြအသစ္ေျပာင္းလဲတယ္ဆိုတာၾကားဖူးၾကမွာပါ။ညဘက္ေတြမွာ ေရခိ်ဳးသန္႔စင္ျပီး ေစာေစာအိပ္စက္ရံုနဲ႔ ရႏုိင္တဲ့ အက်ိဳးေက်းဇူးေတြကေတာ့ အံ႔ၾသစရာပါပဲ။

၁။ အသားအေရေျပာင္းလဲလာတာ။

ညဘက္ေတြဆုိ အသားအေရက နည္းနည္းညိဳလာတာေတြ႔ရပါလိမ့္မယ္။အဲဒါက အေရျပားထဲကဆဲလ္အေဟာင္းေတြအျပင္ကိုထြက္လာလို႔ပါပဲ။တစ္ညလံုးဆဲလ္ေတြေျပာင္းလဲျပီးေတာ့ မနက္မ်က္ႏွာသစ္ရင္ အသားအေရတင္းတင္းေလးနဲ႔ လွပေနမွာပါ။


၂။ အေသြးအသားေျပာင္းလဲတာ။

လူကအိပ္ေနေပမဲ့ ခႏၶာကိုယ္ကေတာ့ အိပ္မေနပါဘူး။အထဲကဆဲလ္ေတြကေျပာင္းလဲေနတာပါ။အသားအေရေျခာက္ေနရင္ေတာင္ လိုအပ္တဲ့အစိုဓာတ္ကို တစ္ညလံုးထုတ္ေပးျပီး အသားအေရကိုျဖဴလာေစပါတယ္။

၃။ အေရျပားအသစ္ေတြထြက္လာတာ။

အေရျပားပ်က္စီးတာေတြရွိရင္ေတာင္ ညဘက္အိပ္ခ်ိန္မွာ အေရျပားအသစ္ေတြျဖစ္ေစျပီး ပိုျပီးငယ္ရြယ္ႏုပိ်ဳေစျပီး လန္းဆန္းေစပါတယ္။

၄။ မ်က္ႏွာေပၚက ၾကြက္သားေတြအနားယူတာ။

လံုေလာက္တဲ့အိပ္ခ်ိန္ရွိတာက မ်က္ႏွာက အေရးအေၾကာင္းေတြျဖစ္တာကို ေလ်ာ့နည္းေစျပီး ၾကြက္သားေတြအနားယူလို႔ ႏုပ်ိဳျပီး မ်က္ႏွာအသားအေရစိုေျပေစပါတယ္။

၅။ ကိုယ္အေလးခ်ိန္ကိုေလ်ွာ့ခ်ေပးတယ္။

အိပ္ေပ်ာ္ေနတုန္းမွာ ကိုယ္တြင္းမွာရွိတဲ့ အဆီေတြက ေလာင္က်ြမ္းပါတယ္။ဗိုက္ဆာတာမ်ိဳးလည္းမရွိတ့ဲအတြက္ အစာေျခစနစ္ကိုေကာင္းေကာင္းထိန္းခ်ဳပ္ပါတယ္။အိပ္ရင္ေတာင္ ကယ္လိုရီ၃၀ေလာင္က်ြမ္းတယ္လို႔ ေျပာၾကပါတယ္။

၆။ အေရျပားေပၚမွာ၊မ်က္ႏွာေပၚမွာရွိတဲ့ အဆီေတြ၊ဆဲလ္ေတြကိုထိန္းခ်ဳပ္ေပးတယ္။

အသားအေရက မစိုလြန္း မေျခာက္လြန္းတဲ့အတြက္ အေရးအေၾကာင္းေတြျဖစ္တာကိုေလ်ာ့နည္းေစတယ္။

အိပ္စက္ရံုနဲ႔ ရႏိုင္တဲ့ အကိ်ဳးေက်းဇူးေတြပါ။ဒါေပမဲ့ အိပ္ခ်ိန္ေနာက္မက်ဖို႔ေတာ့လိုပါတယ္။

Credit:Trend Myanmar

Unicodeဖြင့်ဖတ်ရန်

လှပတဲ့မျက်နှာလေးရဖို့ စောစောအိပ်ကြစို့….

အိပ်စက်ခြင်းကလည်း လှပတဲ့မျက်နှာလေးကိုရရှိဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။

ညဘက်အိပ်တဲ့အခါ မျက်နှာမှာလိမ်းထားတဲ့ မိတ်ကပ်တွေ၊နှုတ်ခမ်းနီတွေကိုသေချာသန့်စင်အောင်ဖျက်ပါ။လိုးရှင်း၊ချိုင်းလိမ်းဆီတွေလိမ်းထားရင်တော့ ရေချိုးပြီးအိပ်တာအကောင်းဆုံးပါပဲ။ညဘက်တွေရေနွေးနွေးလေးနဲ့ချိုးတဲ့အခါ အကြောတွေပြေပြီးတော့ သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။မျက်နှာမှာလည်းသန့်စင်ပြီးပြီ။ရေလည်းချိုးပြီးပြီဆိုရင်တော့ပိုက်ဆံလည်းအများကြီးကုန်စရာမလိုပဲ လှပစိုပြေတဲ့အသားအရေလေးရဖို့လုပ်ရအောင်။

နည်းလမ်းလေးကတော့ လွယ်လွယ်လေးပါပဲ။ အိပ်ရေး၀၀နဲ့ အချိန်မှန်အိပ်ဖို့ပါ။

အိပ်စက်နေတဲ့အချိန်အတွင်းမှာ အရေပြားပေါ်ကဆဲလ်တွေအသစ်ပြောင်းလဲတယ်ဆိုတာကြားဖူးကြမှာပါ။ညဘက်တွေမှာ ရေချိုးသန့်စင်ပြီး စောစောအိပ်စက်ရုံနဲ့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အံ့သြစရာပါပဲ။

၁။ အသားအရေပြောင်းလဲလာတာ။

ညဘက်တွေဆို အသားအရေက နည်းနည်းညိုလာတာတွေ့ရပါလိမ့်မယ်။အဲဒါက အရေပြားထဲကဆဲလ်အဟောင်းတွေအပြင်ကိုထွက်လာလို့ပါပဲ။တစ်ညလုံးဆဲလ်တွေပြောင်းလဲပြီးတော့ မနက်မျက်နှာသစ်ရင် အသားအရေတင်းတင်းလေးနဲ့ လှပနေမှာပါ။

၂။ အသွေးအသားပြောင်းလဲတာ။

လူကအိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အိပ်မနေပါဘူး။အထဲကဆဲလ်တွေကပြောင်းလဲနေတာပါ။အသားအရေခြောက်နေရင်တောင် လိုအပ်တဲ့အစိုဓာတ်ကို တစ်ညလုံးထုတ်ပေးပြီး အသားအရေကိုဖြူလာစေပါတယ်။

၃။ အရေပြားအသစ်တွေထွက်လာတာ။

အရေပြားပျက်စီးတာတွေရှိရင်တောင် ညဘက်အိပ်ချိန်မှာ အရေပြားအသစ်တွေဖြစ်စေပြီး ပိုပြီးငယ်ရွယ်နုပျိုစေပြီး လန်းဆန်းစေပါတယ်။

၄။ မျက်နှာပေါ်က ကြွက်သားတွေအနားယူတာ။

လုံလောက်တဲ့အိပ်ချိန်ရှိတာက မျက်နှာက အရေးအကြောင်းတွေဖြစ်တာကို လျော့နည်းစေပြီး ကြွက်သားတွေအနားယူလို့ နုပျိုပြီး မျက်နှာအသားအရေစိုပြေစေပါတယ်။

၅။ ကိုယ်အလေးချိန်ကိုလျှော့ချပေးတယ်။

အိပ်ပျော်နေတုန်းမှာ ကိုယ်တွင်းမှာရှိတဲ့ အဆီတွေက လောင်ကျွမ်းပါတယ်။ဗိုက်ဆာတာမျိုးလည်းမရှိတဲ့အတွက် အစာခြေစနစ်ကိုကောင်းကောင်းထိန်းချုပ်ပါတယ်။အိပ်ရင်တောင် ကယ်လိုရီ၃၀လောင်ကျွမ်းတယ်လို့ ပြောကြပါတယ်။

၆။ အရေပြားပေါ်မှာ၊မျက်နှာပေါ်မှာရှိတဲ့ အဆီတွေ၊ဆဲလ်တွေကိုထိန်းချုပ်ပေးတယ်။

အသားအရေက မစိုလွန်း မခြောက်လွန်းတဲ့အတွက် အရေးအကြောင်းတွေဖြစ်တာကိုလျော့နည်းစေတယ်။

အိပ်စက်ရုံနဲ့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။ဒါပေမဲ့ အိပ်ချိန်နောက်မကျဖို့တော့လိုပါတယ်။

Credit:Trend Myanmar

မှတ်ချက်များ