ကြၽန္မသာ ေယာကၡမ တေယာက္ျဖစ္ခဲ့ရင္





Zawgyi ျဖင့္ဖတ္ရန္


သားေ႐ြးခ်ယ္တဲ့သူ ဘယ္မိန္းကေလးမဆို က်မ ေခြၽးမအျဖစ္လက္ခံမွာပါပဲ။ ဘာလို႔လဲဆိုေတာ့ က်မတို႔ ႏွစ္ရွည္လမ်ား ျပဳစုပ်ိဳးေထာင္ခဲ့တဲ့သားက က်မတို႔နဲ႔အဆင္မေျပႏိုင္တဲ့သူ၊ သူ႔အေပၚ အနစ္နာမခံႏိုင္တဲ့သူကို ေခြၽးမအျဖစ္ ဘယ္ေတာ့မွာ ေခၚလာမွာ မဟုတ္ဘူးဆိုတာ ယုံၾကည္ထားလို႔ပါ။

သားကို အိမ္ေပါမွာတင္မထားဘူး သူတို႔ႏွစ္ဦးတြက္ သီးသန႔္အိမ္ခြဲထားေစမယ္ အတူ ေနထိုင္ ႀကိဳးစားခ်င္ၾကတာ မိန္းခေလးတိုင္းရဲ႕ေမ်ာ္လင့္ခ်က္ဆိုတာ သိပါတယ္။ ဒါမွလဲ အိမ္ေထာင္တစ္ခုကို ဦးေဆာင္ႏိုင္တဲ့ သားရဲ႕ အရည္အခ်င္းေတြ ပိုမို ေပၚလြင္လာမယ္ေလ။

ကြၽန္မသားကို ကြၽန္မခ်က္ေႂကြးေနက် ဟင္းေတြခ်က္ေႂကြး ဒါေတြမလုပ္ေတာ့ဘူး သူဇနီးက သူ႔ကို ခ်က္ေႂကြးဒါကိုပဲ စားေစမယ္။ဒါမွလဲ ေခြၽးမရဲ႕ အရည္အခ်င္းေတြ သားပိုနားလည္လာလိမ့္မယ္။ ႏို႔မို႔ဆို က်မတို႔အရိပ္ေတြ သားအေပၚမွာ လႊမ္းမိုးၿပီး သားတို႔ မတိုးတက္မွာ စိုးရိမ္တယ္။

ကြၽန္မသားကို ကြၽန္မ ခ်စ္ခဲ့တဲ့ အခ်စ္ေတြကို ေဝခြဲေပးလိုက္မယ္ သူ႔ဇနီးဆီကိုေပါ့။ က်မကေတာဘာသာေရးအသိနဲ႔ က်န္ဘဝကို ၿငိမ္းခ်မ္းစြာျဖတ္သန္းမယ္ေလ။ဒါမွ သားနဲ႔ ေခြၽးမတို႔ တခ်ိန္မွာ မိဘေနရာရလာရင္ ဘယ္လို ေနထိုင္ရင္ဆိုင္ ျဖတ္သန္းရမလဲဆိုတာ ျပန္သင္းေပးႏိုင္မွာ။ က်မတို႔ မရွိေတာ့တဲ့ အခ်ိန္မွာ က်မသားကို သူ႔မိသားစုကို အျပည့္အဝဦးေဆာင္ႏိုင္သူ ျဖစ္ေစခ်င္တယ္။

ကြၽန္မေခြၽးမ ကိုလည္း ကြၽန္မ အိမ္ ခဏခဏအလည္မေခၚဘူး သူမစိတ္က်ဥ္းၾကပ္ မွာစိုးတယ္။ က်မလည္း သူမ်ားအိမ္မွာေန မ်က္ႏွာ ေအာက္ႀကိဳ႕ရမဲ့ အျပဳအမူမ်ိဳး က်မသားကို မႀကဳံေတြ႕ေစခ်င္ဘူေမတၱာဆို အသြာ။အျပန္ရွိပါတယ္။က်မ သူတို႔အေပၚ အစစ္အမွန္ ေမတၱာထားရင္ က်မႏႈတ္က ေျပာထြက္စရာမလိုပါဘူး။ က်မေခြၽးမ နားလည္မွာပါ။ သမီးကိုဆို စိတ္စိုးရင္ဆူပစ္လိုက္မယ္

သမီးငိုလိမ့္မယ္ ကြၽန္မေခ်ာ့ႏိုင္တယ္။ ေခြၽးမကိုစိတ္စိုးရင္ ကြၽန္မ ဆူေတာင္မဆူခ်င္ဘူး။ ဆူမိရင္သူမအျပင္မငိုႏိုင္ပဲ ရင္ထဲငိုလိမ့္ ကြၽန္မ မေခ်ာ့တတ္လို႔ပါ ။က်မသားလဲ မေခ်ာ့တတ္မွာစိုးတယ္။ ကြၽန္မအသက္ႀကီးလာ လို႔ ကြၽန္မ အလုပ္မလုပ္ႏိုင္ ရင္ ေခြၽးမအေပါ သူကျပဳစုရမယ္ဆိုတဲ့ တာဝန္မေပးပါဘူး ။

ကြၽန္မကိုယ္တိုင္မႏိုင္ အလုပ္သမား ငွားခိုင္းမယ္။ အဲဒီအတြက္လဲ က်မnurse ေတြ စုံစမ္းထားၿပီးသားပါ။ အသက္ႀကီးသူေတြရဲ႕ လိုအပ္ခ်က္တိုင္းကို အသက္ငယ္တုဲ႔ေခြၽးမက လိုက္မလုပ္ႏိုင္တဲ့အခါမလိုလားအပ္တဲ့ ျပသနာေတြ က်မသားေပၚ ေရာက္သြားႏိုင္တယ္ေလ။

တကယ္ေတာ့ကြၽန္မ သားရဲ႕အေမ ျဖစ္လာဒါက ေနာက္မွပါ။ က်မ ေခြၽးမျဖစ္ခဲ့ၿပီးမွ ေယာကၡမျဖစ္လာရတာမို႔ပါ။ ေခြၽးမျဖစ္လာတဲ့ ခံစားခ်က္ကို ထိုမိန္းခေလးထက္ အရင္ကြၽန္မ ပိုသိလို႔ပါ ကြၽန္မသား ထက္ ေခြၽးမက ကြၽန္မရဲ႕ငယ္ဘဝမို႔ပါ။ဒါမို႔ ကြၽန္မ ပိုနားလည္မႈ႕ထားမိမွာ တကယ္ပါ။

Credit : Jannat Ki Phool

Unicode ဖြင့်ဖတ်ရန်

ကျွန်မသာ ယောက္ခမ တယောက်ဖြစ်ခဲ့ရင်




သားရွေးချယ်တဲ့သူ ဘယ်မိန်းကလေးမဆို ကျမ ချွေးမအဖြစ်လက်ခံမှာပါပဲ။ ဘာလို့လဲဆိုတော့ ကျမတို့ နှစ်ရှည်လများ ပြုစုပျိုးထောင်ခဲ့တဲ့သားက ကျမတို့နဲ့အဆင်မပြေနိုင်တဲ့သူ၊ သူ့အပေါ် အနစ်နာမခံနိုင်တဲ့သူကို ချွေးမအဖြစ် ဘယ်တော့မှာ ခေါ်လာမှာ မဟုတ်ဘူးဆိုတာ ယုံကြည်ထားလို့ပါ။

သားကို အိမ်ပေါမှာတင်မထားဘူး သူတို့နှစ်ဦးတွက် သီးသန့်အိမ်ခွဲထားစေမယ် အတူ နေထိုင် ကြိုးစားချင်ကြတာ မိန်းခလေးတိုင်းရဲ့မျော်လင့်ချက်ဆိုတာ သိပါတယ်။ ဒါမှလဲ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့ သားရဲ့ အရည်အချင်းတွေ ပိုမို ပေါ်လွင်လာမယ်လေ။

ကျွန်မသားကို ကျွန်မချက်ကြွေးနေကျ ဟင်းတွေချက်ကြွေး ဒါတွေမလုပ်တော့ဘူး သူဇနီးက သူ့ကို ချက်ကြွေးဒါကိုပဲ စားစေမယ်။ဒါမှလဲ ချွေးမရဲ့ အရည်အချင်းတွေ သားပိုနားလည်လာလိမ့်မယ်။ နို့မို့ဆို ကျမတို့အရိပ်တွေ သားအပေါ်မှာ လွှမ်းမိုးပြီး သားတို့ မတိုးတက်မှာ စိုးရိမ်တယ်။

ကျွန်မသားကို ကျွန်မ ချစ်ခဲ့တဲ့ အချစ်တွေကို ဝေခွဲပေးလိုက်မယ် သူ့ဇနီးဆီကိုပေါ့။ ကျမကတောဘာသာရေးအသိနဲ့ ကျန်ဘဝကို ငြိမ်းချမ်းစွာဖြတ်သန်းမယ်လေ။ဒါမှ သားနဲ့ ချွေးမတို့ တချိန်မှာ မိဘနေရာရလာရင် ဘယ်လို နေထိုင်ရင်ဆိုင် ဖြတ်သန်းရမလဲဆိုတာ ပြန်သင်းပေးနိုင်မှာ။ ကျမတို့ မရှိတော့တဲ့ အချိန်မှာ ကျမသားကို သူ့မိသားစုကို အပြည့်အဝဦးဆောင်နိုင်သူ ဖြစ်စေချင်တယ်။

ကျွန်မချွေးမ ကိုလည်း ကျွန်မ အိမ် ခဏခဏအလည်မခေါ်ဘူး သူမစိတ်ကျဉ်းကြပ် မှာစိုးတယ်။ ကျမလည်း သူများအိမ်မှာနေ မျက်နှာ အောက်ကြို့ရမဲ့ အပြုအမူမျိုး ကျမသားကို မကြုံတွေ့စေချင်ဘူမေတ္တာဆို အသွာ။အပြန်ရှိပါတယ်။ကျမ သူတို့အပေါ် အစစ်အမှန် မေတ္တာထားရင် ကျမနှုတ်က ပြောထွက်စရာမလိုပါဘူး။ ကျမချွေးမ နားလည်မှာပါ။ သမီးကိုဆို စိတ်စိုးရင်ဆူပစ်လိုက်မယ်

သမီးငိုလိမ့်မယ် ကျွန်မချော့နိုင်တယ်။ ချွေးမကိုစိတ်စိုးရင် ကျွန်မ ဆူတောင်မဆူချင်ဘူး။ ဆူမိရင်သူမအပြင်မငိုနိုင်ပဲ ရင်ထဲငိုလိမ့် ကျွန်မ မချော့တတ်လို့ပါ ။ကျမသားလဲ မချော့တတ်မှာစိုးတယ်။ ကျွန်မအသက်ကြီးလာ လို့ ကျွန်မ အလုပ်မလုပ်နိုင် ရင် ချွေးမအပေါ သူကပြုစုရမယ်ဆိုတဲ့ တာဝန်မပေးပါဘူး ။

ကျွန်မကိုယ်တိုင်မနိုင် အလုပ်သမား ငှားခိုင်းမယ်။ အဲဒီအတွက်လဲ ကျမnurse တွေ စုံစမ်းထားပြီးသားပါ။ အသက်ကြီးသူတွေရဲ့ လိုအပ်ချက်တိုင်းကို အသက်ငယ်တုဲ့ချွေးမက လိုက်မလုပ်နိုင်တဲ့အခါမလိုလားအပ်တဲ့ ပြသနာတွေ ကျမသားပေါ် ရောက်သွားနိုင်တယ်လေ။

တကယ်တော့ကျွန်မ သားရဲ့အမေ ဖြစ်လာဒါက နောက်မှပါ။ ကျမ ချွေးမဖြစ်ခဲ့ပြီးမှ ယောက္ခမဖြစ်လာရတာမို့ပါ။ ချွေးမဖြစ်လာတဲ့ ခံစားချက်ကို ထိုမိန်းခလေးထက် အရင်ကျွန်မ ပိုသိလို့ပါ ကျွန်မသား ထက် ချွေးမက ကျွန်မရဲ့ငယ်ဘဝမို့ပါ။ဒါမို့ ကျွန်မ ပိုနားလည်မှု့ထားမိမှာ တကယ်ပါ။

Credit : Jannat Ki Phool


မှတ်ချက်များ