ဆရာမက ေသနတ္နဲ႔ ပစ္ခံရပီးခ်င္း မေသခင္ သူ႔အေမကိုဖုန္းဆက္ခဲ့တယ္






Zawgyiျဖင့္ဖတ္ရန္

ခ်င္းျပည္နယ္တြန္းဇံၿမိဳ႕နယ္ထဲက တြီးဗ်ဲာလ္ဇန္ေက်း႐ြာဆိုတာ အိမ္ေျခ ၁ဝအိမ္ရွိၿပီးေတာ့လူဦးေရစုစုေပါင္း၆ဝေလာက္ရွိတဲ့႐ြာေလးပါ ေက်ာင္းသားစုစုေပါင္းမွ ရေယာက္ပဲရွိတာ အသတ္ခံရတဲ့

ဆရာမေဒၚဒိန္လြန္းမာန္ဟာ PPTT ၃/၂၀၁၆ လွည္းကူးပညာေရးေကာလိပ္ ေက်ာင္းဆင္းတစ္ေယာက္ျဖစ္ပါတယ္ အမက.တြီးဗ်ဲာလ္ဇန္ကို



၂၀၁ရမွာ first posting နဲ႔တာဝန္က်တာပါ ေတာင္ေပၚေဒသဆိုေတာ့ တစ္ႏွစ္ေနၿပီး အေျပာင္းတင္လို႔ရေပမယ့္ ကေလးေတြအေပၚ သံေယာဇဥ္ႀကီးလြန္းၿပီးေတာ့ သူအပါတျခားဆရာမလည္းအေျပာင္းမတင္ၾကဘူး ခက္ခဲေပမယ့္ေပ်ာ္ၾကတယ္လို႔ ဆရာမေဒၚဒိန္လြန္းမာန္ နဲ႔တာဝန္က်ေနတဲ့ဆရာမကေျပာတယ္ ႐ြာကလည္းအိမ္ေျခနည္းေတာ့ အားလုံးနဲ႔မိသားစုလိုျဖစ္ေနၾကတာမို႔ခုေက်ာင္းဖြင့္ၿပီးမွ အေျပာင္းေခၚတာေတာင္ မေလွ်ာက္ျဖစ္ၾကဘူး အဲ့႐ြာက အိႏၵိယျပည္နဲ႔၄မိုင္ေလာက္ပဲ ေဝးတာ ႐ြာထဲကေနလည္း အိႏၵိယကို အလုပ္သြားလုပ္ၾကတာပဲ နယ္စပ္ေဒသေပါ့ ဆရာမကိုသတ္တဲ့ Binodဆိုတဲ့သူက အိႏၵိယႏိုင္ငံသား ကသည္းလူမ်ိဳး လက္ရွိတတိယအိမ္ေထာင္နဲ႔ေပါင္းသင္းေနၿပီးေတာ့ အဲ့႐ြာမွာေနတာ၄ႏွစ္ေလာက္ပဲရွိေသးတယ္ ဒုတိယအိမ္ေထာင္နဲ႔ သမီးတစ္ေယာက္ပါ အတူတူေနၾကတယ္



ထုံးစံအတိုင္း မိေထြးနဲ႔လင္ပါသမီးရဲ႕အဆင္မေျပမႈေတြ၊ ဖခင္ကမူးလာတိုင္း ေသနတ္နဲ႔ပစ္သတ္မယ္ ၿခိမ္းေျခာက္တာေတြကို ဆရာမဆီအားကိုးတႀကီး ရင္ဖြင့္တယ္ဆရာမလည္းဖခင္မရွိေတာ့တဲ့သူ အဲ့ကေလးမေလးကလည္း မိခင္မရွိေတာ့တဲ့သူ ဆိုေတာ့ ကိုယ္ခ်င္းစာ သနားမိတယ္ ဆရာမက ဒါဆို၉မိုင္မွာ ငါ့အေမရွိတယ္ အိမ္မွာမိန္းကေလးလည္းမရွိဘူး နင္ေက်ာင္းဆက္တက္ခ်င္ရင္လည္းတက္ဆိုၿပီး သူ႔အေမဆီ ပို႔လိုက္တယ္



ဆရာမအိမ္မွာ Binodရဲ႕သမီးပဲရွိတာမဟုတ္ပါဘူး ႐ြာကမူလတန္းေက်ာင္းပဲရွိတာဆိုေတာ့ အလယ္တန္း တက္ရမယ့္ကေလးေတြကိုလည္း ဗမာစကားေရလည္ေအာင္ မိဘေတြနဲ႔တိုင္ပင္ၿပီးေတာ့ သူ႔အိမ္မွာထားတာပါ ဆရာမရဲ႕အေမက ကိုယ့္မိသားစုခက္ခဲေနတဲ့ၾကားထဲက နင္က ကေလးေတြေခၚေခၚလာေသးတယ္လို႔ဆူရင္ သမီးတို႔အဆင္မေျပတာထက္ကို သူတို႔ဘဝေတြကပိုဆိုးတယ္အေမလို႔ ေျဖတယ္တဲ့ေလ

သတ္တဲ့သူရဲ႕မေက်နပ္မႈက အဲ့တာကေနစတာလို႔အနီးစပ္ဆုံးထင္ေၾကးေပးၾကတယ္ သမီးကိုမဲလို႔မရေတာ့ ဆရာမကိုမဲေတာ့တာ ႐ြာလူႀကီးကိုတိုင္တယ္



သူ႔သမီးကို ဒီဆရာမက ေခၚသြားလို႔ဆိုၿပီးBinodကတိုင္ခဲ့ဖူးတယ္တဲ့ အဲ့မေက်နပ္မႈပဲ ျပႆနာ ရွိၾကဖူးတယ္လို႔ ေက်ာင္းအုပ္ေကာ ေက်း႐ြာတာဝန္ခံ‌ ကပါေျပာပါတယ္ ဒါနဲ႔ပဲဆရာမေဒၚဒိန္လြန္းမာန္ကို ႏိုဝင္ဘာ ၁ရရက္ေန႔ည၉နာရီခြဲေလာက္မွာ အိပ္ယာဝင္ၿပီးမွေသနတ္နဲ႔ပစ္သတ္ခဲ့တာပါ ဆရာမနဲ႔ အတူေနတဲ့ေက်ာင္းသားႏွစ္ေယာက္က ၉ေပေလာက္ျမင့္တဲ့ ျပတင္းေပါက္ကေန ခုန္ခ်ၿပီး ေက်း႐ြာတာဝန္ခံကိုသတင္းပို႔ၾကတယ္ ဆရာမကျဖစ္ျဖစ္ခ်င္းေသြးပူတုန္းမလို႔ေနမွာ သူ႔အေမကိုဖုန္းဆက္ၿပီး သူေသနတ္အပစ္ခံရေၾကာင္း

သူ႔ဒဏ္ရာေတာ္ေတာ္ျပင္းေၾကာင္း ေျပာၿပီးေတာ့ လုံးဝစကားမေျပာႏိုင္ေတာ့တာပါ ဒါနဲ႔သူတို႔႐ြာကေန က်ီခါးကို ထမ္းစင္နဲ႔သယ္ၿပီးပို႔တယ္ ေယာက္က်ားဆိုလို႔ ၆ေယာက္ေလာက္ပဲရွိလို႔ အနီးကေခြဗြမ္း႐ြာကိုလည္းအကူအညီေတာင္းၿပီး ၃နာရီေလာက္လမ္းေလွ်ာက္ၿပီးေတာ့ က်ီခါးေဆး႐ုံကိုပို႔ၾကတယ္ က်ီခါးေရာက္ေတာ့ ေအာက္စီဂ်င္တပ္ေပးလိုက္တယ္ ဒီမွာပစၥည္းအစုံမရွိေတာ့ တြန္းဇန္ေဆး႐ုံးကိုသြားပါလို႔ေျပာတယ္ တြန္းဇန္ကိုသြားတယ္ ေအာက္စီဂ်င္ျပတ္ေတာ့မွာမလို႔ တြန္းဇန္လူငယ္ေတြရဲ႕ပရဟိတအဖြဲ႕အစည္းဆီအရင္ဝင္တယ္ အဲ့မွာေရာက္ေတာ့ေအာက္စီဂ်င္ ကကုန္ေနၿပီ ဒါနဲ႔ေဆး႐ုံကိုသြားတယ္ ေဆး႐ုံေရာက္တဲ့အခ်ိန္မွာ အသက္မရွိေတာ့ပါဘူး



ဆရာဝန္ကေျပာတယ္ တကယ့္ကိုအာဂသတၱိ ရွင္ပဲတဲ့ မိန္းကေလးမေျပာနဲ႔ ေယာက္က်ားႀကီး ေတြေတာင္ အဲ့ေလာက္ခံႏိုင္ရည္ရွိမွာ မဟုတ္ဘူးတဲ့ေလ ေဆး႐ုံကိုေရာက္ေတာ့ အသည္းေတြ ႏွလုံးေတြ အကုန္ေၾကမြေနၿပီ ေျပာခ်င္တာက ေဝးလံေခါင္ဖ်ား တဲ့ေနရာမွာတာဝန္က်တဲ့ဆရာ၊ဆရာမေတြအတြက္ကေတာ့ ေနထိုင္မႈမလုံၿခဳံမႈ ဟာအဆိုးဝါးဆုံးႀကဳံေတြ႕ ေနၾကရတာပါ ဒီျဖစ္ရပ္ကိုအေၾကာင္းျပဳၿပီး လူမ်ိဳးေရး၊ဘာသာေရးေတြကို ေသြးဆူေအာင္ လႈံ႕ေဆာ္ေနၾကတာေတြ တစ္ခ်ိဳ႕မီဒီယာေတြက သတင္းဆိုၿပီးေရာ တင္ေနၾကတာေတြက ေသဆုံးသူရဲ႕သိကၡာတင္မကဘူး က်န္ရစ္ ခဲ့တဲ့မိသားစုကိုပါ စကားလုံးေတြနဲ႔ သတ္ရာ ေရာက္ပါတယ္။fb Pum Khan Cing/alinnpya


Unicode ဖြင့်ဖတ်ရန်



ချင်းပြည်နယ်တွန်းဇံမြို့နယ်ထဲက တွီးဗျဲာလ်ဇန်ကျေးရွာဆိုတာ အိမ်ခြေ ၁ဝအိမ်ရှိပြီးတော့လူဦးရေစုစုပေါင်း၆ဝလောက်ရှိတဲ့ရွာလေးပါ ကျောင်းသားစုစုပေါင်းမှ ရယောက်ပဲရှိတာ အသတ်ခံရတဲ့

ဆရာမဒေါ်ဒိန်လွန်းမာန်ဟာ PPTT ၃/၂၀၁၆ လှည်းကူးပညာရေးကောလိပ် ကျောင်းဆင်းတစ်ယောက်ဖြစ်ပါတယ် အမက.တွီးဗျဲာလ်ဇန်ကို



၂၀၁ရမှာ first posting နဲ့တာဝန်ကျတာပါ တောင်ပေါ်ဒေသဆိုတော့ တစ်နှစ်နေပြီး အပြောင်းတင်လို့ရပေမယ့် ကလေးတွေအပေါ် သံယောဇဉ်ကြီးလွန်းပြီးတော့ သူအပါတခြားဆရာမလည်းအပြောင်းမတင်ကြဘူး ခက်ခဲပေမယ့်ပျော်ကြတယ်လို့ ဆရာမဒေါ်ဒိန်လွန်းမာန် နဲ့တာဝန်ကျနေတဲ့ဆရာမကပြောတယ် ရွာကလည်းအိမ်ခြေနည်းတော့ အားလုံးနဲ့မိသားစုလိုဖြစ်နေကြတာမို့ခုကျောင်းဖွင့်ပြီးမှ အပြောင်းခေါ်တာတောင် မလျှောက်ဖြစ်ကြဘူး အဲ့ရွာက အိန္ဒိယပြည်နဲ့၄မိုင်လောက်ပဲ ဝေးတာ ရွာထဲကနေလည်း အိန္ဒိယကို အလုပ်သွားလုပ်ကြတာပဲ နယ်စပ်ဒေသပေါ့ ဆရာမကိုသတ်တဲ့ Binodဆိုတဲ့သူက အိန္ဒိယနိုင်ငံသား ကသည်းလူမျိုး လက်ရှိတတိယအိမ်ထောင်နဲ့ပေါင်းသင်းနေပြီးတော့ အဲ့ရွာမှာနေတာ၄နှစ်လောက်ပဲရှိသေးတယ် ဒုတိယအိမ်ထောင်နဲ့ သမီးတစ်ယောက်ပါ အတူတူနေကြတယ်



ထုံးစံအတိုင်း မိထွေးနဲ့လင်ပါသမီးရဲ့အဆင်မပြေမှုတွေ၊ ဖခင်ကမူးလာတိုင်း သေနတ်နဲ့ပစ်သတ်မယ် ခြိမ်းခြောက်တာတွေကို ဆရာမဆီအားကိုးတကြီး ရင်ဖွင့်တယ်ဆရာမလည်းဖခင်မရှိတော့တဲ့သူ အဲ့ကလေးမလေးကလည်း မိခင်မရှိတော့တဲ့သူ ဆိုတော့ ကိုယ်ချင်းစာ သနားမိတယ် ဆရာမက ဒါဆို၉မိုင်မှာ ငါ့အမေရှိတယ် အိမ်မှာမိန်းကလေးလည်းမရှိဘူး နင်ကျောင်းဆက်တက်ချင်ရင်လည်းတက်ဆိုပြီး သူ့အမေဆီ ပို့လိုက်တယ်



ဆရာမအိမ်မှာ Binodရဲ့သမီးပဲရှိတာမဟုတ်ပါဘူး ရွာကမူလတန်းကျောင်းပဲရှိတာဆိုတော့ အလယ်တန်း တက်ရမယ့်ကလေးတွေကိုလည်း ဗမာစကားရေလည်အောင် မိဘတွေနဲ့တိုင်ပင်ပြီးတော့ သူ့အိမ်မှာထားတာပါ ဆရာမရဲ့အမေက ကိုယ့်မိသားစုခက်ခဲနေတဲ့ကြားထဲက နင်က ကလေးတွေခေါ်ခေါ်လာသေးတယ်လို့ဆူရင် သမီးတို့အဆင်မပြေတာထက်ကို သူတို့ဘဝတွေကပိုဆိုးတယ်အမေလို့ ဖြေတယ်တဲ့လေ

သတ်တဲ့သူရဲ့မကျေနပ်မှုက အဲ့တာကနေစတာလို့အနီးစပ်ဆုံးထင်ကြေးပေးကြတယ် သမီးကိုမဲလို့မရတော့ ဆရာမကိုမဲတော့တာ ရွာလူကြီးကိုတိုင်တယ်



သူ့သမီးကို ဒီဆရာမက ခေါ်သွားလို့ဆိုပြီးBinodကတိုင်ခဲ့ဖူးတယ်တဲ့ အဲ့မကျေနပ်မှုပဲ ပြဿနာ ရှိကြဖူးတယ်လို့ ကျောင်းအုပ်ကော ကျေးရွာတာဝန်ခံ‌ ကပါပြောပါတယ် ဒါနဲ့ပဲဆရာမဒေါ်ဒိန်လွန်းမာန်ကို နိုဝင်ဘာ ၁ရရက်နေ့ည၉နာရီခွဲလောက်မှာ အိပ်ယာဝင်ပြီးမှသေနတ်နဲ့ပစ်သတ်ခဲ့တာပါ ဆရာမနဲ့ အတူနေတဲ့ကျောင်းသားနှစ်ယောက်က ၉ပေလောက်မြင့်တဲ့ ပြတင်းပေါက်ကနေ ခုန်ချပြီး ကျေးရွာတာဝန်ခံကိုသတင်းပို့ကြတယ် ဆရာမကဖြစ်ဖြစ်ချင်းသွေးပူတုန်းမလို့နေမှာ သူ့အမေကိုဖုန်းဆက်ပြီး သူသေနတ်အပစ်ခံရကြောင်း

သူ့ဒဏ်ရာတော်တော်ပြင်းကြောင်း ပြောပြီးတော့ လုံးဝစကားမပြောနိုင်တော့တာပါ ဒါနဲ့သူတို့ရွာကနေ ကျီခါးကို ထမ်းစင်နဲ့သယ်ပြီးပို့တယ် ယောက်ကျားဆိုလို့ ၆ယောက်လောက်ပဲရှိလို့ အနီးကခွေဗွမ်းရွာကိုလည်းအကူအညီတောင်းပြီး ၃နာရီလောက်လမ်းလျှောက်ပြီးတော့ ကျီခါးဆေးရုံကိုပို့ကြတယ် ကျီခါးရောက်တော့ အောက်စီဂျင်တပ်ပေးလိုက်တယ် ဒီမှာပစ္စည်းအစုံမရှိတော့ တွန်းဇန်ဆေးရုံးကိုသွားပါလို့ပြောတယ် တွန်းဇန်ကိုသွားတယ် အောက်စီဂျင်ပြတ်တော့မှာမလို့ တွန်းဇန်လူငယ်တွေရဲ့ပရဟိတအဖွဲ့အစည်းဆီအရင်ဝင်တယ် အဲ့မှာရောက်တော့အောက်စီဂျင် ကကုန်နေပြီ ဒါနဲ့ဆေးရုံကိုသွားတယ် ဆေးရုံရောက်တဲ့အချိန်မှာ အသက်မရှိတော့ပါဘူး



ဆရာဝန်ကပြောတယ် တကယ့်ကိုအာဂသတ္တိ ရှင်ပဲတဲ့ မိန်းကလေးမပြောနဲ့ ယောက်ကျားကြီး တွေတောင် အဲ့လောက်ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးတဲ့လေ ဆေးရုံကိုရောက်တော့ အသည်းတွေ နှလုံးတွေ အကုန်ကြေမွနေပြီ ပြောချင်တာက ဝေးလံခေါင်ဖျား တဲ့နေရာမှာတာဝန်ကျတဲ့ဆရာ၊ဆရာမတွေအတွက်ကတော့ နေထိုင်မှုမလုံခြုံမှု ဟာအဆိုးဝါးဆုံးကြုံတွေ့ နေကြရတာပါ ဒီဖြစ်ရပ်ကိုအကြောင်းပြုပြီး လူမျိုးရေး၊ဘာသာရေးတွေကို သွေးဆူအောင် လှုံ့ဆော်နေကြတာတွေ တစ်ချို့မီဒီယာတွေက သတင်းဆိုပြီးရော တင်နေကြတာတွေက သေဆုံးသူရဲ့သိက္ခာတင်မကဘူး ကျန်ရစ် ခဲ့တဲ့မိသားစုကိုပါ စကားလုံးတွေနဲ့ သတ်ရာ ရောက်ပါတယ်။fb Pum Khan Cing/alinnpya



fb Pum Khan Cing/alinnpya


မှတ်ချက်များ