Zawgyiျဖင့္ဖတ္ရန္
အိႏိၵယသားေတြရဲ႕ ေရွးေဟာင္းလကၡဏာက်မ္းေတြမွာ လက္ဖဝါးျပင္ေပၚက သေကၤေတြကို ဘယ္လုိ နိမိတ္ ေကာက္ယူ ဖတ္ၾကားတယ္ ဆုိတာ ျပသခဲ့သလိုပဲ ေနာက္ပိုင္းေခတ္မွာ နာမည္ေက်ာ္ လကၡဏာဆရာႀကီးကိုင္ရုိကလည္း စာအုပ္ေတြ ေရးသားထုတ္ေဝခဲ့ဖူးပါတယ္။
ကိုယ့္ရဲ႕ လက္ဖဝါးျပင္ကုိ ေသခ်ာ ၾကည့္ၿပီး ဒီသေကၤေတြ ပါေနသလား ဆုိတာ တုိက္ဆုိင္ စစ္ေဆးၾကည့္ၾကပါဦး။
ႀကိဳတင္ ေမတၱာရပ္ခံခ်င္တာက လကၡဏာပညာမွာ လက္ဖဝါးေပၚက အေရးအေၾကာင္းေတြ၊ သေကၤေတြက အေရးပါေပမယ့္ လက္ဖဝါးပံုစံနဲ႔ လက္ေခ်ာင္းေတြရဲ႕ အေနအထား သြင္ျပင္ကလည္း အေရးႀကီးတာမုိ႔ ဒီသေကၤတေတြ ပါရံုနဲ႔ စိတ္ဓာတ္ တက္လြယ္၊ က်လြယ္ မျဖစ္ၾကဖို႔လည္း
ဂမီၻရၾကက္ေျခ
ႏွလံုးလမ္းေၾကာင္းနဲ႔ ဥာဏ္လမ္းေၾကာင္းၾကားကို ဆက္သြယ္ထားတဲ့ ၾကက္ေျခသ႑ာန္ လမ္းေၾကာင္းႏွစ္ခုကို လကၡဏာ ပညာရွင္ေတြက ဂမီၻရၾကက္ေျခလုိ႔ ေခၚေဝၚၾကပါတယ္။ ဒီအမွတ္အသား ပါရင္ လကၡဏာရွင္ဟာ အတတ္ပညာတစ္ခုခုကို နက္နက္နဲနဲ ကၽြမ္းက်င္သူ၊ စိတ္နယ္လြန္ကိစၥေတြနဲ႔ ပတ္သက္ေနသူ၊ ေဗဒင္၊ ဂမီၻရပညာေတြ လိုက္စား တတ္ေျမာက္သူေတြ ျဖစ္တတ္ပါတယ္။
ေစတီ (သို႔) ႀတိဂံ
လက္ဖဝါးျပင္ေပၚမွာ ႀတိဂံပံုစံ (တနည္းအားျဖင့္) ေစတီသ႑ာန္ ပါရွိသူေတြဟာ လကၡဏာလမ္းေၾကာင္းေတြနဲ႔ လက္ဖဝါးေပၚက တည္ေနရာအလုိက္ ေကာင္းက်ဳိးခ်မ္းသာ ရရွိတတ္ပါတယ္။ ဥပမာ ႏွလံုးလမ္းေၾကာင္းေပၚမွာ ပါရွိေနရင္ ေမတၱာေရး ကံေကာင္းသူ ျဖစ္မယ္၊ လက္ေကာက္ဝတ္မွာ ပါရင္ ဥစၥာပစၥည္း ျပည့္စံုၿပီး အေမြအႏွစ္ ရရွိမယ္လုိ႔ ေဟာကိန္း ထုတ္ႏုိင္ၿပီး ဘယ္ေနရာမွာ ပါပါ ေကာင္းတဲ့ အမွတ္အသားလို႔ ဆုိႏုိင္ပါတယ္။
ကက္လွ်ာ (သို႔) ႀတိဂံထိပ္ခၽြန္း
ဒီပံုစံမ်ဳိး လကၡဏာမွာ ပါလာရင္ လက္ခေမာင္းသာ ခတ္လိုက္ပါ။ ေလာကီလူ႔ေဘာင္မွာဆုိ စည္းစိမ္ဥစၥာေတြနဲ႔ ျပည့္စံုမွာ ျဖစ္ၿပီး ေလာကုတၱရာနယ္ပယ္မွာလည္း ေအာင္ျမင္ ေပါက္ေျမာက္တဲ့ ရဟန္း ျဖစ္လာတတ္ပါတယ္။ (ေဗဒင္သုတ – BaydinThyuta Facebook Page မွ တင္ဆက္သည္။ ကူးယူေဖာ္ျပခြင့္ မျပဳပါ)
ေလးေထာင့္ (သုိ႔) စတုဂံကြက္
လက္ဝါးျပင္ေပၚက ေလးေထာင့္ကြက္ေတြနဲ႔ ပတ္သက္လို႔ အယူအဆကြဲေတြ ရွိေနပါတယ္။ အေကာင္းဘက္က ၾကည့္ရင္ ကိုယ့္အေပၚ က်ေရာက္လာမယ့္ ေဘးအႏၱရာယ္ေတြကို ကာကြယ္ေပးေပမယ့္ တစ္ဖက္က ၾကည့္ရင္ စိတ္ေရာလူပါ ပင္ပန္း က်ဥ္းက်ပ္စြာနဲ႔ ခက္ခဲစြာ ျဖတ္သန္းရတတ္တဲ့ အေၾကာင္းတရားေတြ ရွိေနပါတယ္။
ဒုိင္းမြန္း (သို႔) ငါးရုပ္ပံုစံ
တခ်ဳိ႕က စိန္ဖူးလို႔ ေခၚၿပီး တခ်ဳိ႕ေတြက ငါးရုပ္လုိ႔ သတ္မွတ္ၾကတဲ့ ဒီသေကၤတမ်ဳိး လကၡဏာမွာ ပါလာရင္ေတာ့ ဘဝမွာ အၿငိမ္ေနလို႔ မရဘဲ ရုန္းကန္ လႈပ္ရွားႏုိင္ေလ ေအာင္ျမင္ေလ ျဖစ္ပါလိမ့္မယ္။ စိန္ဖူးအခၽြန္ ပံုစံထက္ ငါးရုပ္နဲ႔ ပုိတူၿပီး လံုးဝန္းေနရင္ေတာ့ ေနရာတစ္ခုမွာ ၾကာၾကာ လုပ္ေလ ၊ အက်ဳိးေပးေလ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ငါးရုပ္ (သို႔) ဒုိင္းမြန္းပံုစံ မပီျပင္ဘဲ က်ဳိးပ်က္ေနရင္ အက်ဳိးေပး ေအာင္ျမင္မႈ နည္းပါးႏုိင္ပါတယ္။
Unicodeဖြင့်ဖတ်ရန်
ကိုယ့်လက္ခဏာမှာ ဂမ္ဘီရကြက်ခြေ၊ စေတီ၊ တြိဂံ စတဲ့ ပုံစံတွေ ပါလာခဲ့ရင်…
အိန္ဒိယသားတွေရဲ့ ရှေးဟောင်းလက္ခဏာကျမ်းတွေမှာ လက်ဖဝါးပြင်ပေါ်က သင်္ကေတွေကို ဘယ်လို နိမိတ် ကောက်ယူ ဖတ်ကြားတယ် ဆိုတာ ပြသခဲ့သလိုပဲ နောက်ပိုင်းခေတ်မှာ နာမည်ကျော် လက္ခဏာဆရာကြီးကိုင်ရိုကလည်း စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။
ကိုယ့်ရဲ့ လက်ဖဝါးပြင်ကို သေချာ ကြည့်ပြီး ဒီသင်္ကေတွေ ပါနေသလား ဆိုတာ တိုက်ဆိုင် စစ်ဆေးကြည့်ကြပါဦး။
ကြိုတင် မေတ္တာရပ်ခံချင်တာက လက္ခဏာပညာမှာ လက်ဖဝါးပေါ်က အရေးအကြောင်းတွေ၊ သင်္ကေတွေက အရေးပါပေမယ့် လက်ဖဝါးပုံစံနဲ့ လက်ချောင်းတွေရဲ့ အနေအထား သွင်ပြင်ကလည်း အရေးကြီးတာမို့ ဒီသင်္ကေတတွေ ပါရုံနဲ့ စိတ်ဓာတ် တက်လွယ်၊ ကျလွယ် မဖြစ်ကြဖို့လည်း
ဂမ္ဘီရကြက်ခြေ
နှလုံးလမ်းကြောင်းနဲ့ ဉာဏ်လမ်းကြောင်းကြားကို ဆက်သွယ်ထားတဲ့ ကြက်ခြေသဏ္ဍာန် လမ်းကြောင်းနှစ်ခုကို လက္ခဏာ ပညာရှင်တွေက ဂမ္ဘီရကြက်ခြေလို့ ခေါ်ဝေါ်ကြပါတယ်။ ဒီအမှတ်အသား ပါရင် လက္ခဏာရှင်ဟာ အတတ်ပညာတစ်ခုခုကို နက်နက်နဲနဲ ကျွမ်းကျင်သူ၊ စိတ်နယ်လွန်ကိစ္စတွေနဲ့ ပတ်သက်နေသူ၊ ဗေဒင်၊ ဂမ္ဘီရပညာတွေ လိုက်စား တတ်မြောက်သူတွေ ဖြစ်တတ်ပါတယ်။
စေတီ (သို့) တြိဂံ
လက်ဖဝါးပြင်ပေါ်မှာ တြိဂံပုံစံ (တနည်းအားဖြင့်) စေတီသဏ္ဍာန် ပါရှိသူတွေဟာ လက္ခဏာလမ်းကြောင်းတွေနဲ့ လက်ဖဝါးပေါ်က တည်နေရာအလိုက် ကောင်းကျိုးချမ်းသာ ရရှိတတ်ပါတယ်။ ဥပမာ နှလုံးလမ်းကြောင်းပေါ်မှာ ပါရှိနေရင် မေတ္တာရေး ကံကောင်းသူ ဖြစ်မယ်၊ လက်ကောက်ဝတ်မှာ ပါရင် ဥစ္စာပစ္စည်း ပြည့်စုံပြီး အမွေအနှစ် ရရှိမယ်လို့ ဟောကိန်း ထုတ်နိုင်ပြီး ဘယ်နေရာမှာ ပါပါ ကောင်းတဲ့ အမှတ်အသားလို့ ဆိုနိုင်ပါတယ်။
ကက်လျှာ (သို့) တြိဂံထိပ်ချွန်း
ဒီပုံစံမျိုး လက္ခဏာမှာ ပါလာရင် လက်ခမောင်းသာ ခတ်လိုက်ပါ။ လောကီလူ့ဘောင်မှာဆို စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံမှာ ဖြစ်ပြီး လောကုတ္တရာနယ်ပယ်မှာလည်း အောင်မြင် ပေါက်မြောက်တဲ့ ရဟန်း ဖြစ်လာတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)
လေးထောင့် (သို့) စတုဂံကွက်
လက်ဝါးပြင်ပေါ်က လေးထောင့်ကွက်တွေနဲ့ ပတ်သက်လို့ အယူအဆကွဲတွေ ရှိနေပါတယ်။ အကောင်းဘက်က ကြည့်ရင် ကိုယ့်အပေါ် ကျရောက်လာမယ့် ဘေးအန္တရာယ်တွေကို ကာကွယ်ပေးပေမယ့် တစ်ဖက်က ကြည့်ရင် စိတ်ရောလူပါ ပင်ပန်း ကျဉ်းကျပ်စွာနဲ့ ခက်ခဲစွာ ဖြတ်သန်းရတတ်တဲ့ အကြောင်းတရားတွေ ရှိနေပါတယ်။
ဒိုင်းမွန်း (သို့) ငါးရုပ်ပုံစံ
တချို့က စိန်ဖူးလို့ ခေါ်ပြီး တချို့တွေက ငါးရုပ်လို့ သတ်မှတ်ကြတဲ့ ဒီသင်္ကေတမျိုး လက္ခဏာမှာ ပါလာရင်တော့ ဘဝမှာ အငြိမ်နေလို့ မရဘဲ ရုန်းကန် လှုပ်ရှားနိုင်လေ အောင်မြင်လေ ဖြစ်ပါလိမ့်မယ်။ စိန်ဖူးအချွန် ပုံစံထက် ငါးရုပ်နဲ့ ပိုတူပြီး လုံးဝန်းနေရင်တော့ နေရာတစ်ခုမှာ ကြာကြာ လုပ်လေ ၊ အကျိုးပေးလေ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ငါးရုပ် (သို့) ဒိုင်းမွန်းပုံစံ မပီပြင်ဘဲ ကျိုးပျက်နေရင် အကျိုးပေး အောင်မြင်မှု နည်းပါးနိုင်ပါတယ်။
Credit:(ဗေဒင်သုတ – Baydin Thyuta)ဧက





မှတ်ချက်များ