လိင္မူကိစၥမပါပဲ တေယာက္နဲ႔တေယာက္ျဖဴျဖဴစင္စင္အရူးအမူးခ်စ္သြားေစမဲ႔ နည္းလမ္းမ်ား


Zawgyiျဖင့္ဖတ္ရန္
ခ်စ္ခရီးလမ္းေျဖာင့္ျဖဴးသာယာဖို႔နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ခ်စ္ျခင္းေတြခိုင္ျမဲဖုိ႔၊ ရူးရူးမူးမူးခ်စ္သြားေစဖို႔ဆိုတာ လိင္ကိစၥက အဓိကမဟုတ္ပါဘူး။ ဒါေၾကာင့္မို႔လို႔ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာျဖစ္တဲ့ ေမတၱာတရားေတြနဲ႔ ခ်စ္ႏိုင္ဖုိ႔အတြက္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) စကားေျပာပါ
ေနေရာင္ေအာက္မွာထိုင္၊ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ျပီး ေျပာခ်င္တာေတြအကုန္၊ ေပါက္တတ္ကရကစလို႔ ရင္ထဲမွာခံစားရသမွ်၊ ၾကံဳရသမွ် ကိစၥေတြကို ေျပာၾကပါ။ ဒါဟာ အရမး္ကိိုအေရးၾကီးတဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားက ဆက္ဆံေရးကိုတိုးျမွင့္ေပးျခင္းျဖစ္ပါတယ္။
(၂) ညွိႏိႈင္းပါ
သင္တို႔တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ မတူညီမႈေတြ၊ သေဘာထားကြဲလြဲမႈေတြ၊ အျမင္မတူတာေတြ အမ်ားၾကီးရွိမွာပါ။ ဒါေပမယ့္ မတူညီတဲ့အရာတစ္ခုစီတိုင္းကို ညွိႏိႈင္းပါ၊ ေဆြးေႏြးပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ တန္းတူညီမွ်အခြင့္အေရးေတြရွိဖို႔ အရမ္းကိုအေရးၾကီးပါတယ္။
(၃) အေသးအမႊားကအစ ဂရုစိုက္ပါ
တစ္ေယာက္နဲ႔တစ္ေယာက္ၾကားက ခံစားခ်က္ေသးေသးေလးေတြကအစ ဂရုစုိက္ေပးၾကပါ။ တစ္ခါတေလ အမိႈက္ကစ ျပသာဒ္မီးေလာင္တတ္တာကို သတိရပါ။ မနက္ပိုင္းမွာ စကားခ်ိဳခ်ိဳေလးေတြနဲ႔ႏႈတ္ဆက္တာ၊ ရုတ္တရက္ေပြ႕ဖက္တာ၊ ညအိပ္ခါနီးတိုင္း ခ်ိဳသာစြာစကားေလးေတြေျပာတာမ်ိဳးေလးေတြလုပ္ေပးပါ။ ဒါေလးေတြက ဘာမဟုတ္တဲ့ ကိစၥေလးေတြလို႔ထင္ရေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ျခင္းသံေယာဇဥ္ေတြကို ခိုင္ျမဲေစတဲ့ အရာေလးေတြျဖစ္ပါတယ္။
(၄) အျမဲတမး္အားေပးကူညီၾကပါ
တစ္ေယာက္ဟာ က်န္တစ္ေယာက္အတြက္ အမာခံပရိသတ္ျဖစ္ေနရမွာပါ။ တစ္ေယာက္ရဲ႕ေျခလွမး္တိုင္းကို တစ္ေယာက္က အားေပးပါ၊ ကူညီေဖးမေပးပါ။ ဒါဟာအရမး္ကိုအေရးၾကီးတဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။
(၅) အားစိုက္ထုတ္ပါ
တစ္ခါတေလ ပင္ပန္းႏြမး္နယ္လို႔ပဲျဖစ္ျဖစ္၊ စိတ္သိပ္မပါလို႔ပဲျဖစ္ျဖစ္ ခ်စ္သူကို ေခါက္ထားတတ္ၾကပါတယ္။ ဒါဟာမျဖစ္သင့္ပါဘူး။ တစ္ခါတေလ အဲလိုအခ်ိန္ေလးေတြမွာ အားစိုက္ထုတ္ဖို႔လိုအပ္ပါတယ္။ အေၾကာင္းကေတာ့ သင့္ဖက္က စိတ္မပါရင္ေတာင္ သူ႔ဖက္ကေတာ့ ေမွ်ာ္လင့္ေနတတ္လို႔ပါ။
(၆) ေပ်ာ္ရႊင္စြာအခ်ိန္ယူပါ
အလုပ္ပိတ္ရက္ေတြမွာပဲျဖစ္ျဖစ္၊ အားလပ္ရက္ေတြမွာပဲျဖစ္ျဖစ္ မၾကာခဏဆိုသလို တစ္ေယာက္နဲ႔တစ္ေယာက္ ခ်ိန္းေတြ႕တာမ်ိဳး၊ အေပ်ာ္ခရီးေလးေတြသြားတာမ်ိဳး၊ ေလွ်ာက္လည္ပတ္တာမ်ိဳးေလးေတြနဲ႔ အခ်ိန္ကုန္ဆံုးပါ။
(၇) ခ်ီးက်ဴးဖို႔မေမ့ပါနဲ႔
တစ္ေယာက္ကိုတစ္ေယာက္ ခ်ီးက်ဴးေျပာဆိုဖို႔၊ အမႊမ္းတင္ေျပာဆိုဖုိ႔၊ ေက်းဇူးတင္စကားေျပာဆိုဖို႔ မေမ့ပါနဲ႔။ အေသးအမႊားေလးေတြကအစ တန္ဖိုးထားေလးစားစြာ ေက်းဇူးတင္စကားေလးေတြ၊ ခ်စ္ျခင္းေလးေတြ ျပသေပးဖုိ႔မေမ့ပါနဲ႔။ ဒါဟာ အရမး္ကိုအဓိကက်တဲ့ေသာ့ခ်က္ျဖစ္ပါတယ္။
Em Em
Unicodeဖြင့်ဖတ်ရန်

လိင်မူကိစ္စမပါပဲ တယောက်နဲ့တယောက်ဖြူဖြူစင်စင်အရူးအမူးချစ်သွားစေမဲ့ နည်းလမ်းများ

ချစ်ခရီးလမ်းဖြောင့်ဖြူးသာယာဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်ကြား ချစ်ခြင်းတွေခိုင်မြဲဖို့၊ ရူးရူးမူးမူးချစ်သွားစေဖို့ဆိုတာ လိင်ကိစ္စက အဓိကမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာဖြစ်တဲ့ မေတ္တာတရားတွေနဲ့ ချစ်နိုင်ဖို့အတွက် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စကားပြောပါ
နေရောင်အောက်မှာထိုင်၊ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြောချင်တာတွေအကုန်၊ ပေါက်တတ်ကရကစလို့ ရင်ထဲမှာခံစားရသမျှ၊ ကြုံရသမျှ ကိစ္စတွေကို ပြောကြပါ။ ဒါဟာ အရမ်းကိုအရေးကြီးတဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးကိုတိုးမြှင့်ပေးခြင်းဖြစ်ပါတယ်။
(၂) ညှိနှိုင်းပါ
သင်တို့တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မတူညီမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ အမြင်မတူတာတွေ အများကြီးရှိမှာပါ။ ဒါပေမယ့် မတူညီတဲ့အရာတစ်ခုစီတိုင်းကို ညှိနှိုင်းပါ၊ ဆွေးနွေးပါ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တန်းတူညီမျှအခွင့်အရေးတွေရှိဖို့ အရမ်းကိုအရေးကြီးပါတယ်။
(၃) အသေးအမွှားကအစ ဂရုစိုက်ပါ
တစ်ယောက်နဲ့တစ်ယောက်ကြားက ခံစားချက်သေးသေးလေးတွေကအစ ဂရုစိုက်ပေးကြပါ။ တစ်ခါတလေ အမှိုက်ကစ ပြသာဒ်မီးလောင်တတ်တာကို သတိရပါ။ မနက်ပိုင်းမှာ စကားချိုချိုလေးတွေနဲ့နှုတ်ဆက်တာ၊ ရုတ်တရက်ပွေ့ဖက်တာ၊ ညအိပ်ခါနီးတိုင်း ချိုသာစွာစကားလေးတွေပြောတာမျိုးလေးတွေလုပ်ပေးပါ။ ဒါလေးတွေက ဘာမဟုတ်တဲ့ ကိစ္စလေးတွေလို့ထင်ရပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းသံယောဇဉ်တွေကို ခိုင်မြဲစေတဲ့ အရာလေးတွေဖြစ်ပါတယ်။
(၄) အမြဲတမ်းအားပေးကူညီကြပါ
တစ်ယောက်ဟာ ကျန်တစ်ယောက်အတွက် အမာခံပရိသတ်ဖြစ်နေရမှာပါ။ တစ်ယောက်ရဲ့ခြေလှမ်းတိုင်းကို တစ်ယောက်က အားပေးပါ၊ ကူညီဖေးမပေးပါ။ ဒါဟာအရမ်းကိုအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
(၅) အားစိုက်ထုတ်ပါ
တစ်ခါတလေ ပင်ပန်းနွမ်းနယ်လို့ပဲဖြစ်ဖြစ်၊ စိတ်သိပ်မပါလို့ပဲဖြစ်ဖြစ် ချစ်သူကို ခေါက်ထားတတ်ကြပါတယ်။ ဒါဟာမဖြစ်သင့်ပါဘူး။ တစ်ခါတလေ အဲလိုအချိန်လေးတွေမှာ အားစိုက်ထုတ်ဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ သင့်ဖက်က စိတ်မပါရင်တောင် သူ့ဖက်ကတော့ မျှော်လင့်နေတတ်လို့ပါ။
(၆) ပျော်ရွှင်စွာအချိန်ယူပါ
အလုပ်ပိတ်ရက်တွေမှာပဲဖြစ်ဖြစ်၊ အားလပ်ရက်တွေမှာပဲဖြစ်ဖြစ် မကြာခဏဆိုသလို တစ်ယောက်နဲ့တစ်ယောက် ချိန်းတွေ့တာမျိုး၊ အပျော်ခရီးလေးတွေသွားတာမျိုး၊ လျှောက်လည်ပတ်တာမျိုးလေးတွေနဲ့ အချိန်ကုန်ဆုံးပါ။
(၇) ချီးကျူးဖို့မမေ့ပါနဲ့
တစ်ယောက်ကိုတစ်ယောက် ချီးကျူးပြောဆိုဖို့၊ အမွှမ်းတင်ပြောဆိုဖို့၊ ကျေးဇူးတင်စကားပြောဆိုဖို့ မမေ့ပါနဲ့။ အသေးအမွှားလေးတွေကအစ တန်ဖိုးထားလေးစားစွာ ကျေးဇူးတင်စကားလေးတွေ၊ ချစ်ခြင်းလေးတွေ ပြသပေးဖို့မမေ့ပါနဲ့။ ဒါဟာ အရမ်းကိုအဓိကကျတဲ့သော့ချက်ဖြစ်ပါတယ်။
Em Em
Credit :Nilar (Shwemom)

မှတ်ချက်များ