သင္ ဘယ္တံခါးကို ဖြင့္ခ်င္သလဲ


Zawgyiျဖင့္ဖတ္ရန္

သင္က စိတ္စြမ္းအင္၊ လကၡဏာ၊ ဇာတာနဲ႔ အနာဂတ္ ေဟာကိန္းေတြကုိ မယုံၾကည္တတ္သူတစ္ဦး ျဖစ္ေနရင္ေတာင္ ဒီေပ်ာ္စရာေကာင္းတဲ့ စမ္းသပ္မႈေလးကုိ စမ္းသပ္ၾကည့္လိုက္ပါ။ ဒီစမ္းသပ္မႈေလးက သိပ္မေဝးတဲ့ အနာဂတ္မွာ ျဖစ္ႏုိင္မယ့္ သင့္အေၾကာင္း အနည္းငယ္ကို ေျပာျပေပးႏုိင္တာကို စိတ္ဝင္စားဖြယ္ေကာင္းေအာင္ ေတြ႔ရပါလိမ့္မယ္။ ေအာက္က တံခါး ၈ ခုထဲက သင္ဖြင့္ျပီး ဝင္သြားခ်င္တဲ့ တံခါးတစ္ခုကို ေရြးၾကည့္လိုက္ပါ။ အရမ္းၾကီး စဥ္းစားမေနဘဲ တံခါးတစ္ခုကိုသာ ေရြးျပီး တံခါးနံပါတ္ေလးအတုိင္း ေအာက္က စာကိုဖတ္ၾကည့္လိုက္ပါ။ မွန္တယ္ဆုိရင္ေတာ့ သူငယ္ခ်င္းေတြကိုလည္း ေျပာျပျပီး စမ္းသပ္ၾကည့္ခုိင္းလိုက္ေပါ့ေနာ္။

တံခါး ၁

သင္က လက္ရွိအခ်ိန္ထက္ပိုျပီး ရိုးရွင္းတဲ့ ဘဝေလးတစ္ခုကို တမ္းတေနပါတယ္။ ျငိမ္သက္ေအးခ်မ္းျပီး တစ္ကိုယ္တည္းျဖစ္ျဖစ္ ျဖတ္သန္းလိုတဲ့စိတ္ေလးေတြျဖစ္ေနပါတယ္။ အေပါင္းအသင္းေတြ ရုံးရုံး ရုံးရုံးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနရတာကို ႏွစ္သက္တတ္သူဆုိေပမဲ့ လတ္တေလာမွာေတာ့ အရင္းႏွီးဆုံးမိသားစု၊ သူငယ္ခ်င္းေတြနဲ႔ပဲ ေအးေအးေဆးေဆးေလးေနခ်င္စိတ္ေတြ ျဖစ္ေနတာကို ျပပါတယ္။

တံခါး ၂

စီးပြားေရးပိုတုိးတက္လာဖို႔ ေမွ်ာ္လင့္ေနျပီး ဒီလိုျဖစ္ဖို႔ကလည္း ကိုယ္ကိုယ္တုိင္ ၾကိဳးစားမွရမယ္ဆုိတာကို ေကာင္းေကာင္းၾကီးသိေနပါတယ္။ ေလွကားပါတဲ့ တံခါးကို ေရြးခ်ယ္လိုက္တာက သင္က တုိးတက္ခ်င္ေနတယ္ဆိုတာကို ျပတာပါ။ ဘဝမွာ ပိုေကာင္းတဲ့အရာေတြရခ်င္သလို ဒီလိုအရာေတြကို ရဖုိ႔ တစ္ဆင့္ခ်င္း ၾကိဳးစားရမွာပါ။ ျပီးေတာ့ ၾကိဳးစားဖုိ႔ကိုလည္း တြန္႔ဆုတ္ေနျခင္းမရွိတဲ့သူျဖစ္တဲ့အတြက္ ေသခ်ာေပါက္ ေပ်ာ္ရႊင္မႈရမယ့္သူပဲျဖစ္ပါတယ္။

တံခါး ၃

ကိစၥတစ္ခုခုမွာ အရမ္းကို စြန္႔စားလိုတဲ့စိတ္ေတြျဖစ္လာႏုိင္တဲ့အတြက္ သတိထားဖုိ႔လိုပါတယ္။ သတိေပးခ်က္ေတြကို ေက်ာ္ျဖတ္ျပီး စြန္႔စားေအာင္ျမင္ႏုိင္မွာကေတာ့ ေသခ်ာပါတယ္။အခုအခ်ိန္မွာ စြန္႔စားမႈတစ္ခုခုရဲ႕ ဂယက္ေတြကို ရိုက္ခတ္ခံေနခဲ့ရတယ္ဆုိရင္ေတာ့ ေနာက္တစ္ခ်ိန္မွာ နည္းနည္းေလးပိုျပီး သတိထားလုိက္ပါ။တံခါးမွာ ခ်ိတ္ထားတဲ့ ၂၆ ဆိုတဲ့ဂဏန္းက ဘုရားသခင္ကို ကိုယ္စားျပဳတယ္လို႔ဆုိပါတယ္။ သင္က စြန္႔စားတတ္တဲ့သူတစ္ဦးျဖစ္ေနေပမဲ့ သင္ယုံခ်င္ယုံ မယုံခ်င္ေနပါ။ သင့္ကို ေစာင့္ေရွာက္ေပးေနတဲ့ တစ္စုံတစ္ေယာက္ရွိေနပါလိမ့္မယ္။

တံခါး ၄

သင္ဒီတံခါးကို ေရြးခ်ယ္တယ္ဆုိရင္ေတာ့ သင္က တိုက္ပြဲတစ္ခုကို သြားဖုိ႔ျပင္ဆင္ေနတဲ့အခ်ိန္မ်ဳိးျဖစ္ပါတယ္။ အမႈရင္ဆုိင္တာျဖစ္ျဖစ္၊ လုပ္ပိုင္ခြင့္တစ္ခုခုရဖုိ႔ျဖစ္ျဖစ္၊ အလုပ္မွာရာထူးတုိးဖို႔ျဖစ္ျဖစ္ အလားတူ အလုပ္တစ္ခု အတြက္ ျပင္ဆင္ေနတဲ့ အခ်ိန္တစ္ခုျဖစ္ေနပါလိမ့္မယ္။ ဘယ္လိုကိစၥမ်ဳိးပဲ ျဖစ္ပါေစ၊ ေအာင္ျမင္လိမ့္မယ္။ ရဲတုိက္တံခါး အနီေရာင္က လုပ္ပိုင္ခြင့္ကိုျပပါတယ္။ သင္က ကာလအတန္ၾကာ သင္လုပ္ခ်င္ခဲ့တဲ့ အရာ၊ လိုခ်င္ခဲ့တဲ့အရာေတြကို ေရွာင္ေနခဲ့ေပမဲ့ အခုအခ်ိန္မွာေတာ့ ေရွာင္ေျပးေနရမယ့္အခ်ိန္ မဟုတ္ေတာ့ပါဘူး။

တံခါး ၅

သင္က ဒီတံခါးကို ေရြးခ်ယ္လိုက္တယ္ဆုိရင္ သက္ေတာင့္သက္တာရွိျပီး တည္ျငိမ္တဲ့အရာကို ရွာေဖြေနတဲ့အခ်ိန္ျဖစ္ပါတယ္။ သင္က မၾကာခင္က အလုပ္ ဒါမွမဟုတ္ ကိုယ္ေရးကိုယ္တာတစ္ခုခုမွာ ခက္ခဲတဲ့အခ်ိန္ကို ၾကဳံခဲ့ရတာျဖစ္ပါလိမ့္မယ္။ ျပီးေတာ့ ကိုယ့္အေပၚမွာ သစၥာရွိရွိနဲ႔ သံေယာဇဥ္ရွိႏုိင္မယ့္ လူေတြကို ကိုယ့္အနားမွာ ရွိေနဖို႔ အရမ္းကို ေတာင့္တေနတဲ့အခ်ိန္ျဖစ္ပါလိမ့္မယ္။ မၾကာခင္က ပင္ပန္းခက္ခဲမႈေတြၾကဳံခဲ့ရတဲ့အတြက္ ျငိမ္းခ်မ္းမႈတစ္ခုကို ရွာေဖြလိုတဲ့ ဆႏၵေတြပဲမ်ားေနမွာ ျဖစ္ပါတယ္။

တံခါး ၆

စိတ္ဖိစီးမႈျဖစ္စရာေတြ မ်ားေနတဲ့အခ်ိန္တစ္ခုျဖစ္ေပမဲ့ သတင္းေကာင္းကေတာ့ မၾကာခင္မွာ ဒီစိတ္ဒုကၡေတြကေန လြတ္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ခ်က္ခ်င္းၾကီး ကုန္ဆုံးသြားမွာေတာ့ မဟုတ္ေသးပါဘူး။ နည္းနည္းေတာ့ ထပ္သြားဖို႔ လုိပါေသးတယ္။ ပိုျပီးေတာက္ပတဲ့ အလင္းေရာင္ကိုေတြ႔ႏုိင္ဖို႔ အခ်ိန္အနည္းငယ္လုိေသးေပမဲ့ အားမေလွ်ာ့လိုက္ပါနဲ႔။ အဆုိးဆုံးေတြကို မၾကာခင္ ျဖတ္ေက်ာ္သြားႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

တံခါး ၇

မၾကာခင္မွာ ျပႆနာအခ်ဳိ႕ ၾကဳံေတြ႔ႏုိင္ပါတယ္။ ဒါေပမဲ့ သင္ထိန္းခ်ဳပ္ႏုိင္တဲ့အရာမဟုတ္တာကိုေတာ့ သတိထားေစခ်င္ပါတယ္။ သင္က ေရွ႕ဘာဆက္ျဖစ္မယ္ဆုိတာကို ၾကိဳမသိရတာကို ပိုသေဘာက်တဲ့သူ ျဖစ္ပါတယ္။သင့္အတြက္ မေမွ်ာ္လင့္ဘဲ ျဖစ္တတ္တဲ့ကိစၥေတြက မ်ားပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ ဒါက အထူးအဆန္းတစ္ခုေတာ့ မဟုတ္ေတာ့ပါဘူး။ ေမွ်ာ္လင့္မထားတဲ့ အခက္အခဲေတြျဖစ္လာတဲ့အခ်ိန္မွာ ေက်ာ္ျဖတ္ဖို႔အားအင္ေတြက သင့္ဆီမွာ အျမဲတမ္းရွိေနမွာျဖစ္ပါတယ္။

တံခါး ၈

သင္က အရမ္းကို သိလိုစိတ္မ်ားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့ သိလိုစိတ္တစ္ခုက တခါတေလ အဆိုးဘက္ေရာက္သြားေစတာရွိေပမဲ့ သင့္အတြက္ေတာ့ ေကာင္းတဲ့ေအာင္ျမင္မႈေတြကို ေပးႏုိင္မွာပါ။ သတိမမူတာနဲ႔ သိလိုစိတ္ျပင္းျပမႈၾကားမွာ ၾကီးမားတဲ့ကြက္လပ္တစ္ခုရွိျပီး သင့္အေနနဲ႔ ကြာဟခ်က္ကုိ သိထားျပီး ျဖစ္ပါတယ္။ သင္က ေမွ်ာ္လင့္မထားတဲ့ စြန္႔စားမႈတစ္ခုရဲ႕ ေကာင္းကြက္ကိုသိသလို သူ႔ဆီက ရလာမယ့္ရုိက္ခတ္မႈကိုလည္း လက္ခံႏုိင္တဲ့သူျဖစ္ပါတယ္။ သင့္မွာ အခုအခ်ိန္ထက္ပိုေကာင္းတဲ့ စမ္းသပ္ႏုိင္ခြင့္ဆုိတာ မရွိတဲ့အတြက္ ဆက္ျပီး စူးစမ္းေလ့လာေနဦးမွာပဲ ျဖစ္ပါတယ္။

Ref:awesomequotes4u

Credit:trend Myanmar

Unicodeဖြင့်ဖတ်ရန်

သင် ဘယ်တံခါးကို ဖွင့်ချင်သလဲ

သင်က စိတ်စွမ်းအင်၊ လက္ခဏာ၊ ဇာတာနဲ့ အနာဂတ် ဟောကိန်းတွေကို မယုံကြည်တတ်သူတစ်ဦး ဖြစ်နေရင်တောင် ဒီပျော်စရာကောင်းတဲ့ စမ်းသပ်မှုလေးကို စမ်းသပ်ကြည့်လိုက်ပါ။ ဒီစမ်းသပ်မှုလေးက သိပ်မဝေးတဲ့ အနာဂတ်မှာ ဖြစ်နိုင်မယ့် သင့်အကြောင်း အနည်းငယ်ကို ပြောပြပေးနိုင်တာကို စိတ်ဝင်စားဖွယ်ကောင်းအောင် တွေ့ရပါလိမ့်မယ်။ အောက်က တံခါး ၈ ခုထဲက သင်ဖွင့်ပြီး ဝင်သွားချင်တဲ့ တံခါးတစ်ခုကို ရွေးကြည့်လိုက်ပါ။ အရမ်းကြီး စဉ်းစားမနေဘဲ တံခါးတစ်ခုကိုသာ ရွေးပြီး တံခါးနံပါတ်လေးအတိုင်း အောက်က စာကိုဖတ်ကြည့်လိုက်ပါ။ မှန်တယ်ဆိုရင်တော့ သူငယ်ချင်းတွေကိုလည်း ပြောပြပြီး စမ်းသပ်ကြည့်ခိုင်းလိုက်ပေါ့နော်။

တံခါး ၁

သင်က လက်ရှိအချိန်ထက်ပိုပြီး ရိုးရှင်းတဲ့ ဘဝလေးတစ်ခုကို တမ်းတနေပါတယ်။ ငြိမ်သက်အေးချမ်းပြီး တစ်ကိုယ်တည်းဖြစ်ဖြစ် ဖြတ်သန်းလိုတဲ့စိတ်လေးတွေဖြစ်နေပါတယ်။ အပေါင်းအသင်းတွေ ရုံးရုံး ရုံးရုံးနဲ့ ပျော်ပျော်ရွှင်ရွှင် နေရတာကို နှစ်သက်တတ်သူဆိုပေမဲ့ လတ်တလောမှာတော့ အရင်းနှီးဆုံးမိသားစု၊ သူငယ်ချင်းတွေနဲ့ပဲ အေးအေးဆေးဆေးလေးနေချင်စိတ်တွေ ဖြစ်နေတာကို ပြပါတယ်။

တံခါး ၂

စီးပွားရေးပိုတိုးတက်လာဖို့ မျှော်လင့်နေပြီး ဒီလိုဖြစ်ဖို့ကလည်း ကိုယ်ကိုယ်တိုင် ကြိုးစားမှရမယ်ဆိုတာကို ကောင်းကောင်းကြီးသိနေပါတယ်။ လှေကားပါတဲ့ တံခါးကို ရွေးချယ်လိုက်တာက သင်က တိုးတက်ချင်နေတယ်ဆိုတာကို ပြတာပါ။ ဘဝမှာ ပိုကောင်းတဲ့အရာတွေရချင်သလို ဒီလိုအရာတွေကို ရဖို့ တစ်ဆင့်ချင်း ကြိုးစားရမှာပါ။ ပြီးတော့ ကြိုးစားဖို့ကိုလည်း တွန့်ဆုတ်နေခြင်းမရှိတဲ့သူဖြစ်တဲ့အတွက် သေချာပေါက် ပျော်ရွှင်မှုရမယ့်သူပဲဖြစ်ပါတယ်။

တံခါး ၃

ကိစ္စတစ်ခုခုမှာ အရမ်းကို စွန့်စားလိုတဲ့စိတ်တွေဖြစ်လာနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။ သတိပေးချက်တွေကို ကျော်ဖြတ်ပြီး စွန့်စားအောင်မြင်နိုင်မှာကတော့ သေချာပါတယ်။အခုအချိန်မှာ စွန့်စားမှုတစ်ခုခုရဲ့ ဂယက်တွေကို ရိုက်ခတ်ခံနေခဲ့ရတယ်ဆိုရင်တော့ နောက်တစ်ချိန်မှာ နည်းနည်းလေးပိုပြီး သတိထားလိုက်ပါ။တံခါးမှာ ချိတ်ထားတဲ့ ၂၆ ဆိုတဲ့ဂဏန်းက ဘုရားသခင်ကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။ သင်က စွန့်စားတတ်တဲ့သူတစ်ဦးဖြစ်နေပေမဲ့ သင်ယုံချင်ယုံ မယုံချင်နေပါ။ သင့်ကို စောင့်ရှောက်ပေးနေတဲ့ တစ်စုံတစ်ယောက်ရှိနေပါလိမ့်မယ်။

တံခါး ၄

သင်ဒီတံခါးကို ရွေးချယ်တယ်ဆိုရင်တော့ သင်က တိုက်ပွဲတစ်ခုကို သွားဖို့ပြင်ဆင်နေတဲ့အချိန်မျိုးဖြစ်ပါတယ်။ အမှုရင်ဆိုင်တာဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့်တစ်ခုခုရဖို့ဖြစ်ဖြစ်၊ အလုပ်မှာရာထူးတိုးဖို့ဖြစ်ဖြစ် အလားတူ အလုပ်တစ်ခု အတွက် ပြင်ဆင်နေတဲ့ အချိန်တစ်ခုဖြစ်နေပါလိမ့်မယ်။ ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ပါစေ၊ အောင်မြင်လိမ့်မယ်။ ရဲတိုက်တံခါး အနီရောင်က လုပ်ပိုင်ခွင့်ကိုပြပါတယ်။ သင်က ကာလအတန်ကြာ သင်လုပ်ချင်ခဲ့တဲ့ အရာ၊ လိုချင်ခဲ့တဲ့အရာတွေကို ရှောင်နေခဲ့ပေမဲ့ အခုအချိန်မှာတော့ ရှောင်ပြေးနေရမယ့်အချိန် မဟုတ်တော့ပါဘူး။

တံခါး ၅

သင်က ဒီတံခါးကို ရွေးချယ်လိုက်တယ်ဆိုရင် သက်တောင့်သက်တာရှိပြီး တည်ငြိမ်တဲ့အရာကို ရှာဖွေနေတဲ့အချိန်ဖြစ်ပါတယ်။ သင်က မကြာခင်က အလုပ် ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာတစ်ခုခုမှာ ခက်ခဲတဲ့အချိန်ကို ကြုံခဲ့ရတာဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကိုယ့်အပေါ်မှာ သစ္စာရှိရှိနဲ့ သံယောဇဉ်ရှိနိုင်မယ့် လူတွေကို ကိုယ့်အနားမှာ ရှိနေဖို့ အရမ်းကို တောင့်တနေတဲ့အချိန်ဖြစ်ပါလိမ့်မယ်။ မကြာခင်က ပင်ပန်းခက်ခဲမှုတွေကြုံခဲ့ရတဲ့အတွက် ငြိမ်းချမ်းမှုတစ်ခုကို ရှာဖွေလိုတဲ့ ဆန္ဒတွေပဲများနေမှာ ဖြစ်ပါတယ်။

တံခါး ၆

စိတ်ဖိစီးမှုဖြစ်စရာတွေ များနေတဲ့အချိန်တစ်ခုဖြစ်ပေမဲ့ သတင်းကောင်းကတော့ မကြာခင်မှာ ဒီစိတ်ဒုက္ခတွေကနေ လွတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ချက်ချင်းကြီး ကုန်ဆုံးသွားမှာတော့ မဟုတ်သေးပါဘူး။ နည်းနည်းတော့ ထပ်သွားဖို့ လိုပါသေးတယ်။ ပိုပြီးတောက်ပတဲ့ အလင်းရောင်ကိုတွေ့နိုင်ဖို့ အချိန်အနည်းငယ်လိုသေးပေမဲ့ အားမလျှော့လိုက်ပါနဲ့။ အဆိုးဆုံးတွေကို မကြာခင် ဖြတ်ကျော်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

တံခါး ၇

မကြာခင်မှာ ပြဿနာအချို့ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ သင်ထိန်းချုပ်နိုင်တဲ့အရာမဟုတ်တာကိုတော့ သတိထားစေချင်ပါတယ်။ သင်က ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာကို ကြိုမသိရတာကို ပိုသဘောကျတဲ့သူ ဖြစ်ပါတယ်။သင့်အတွက် မမျှော်လင့်ဘဲ ဖြစ်တတ်တဲ့ကိစ္စတွေက များပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒါက အထူးအဆန်းတစ်ခုတော့ မဟုတ်တော့ပါဘူး။ မျှော်လင့်မထားတဲ့ အခက်အခဲတွေဖြစ်လာတဲ့အချိန်မှာ ကျော်ဖြတ်ဖို့အားအင်တွေက သင့်ဆီမှာ အမြဲတမ်းရှိနေမှာဖြစ်ပါတယ်။

တံခါး ၈

သင်က အရမ်းကို သိလိုစိတ်များတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သိလိုစိတ်တစ်ခုက တခါတလေ အဆိုးဘက်ရောက်သွားစေတာရှိပေမဲ့ သင့်အတွက်တော့ ကောင်းတဲ့အောင်မြင်မှုတွေကို ပေးနိုင်မှာပါ။ သတိမမူတာနဲ့ သိလိုစိတ်ပြင်းပြမှုကြားမှာ ကြီးမားတဲ့ကွက်လပ်တစ်ခုရှိပြီး သင့်အနေနဲ့ ကွာဟချက်ကို သိထားပြီး ဖြစ်ပါတယ်။ သင်က မျှော်လင့်မထားတဲ့ စွန့်စားမှုတစ်ခုရဲ့ ကောင်းကွက်ကိုသိသလို သူ့ဆီက ရလာမယ့်ရိုက်ခတ်မှုကိုလည်း လက်ခံနိုင်တဲ့သူဖြစ်ပါတယ်။ သင့်မှာ အခုအချိန်ထက်ပိုကောင်းတဲ့ စမ်းသပ်နိုင်ခွင့်ဆိုတာ မရှိတဲ့အတွက် ဆက်ပြီး စူးစမ်းလေ့လာနေဦးမှာပဲ ဖြစ်ပါတယ်။

Ref:awesomequotes4u

Credit:trend Myanmar

မှတ်ချက်များ