အမ်ိဳးသမီးမ်ား၏အေလးခ်ိန္ေပၚမူတည္၍ အခမဲ့ေသာက္သုံးခြင့္ရမယ့္ ဒူဘိုင္းက Bar
Zawgyi ျဖင့္ဖတ္ရန္
ဒူဘိုင္းဘားတစ္ခုသည္ အမ်ိဳးသမီးစားသုံးသူမ်ားအား ထူးျခားေသာအေရာင္းျမႇင့္တင္မႈမ်ားျဖင့္ ဆြဲေဆာင္ခဲ့ပါတယ္။ ခႏၶာကိုယ္ အေလးခ်ိန္ပိုမ်ားေလေလ ေသာက္စရာမ်ားမ်ားပိုမိုရရွိေလဆိုတဲ့ အစီအစဥ္ပဲ ျဖစ္ပါတယ္။
Cassells AI Barsha ဟိုတယ္ရွိ Fusion Club သည္ အမ်ိဳးသမီးမ်ား ၄င္းတို႔၏အေလးခ်ိန္တစ္ေပါင္စီတိုင္းအတြက္ ၀.၁၂ ေဒၚလာ အခမဲ့ေသာက္သုံးခြင့္ရရွိမည့္ ႏွစ္ကုန္အထူးဝန္ေဆာင္မႈေပးေနေၾကာင္း ေၾကညာခဲ့သည္။ ဆိုလိုသည္မွာ ေပါင္ ၁၅၀ ရွိေသာအမ်ိဳးသမီးတစ္ဦးသည္ ၁၈.၅၀ ေဒၚလာတန္ေသာက္စရာမ်ား အထူးရရွိမွာျဖစ္ပါတယ္။
ဘားမန္ေနဂ်ာက ၄င္းဘားတြင္ရႏိုင္ေသာအတိုင္းအတာကိုေျပာျပၿပီး လာေရာက္စားသုံးသူမ်ားက ၄င္းတို႔၏ အေလးခ်ိန္ကို အေဖ်ာ္ဆရာကိုသာေျပာျပရသည့္ ဂုဏ္သိကၡာရွိသည့္ေငြေပးေခ်မႈစနစ္ကိုက်င့္သုံးပါတယ္။
‘ကြၽန္ေတာ္တို႔ဘားရဲ႕ဝင္ေပါက္မွာ ကိုယ္အေလးခ်ိန္စက္ရွိေပမယ့္လည္း ကြၽန္ေတာ္တို႔ဧည့္သည္ေတြရဲ႕အေလးခ်ိန္ကို မွန္၊ မမွန္စစ္ေဆးဖို႔ ေတာင္းဆိုမွာမဟုတ္ပါဘူး’လို႔ ဟိုတယ္၏အစားအစာႏွင့္အေဖ်ာ္ယမကာ မန္ေနဂ်ာ Anil Kumar က Insider သို႔ ေျပာၾကားခဲ့ပါတယ္။
‘ဘားကိုလာတဲ့ အမ်ိဳးသမီးေတြရဲ႕စိတ္သေဘာထားျမင့္ျမတ္မႈကို ယုံၾကည္ပါတယ္။ သူတို႔ရဲ႕အေလးခ်ိန္ကို စာ႐ြက္ေပၚမွာပဲ ေရးကာ အေဖ်ာ္ဆရာကိုသိုသိုသိပ္သိပ္ေပးၿပီး စာ႐ြက္ေပၚေရးထားတဲ့အေလးခ်ိန္နဲ႔ညီမွ်တဲ့ ေသာက္စရာေတြကိုရရွိမွာျဖစ္ တယ္။ အလြန္႐ိုးရွင္းတယ္၊ ရႈပ္ရႈပ္ေထြးေထြးလုပ္စရာမရွိဘူး’လို႔ သူကဆိုပါတယ္။
ယခုပ႐ိုမိုးရွင္းရဲ႕ေဆာင္ပုဒ္ကေတာ့ ‘ကိုယ္အေလးခ်ိန္တက္တာေကာင္းတယ္’ပဲ ျဖစ္ပါတယ္။
Writer_အာသာမိုး ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
အမျိုးသမီးများ၏အလေးချိန်ပေါ်မူတည်၍ အခမဲ့သောက်သုံးခွင့်ရမယ့် ဒူဘိုင်းက Bar
ဒူဘိုင်းဘားတစ်ခုသည် အမျိုးသမီးစားသုံးသူများအား ထူးခြားသောအရောင်းမြှင့်တင်မှုများဖြင့် ဆွဲဆောင်ခဲ့ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ပိုများလေလေ သောက်စရာများများပိုမိုရရှိလေဆိုတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
Cassells AI Barsha ဟိုတယ်ရှိ Fusion Club သည် အမျိုးသမီးများ ၎င်းတို့၏အလေးချိန်တစ်ပေါင်စီတိုင်းအတွက် ဝ.၁၂ ဒေါ်လာ အခမဲ့သောက်သုံးခွင့်ရရှိမည့် နှစ်ကုန်အထူးဝန်ဆောင်မှုပေးနေကြောင်း ကြေညာခဲ့သည်။ ဆိုလိုသည်မှာ ပေါင် ၁၅၀ ရှိသောအမျိုးသမီးတစ်ဦးသည် ၁၈.၅၀ ဒေါ်လာတန်သောက်စရာများ အထူးရရှိမှာဖြစ်ပါတယ်။
ဘားမန်နေဂျာက ၎င်းဘားတွင်ရနိုင်သောအတိုင်းအတာကိုပြောပြပြီး လာရောက်စားသုံးသူများက ၎င်းတို့၏ အလေးချိန်ကို အဖျော်ဆရာကိုသာပြောပြရသည့် ဂုဏ်သိက္ခာရှိသည့်ငွေပေးချေမှုစနစ်ကိုကျင့်သုံးပါတယ်။
‘ကျွန်တော်တို့ဘားရဲ့ဝင်ပေါက်မှာ ကိုယ်အလေးချိန်စက်ရှိပေမယ့်လည်း ကျွန်တော်တို့ဧည့်သည်တွေရဲ့အလေးချိန်ကို မှန်၊ မမှန်စစ်ဆေးဖို့ တောင်းဆိုမှာမဟုတ်ပါဘူး’လို့ ဟိုတယ်၏အစားအစာနှင့်အဖျော်ယမကာ မန်နေဂျာ Anil Kumar က Insider သို့ ပြောကြားခဲ့ပါတယ်။
‘ဘားကိုလာတဲ့ အမျိုးသမီးတွေရဲ့စိတ်သဘောထားမြင့်မြတ်မှုကို ယုံကြည်ပါတယ်။ သူတို့ရဲ့အလေးချိန်ကို စာရွက်ပေါ်မှာပဲ ရေးကာ အဖျော်ဆရာကိုသိုသိုသိပ်သိပ်ပေးပြီး စာရွက်ပေါ်ရေးထားတဲ့အလေးချိန်နဲ့ညီမျှတဲ့ သောက်စရာတွေကိုရရှိမှာဖြစ် တယ်။ အလွန်ရိုးရှင်းတယ်၊ ရှုပ်ရှုပ်ထွေးထွေးလုပ်စရာမရှိဘူး’လို့ သူကဆိုပါတယ်။
ယခုပရိုမိုးရှင်းရဲ့ဆောင်ပုဒ်ကတော့ ‘ကိုယ်အလေးချိန်တက်တာကောင်းတယ်’ပဲ ဖြစ်ပါတယ်။
Writer_အာသာမိုး ( XYZ NEWS )


မှတ်ချက်များ