ပိုင္ဆိုင္မူေတြအကုန္ စြန႔္လႊတ္ၿပီး ကမာၻအႏွံ႔ခရီးထြက္ခဲ့တဲ့ စုံတြဲ ဘက္ဂ်က္ မေလာက္ေတာ့လို႔ အိမ္သာေဆးေနရ
Zawgyi ျဖင့္ဖတ္ရန္
အရာရာ ကို စြန႔္လႊတ္ၿပီး တစ္ဘဝ လုံး ခရီးထြက္ ဖို႔ ဆုံးျဖတ္ထားတဲ့ စုံတြဲဟာ စားဝတ္ေနေရးအတြက္ ေရာက္ရာ အရပ္မွာ အိမ္သာေတြကို သန႔္စင္ေဆးေၾကာေနရရွာပါတယ္။
Stevo Dirnberger နဲ႔ Chanel Cartell တို႔ စုံတြဲဟာ သူတို႔ရဲ႕ အလုပ္ေတြကို စိတ္ပ်က္လာတဲ့အတြက္ ၁ ႏွစ္ေလာက္ ခရီးဆက္တိုက္ထြက္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ေရာက္ရာအရပ္မွာပဲ ဓါတ္ပုံ႐ိုက္ကာ Instagram မွာ တင္ၿပီး အားလုံးကို မနာလို ျဖစ္ေစခဲ့ပါတယ္။
ဒါေပမယ့္လည္း သူတို႔ ၂ ေယာက္ရဲ႕ ခရီးစဥ္ဟာ ႐ုပ္ရွင္ေတြထဲမွာလိုေတာ့ အၿမဲတမ္းေနသာေနတဲ့ ကမ္းေျခနဲ႔ စိတ္လႈပ္ရွားစရာ ညအခ်ိန္ေတြကို ရရွိေနတာေတာ့ မဟုတ္ပါဘူး။ သူတို႔ ၂ ေယာက္ဟာ စားဝတ္ေနေရးအတြက္ အိမ္သာ သန႔္ရွင္းေရး ဝင္လုပ္ေနၾကတယ္လို႔ သိရပါတယ္။ သူတို႔ရဲ႕ ဘေလာ့ဂ္မွာ သူတို႔ ေရးထားခဲ့တာကေတာ့ ဘက္ဂ်က္ ဟာ တစ္ကယ့္ကို က်ပ္တည္း လာပါတယ္။ ကြၽႏ္ုပ္တို႔ ၂ ေယာက္ဟာ ကြၽႏ္ုပ္တို႔ရဲ႕ ျပသနာ ကို ေျဖရွင္းဖို႔ ဖန္တီးႏိုင္စြမ္းေတြကို အသုံးခ်ခဲ့ရပါတယ္။ ” လို႔ ေရးသားထားပါေသးတယ္။
“ငါတို႔ ဓါတ္ပုံေတြက မင္းကို အ႐ူးလုပ္ခြင့္မေပးလိုက္ ပါနဲ႔ ။ တစ္ကယ္ေတာ့ ငါတို႔ဟာ အိမ္သာ ၁၃၅ လုံး ေဆးေၾကာခဲ့ရပါတယ္ ၊ ႏြားမစင္ ၂၅၉ ကီလို ကို ႀကဳံးခဲ့ရပါတယ္ ၊ ေက်ာက္တုံး ၂ တန္ကို ဖယ္ရွားခဲ့ရပါတယ္ ၊ မီတာ ၆၀ အရွည္အထိ လမ္းခင္းခဲ့ရပါတယ္ ၊ အိပ္ယာ ၅၇ ခု ကို ျပင္ဆင္ခဲ့ရပါတယ္ ၊ ၿပီးေတာ့ ဝိုင္ခြက္ ဘယ္ႏွစ္ခြက္ထိ ငါတို႔ ေဆးခဲ့တယ္ဆိုတာကို မမွတ္မိႏိုင္ေတာ့ပါဘူး” လို႔လည္း ေရးသားထားပါေသးတယ္။
သူတို႔ရဲ႕ ေျပာျပခ်က္အရေတာ့ ၿပီးခဲ့တဲ့ လပိုင္းက သူတို႔ အတြက္ေတာ့ ပိုခက္ခဲခဲ့ပါတယ္တဲ့။ ၿပီးခဲ့တဲ့ လပိုင္းမွာ သူတို႔ တိုက္ခြၽတ္ေဆးေၾကာခဲ့ရတဲ့ အိမ္သာေတြဟာ ေသးငယ္ၿပီး ညစ္ပတ္တယ္လို႔ သူတို႔ စုံတြဲက ဆိုထားပါတယ္။
ဒါေပမယ့္လည္း အခက္အခဲေတြ စိတ္ပ်က္စရာ ေတြဘယ္ေလာက္ပဲ ရွိရွိ သူတို႔ စုံတြဲကေတာ့ လမ္းေပၚမွာ ခရီးသြားရင္း အခ်ိန္ကုန္ဆုံးေနရတဲ့ ဘဝ ကို ကို ေပ်ာ္တယ္လို႔ ဆိုထားပါတယ္။
Writer – Min Thu(XYZ News)
Unicode ဖြင့်ဖတ်ရန်
ပိုင်ဆိုင်မူတွေအကုန် စွန့်လွှတ်ပြီး ကမ္ဘာအနှံ့ခရီးထွက်ခဲ့တဲ့ စုံတွဲ ဘက်ဂျက် မလောက်တော့လို့ အိမ်သာဆေးနေရ
အရာရာ ကို စွန့်လွှတ်ပြီး တစ်ဘဝ လုံး ခရီးထွက် ဖို့ ဆုံးဖြတ်ထားတဲ့ စုံတွဲဟာ စားဝတ်နေရေးအတွက် ရောက်ရာ အရပ်မှာ အိမ်သာတွေကို သန့်စင်ဆေးကြောနေရရှာပါတယ်။
Stevo Dirnberger နဲ့ Chanel Cartell တို့ စုံတွဲဟာ သူတို့ရဲ့ အလုပ်တွေကို စိတ်ပျက်လာတဲ့အတွက် ၁ နှစ်လောက် ခရီးဆက်တိုက်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရောက်ရာအရပ်မှာပဲ ဓါတ်ပုံရိုက်ကာ Instagram မှာ တင်ပြီး အားလုံးကို မနာလို ဖြစ်စေခဲ့ပါတယ်။
ဒါပေမယ့်လည်း သူတို့ ၂ ယောက်ရဲ့ ခရီးစဉ်ဟာ ရုပ်ရှင်တွေထဲမှာလိုတော့ အမြဲတမ်းနေသာနေတဲ့ ကမ်းခြေနဲ့ စိတ်လှုပ်ရှားစရာ ညအချိန်တွေကို ရရှိနေတာတော့ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ဟာ စားဝတ်နေရေးအတွက် အိမ်သာ သန့်ရှင်းရေး ဝင်လုပ်နေကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဘလော့ဂ်မှာ သူတို့ ရေးထားခဲ့တာကတော့ ဘက်ဂျက် ဟာ တစ်ကယ့်ကို ကျပ်တည်း လာပါတယ်။ ကျွန်ုပ်တို့ ၂ ယောက်ဟာ ကျွန်ုပ်တို့ရဲ့ ပြသနာ ကို ဖြေရှင်းဖို့ ဖန်တီးနိုင်စွမ်းတွေကို အသုံးချခဲ့ရပါတယ်။ ” လို့ ရေးသားထားပါသေးတယ်။
“ငါတို့ ဓါတ်ပုံတွေက မင်းကို အရူးလုပ်ခွင့်မပေးလိုက် ပါနဲ့ ။ တစ်ကယ်တော့ ငါတို့ဟာ အိမ်သာ ၁၃၅ လုံး ဆေးကြောခဲ့ရပါတယ် ၊ နွားမစင် ၂၅၉ ကီလို ကို ကြုံးခဲ့ရပါတယ် ၊ ကျောက်တုံး ၂ တန်ကို ဖယ်ရှားခဲ့ရပါတယ် ၊ မီတာ ၆၀ အရှည်အထိ လမ်းခင်းခဲ့ရပါတယ် ၊ အိပ်ယာ ၅၇ ခု ကို ပြင်ဆင်ခဲ့ရပါတယ် ၊ ပြီးတော့ ဝိုင်ခွက် ဘယ်နှစ်ခွက်ထိ ငါတို့ ဆေးခဲ့တယ်ဆိုတာကို မမှတ်မိနိုင်တော့ပါဘူး” လို့လည်း ရေးသားထားပါသေးတယ်။
သူတို့ရဲ့ ပြောပြချက်အရတော့ ပြီးခဲ့တဲ့ လပိုင်းက သူတို့ အတွက်တော့ ပိုခက်ခဲခဲ့ပါတယ်တဲ့။ ပြီးခဲ့တဲ့ လပိုင်းမှာ သူတို့ တိုက်ချွတ်ဆေးကြောခဲ့ရတဲ့ အိမ်သာတွေဟာ သေးငယ်ပြီး ညစ်ပတ်တယ်လို့ သူတို့ စုံတွဲက ဆိုထားပါတယ်။
ဒါပေမယ့်လည်း အခက်အခဲတွေ စိတ်ပျက်စရာ တွေဘယ်လောက်ပဲ ရှိရှိ သူတို့ စုံတွဲကတော့ လမ်းပေါ်မှာ ခရီးသွားရင်း အချိန်ကုန်ဆုံးနေရတဲ့ ဘဝ ကို ကို ပျော်တယ်လို့ ဆိုထားပါတယ်။
Writer – Min Thu(XYZ News)
မှတ်ချက်များ