ခရီးသည္ေတြကို ထမ္းပိုးရင္း အေမာဆို႔ ေသဆုံးသြားတဲ့ ၁၈ ႏွစ္အ႐ြယ္ သနားစရာ ဆင္ကေလးရဲ႕ အျဖစ္
Zawgyi ျဖင့္ဖတ္ရန္
က်ေနာ္တို႔ အာရွတိုက္မွာ ရွိတဲ့ ဆင္ေတြရဲ႕ သက္တမ္းဟာ ႏွစ္ ၆၀ ေလာက္ရွိပါတယ္…. ဒါဟာ ပင္ပင္ပန္းပန္းအလုပ္မလုပ္ရဘဲ သာမန္ဆင္တစ္ေကာင္ရဲ႕ ပွ်မ္းမွ်အသက္ျဖစ္ပါတယ္…ဒါေပမဲ့ လူေတြရဲ႕ ခိုင္းေစမႈေၾကာင့္ ပင္ပန္းဆင္းရဲဒဏ္ခံရတဲ့ ဆင္ေတြကေတာ့ ႏွစ္ ၆၀ မတိုင္ခင္ ငယ္ငယ္နဲ႔ပဲ ေသဆုံးရရွာတာပါ…ခုလည္းပဲ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဆင္ငယ္ေလးဟာ လူေတြရဲ႕ မတရားခိုင္းေစမႈေၾကာင့္ ပင္ပန္းၿပီး ေသဆုံးခဲ့ရရွာပါတယ္…အေတာ္ငယ္ေသးတဲ့ အ႐ြယ္မွာ ေသရတယ္ဆိုေတာ့ ဘယ္ေလာက္ေတာင္ ခိုင္းခံရသလဲဆိုတာ ပရိသတ္ႀကီးတို႔ပဲ စဥ္းစားၾကည့္ပါ…
ျဖစ္ပုံကေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၃၁ ရက္ေန႔က Kanakota လို႔ေခၚတဲ့ အသက္ ၁၈ ႏွစ္သာ ရွိေသးတဲ့ ဆင္ေလးဟာ ခရီးသြားဧည့္သည္ေတြကို အလီလီအခါခါ ပို႔ေဆာင္ေပးခဲ့ရတာေၾကာင့္ ပင္ပန္းၿပီး အေမာဆို႔ ေသဆုံးခဲ့ရပါတယ္…India Times ရဲ႕ သတင္းအရ အဆိုပါဆင္ေလးဟာ ဘုရားပြဲမွာလည္း လိုက္ပါလွည့္လည္ပို႔ေဆာင္ခဲ့ရတဲ့အျပင္ တစ္ရက္တည္း ခရီးသြားဧည့္သည္ေတြကို ၃ ေခါက္ ပို႔ခဲ့ရတာေၾကာင့္ ေနာက္ဆုံးအေခါက္မွာေတာ့ ပင္ပန္းၿပီးေတာ့ လဲက်သြားခဲ့ရာကေန ျပန္မထလာႏိုင္ေတာ့ပဲ ေသဆုံးခဲ့တာပါ….
အဲဒီဆင္ေလးဟာ ၄ ႏွစ္လုံးလုံး ခရီးသည္ေတြကို တစ္နာရီၾကာခရီးစဥ္ျဖစ္တဲ့ ေရွးေဟာင္းခံတပ္ေတြဆီ လိုက္ပါပို႔ေဆာင္ေပးခဲ့ရၿပီးေတာ့ ေက်ာကုန္းေပၚမွာလည္း ထိုင္ခုံေတြ ေလးလံတဲ့ အရာေတြ သယ္ေဆာင္ေပးခဲ့ရတာပါ…၄ ႏွစ္လုံးလုံးလုပ္ခဲ့ၿပီးခ်ိန္ ခုတစ္ေခါက္မွာေတာ့ ခုလို ပင္ပန္းႏြမ္းနယ္ၿပီး ေသဆုံးသြားခဲ့ရရွာပါတယ္…
ဆင္ေတြဟာ သနားဖို႔ေကာင္းတဲ့ သတၱဝါေႂတြဖစ္ပါတယ္…ခုလို ခရီးသည္ဝန္ေဆာင္မႈေပးတာေတြ သစ္ဆြဲရတာေတြ စတဲ့ ပင္ပန္းတဲ့အလုပ္ေတြေၾကာင့္ သူတို႔ရဲ႕ အားအင္ေတြဟာ တျဖည္းျဖည္းကုန္ဆုံးခဲ့ရရွာပါတယ္…ဒီၾကားထဲ ခိုင္းတာမလုပ္ရင္ခြၽန္းနဲ႔ အုပ္ ႏွိပ္စက္ခံရတာေတြကလည္း သူတို႔ကို ပိုမိုနာက်င္ေစပါတယ္…
ခုအျဖစ္အပ်က္ေလးေၾကာင့္ တိရစာၦန္အခြင့္အေရးလႈပ္ရွားသူေတြဟာ ဆင္ေတြကို ခရီးသြားေတြ စီးနင္းလွည့္လာတာေတြကို မရပ္မခ်င္း ခုလိုသနားစရာအျဖစ္အပ်က္ေတြ ျဖစ္ေနအုံးမယ္လို႔ ဆိုပါတယ္..
အဲတာေၾကာင့္ ပရိသတ္ႀကီးတို႔လည္း ဆင္ေတြကို စီးေတာ့မယ္ဆိုရင္ ဒီအျဖစ္အပ်က္ေလးကိုၾကည့္ၿပီး စာနာေပးၾကပါလို႔ ေမတၱာရပ္ခံလိုက္ရပါတယ္ေနာ္…
Writer – HW (Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ခရီးသည်တွေကို ထမ်းပိုးရင်း အမောဆို့ သေဆုံးသွားတဲ့ ၁၈ နှစ်အရွယ် သနားစရာ ဆင်ကလေးရဲ့ အဖြစ်
ကျနော်တို့ အာရှတိုက်မှာ ရှိတဲ့ ဆင်တွေရဲ့ သက်တမ်းဟာ နှစ် ၆၀ လောက်ရှိပါတယ်…. ဒါဟာ ပင်ပင်ပန်းပန်းအလုပ်မလုပ်ရဘဲ သာမန်ဆင်တစ်ကောင်ရဲ့ ပျှမ်းမျှအသက်ဖြစ်ပါတယ်…ဒါပေမဲ့ လူတွေရဲ့ ခိုင်းစေမှုကြောင့် ပင်ပန်းဆင်းရဲဒဏ်ခံရတဲ့ ဆင်တွေကတော့ နှစ် ၆၀ မတိုင်ခင် ငယ်ငယ်နဲ့ပဲ သေဆုံးရရှာတာပါ…ခုလည်းပဲ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဆင်ငယ်လေးဟာ လူတွေရဲ့ မတရားခိုင်းစေမှုကြောင့် ပင်ပန်းပြီး သေဆုံးခဲ့ရရှာပါတယ်…အတော်ငယ်သေးတဲ့ အရွယ်မှာ သေရတယ်ဆိုတော့ ဘယ်လောက်တောင် ခိုင်းခံရသလဲဆိုတာ ပရိသတ်ကြီးတို့ပဲ စဉ်းစားကြည့်ပါ…
ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က Kanakota လို့ခေါ်တဲ့ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဆင်လေးဟာ ခရီးသွားဧည့်သည်တွေကို အလီလီအခါခါ ပို့ဆောင်ပေးခဲ့ရတာကြောင့် ပင်ပန်းပြီး အမောဆို့ သေဆုံးခဲ့ရပါတယ်…
India Times ရဲ့ သတင်းအရ အဆိုပါဆင်လေးဟာ ဘုရားပွဲမှာလည်း လိုက်ပါလှည့်လည်ပို့ဆောင်ခဲ့ရတဲ့အပြင် တစ်ရက်တည်း ခရီးသွားဧည့်သည်တွေကို ၃ ခေါက် ပို့ခဲ့ရတာကြောင့် နောက်ဆုံးအခေါက်မှာတော့ ပင်ပန်းပြီးတော့ လဲကျသွားခဲ့ရာကနေ ပြန်မထလာနိုင်တော့ပဲ သေဆုံးခဲ့တာပါ….
အဲဒီဆင်လေးဟာ ၄ နှစ်လုံးလုံး ခရီးသည်တွေကို တစ်နာရီကြာခရီးစဉ်ဖြစ်တဲ့ ရှေးဟောင်းခံတပ်တွေဆီ လိုက်ပါပို့ဆောင်ပေးခဲ့ရပြီးတော့ ကျောကုန်းပေါ်မှာလည်း ထိုင်ခုံတွေ လေးလံတဲ့ အရာတွေ သယ်ဆောင်ပေးခဲ့ရတာပါ…၄ နှစ်လုံးလုံးလုပ်ခဲ့ပြီးချိန် ခုတစ်ခေါက်မှာတော့ ခုလို ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွားခဲ့ရရှာပါတယ်…
ဆင်တွေဟာ သနားဖို့ကောင်းတဲ့ သတ္တဝါတြွေဖစ်ပါတယ်…ခုလို ခရီးသည်ဝန်ဆောင်မှုပေးတာတွေ သစ်ဆွဲရတာတွေ စတဲ့ ပင်ပန်းတဲ့အလုပ်တွေကြောင့် သူတို့ရဲ့ အားအင်တွေဟာ တဖြည်းဖြည်းကုန်ဆုံးခဲ့ရရှာပါတယ်…ဒီကြားထဲ ခိုင်းတာမလုပ်ရင်ချွန်းနဲ့ အုပ် နှိပ်စက်ခံရတာတွေကလည်း သူတို့ကို ပိုမိုနာကျင်စေပါတယ်…
ခုအဖြစ်အပျက်လေးကြောင့် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေဟာ ဆင်တွေကို ခရီးသွားတွေ စီးနင်းလှည့်လာတာတွေကို မရပ်မချင်း ခုလိုသနားစရာအဖြစ်အပျက်တွေ ဖြစ်နေအုံးမယ်လို့ ဆိုပါတယ်..
အဲတာကြောင့် ပရိသတ်ကြီးတို့လည်း ဆင်တွေကို စီးတော့မယ်ဆိုရင် ဒီအဖြစ်အပျက်လေးကိုကြည့်ပြီး စာနာပေးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ်နော်…
Writer – HW (Shwe Yaung Lan)


မှတ်ချက်များ