Zawgyi ျဖင့္ဖတ္ရန္
(၈)ႏွစ္သမီးေလးကို လူမဆန္စြာမုဒိန္းက်င့္ ဆာလာအိတ္ထဲထည့္ ၿပီးအေလာင္းပစ္ခဲ့သည့္ လူသတ္မုဒိန္း (၂)ေကာင္ ဖမ္းမိၿပီး မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ လူသတ္မႈက်ဴးလြန္သူ (၂)ဦးကို ေဖာ္ထုတ္ဖမ္းဆီးရမိ
အမႈမွာ ၂၁.၈.၂၀၁၉ ရက္ေန႔(၀၇၃၀)အခ်ိန္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ သိမ္ျဖဴမီးရထားရပ္ကြက္၊ သိမ္ျဖဴ ခုံးတံတားေအာက္၊ ရထားသံလမ္းေဘးတြင္ ကေလးအေလာင္း တစ္ေလာင္းအား ေႁမြေရခြံအိတ္ျဖင့္ထည့္လ်က္ စြန႔္ပစ္ထားသည္ကို ေတြ႕ရွိရေၾကာင္း သတင္းအရ မဂၤလာေတာင္ၫြန႔္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ရာ သိမ္ျဖဴခုံးတံတား ေအာက္ ပုဇြန္ေတာင္ဘူတာႏွင့္ ရန္ကုန္ဘူတာႀကီးအၾကား ရထားသံလမ္း မိုင္တိုင္(၀၁-၀၂) အမွတ္(၁)ရထားသံလမ္းေဘးႏွင့္ တံတားေအာက္ေျခ အုတ္ေဘာင္ၾကားတြင္ အသက္(၈)ႏွစ္ခန႔္ရွိ မိန္းကေလးအေလာင္းအား ေႁမြေရခြံအိတ္ အျဖဴေရာင္ႏွင့္ထုပ္ပိုးလ်က္ (ေလာက္အနည္းငယ္ရွိ)၊ ယာခ်ိဳေစာင္းဖူးေရာင္ ဒဏ္ရာမ်ားျဖင့္
အဝတ္အစားမ်ားမပါဘဲ ေသဆုံးေနသည္ကိုေတြ႕ရွိရၿပီး ေသဆုံးသူမွာ မ——- ျဖစ္ကာ ဖခင္ျဖစ္သူႏွင့္အတူ ေအာင္ဆန္းအားကစားကြင္း အနီးတြင္ ပ်ံက်ေနထိုင္သူျဖစ္ေၾကာင္း စုံစမ္းသိရွိရ၍ မ—— အား ေသဆုံးေအာင္ ျပဳလုပ္သူအေပၚ စုံစမ္းေဖာ္ထုတ္ အေရးယူေပးရန္ တာဝန္မႉး ဒုရဲအုပ္ ထြန္းထြန္းဦးမွ တရားလိုျပဳလုပ္ တိုင္တန္းသျဖင့္ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕မရဲစခန္း (ပ)၆၀၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူခဲ့ပါသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး၏ လမ္းၫႊန္ခ်က္အရ အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး၏ အနီးကပ္ ႀကီးၾကပ္မႈျဖင့္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းအကူဌာနစု၊ အုပ္ခ်ဳပ္မႈဌာနခြဲ၊ အေရွ႕ပိုင္းခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနစုႏွင့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕ မွ အခင္းျဖစ္ရပ္ ပတ္ဝန္းက်င္အား အေသးစိတ္စုံစမ္းစစ္ေဆးခဲ့ရာ ျပစ္မႈက်ဴးလြန္သူသည္ စိုင္းဖုန္းေက်ာ္(ခ) ျပည့္ၿဖိဳးပိုင္(ခ) သရဲ(ခ) ဖင္ႀကီးမ ျဖစ္ႏိုင္ေၾကာင္း၊ ၎မွာအခင္းျဖစ္ေန႔မွစ၍ ေပ်ာက္ေနေၾကာင္း စုံစမ္းသိရွိရသျဖင့္ အျခားတိုင္းေဒသႀကီး/ျပည္နယ္ရဲတပ္ဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ခဲ့ရာ ၎ကို ၂၀.၁၁.၂၀၁၉ ရက္ေန႔ ၁၄၅၀ အခ်ိန္ မြန္ျပည္နယ္ရဲတပ္ဖြဲ႕၊က်ိဳကၡမီနယ္ေျမရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက က်ိဳကၡမီၿမိဳ႕၊ ေအာင္သုခ ရပ္ကြက္၊ က်ားဆိပ္ေျမာက္(၁)လမ္းအတြင္းမွ ဖမ္းဆီးရမိခဲ့ပါသည္။
ဖမ္းဆီးရမိသူ စိုင္းဖုန္းေက်ာ္(ခ)ျပည့္ၿဖိဳးပိုင္(ခ)သရဲ(ခ)ဖင္ႀကီးမအား အေသးစိတ္စစ္ေဆးခဲ့ရာ ၎သည္ ၁၉.၈.၂၀၁၉ ရက္ေန႔ ၂၃၃၀ အခ်ိန္ ရန္ကုန္ဘူတာႀကီးေရွ႕၊ ေအာင္ဆန္းအားကစားကြင္း၊ “ေ႐ႊ”ကားဂိတ္ေရွ႕ရွိကြပ္ပစ္ေပၚတြင္ ဖခင္ျဖစ္သူႏွင့္အတူအိပ္ေနသည့္ ေသဆုံးသူ မ—— အား ေပြ႕ခ်ီကာ သိမ္ျဖဴခုံးတံတားေအာက္သို႔ သယ္ေဆာင္ၿပီး ထြန္းထြန္းဦး(ခ)ရွမ္းေလးႏွင့္အတူ သားမယားအျဖစ္ ျပဳက်င့္စဥ္ မ—— မွ ေအာ္ဟစ္ေနသျဖင့္ လက္/ခဲတို႔ျဖင့္ ထိုးႀကိတ္ထု႐ိုက္ကာ သားမယားအျဖစ္ဆက္လက္ျပဳက်င့္ၿပီးေနာက္ ဆာလာအိတ္အတြင္းထည့္၍ သံလမ္းအနီးတြင္ ခ်ထားခဲ့ေၾကာင္း ထြက္ဆိုစစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ထြန္းထြန္းဦး (ခ)ရွမ္းေလး ကို လိုက္လံဖမ္းဆီးခဲ့ရာ ၂၁.၁၁.၂၀၁၉ ရက္ေန႔ ၁၃၀၀ အခ်ိန္ ရန္ကုန္ဘူတာႀကီးေရွ႕၊ ပန္းဆိုးတန္းခုံးတံတားေအာက္မွ ဖမ္းဆီးရမိ ခဲ့ပါသည္။
စစ္ေဆးေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္သူ စိုင္းဖုန္းေက်ာ္(ခ) ျပည့္ၿဖိဳးပိုင္(ခ)သရဲ(ခ)ဖင္ႀကီးမႏွင့္ ထြန္းထြန္းဦး (ခ)ရွမ္းေလးတို႔ (၂)ဦးအား ဥပေဒႏွင့္အညီ အျမန္ တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိ ေၾကာင္း သတင္းရရွိပါသည္။
share from: shweman
Unicode ဖြင့်ဖတ်ရန်
၈နှစ်သမီးကို မုဒိန်းကျင့်၊သတ်ဖြတ်၊ဆာလာအိပ်ထဲထည့်ပြီးအလောင်းဖျောက်တဲ့လူယုတ်မာတွေမိပြီ
(၈)နှစ်သမီးလေးကို လူမဆန်စွာမုဒိန်းကျင့် ဆာလာအိတ်ထဲထည့် ပြီးအလောင်းပစ်ခဲ့သည့် လူသတ်မုဒိန်း (၂)ကောင် ဖမ်းမိပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူသတ်မှုကျူးလွန်သူ (၂)ဦးကို ဖော်ထုတ်ဖမ်းဆီးရမိ
အမှုမှာ ၂၁.၈.၂၀၁၉ ရက်နေ့(၀၇၃၀)အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သိမ်ဖြူ ခုံးတံတားအောက်၊ ရထားသံလမ်းဘေးတွင် ကလေးအလောင်း တစ်လောင်းအား မြွေရေခွံအိတ်ဖြင့်ထည့်လျက် စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သိမ်ဖြူခုံးတံတား အောက် ပုဇွန်တောင်ဘူတာနှင့် ရန်ကုန်ဘူတာကြီးအကြား ရထားသံလမ်း မိုင်တိုင်(၀၁-၀၂) အမှတ်(၁)ရထားသံလမ်းဘေးနှင့် တံတားအောက်ခြေ အုတ်ဘောင်ကြားတွင် အသက်(၈)နှစ်ခန့်ရှိ မိန်းကလေးအလောင်းအား မြွေရေခွံအိတ် အဖြူရောင်နှင့်ထုပ်ပိုးလျက် (လောက်အနည်းငယ်ရှိ)၊ ယာချိုစောင်းဖူးရောင် ဒဏ်ရာများဖြင့်
အဝတ်အစားများမပါဘဲ သေဆုံးနေသည်ကိုတွေ့ရှိရပြီး သေဆုံးသူမှာ မ——- ဖြစ်ကာ ဖခင်ဖြစ်သူနှင့်အတူ အောင်ဆန်းအားကစားကွင်း အနီးတွင် ပျံကျနေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရ၍ မ—— အား သေဆုံးအောင် ပြုလုပ်သူအပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးရန် တာဝန်မှူး ဒုရဲအုပ် ထွန်းထွန်းဦးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း (ပ)၆၀၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစု၊ အုပ်ချုပ်မှုဌာနခွဲ၊ အရှေ့ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုနှင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ မှ အခင်းဖြစ်ရပ် ပတ်ဝန်းကျင်အား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ) သရဲ(ခ) ဖင်ကြီးမ ဖြစ်နိုင်ကြောင်း၊ ၎င်းမှာအခင်းဖြစ်နေ့မှစ၍ ပျောက်နေကြောင်း စုံစမ်းသိရှိရသဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ၎င်းကို ၂၀.၁၁.၂၀၁၉ ရက်နေ့ ၁၄၅၀ အချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ကျိုက္ခမီနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက ကျိုက္ခမီမြို့၊ အောင်သုခ ရပ်ကွက်၊ ကျားဆိပ်မြောက်(၁)လမ်းအတွင်းမှ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ စိုင်းဖုန်းကျော်(ခ)ပြည့်ဖြိုးပိုင်(ခ)သရဲ(ခ)ဖင်ကြီးမအား အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းသည် ၁၉.၈.၂၀၁၉ ရက်နေ့ ၂၃၃၀ အချိန် ရန်ကုန်ဘူတာကြီးရှေ့၊ အောင်ဆန်းအားကစားကွင်း၊ “ရွှေ”ကားဂိတ်ရှေ့ရှိကွပ်ပစ်ပေါ်တွင် ဖခင်ဖြစ်သူနှင့်အတူအိပ်နေသည့် သေဆုံးသူ မ—— အား ပွေ့ချီကာ သိမ်ဖြူခုံးတံတားအောက်သို့ သယ်ဆောင်ပြီး ထွန်းထွန်းဦး(ခ)ရှမ်းလေးနှင့်အတူ သားမယားအဖြစ် ပြုကျင့်စဉ် မ—— မှ အော်ဟစ်နေသဖြင့် လက်/ခဲတို့ဖြင့် ထိုးကြိတ်ထုရိုက်ကာ သားမယားအဖြစ်ဆက်လက်ပြုကျင့်ပြီးနောက် ဆာလာအိတ်အတွင်းထည့်၍ သံလမ်းအနီးတွင် ချထားခဲ့ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ထွန်းထွန်းဦး (ခ)ရှမ်းလေး ကို လိုက်လံဖမ်းဆီးခဲ့ရာ ၂၁.၁၁.၂၀၁၉ ရက်နေ့ ၁၃၀၀ အချိန် ရန်ကုန်ဘူတာကြီးရှေ့၊ ပန်းဆိုးတန်းခုံးတံတားအောက်မှ ဖမ်းဆီးရမိ ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ)သရဲ(ခ)ဖင်ကြီးမနှင့် ထွန်းထွန်းဦး (ခ)ရှမ်းလေးတို့ (၂)ဦးအား ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိပါသည်။
share from: shweman


မှတ်ချက်များ