အိမ္ေထာင္ျပိဳကြဲျခင္းအထိျဖစ္လာႏိုင္တဲ့အမွားမ်ား


Zawgyiျဖင့္ဖတ္ရန္

လူတိုင္းဘယ္သူမဆို ႏွစ္ဦးအတူေနရင္ပဋိအကၡေတြရိွတတ္ၾကပါတယ္။ ရန္ျဖစ္တယ္ဆိုတာမဆန္းပါဘူး… ဒါေပမယ့္အေၾကာင္းျပခ်က္အမ်ဳိးမ်ဳိးေတာ့ရိွတတ္ၾကပါတယ္။ အဲဒါေၾကာင့္ အိမ္ေထာင္ကြဲတဲ့အထိ ျပႆနာမျဖစ္ခင္ ေဝးေဝးကေနေရွာင္ထားႏုိင္ဖို႔ ရည္ရြယ္ျပီး မွားယြင္းတဲ့အျပဳအမူေတြကို စုစည္းေပးထားပါတယ္။

၁။ လင္မယားအေနနဲ႔ ျပႆနာကို သင္လ်စ္လွဴရႈထားတယ္ဆိုရင္..

ဒါသင္လုပ္ေကာင္းလုပ္ႏိုင္တဲ့ မွားယြင္းတဲ့အရာပဲျဖစ္ပါတယ္။ ျပႆနာကို မသိသလိုေခါင္းေရွာင္ထားျခင္းဟာ ေသးေသးေလးကို အၾကီးၾကီးျဖစ္သြားေအာင္ လုပ္လိုက္တာနဲ႔အတူတူပါပဲ။ အဲလိုလုပ္ရမယ့္အစား ျပႆနာဆုိတာျဖစ္လာတာနဲ႔ တခ်ိန္တည္းမွာပဲ သင့္အိပ္ခန္းကိုသန္႔ရွင္းေရးလုပ္သလို ခ်က္ခ်င္းရွင္းလင္းသင့္ပါတယ္။

၂။ သင္တို႔ႏွစ္ဦးပက္သတ္မႈအတြက္ ကိုယ္တိုင္ပါဝင္လုပ္ေဆာင္မႈမရိွျခင္း…

ကားအင္ဂ်င္လိုပါပဲ… အျမဲတမ္းဆီျဖည့္ျပီး စက္ႏိႈးေပး လႈပ္ရွားေပးဖို႔လိုအပ္ပါတယ္။ အနည္းဆုံးေတာ့ သင့္အေနနဲ႔ ဒီပက္သတ္မႈအတြက္ ကိုယ္တိုင္ၾကိဳးစားအားထုတ္မႈေတာ့ လုပ္သင့္ပါတယ္။ သူ႔ကိုမေစာင့္ပါနဲ႔။ ကိုယ္တိုင္အဓိကဇာတ္ေဆာင္ျဖစ္တဲ့အတြက္ သင္ပဲအစအဆုံးလႈပ္ရွားမယ့္သူျဖစ္ေၾကာင္း အျမဲသတိရပါ။

၃။ ထိေရာက္တဲ့ဆက္ဆံျခင္းကို ဘယ္လိုရႏုိင္မလဲဆိုတာ သင္ေလ့လာျခင္းမရိွဘူးဆိုရင္…

ကိုယ္နဲ႔အတူေနထိုင္တဲ့လူဟာ ဘယ္လိုစိတ္ထားရိွလဲဆိုတာေလာက္ကိုေတာ့ အၾကမ္းဖ်င္းသိထားသင့္ပါတယ္။ ေလ့လာပါ။ သင္အေသအခ်ာသိထားတယ္ဆိုရင္ေတာ့ ျပႆနာထင္တာထပ္ပိုျပီး ေျဖရွင္းရလြယ္ကူသြားလိမ့္မယ္။ ရွင္းလင္းတဲ့ဆက္ဆံေရးမ်ဳိးနဲ႔ စကားေျပာျခင္း၊ သူတစ္ပါးထံေသခ်ာဂရုစိုက္နားေထာင္ေပးျခင္း နဲ႔ အခ်ိန္ေပးျခင္း စတဲ့ႏွစ္သက္ဖြယ္အေလ့အထေတြကိုလည္း သင္ကိုယ္တိုင္သင္ယူထားမွ ဘယ္သူနဲ႔မဆို အဆင္ေျပမွာျဖစ္ပါတယ္။

၄။ လင္မယားျဖစ္ေပမယ့္ အတူရိွေနတဲ့အခ်ိန္နည္းေနျပီဆိုရင္…

တစ္ေယာက္နဲ႔တစ္ေယာက္အခ်ိန္မေပးဘူးဆိုရင္ေတာ့ ဒီအိမ္ေထာင္ေရးဟာ တည္ျမဲဖို႔အလားအလာနည္းသထက္နည္းလာမွာျဖစ္ပါတယ္။ သင္ကိုယ္တိုင္အခ်ိန္မေပးဘူးဆိုရင္ေတာ့ အဆက္အသြယ္မရိွသလို ေဝးကြာေနသလို သင္ခံစားလာမွာပဲျဖစ္ပါတယ္။ အဲဒါေၾကာင့္ အတူလမ္းေလွ်ာက္ပါ၊ ဒိုင္ယာရီအတူေရးပါ၊ ဟာသရယ္စရာစကားေလးေတြအတူေျပာပါ။

၅။ လုပ္စရာရိွတာေတြ ခြဲေဝျပီးမလုပ္ဘူးဆိုရင္…

အိမ္သန္႔ရွင္းေရးလုပ္ျခင္းတစ္ခုတည္းနဲ႔တင္ ရန္ျဖစ္တဲ့အိမ္ေထာင္ရွင္ေတြ တပုံၾကီးပါ။ အေသးမႊားျပႆနာဆိုေပမယ့္ မ်ားလာရင္ အိမ္ေထာင္ပ်ဳိကြဲတဲ့အေၾကာင္းျပခ်က္အထိ ျဖစ္လာတာ ၾကားဖူးၾကလိမ့္မယ္ထင္ပါတယ္။ အဲဒါေၾကာင့္ ကိုယ္တတ္ႏိုင္သေလာက္အလုပ္ကို အတူဝိုင္းလုပ္ျပီးေတာ့ ကိုယ္ကေတာင္မလုပ္ခ်င္တဲ့အလုပ္ကို သူ႔အားမျဖစ္မေနအတင္းလုပ္ခိုင္းတာေတြကိုေတာ့ ေရွာင္က်ဥ္သင့္ပါတယ္။

Credit:Buzzy

Unicodeဖြင့်ဖတ်ရန်

အိမ်ထောင်ပြိုကွဲခြင်းအထိဖြစ်လာနိုင်တဲ့အမှားများ

လူတိုင်းဘယ်သူမဆို နှစ်ဦးအတူနေရင်ပဋိအက္ခတွေရှိတတ်ကြပါတယ်။ ရန်ဖြစ်တယ်ဆိုတာမဆန်းပါဘူး… ဒါပေမယ့်အကြောင်းပြချက်အမျိုးမျိုးတော့ရှိတတ်ကြပါတယ်။ အဲဒါကြောင့် အိမ်ထောင်ကွဲတဲ့အထိ ပြဿနာမဖြစ်ခင် ဝေးဝေးကနေရှောင်ထားနိုင်ဖို့ ရည်ရွယ်ပြီး မှားယွင်းတဲ့အပြုအမူတွေကို စုစည်းပေးထားပါတယ်။

၁။ လင်မယားအနေနဲ့ ပြဿနာကို သင်လျစ်လှူရှုထားတယ်ဆိုရင်..

ဒါသင်လုပ်ကောင်းလုပ်နိုင်တဲ့ မှားယွင်းတဲ့အရာပဲဖြစ်ပါတယ်။ ပြဿနာကို မသိသလိုခေါင်းရှောင်ထားခြင်းဟာ သေးသေးလေးကို အကြီးကြီးဖြစ်သွားအောင် လုပ်လိုက်တာနဲ့အတူတူပါပဲ။ အဲလိုလုပ်ရမယ့်အစား ပြဿနာဆိုတာဖြစ်လာတာနဲ့ တချိန်တည်းမှာပဲ သင့်အိပ်ခန်းကိုသန့်ရှင်းရေးလုပ်သလို ချက်ချင်းရှင်းလင်းသင့်ပါတယ်။

၂။ သင်တို့နှစ်ဦးပက်သတ်မှုအတွက် ကိုယ်တိုင်ပါဝင်လုပ်ဆောင်မှုမရှိခြင်း…

ကားအင်ဂျင်လိုပါပဲ… အမြဲတမ်းဆီဖြည့်ပြီး စက်နှိုးပေး လှုပ်ရှားပေးဖို့လိုအပ်ပါတယ်။ အနည်းဆုံးတော့ သင့်အနေနဲ့ ဒီပက်သတ်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်မှုတော့ လုပ်သင့်ပါတယ်။ သူ့ကိုမစောင့်ပါနဲ့။ ကိုယ်တိုင်အဓိကဇာတ်ဆောင်ဖြစ်တဲ့အတွက် သင်ပဲအစအဆုံးလှုပ်ရှားမယ့်သူဖြစ်ကြောင်း အမြဲသတိရပါ။

၃။ ထိရောက်တဲ့ဆက်ဆံခြင်းကို ဘယ်လိုရနိုင်မလဲဆိုတာ သင်လေ့လာခြင်းမရှိဘူးဆိုရင်…

ကိုယ်နဲ့အတူနေထိုင်တဲ့လူဟာ ဘယ်လိုစိတ်ထားရှိလဲဆိုတာလောက်ကိုတော့ အကြမ်းဖျင်းသိထားသင့်ပါတယ်။ လေ့လာပါ။ သင်အသေအချာသိထားတယ်ဆိုရင်တော့ ပြဿနာထင်တာထပ်ပိုပြီး ဖြေရှင်းရလွယ်ကူသွားလိမ့်မယ်။ ရှင်းလင်းတဲ့ဆက်ဆံရေးမျိုးနဲ့ စကားပြောခြင်း၊ သူတစ်ပါးထံသေချာဂရုစိုက်နားထောင်ပေးခြင်း နဲ့ အချိန်ပေးခြင်း စတဲ့နှစ်သက်ဖွယ်အလေ့အထတွေကိုလည်း သင်ကိုယ်တိုင်သင်ယူထားမှ ဘယ်သူနဲ့မဆို အဆင်ပြေမှာဖြစ်ပါတယ်။

၄။ လင်မယားဖြစ်ပေမယ့် အတူရှိနေတဲ့အချိန်နည်းနေပြီဆိုရင်…

တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးဘူးဆိုရင်တော့ ဒီအိမ်ထောင်ရေးဟာ တည်မြဲဖို့အလားအလာနည်းသထက်နည်းလာမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်အချိန်မပေးဘူးဆိုရင်တော့ အဆက်အသွယ်မရှိသလို ဝေးကွာနေသလို သင်ခံစားလာမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် အတူလမ်းလျှောက်ပါ၊ ဒိုင်ယာရီအတူရေးပါ၊ ဟာသရယ်စရာစကားလေးတွေအတူပြောပါ။

၅။ လုပ်စရာရှိတာတွေ ခွဲဝေပြီးမလုပ်ဘူးဆိုရင်…

အိမ်သန့်ရှင်းရေးလုပ်ခြင်းတစ်ခုတည်းနဲ့တင် ရန်ဖြစ်တဲ့အိမ်ထောင်ရှင်တွေ တပုံကြီးပါ။ အသေးမွှားပြဿနာဆိုပေမယ့် များလာရင် အိမ်ထောင်ပျိုကွဲတဲ့အကြောင်းပြချက်အထိ ဖြစ်လာတာ ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ အဲဒါကြောင့် ကိုယ်တတ်နိုင်သလောက်အလုပ်ကို အတူဝိုင်းလုပ်ပြီးတော့ ကိုယ်ကတောင်မလုပ်ချင်တဲ့အလုပ်ကို သူ့အားမဖြစ်မနေအတင်းလုပ်ခိုင်းတာတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။

Credit:Buzzy

မှတ်ချက်များ