တခ်ိဳ႕ေသာ မိန္းကေလးေတြ ရည္းစားမထားရတဲ့ အေၾကာင္းအရင္း




Zawgyi ျဖင့္ဖတ္ရန္

အသက္အ႐ြယ္အတိုင္းအတာ တခုထိေရာက္ေအာင္ ရည္းစားမထားေသးဘဲ တကိုယ္တည္း ခပ္ေအးေအးေနၾကတဲ့ မိန္းကေလးေတြကို ေတြ႕ဖူးၾကမွာပါ ပ်ိဳေမတို႔ေရ။ ဒီလိုလူမ်ိဳးေတြကို ေတြ႕တဲ့အခါ “တသက္လုံး တေယာက္တည္းပဲ ေနသြားေတာ့မွာလား၊ ဒီအ႐ြယ္ထိ ဘာလို႔ ရည္းစားမရွာေသးတာလဲ” ဆိုတဲ့ ေမးခြန္းမ်ိဳးေတြကလည္း ေမးတတ္ၾကပါတယ္။ ဘာျဖစ္လို႔ ရည္းစားမထားဘဲ တကိုယ္တည္းေနၾကသလဲဆိုတဲ့ အေၾကာင္းရင္းေတြကေတာ့ အရမ္းကို ႐ိုးရွင္းလြန္းလွပါတယ္။

(၁) အခ်ိန္မေပးႏိုင္လို႔ပါ


ေန႔စဥ္လုပ္ငန္းေဆာင္တာေတြ၊ လူမႈေရးကိစၥေတြနဲ႔ ရႈပ္ယွက္ခတ္ေနတဲ့ ေန႔စဥ္ဘဝမွာ ကိုယ့္ကိုယ္ပိုင္အခ်ိန္ေတြကို တျခားသူတေယာက္ ဖဲ့ေပးဖို႔ အခ်ိန္မေပးႏိုင္လို႔ ရည္းစားမထားၾကတာပါ။ ကိုယ္က အိမ္မွာ ေအးေအးေဆးေဆး နားခ်င္ေနတဲ့အခါ ရည္းစားကအျပင္မွာေတြ႕ဖို႔ခ်ိန္းတာကို စိတ္မပါဘဲထြက္ရတဲ့ ဒုကၡေတြလည္း မရွိေတာ့ပါဘူး။


(၂) လြတ္လြတ္လပ္လပ္ေနခ်င္လို႔ပါ

 တေယာက္နဲ႔တေယာက္ ခ်စ္ႀကိဳက္ၾကတဲ့အခါ အနည္းနဲ႔အမ်ားဆိုသလိုေတာ့ ခ်ဳပ္ခ်ယ္မႈေလးေတြ ရွိၾကပါတယ္။ ကိုယ့္သေဘာနဲ႔ကိုယ္ စားခ်င္တာစား၊ သြားခ်င္တဲ့ေနရာသြားၿပီး ကိုယ့္စိတ္ႀကိဳက္ လြတ္လြတ္လပ္လပ္ ေနခ်င္ၾကတာေၾကာင့္လည္း ရည္းစားထားဖို႔ကို စိတ္မကူးၾကတာပါ။

(၃) ကိုယ့္ပတ္ဝန္းက်င္က အဆင္မေျပၾကတဲ့ အတြဲေတြကို ၾကည့္ၿပီးစိတ္ကုန္လို႔ပါ


တေယာက္နဲ႔တေယာက္ ခ်စ္ခ်စ္ခင္ခင္ရွိၾကတာဟာ ေပ်ာ္စရာေကာင္းတဲ့ ကိစၥဆိုေပမယ့္ အၿမဲလိုလို ရန္ျဖစ္စကားမ်ားေနၾကတဲ့ အတြဲေတြကို ျမင္ေနရရင္ေတာ့ ရည္းစားထားဖို႔ကို အလိုလိုေနရင္း တြန႔္ဆုတ္ေနၾကတာပါ။



(၄) ကိုယ့္မွာသူငယ္ခ်င္းေကာင္းေတြ ရွိလို႔ပါ

ကိုယ္နဲ႔အၿမဲတမ္း စိတ္တူကိုယ္တူ သူငယ္ခ်င္းအေပါင္းအသင္းေကာင္းေတြရွိေနမယ္၊ တီးတိုးေဖာ္ တိုင္ပင္ဖက္ေကာင္းေတြ ရွိေနမယ္ဆိုရင္ေတာ့ ရည္းစားဆိုတာကို အလုပ္ရႈပ္ခံၿပီး ထားေနစရာမလိုေတာ့ပါဘူး။

(၅) အတိတ္က သင္ခန္းစာေတြေၾကာင့္ပါ

အတိတ္မွာ စိတ္ပ်က္နာက်င္စရာ relationship တခုရွိခဲ့မယ္ဆိုရင္လည္း ေနာက္ထပ္ လက္တြဲေဖာ္ရည္းစားရွာဖို႔ကို စိတ္ကူးမရွိၾကေတာ့ပါဘူး။

Credit : Aunty may


Unicode ဖြင့်ဖတ်ရန်

တချို့သော မိန်းကလေးတွေ ရည်းစားမထားရတဲ့ အကြောင်းအရင်း




အသက်အရွယ်အတိုင်းအတာ တခုထိရောက်အောင် ရည်းစားမထားသေးဘဲ တကိုယ်တည်း ခပ်အေးအေးနေကြတဲ့ မိန်းကလေးတွေကို တွေ့ဖူးကြမှာပါ ပျိုမေတို့ရေ။ ဒီလိုလူမျိုးတွေကို တွေ့တဲ့အခါ “တသက်လုံး တယောက်တည်းပဲ နေသွားတော့မှာလား၊ ဒီအရွယ်ထိ ဘာလို့ ရည်းစားမရှာသေးတာလဲ” ဆိုတဲ့ မေးခွန်းမျိုးတွေကလည်း မေးတတ်ကြပါတယ်။ ဘာဖြစ်လို့ ရည်းစားမထားဘဲ တကိုယ်တည်းနေကြသလဲဆိုတဲ့ အကြောင်းရင်းတွေကတော့ အရမ်းကို ရိုးရှင်းလွန်းလှပါတယ်။

(၁) အချိန်မပေးနိုင်လို့ပါ


နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ လူမှုရေးကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို တခြားသူတယောက် ဖဲ့ပေးဖို့ အချိန်မပေးနိုင်လို့ ရည်းစားမထားကြတာပါ။ ကိုယ်က အိမ်မှာ အေးအေးဆေးဆေး နားချင်နေတဲ့အခါ ရည်းစားကအပြင်မှာတွေ့ဖို့ချိန်းတာကို စိတ်မပါဘဲထွက်ရတဲ့ ဒုက္ခတွေလည်း မရှိတော့ပါဘူး။


(၂) လွတ်လွတ်လပ်လပ်နေချင်လို့ပါ

 တယောက်နဲ့တယောက် ချစ်ကြိုက်ကြတဲ့အခါ အနည်းနဲ့အများဆိုသလိုတော့ ချုပ်ချယ်မှုလေးတွေ ရှိကြပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် စားချင်တာစား၊ သွားချင်တဲ့နေရာသွားပြီး ကိုယ့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေချင်ကြတာကြောင့်လည်း ရည်းစားထားဖို့ကို စိတ်မကူးကြတာပါ။

(၃) ကိုယ့်ပတ်ဝန်းကျင်က အဆင်မပြေကြတဲ့ အတွဲတွေကို ကြည့်ပြီးစိတ်ကုန်လို့ပါ


တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်ရှိကြတာဟာ ပျော်စရာကောင်းတဲ့ ကိစ္စဆိုပေမယ့် အမြဲလိုလို ရန်ဖြစ်စကားများနေကြတဲ့ အတွဲတွေကို မြင်နေရရင်တော့ ရည်းစားထားဖို့ကို အလိုလိုနေရင်း တွန့်ဆုတ်နေကြတာပါ။



(၄) ကိုယ့်မှာသူငယ်ချင်းကောင်းတွေ ရှိလို့ပါ

ကိုယ်နဲ့အမြဲတမ်း စိတ်တူကိုယ်တူ သူငယ်ချင်းအပေါင်းအသင်းကောင်းတွေရှိနေမယ်၊ တီးတိုးဖော် တိုင်ပင်ဖက်ကောင်းတွေ ရှိနေမယ်ဆိုရင်တော့ ရည်းစားဆိုတာကို အလုပ်ရှုပ်ခံပြီး ထားနေစရာမလိုတော့ပါဘူး။

(၅) အတိတ်က သင်ခန်းစာတွေကြောင့်ပါ

အတိတ်မှာ စိတ်ပျက်နာကျင်စရာ relationship တခုရှိခဲ့မယ်ဆိုရင်လည်း နောက်ထပ် လက်တွဲဖော်ရည်းစားရှာဖို့ကို စိတ်ကူးမရှိကြတော့ပါဘူး။

Credit : Aunty may


မှတ်ချက်များ