အေရျပားမွာ အင္ပ်ဥ္ေတြထခဲ့ရင္
Zawgyi ျဖင့္ဖတ္ရန္
အေရျပားမွာ အင္ပ်ဥ္ထတာက လူေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ရႏိုင္တဲ့ အေရျပားျပႆနာတစ္ခုပါ။ အေရျပား အင္ပ်ဥ္ထတဲ့ အေျခအေနခ်င္းက တစ္ခုနဲ႔တစ္ခု မတူညီတတ္ၾကပါဘူး။ ဒါေပမယ့္ အေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ ယားယံၿပီး ေနရခက္တာကေတာ့ အေသအခ်ာပါပဲ။ ဒီလိုမ်ိဳးအေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ ဘယ္လိုေလးေတြ လုပ္ရင္သက္သာေစမလဲဆိုတာကို ေျပာျပေပးပါရေစ။ အေရျပားမွာ အင္ပ်ဥ္ထတာခႏၶာကိုယ္ရဲ႕ ေနရာတိုင္းမွာ ျဖစ္ႏိုင္ပါတယ္။ အေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ နီျမန္းတာ၊ ယားယံတာေတြကေတာ့ ေတြ႕ရမ်ားတဲ့ အင္ပ်ဥ္ထတဲ့ လကၡဏာေတြပါ။
ရွားေစာင္းလက္ပပ္
ရွားေစာင္းလက္ပပ္က အေရျပားျပႆနာ ေတာ္ေတာ္မ်ားမ်ားကို သက္သာေစႏိုင္တယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ား သိထားၿပီးသား ျဖစ္မယ္ထင္ပါတယ္။ အင္ပ်ဥ္ထတဲ့အခါမွာလည္း အင္ပ်ဥ္ျဖစ္ေနတဲ့ေနရာကိုရွားေစာင္းလက္ပပ္ အသားနဲ႔ ပြတ္ေပးလို႔ရပါတယ္။ ရွားေစာင္းလက္ပပ္က အနာကိုလည္းက်က္ေစႏိုင္ပါတယ္။
ပန္းသီးဗီနီကာ
အေရျပားျပႆနာ ေတာ္ေတာ္မ်ားမ်ားအတြက္ ပန္းသီးဗီနီကာကို သုံးလို႔ရပါတယ္။ ဝက္ၿခံထြက္တဲ့အခါမွာလည္း ပန္းသီးဗီနီကာကို အသုံးျပဳေပးလို႔ရပါတယ္။ ပန္းသီးဗီနီကာကို ဂြမ္းစေလးမွာစြတ္ၿပီး အင္ပ်ဥ္ျဖစ္တဲ့ေနရာကို လူးေပးမယ္ဆိုရင္ အင္ပ်ဥ္ေၾကာင့္ ယားယံတာကို သက္သာေစမွာ ေသခ်ာပါတယ္။
မုန႔္ဖုတ္ေဆာ္ဒါ
မုန႔္ဖုတ္ေဆာ္ဒါကို အေရျပားျပႆနာ ေတာ္ေတာ္မ်ားမ်ားအတြက္ အသုံးျပဳလို႔ရပါတယ္။ မုန႔္ဖုတ္ေဆာ္ဒါကအေရျပားျပႆနာ ျဖစ္တဲ့ေနရာေတြကို ေျခာက္ေသြ႕ေအာင္ လုပ္ေဆာင္ေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။ အင္ပ်ဥ္ထတဲ့ေနရာေတြကို မုန႔္ဖုတ္ေဆာ္ဒါ ေရေဖ်ာ္ၿပီး လူးေပးၿပီး ေျခာက္ေအာင္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရေဆးခ်လိုက္ပါ။ အေရျပားယားယံတာကို သက္သာေစပါလိမ့္မယ္။
သံလြင္ဆီ
သံလြင္ဆီက အေရျပားကို အစိုဓာတ္ထိန္းေပးသလို အနာက်က္ေစႏိုင္တဲ့အျပင္ အေရျပားကိုလည္း အသစ္ ျဖစ္ေပၚေစႏိုင္ပါတယ္။ အေရျပားကို ေခ်ာေမြ႕ေစၿပီး ယားယံမႈကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။
ေရခဲကပ္ေပးပါ
ေရခဲကပ္ေပးတာကလည္း အင္ပ်ဥ္ကို ေတာ္ေတာ္သက္သာေစတဲ့ နည္းတစ္ခုပါ။ ေရခဲမရွိခဲ့ရင္လည္း ေရေအးဝတ္ ကပ္ေပးလို႔ရပါတယ္။ အေအးဓာတ္က အေရျပားယားယံတာကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။
အုန္းဆီနဲ႔လက္ဖက္ဆီ
အေရျပားမွာ ေပြးတို႔ညႇင္းတို႔ ေပါက္တဲ့အခါမွာလည္း အေရျပားယားယံတာကို ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုမ်ိဳး အေရျပား ျပႆနာေတြေၾကာင့္ အေရျပားနီျမန္းယားယံတာမ်ိဳး ျဖစ္မယ္ဆိုရင္ မႈိပိုးေတြကို ေသေစႏိုင္စြမ္းရွိတဲ့ လက္ဖက္ဆီေတြနဲ႔ အုန္းဆီကိုေရာစပ္ေပးၿပီး လူးေပးလို႔ရပါတယ္။
တမာ႐ြက္
တမာ႐ြက္က အေရျပားျပႆနာေတြကို ေတာ္ေတာ္ေလးကို သက္သာေစႏိုင္တဲ့ အာနိသင္ရွိပါတယ္။ အေရျပားမွာ အင္ပ်ဥ္ထတဲ့အခါ တမာ႐ြက္ကို ႀကိတ္ေျခၿပီးလူးေပးလို႔ရပါတယ္။ ဒါကလည္း အင္ပ်ဥ္သက္သာေစမယ့္ နည္းလမ္းတစ္ခုပါ။ ဝက္ၿခံျဖစ္တဲ့သူေတြအေနနဲ႔လည္း တမာ႐ြက္ကို ႀကိတ္ေျခၿပီး ဝက္ၿခံျဖစ္တဲ့ေနရာမွာ လူးေပးလို႔ရပါတယ္။ တမာ႐ြက္က အေရျပားမွာ ဓာတ္မတည့္မႈျဖစ္ေစတဲ့အရာေတြကို ဖယ္ရွားေပးႏိုင္တဲ့အာ နိသင္ရွိပါတယ္။
ငွက္ေပ်ာခြံ
အေရျပားအင္ပ်ဥ္ထတဲ့ ေနရာေတြကို ငွက္ေပ်ာခြံနဲ႔ ပြတ္ေပးတာကလည္း အေရျပားေပၚက ဓာတ္မတည့္မႈေတြကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ အေရျပားျပႆနာေတြျဖစ္တဲ့ အေရျပားယားယံတာ၊ ႏွင္းခူျဖစ္တာနဲ႔ ဝက္ၿခံေတြ သက္သာေစဖို႔အတြက္လည္း ငွက္ေပ်ာခြံနဲ႔ ပြတ္ေပးလို႔ရပါတယ္။
Credit-Hellosayarwon.com
Unicode ဖြင့်ဖတ်ရန်
အရေပြားမှာ အင်ပျဉ်တွေထခဲ့ရင်
အရေပြားမှာ အင်ပျဉ်ထတာက လူတော်တော်များများ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့ အခြေအနေချင်းက တစ်ခုနဲ့တစ်ခု မတူညီတတ်ကြပါဘူး။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထတဲ့အခါ ဘယ်လိုလေးတွေ လုပ်ရင်သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။ အရေပြားမှာ အင်ပျဉ်ထတာခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်က အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများ သိထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကိုရှားစောင်းလက်ပပ် အသားနဲ့ ပွတ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က အနာကိုလည်းကျက်စေနိုင်ပါတယ်။
ပန်းသီးဗီနီကာ
အရေပြားပြဿနာ တော်တော်များများအတွက် ပန်းသီးဗီနီကာကို သုံးလို့ရပါတယ်။ ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကို အသုံးပြုပေးလို့ရပါတယ်။ ပန်းသီးဗီနီကာကို ဂွမ်းစလေးမှာစွတ်ပြီး အင်ပျဉ်ဖြစ်တဲ့နေရာကို လူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့် ယားယံတာကို သက်သာစေမှာ သေချာပါတယ်။
မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာ တော်တော်များများအတွက် အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါကအရေပြားပြဿနာ ဖြစ်တဲ့နေရာတွေကို ခြောက်သွေ့အောင် လုပ်ဆောင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ အင်ပျဉ်ထတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါ ရေဖျော်ပြီး လူးပေးပြီး ခြောက်အောင်ထားလိုက်ပါ။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။ အရေပြားယားယံတာကို သက်သာစေပါလိမ့်မယ်။
သံလွင်ဆီ
သံလွင်ဆီက အရေပြားကို အစိုဓာတ်ထိန်းပေးသလို အနာကျက်စေနိုင်တဲ့အပြင် အရေပြားကိုလည်း အသစ် ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေပြားကို ချောမွေ့စေပြီး ယားယံမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။
ရေခဲကပ်ပေးပါ
ရေခဲကပ်ပေးတာကလည်း အင်ပျဉ်ကို တော်တော်သက်သာစေတဲ့ နည်းတစ်ခုပါ။ ရေခဲမရှိခဲ့ရင်လည်း ရေအေးဝတ် ကပ်ပေးလို့ရပါတယ်။ အအေးဓာတ်က အရေပြားယားယံတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။
အုန်းဆီနဲ့လက်ဖက်ဆီ
အရေပြားမှာ ပွေးတို့ညှင်းတို့ ပေါက်တဲ့အခါမှာလည်း အရေပြားယားယံတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး အရေပြား ပြဿနာတွေကြောင့် အရေပြားနီမြန်းယားယံတာမျိုး ဖြစ်မယ်ဆိုရင် မှိုပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့ လက်ဖက်ဆီတွေနဲ့ အုန်းဆီကိုရောစပ်ပေးပြီး လူးပေးလို့ရပါတယ်။
တမာရွက်
တမာရွက်က အရေပြားပြဿနာတွေကို တော်တော်လေးကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ တမာရွက်ကို ကြိတ်ခြေပြီးလူးပေးလို့ရပါတယ်။ ဒါကလည်း အင်ပျဉ်သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့လည်း တမာရွက်ကို ကြိတ်ခြေပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လူးပေးလို့ရပါတယ်။ တမာရွက်က အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့အာ နိသင်ရှိပါတယ်။
ငှက်ပျောခွံ
အရေပြားအင်ပျဉ်ထတဲ့ နေရာတွေကို ငှက်ပျောခွံနဲ့ ပွတ်ပေးတာကလည်း အရေပြားပေါ်က ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အရေပြားပြဿနာတွေဖြစ်တဲ့ အရေပြားယားယံတာ၊ နှင်းခူဖြစ်တာနဲ့ ဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောခွံနဲ့ ပွတ်ပေးလို့ရပါတယ်။
Credit-Hellosayarwon.com


မှတ်ချက်များ