အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ မွတ္ဉာဏ္ပိုေကာင္းေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပ
Zawgyiျဖင့္ဖတ္ရန္
အမွတ္တရေတြနဲ႔ ပတ္သတ္လာရင္ အမ်ိဳးသမီးေတြဟာ အမွတ္တရ အားလုံးကို ျပန္သတိရေစတဲ့ စူပါပါဝါရွိပုံ ရပါတယ္။ သူတို႔ ဘာေတြေျပာခဲ့သလဲ? သူတို႔ရဲ႕ ပါတနာက သူတို႔ရဲ႕ ရွပ္အက်ႌကို ဘယ္မွာ ထားခဲ့သလဲ? လြန္ခဲ့တဲ့ ၃လေလာက္က စားေသာက္ဆိုင္မွာ သူတို႔ ဘာေတြ မွာစားခဲ့သလဲဆိုတာကို မွတ္မိၾကပါတယ္။ သိပၸံပညာက အမ်ိဳးသမီးေတြဟာ လူေတြ၊ ေနရာေတြ၊ စိတ္လႈပ္ရွားမႈေတြကို အလြတ္က်က္မွတ္ႏိုင္စြမ္း ပိုေကာင္းတယ္ဆိုတာ သက္ေသျပခဲ့ပါတယ္။ တခါတရံမွာ အမ်ိဳးသမီးေတြဟာ အရာအားလုံးကို သိသလို ခံစားရၿပီး တစ္ေယာက္ေယာက္က အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ လိုအပ္လာတဲ့အခါမွာ ကယ္တင္ရွင္ေတြ ျဖစ္လာၾကပါတယ္။ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားဟာ ကမာၻႀကီးကို ရႈျမင္ပုံ အနည္းငယ္ကြာျခားပါတယ္။ ဒါ့ေၾကာင့္ ဒီသုေတသနေတြ႕ရွိခ်က္အရ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးၾကားက စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေလ့လာမႈ ရလဒ္ေတြ အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ သိျမင္ပုံျခင္း ျခားနားပါတယ္
စိတ္ပညာရွင္မ်ားက အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြမွာ အရာဝတၱဳေတြကို မွတ္မိပုံ ကြဲျပားေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အမ်ိဳးသမီးေတြမွာ ပိုမိုေကာင္းမြန္တဲ့ မွတ္ဥာဏ္ရွိပါတယ္။ သူတို႔ဟာ လူေတြ၊ အရာဝတၱဳေတြရဲ႕ တည္ေနရာႏွင့္ သူတို႔ရွင္းရွင္းလင္းလင္း ေျပာခဲ့တဲ့ စကားလုံးေတြကို မွတ္မိေစဖို႔ ကူညီေပးတဲ့ episodic memory ေကာင္းရွိပါတယ္။
၂။ အမ်ိဳးသမီးေတြဟာ စကားေ႐ြးခ်ယ္ သုံးႏႈန္းမႈ ပိုေကာင္းပါတယ္
ဒီယူဆခ်က္ မွန္ကန္ေၾကာင္း သက္ေသျပႏိုင္ဖို႔အတြက္ arolinska Institute မွ သုေတသီမ်ားဟာ ပါဝင္သူ စုစုေပါင္း ၁.၂သန္းေက်ာ္ႏွင့္အတူ ၁၉၇၃မွ ၂၀၁၃အထိ ေလ့လာမႈေပါင္း ၆၁၇ခုကို ေလ့လာခဲ့ၾကပါတယ္။ ႏႈတ္ျဖင့္ အင္ေဖာ္ေမးရွင္းေတြကို မွတ္မိျခင္းႏွင့္ ပတ္သတ္ၿပီး အမ်ိဳးသမီးေတြမွာ သိျမင္မႈစြမ္းရည္ ပိုရွိတာကို ေတြ႕ရွိခဲ့ၾကပါတယ္။ အမ်ိဳးသမီးေတြဟာ စကားလုံးေတြ၊ စာသားေတြ၊ စကားေျပာဆိုမႈႏွင့္ ႐ုပ္ရွင္ေတြကို ပိုမွတ္မိႏိုင္ပါတယ္၊ အရာဝတၱဳေတြကို အလြယ္တကူ ရွာေတြ႕ႏိုင္ၿပီး အခ်ိဳ႕အရာေတြကို ဘယ္ေနရာမွာထားတယ္ဆိုတာ အတိအက် သိပါတယ္။
၃။ သူတို႔ဟာ ႏႈတ္ေျပာစကားေတြ အားလုံးကို မွတ္မိပါတယ္
Cornell ရဲ႕ လူ႔ေဂဟေဗဒေကာလိပ္မွ သုေတသီမ်ားဟာ ေနာက္ထပ္ စမ္းသပ္ေလ့လာမႈတစ္ခုကို ျပဳလုပ္ခဲ့ၾကပါတယ္။ သူတို႔ဟာ သင္တန္းသားမ်ားကို တစ္ပတ္အတြင္း စာသားမက္ေဆ့ခ်္ ၃ေၾကာင္း ပို႔ေပးခဲ့ၿပီး သူတို႔ရဲ႕ ေနာက္ဆုံး မိနစ္ ၃၀ကို တတ္ႏိုင္သေလာက္ အေသးစိတ္ေဖာ္ျပဖို႔ ေျပာခဲ့ပါတယ္။ ထိုရက္သတၱပတ္အကုန္မွာ သင္တန္းသားမ်ားကို ဒီျဖစ္ရပ္ေတြႏွင့္ ပတ္သတ္ၿပီး သူတို႔ မွတ္မိခဲ့တဲ့ အရာေတြကို မွ်ေဝဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အမ်ိဳးသမီးေတြဟာ လူမႈေရးအရ ပိုအာ႐ုံစိုက္ရတဲ့ အမွတ္ရစရာေတြကို ပိုၿပီး မွတ္မိၾကပါတယ္။ သူတို႔ဟာ အမ်ိဳးသားေတြႏွင့္ ႏႈိင္းယွဥ္ရင္ လူေတြ၊ စိတ္ခံစားမႈေတြႏွင့္ စကားေျပာဆိုမႈေတြကို အာ႐ုံ ပိုစိုက္ခဲ့ၾကပါတယ္။
၄။ အမ်ိဳးသားေတြမွာ မယုံႏိုင္ေလာက္တဲ့ sense of direction (လမ္းေၾကာင္းရွာေဖြႏိုင္စြမ္း) ရွိပါတယ္
အမ်ိဳးသားေတြမွာလည္း အားသာခ်က္ေတြ ရွိပါတယ္။ သုေတသီမ်ားက အမ်ိဳးသားေတြမွာ spatial processing ႏွင့္ဆက္ႏြယ္ေနတဲ့ သတင္းအခ်က္ေတြကို မွတ္မိတဲ့ေနရာမွာ ပိုေကာင္းေၾကာင္း ေကာက္ခ်က္ခ်ခဲ့ပါတယ္။ သူတို႔ဟာ စိတၱဇ႐ုပ္ပုံေတြကို မွတ္မိဖို႔ ပိုလြယ္ၿပီး လမ္းေၾကာင္းရွာေဖြႏိုင္စြမ္း ပိုေကာင္းၾကပါတယ္။ အမ်ိဳးသားေတြဟာ ပတ္ဝန္းက်င္ကို ေကာင္းေကာင္းမွတ္မိႏိုင္ၿပီး တစ္ေနရာမွ တစ္ေနရာသို႔ သူတို႔သြားရာလမ္းကို ရွာဖို႔ ပိုမိုလြယ္ကူပါတယ္။
LM_Nandar
Credit:Lifestyle_Myanmar
Unicodeဖြင့်ဖတ်ရန်
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မှတ်ဉာဏ်ပိုကောင်းကြောင်း လေ့လာမှုတစ်ခုက ဖော်ပြ
အမှတ်တရတွေနဲ့ ပတ်သတ်လာရင် အမျိုးသမီးတွေဟာ အမှတ်တရ အားလုံးကို ပြန်သတိရစေတဲ့ စူပါပါဝါရှိပုံ ရပါတယ်။ သူတို့ ဘာတွေပြောခဲ့သလဲ? သူတို့ရဲ့ ပါတနာက သူတို့ရဲ့ ရှပ်အင်္ကျီကို ဘယ်မှာ ထားခဲ့သလဲ? လွန်ခဲ့တဲ့ ၃လလောက်က စားသောက်ဆိုင်မှာ သူတို့ ဘာတွေ မှာစားခဲ့သလဲဆိုတာကို မှတ်မိကြပါတယ်။ သိပ္ပံပညာက အမျိုးသမီးတွေဟာ လူတွေ၊ နေရာတွေ၊ စိတ်လှုပ်ရှားမှုတွေကို အလွတ်ကျက်မှတ်နိုင်စွမ်း ပိုကောင်းတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ တခါတရံမှာ အမျိုးသမီးတွေဟာ အရာအားလုံးကို သိသလို ခံစားရပြီး တစ်ယောက်ယောက်က အရေးကြီးတဲ့ သတင်းအချက်အလက်တွေ လိုအပ်လာတဲ့အခါမှာ ကယ်တင်ရှင်တွေ ဖြစ်လာကြပါတယ်။ အမျိုးသမီးနှင့် အမျိုးသားဟာ ကမ္ဘာကြီးကို ရှုမြင်ပုံ အနည်းငယ်ကွာခြားပါတယ်။ ဒါ့ကြောင့် ဒီသုတေသနတွေ့ရှိချက်အရ အမျိုးသားနှင့် အမျိုးသမီးကြားက စိတ်ဝင်စားဖို့ကောင်းတဲ့ လေ့လာမှု ရလဒ်တွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သိမြင်ပုံခြင်း ခြားနားပါတယ်
စိတ်ပညာရှင်များက အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ အရာဝတ္တုတွေကို မှတ်မိပုံ ကွဲပြားကြောင်း တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေမှာ ပိုမိုကောင်းမွန်တဲ့ မှတ်ဉာဏ်ရှိပါတယ်။ သူတို့ဟာ လူတွေ၊ အရာဝတ္တုတွေရဲ့ တည်နေရာနှင့် သူတို့ရှင်းရှင်းလင်းလင်း ပြောခဲ့တဲ့ စကားလုံးတွေကို မှတ်မိစေဖို့ ကူညီပေးတဲ့ episodic memory ကောင်းရှိပါတယ်။
၂။ အမျိုးသမီးတွေဟာ စကားရွေးချယ် သုံးနှုန်းမှု ပိုကောင်းပါတယ်
ဒီယူဆချက် မှန်ကန်ကြောင်း သက်သေပြနိုင်ဖို့အတွက် arolinska Institute မှ သုတေသီများဟာ ပါဝင်သူ စုစုပေါင်း ၁.၂သန်းကျော်နှင့်အတူ ၁၉၇၃မှ ၂၀၁၃အထိ လေ့လာမှုပေါင်း ၆၁၇ခုကို လေ့လာခဲ့ကြပါတယ်။ နှုတ်ဖြင့် အင်ဖော်မေးရှင်းတွေကို မှတ်မိခြင်းနှင့် ပတ်သတ်ပြီး အမျိုးသမီးတွေမှာ သိမြင်မှုစွမ်းရည် ပိုရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ အမျိုးသမီးတွေဟာ စကားလုံးတွေ၊ စာသားတွေ၊ စကားပြောဆိုမှုနှင့် ရုပ်ရှင်တွေကို ပိုမှတ်မိနိုင်ပါတယ်၊ အရာဝတ္တုတွေကို အလွယ်တကူ ရှာတွေ့နိုင်ပြီး အချို့အရာတွေကို ဘယ်နေရာမှာထားတယ်ဆိုတာ အတိအကျ သိပါတယ်။
၃။ သူတို့ဟာ နှုတ်ပြောစကားတွေ အားလုံးကို မှတ်မိပါတယ်
Cornell ရဲ့ လူ့ဂေဟဗေဒကောလိပ်မှ သုတေသီများဟာ နောက်ထပ် စမ်းသပ်လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ သင်တန်းသားများကို တစ်ပတ်အတွင်း စာသားမက်ဆေ့ချ် ၃ကြောင်း ပို့ပေးခဲ့ပြီး သူတို့ရဲ့ နောက်ဆုံး မိနစ် ၃၀ကို တတ်နိုင်သလောက် အသေးစိတ်ဖော်ပြဖို့ ပြောခဲ့ပါတယ်။ ထိုရက်သတ္တပတ်အကုန်မှာ သင်တန်းသားများကို ဒီဖြစ်ရပ်တွေနှင့် ပတ်သတ်ပြီး သူတို့ မှတ်မိခဲ့တဲ့ အရာတွေကို မျှဝေဖို့ တောင်းဆိုခဲ့ပါတယ်။ အမျိုးသမီးတွေဟာ လူမှုရေးအရ ပိုအာရုံစိုက်ရတဲ့ အမှတ်ရစရာတွေကို ပိုပြီး မှတ်မိကြပါတယ်။ သူတို့ဟာ အမျိုးသားတွေနှင့် နှိုင်းယှဉ်ရင် လူတွေ၊ စိတ်ခံစားမှုတွေနှင့် စကားပြောဆိုမှုတွေကို အာရုံ ပိုစိုက်ခဲ့ကြပါတယ်။
၄။ အမျိုးသားတွေမှာ မယုံနိုင်လောက်တဲ့ sense of direction (လမ်းကြောင်းရှာဖွေနိုင်စွမ်း) ရှိပါတယ်
အမျိုးသားတွေမှာလည်း အားသာချက်တွေ ရှိပါတယ်။ သုတေသီများက အမျိုးသားတွေမှာ spatial processing နှင့်ဆက်နွယ်နေတဲ့ သတင်းအချက်တွေကို မှတ်မိတဲ့နေရာမှာ ပိုကောင်းကြောင်း ကောက်ချက်ချခဲ့ပါတယ်။ သူတို့ဟာ စိတ္တဇရုပ်ပုံတွေကို မှတ်မိဖို့ ပိုလွယ်ပြီး လမ်းကြောင်းရှာဖွေနိုင်စွမ်း ပိုကောင်းကြပါတယ်။ အမျိုးသားတွေဟာ ပတ်ဝန်းကျင်ကို ကောင်းကောင်းမှတ်မိနိုင်ပြီး တစ်နေရာမှ တစ်နေရာသို့ သူတို့သွားရာလမ်းကို ရှာဖို့ ပိုမိုလွယ်ကူပါတယ်။
LM_Nandar
Credit:Lifestyle_Myanmar


မှတ်ချက်များ