ခ်စ္သူကို ဘယ္ေလာက္ခ်စ္ခ်စ္ မိန္းကေလးေတြ လုံးဝ ခြင့္မလႊတ္ႏိုင္ေသာ အခ်က္မ်ား
Zawgyi ျဖင့္ဖတ္ရန္
အခ်စ္မွာ မ်က္စိ မရွိဘူးဆိုတာ ဟုတ္ပါတယ္။ မိန္းကေလးေတြက ခ်စ္ရင္ တစ္ျခားေသာ အေၾကာင္းအခ်က္ေတြ သိပ္မၾကည့္ေတာ့ပါဘူး။ ဆင္းရဲသည္ျဖစ္ေစ၊ ခ်မ္းသာသည္ျဖစ္ေစ၊ ႐ုပ္ေခ်ာသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ သူတို႔ မညိဳညင္ပဲ ခ်စ္ႏိုင္ၾကပါတယ္။ ဒါေပမဲ့ ဒီလိုအခ်က္ေတြဆိုရင္ေတာ့ သူတို႔ လုံးဝ သည္းမခံတတ္ၾကပါဘူး။
(၁) မၾကာခဏ လိမ္ေျပာတာ
မိန္းကေလးေတြက စိတ္ဆိုးစိတ္ေကာက္တတ္တယ္ ဆိုေပမဲ့ ဒါက သူတို႔စိတ္ထဲ အရမ္းေဒါသထြက္တာ၊ မႀကိဳက္တာမ်ိဳး မဟုတ္ပါဘူး။ သူတို႔ကို ေဒါသထြက္ေစတာ မႀကိဳက္တာကေတာ့ လိမ္တာ ျဖစ္ပါတယ္။ တစ္ခါ ႏွစ္ခါေလာက္ လိမ္ရင္ စိတ္ဆိုးေပမဲ့ သိပ္မေျပာပေလာက္ပါဘူး။ ဒါေပမဲ့ ခဏခဏ လိမ္ေနရင္ေတာ့ သင္ သူတို႔ဆီက ယုံၾကည္မႈ ရဖို႔ဆိုတာ မလြယ္ေတာ့ပါဘူး။ သူတို႔ မႀကိဳက္ပါဘူး ေျပာထားတာကို လုပ္ၿပီး အလိမ္ေပၚရင္ေတာ့ သူတို႔ သင့္ကို ခြင့္လႊတ္ဖို႔က အေတာ္ခက္ပါတယ္။
(၂) ေဖာက္ျပန္တာ
မိန္းကေလးေတြက သူတို႔ ခ်စ္ေနတဲ့သူက သူတို႔ကို ခ်စ္မွသာ သူတို႔ကို ခ်စ္ေပးဖို႔ ဂ႐ုစိုက္ေပးဖို႔ ေတာင္းဆိုတတ္ၾကပါ။ မခ်စ္ရင္ လွည့္ေတာင္ မၾကည့္တတ္ပါဘူး။ ဒါကို သင္က သူ႔ကို လမ္းခြဲတာမ်ိဳးမရွိပဲ လိမ္ညာၿပီး ေနာက္တစ္ေယာက္ထား ေဖာက္ျပန္ေနရင္ေတာ့ သူတို႔ကို လွည့္စားလို႔ ပိုေဒါသထြက္တတ္ၾကပါတယ္။ သင့္ကို ခ်စ္လို႔ ဝမ္းနည္းမွာထက္ သူ႔ကို လွည့္စားလို႔ ေဒါသထြက္တာက ပိုပါတယ္။
(၃) မခ်စ္ပဲနဲ႔ ခ်စ္ဟန္ေဆာင္ အေပ်ာ္တြဲတာ
မိန္းကေလးေတြက ခ်စ္တဲ့သူမို႔သာ ခ်စ္တယ္ ေျပာတတ္ၾကတာပါ။ သူတို႔အတြက္ ရည္းစားထားခ်င္ရင္ မရွားပါဘူး။ ဒါေပမဲ့ တကယ္ မခ်စ္ပဲနဲ႔ ခ်စ္ပါတယ္ မခြဲပါဘူး ပလီပလာေတြနဲ႔ အေပ်ာ္တြဲတာကိုေတာ့ မႀကိဳက္တတ္ၾကပါဘူး။ သူတို႔ကို အေပ်ာ္တြဲဖို႔ လာေျပာတာက သူတို႔သိကၡာကို ေစာ္ကားသလို ျဖစ္လို႔ မႀကိဳက္တတ္ၾကပါဘူး။ အဆိုးဆုံးကေတာ့ သင္က သူ႔ကို အေပ်ာ္တြဲေနခဲ့ၿပီး သင့္ကိုေတာ့ တကယ္ပါလို႔ လိမ္ညာထားတာကို ပတ္ဝန္းက်င္က ျပန္သိရတဲ့ အခ်ိန္ပါပဲ။
(၄) သက္ဆိုင္သူရွိရက္နဲ႔ လာပတ္သတ္တာ
သက္ဆိုင္သူလည္း ရွိရက္နဲ႔ မရွိပါဘူးဆိုၿပီး သင့္ကို အငယ္အေႏွာင္းပုံစံ လာထားတာကို မိန္းကေလးေတြက မႀကိဳက္ၾကပါဘူး။ လြတ္လပ္တဲ့သူဆိုၿပီး သူတို႔ ခ်စ္ခဲ့ တြဲခဲ့တဲ့သူက သက္ဆိုင္သူရွိေနေၾကာင္း တစ္ျခားသူက တဆင့္ ျပန္ၾကားရတဲ့အခါ သူတို႔အခ်စ္ကေန မုန္းတီးေဒါသထြက္မႈဆီ ေျပာင္းသြားတတ္ပါတယ္။ သူတို႔ကို အေပါစားဆန္ဆန္ လာဆက္ဆံသြားသလို ခံစားရတာေၾကာင့္ ေဒါသထြက္သလို သူ႔အခ်စ္ကို လိမ္ညာယူလို႔ မုန္းတီးသြားတတ္ပါတယ္။
(၅) ရန္ျဖစ္ရင္ လက္ပါတတ္တာ
မိန္းကေလးေတြက ကိုယ္က မႏူးညံ့ရင္ေတာင္ စိတ္ထား ႏူးညံ့ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ကို ေအာ္တာ ေငါက္တာကိုေတာင္ မႀကိဳက္ၾကပါဘူး။ ကိုယ့္မိဘလည္း မဟုတ္တဲ့သူက ကိုယ့္ကို လာေအာ္တာမ်ိဳးကို ပိုလို႔ေတာင္ မႀကိဳက္ၾကပါေသးတယ္။ သူတို႔ ဘယ္လိုမွ သည္းမခံႏိုင္တာကေတာ့ ရန္ျဖစ္ရင္ အေခ်အတင္ ျဖစ္႐ုံမဟုတ္ပဲ သူတို႔အေပၚ လက္ပါလာတာမ်ိဳးကို သူတို႔ အရမ္းမုန္းပါတယ္။ အဲ့အျပဳအမူက သူတို႔ကို တကယ္မခ်စ္ဘူးလို႔ ျပတဲ့ အျပဳအမူျဖစ္လို႔ သင့္ကို ခြင့္မလႊတ္ႏိုင္ေအာင္ကို ေဒါသထြက္တတ္ၾကပါတယ္။
Credit : auntymay
Unicode ဖြင့်ဖတ်ရန်
ချစ်သူကို ဘယ်လောက်ချစ်ချစ် မိန်းကလေးတွေ လုံးဝ ခွင့်မလွှတ်နိုင်သော အချက်များ
အချစ်မှာ မျက်စိ မရှိဘူးဆိုတာ ဟုတ်ပါတယ်။ မိန်းကလေးတွေက ချစ်ရင် တစ်ခြားသော အကြောင်းအချက်တွေ သိပ်မကြည့်တော့ပါဘူး။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရုပ်ချောသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့ မညိုညင်ပဲ ချစ်နိုင်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအချက်တွေဆိုရင်တော့ သူတို့ လုံးဝ သည်းမခံတတ်ကြပါဘူး။
(၁) မကြာခဏ လိမ်ပြောတာ
မိန်းကလေးတွေက စိတ်ဆိုးစိတ်ကောက်တတ်တယ် ဆိုပေမဲ့ ဒါက သူတို့စိတ်ထဲ အရမ်းဒေါသထွက်တာ၊ မကြိုက်တာမျိုး မဟုတ်ပါဘူး။ သူတို့ကို ဒေါသထွက်စေတာ မကြိုက်တာကတော့ လိမ်တာ ဖြစ်ပါတယ်။ တစ်ခါ နှစ်ခါလောက် လိမ်ရင် စိတ်ဆိုးပေမဲ့ သိပ်မပြောပလောက်ပါဘူး။ ဒါပေမဲ့ ခဏခဏ လိမ်နေရင်တော့ သင် သူတို့ဆီက ယုံကြည်မှု ရဖို့ဆိုတာ မလွယ်တော့ပါဘူး။ သူတို့ မကြိုက်ပါဘူး ပြောထားတာကို လုပ်ပြီး အလိမ်ပေါ်ရင်တော့ သူတို့ သင့်ကို ခွင့်လွှတ်ဖို့က အတော်ခက်ပါတယ်။
(၂) ဖောက်ပြန်တာ
မိန်းကလေးတွေက သူတို့ ချစ်နေတဲ့သူက သူတို့ကို ချစ်မှသာ သူတို့ကို ချစ်ပေးဖို့ ဂရုစိုက်ပေးဖို့ တောင်းဆိုတတ်ကြပါ။ မချစ်ရင် လှည့်တောင် မကြည့်တတ်ပါဘူး။ ဒါကို သင်က သူ့ကို လမ်းခွဲတာမျိုးမရှိပဲ လိမ်ညာပြီး နောက်တစ်ယောက်ထား ဖောက်ပြန်နေရင်တော့ သူတို့ကို လှည့်စားလို့ ပိုဒေါသထွက်တတ်ကြပါတယ်။ သင့်ကို ချစ်လို့ ဝမ်းနည်းမှာထက် သူ့ကို လှည့်စားလို့ ဒေါသထွက်တာက ပိုပါတယ်။
(၃) မချစ်ပဲနဲ့ ချစ်ဟန်ဆောင် အပျော်တွဲတာ
မိန်းကလေးတွေက ချစ်တဲ့သူမို့သာ ချစ်တယ် ပြောတတ်ကြတာပါ။ သူတို့အတွက် ရည်းစားထားချင်ရင် မရှားပါဘူး။ ဒါပေမဲ့ တကယ် မချစ်ပဲနဲ့ ချစ်ပါတယ် မခွဲပါဘူး ပလီပလာတွေနဲ့ အပျော်တွဲတာကိုတော့ မကြိုက်တတ်ကြပါဘူး။ သူတို့ကို အပျော်တွဲဖို့ လာပြောတာက သူတို့သိက္ခာကို စော်ကားသလို ဖြစ်လို့ မကြိုက်တတ်ကြပါဘူး။ အဆိုးဆုံးကတော့ သင်က သူ့ကို အပျော်တွဲနေခဲ့ပြီး သင့်ကိုတော့ တကယ်ပါလို့ လိမ်ညာထားတာကို ပတ်ဝန်းကျင်က ပြန်သိရတဲ့ အချိန်ပါပဲ။
(၄) သက်ဆိုင်သူရှိရက်နဲ့ လာပတ်သတ်တာ
သက်ဆိုင်သူလည်း ရှိရက်နဲ့ မရှိပါဘူးဆိုပြီး သင့်ကို အငယ်အနှောင်းပုံစံ လာထားတာကို မိန်းကလေးတွေက မကြိုက်ကြပါဘူး။ လွတ်လပ်တဲ့သူဆိုပြီး သူတို့ ချစ်ခဲ့ တွဲခဲ့တဲ့သူက သက်ဆိုင်သူရှိနေကြောင်း တစ်ခြားသူက တဆင့် ပြန်ကြားရတဲ့အခါ သူတို့အချစ်ကနေ မုန်းတီးဒေါသထွက်မှုဆီ ပြောင်းသွားတတ်ပါတယ်။ သူတို့ကို အပေါစားဆန်ဆန် လာဆက်ဆံသွားသလို ခံစားရတာကြောင့် ဒေါသထွက်သလို သူ့အချစ်ကို လိမ်ညာယူလို့ မုန်းတီးသွားတတ်ပါတယ်။
(၅) ရန်ဖြစ်ရင် လက်ပါတတ်တာ
မိန်းကလေးတွေက ကိုယ်က မနူးညံ့ရင်တောင် စိတ်ထား နူးညံ့ကြပါတယ်။ ဒါကြောင့် သူတို့ကို အော်တာ ငေါက်တာကိုတောင် မကြိုက်ကြပါဘူး။ ကိုယ့်မိဘလည်း မဟုတ်တဲ့သူက ကိုယ့်ကို လာအော်တာမျိုးကို ပိုလို့တောင် မကြိုက်ကြပါသေးတယ်။ သူတို့ ဘယ်လိုမှ သည်းမခံနိုင်တာကတော့ ရန်ဖြစ်ရင် အချေအတင် ဖြစ်ရုံမဟုတ်ပဲ သူတို့အပေါ် လက်ပါလာတာမျိုးကို သူတို့ အရမ်းမုန်းပါတယ်။ အဲ့အပြုအမူက သူတို့ကို တကယ်မချစ်ဘူးလို့ ပြတဲ့ အပြုအမူဖြစ်လို့ သင့်ကို ခွင့်မလွှတ်နိုင်အောင်ကို ဒေါသထွက်တတ်ကြပါတယ်။
Credit : auntymay


မှတ်ချက်များ