စားရင္းေသာက္ရင္း G y n မေဆာ့ပဲ ေပါင္၃၀ ေက်ာ္ ခ်ႏိုင္တဲ့ ၀ိတ္ခ်နည္း
Zawgyiျဖင့္ဖတ္ရန္
ေမပြင့္က ငယ္ငယ္တည္းက ဝဝျပည့္ျပည့္ဆိုေတာ့ ဝိတ္ခ်ရတာ အရမ္းခက္တယ္. . အရင္ကလဲ ဝိတ္ခ်ဖူးပါတယ္. . အဲ့တုန္းကေတာ့ ဝိတ္ခ်ေဆးေတြေသာက္ ဝိတ္က်တဲ့ေကာ္ဖီေသာက္နဲ႔ က်သြားလဲ ခဏပါပဲ
ၿပီးေတာ့အဲ့ေဆးေတြျဖတ္လိုက္တာနဲ႔ခ်က္ခ်င္းကို ဝိတ္ျပန္တက္တာပဲ. . အဲ့လိုနဲ႔ က်သြားလိုက္ ျပန္တတ္လိုက္နဲ႔ သံသရာလည္ေနတာေပါ့ ေမပြင့္အရင္က Gym အရမ္းေဆာ့တယ္. . အဲ့တာေၾကာင့္ ဝေပမယ့္ body က အဆီေတြေတာ့အရမ္းမရိွဘူး ကိတ္သလိုျဖစ္ေနတာေပါ့.
အဲ့ဒါလဲ ေနာက္ပိုင္း ဇက္ကက်ီးေပါင္းျဖစ္တာအရမ္းဆိုးလာေတာ့ belly ရိုက္ရင္ လူကမခံႏိုင္ဘူး. . မူးတယ္. .ေနာက္ပိုင္း gym ေဆာ့ရင္း ေမ့လဲတာမ်ိဳးအထိေတာင္ျဖစ္လာေတာ့ gym ေဆာ့တာကိုရပ္လိုက္ရတယ္
အလုပ္ကလဲ computer အေရွ႕မွာ ထိုင္လုပ္ရတာမ်ားေတာ့ လႈပ္ရွားမႈသိမ့္မရိွဘူး. .အဲ့ေတာ့ လူက အဆီေတြမ်ားလာသလိုခံစားရၿပီး ဝိတ္တကယ္ခ်ၾကည့္မယ္ဆိုၿပီး စိတ္ကိုဆံုးျဖတ္ခဲ့တယ္. . အစပိုင္းမွာေတာ့ လုပ္ရခက္တယ္
ဒါေပမယ့္ကိုယ့္စိတ္ကိုႏိုင္ေအာင္လုပ္ၿပီး ခ်ခဲ့တာ ၅လေက်ာ္ကို ေပါင္၃၀ ခ်ႏိုင္ခဲ့တယ္. .အရမ္းႀကီးအျပင္းအထန္ေတာ့ မလုပ္ပါဘူး. . အစား၁ခုတည္းေရွာင္ၿပီး ခ်ေတာ့ အခ်ိန္ပိုၾကာတာပါ Gym ပါတြဲေဆာ့ရင္ေတာ့ ၄လေလာက္လိုဆို အဆင္ေျပမယ္.
အရင္ကမနက္စာကို ထမင္းေၾကာ္တို႔ နန္းႀကီးသုတ္တို႔ကို ဗိုက္အဝစားခဲ့ရာကေန ဝိတ္ခ်ေတာ့ မနက္စာကို ထမင္းျဖဴနည္းနည္းနဲ႔ၾကက္ဥျပဳတ္ ဒါမွမဟုတ္ ေပါင္မုန္႔ၾကမ္း ၂ခ်ပ္ ေလာက္စားတယ္. .
ေန႔လည္စာနဲ႔ ညစာကိုေတာ့ ထမင္း၊ေခါက္ဆြဲ၊ဂ်ံဳ႕နဲ႔လုပ္ထားတာေတြ လံုးဝမစားေတာ့ဘူး. .ေန႔လည္စာကို Broccoli ေရမုန္႔ညႇင္း ကန္စြန္းရႊက္ စတဲ့ အရႊက္၁မ်ိဳးမ်ိဳးနဲ႔ ၾကက္သားျပဳတ္ ဒါမွမဟုတ္ အမဲသားျပဳတ္ အဲ့တာေတြပဲစားေတာ့တယ္. .
ၾကက္သားဆိုလို CP လံုးဝမစားဘူး ျမန္မာၾကက္ပဲ ျပဳတ္စားတယ္. . အဲ့ဒါေတာင္ျပဳတ္လို႔ ဆီေတြျမင္ရင္ ေရကိုသြန္ၿပီး ျပန္ျပဳတ္တယ္. . ညပိုင္းၾကရင္ ဟင္းရည္တမ်ိဳးမ်ိဳးကို ဗိုက္ဝေအာင္ေသာက္တယ္. . ေသာက္တဲ့ဟင္းရည္လဲအရည္ၾကည္ပဲေသာက္တာ… အဓိက ကေတာ့ ကဆီဓာတ္ပါတဲ့ဟာေတြ အကုန္ျဖတ္တယ္ ဝက္သားျဖတ္တယ္ . . Gas ပါတဲ့ အခ်ိဳရည္ေတြအကုန္ျဖတ္တယ္. .
ေန႔လည္စာကိုေတာ့ ၅လလံုးလံုးကိုယ့္ဘာသာေသခ်ာျပင္ဆင္ၿပီး လုပ္တယ္. . အရြက္ေၾကာ္နဲ႔ အသားျပဳတ္ကို ဗိုက္ဝေနေအာင္စားတာပါ. . ေမပြင့္ ဝိတ္က်သြားတာကို သိခ်င္ေနတဲ့ သူငယ္ခ်င္းေတြ ေမပြင့္ေျပာအတိုင္းလိုက္စားၾကည့္ပါ. . လုပ္ႏိုင္ပါတယ္. .အရမ္းမခက္သလို လူကိုလဲ အနၱရာယ္မျဖစ္ဘူး. .ေန႔လည္စာနဲ႔ ညစာၾကားမွာ ဗိုက္ဆာရင္လဲ ကိုယ္ႀကိဳက္တဲ့ အသီးအႏံွေလးေတြစားနဲ႔. .
ခုဆို အသီးေတြ အရြက္ေတြစားလြန္းလို႔ အသားအေရေတြေတာင္ ၾကည္လာတယ္. . ၿပီးေတာ့ ေမပြင့္ ဝိတ္ခ်ေနတဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔ hot pot တို႔ မာလာရွမ္းေကာတို႔လဲသြားစားတာပဲ😅..
ဒါေပမယ့္ အရြက္နဲ႔ အသားပဲ အဓိကစားတယ္. . အလံုးတို႔ ဝက္သားတို႔လံုးဝမစားဘူး. . မာလာရွမ္းေကာစားရင္လဲ ထမင္းနဲ႔တြဲမစားဘူး. . ဆီေတြစစ္စားတယ္. . မွာကထဲက အသီးေတြနဲ႔ အရြက္ေတြ အမဲသား ၾကက္သား ပုဇြန္ ေတြပဲထည့္ပီးစားတာ. .
အဲ့ေတာ့ ဝိတ္ခ်ခ်င္တဲ့သူငယ္ခ်င္းတို႔ ေသခ်ာေလးလုပ္ၾကည့္ပါ. . ဗိုက္ဝမွာခ်င္းအတူတူ ဝိတ္တက္မည့္ အစားအေသာက္ေတြစားၿပီး ဝိတ္အတက္ခံမလား. .
ခႏၱာကိုယ္ကို fit ျဖစ္ေစမယ့္ အစား စားၿပီး လွေအာင္ေနမလား စဥ္းစားၿပီး စားၾကည့္ၾကပါေနာ္
ေမပြင့္စားတာေလးေတြ ေသခ်ာသိခ်င္ရင္လဲ လာေမးလို႔ရပါတယ္. .
အဓိက ကGym ေဆာ့ဖို႔မအားတဲ့သူေတြ က်န္းမာေရးအရ မေဆာ့ႏိုင္ေသးတဲ့သူေတြ ေမပြင့္လုပ္သလိုေလး လုိက္လုပ္ၾကည့္ပါေနာ္. . .
Credit:May Pwint fb
Unicodeဖြင့်ဖတ်ရန်
စားရင်းသောက်ရင်း G y n မဆော့ပဲ ပေါင်၃၀ ကျော် ချနိုင်တဲ့ ဝိတ်ချနည်း
မေပွင့်က ငယ်ငယ်တည်းက ဝဝပြည့်ပြည့်ဆိုတော့ ဝိတ်ချရတာ အရမ်းခက်တယ်. . အရင်ကလဲ ဝိတ်ချဖူးပါတယ်. . အဲ့တုန်းကတော့ ဝိတ်ချဆေးတွေသောက် ဝိတ်ကျတဲ့ကော်ဖီသောက်နဲ့ ကျသွားလဲ ခဏပါပဲ
ပြီးတော့အဲ့ဆေးတွေဖြတ်လိုက်တာနဲ့ချက်ချင်းကို ဝိတ်ပြန်တက်တာပဲ. . အဲ့လိုနဲ့ ကျသွားလိုက် ပြန်တတ်လိုက်နဲ့ သံသရာလည်နေတာပေါ့ မေပွင့်အရင်က Gym အရမ်းဆော့တယ်. . အဲ့တာကြောင့် ဝပေမယ့် body က အဆီတွေတော့အရမ်းမရှိဘူး ကိတ်သလိုဖြစ်နေတာပေါ့.
အဲ့ဒါလဲ နောက်ပိုင်း ဇက်ကကျီးပေါင်းဖြစ်တာအရမ်းဆိုးလာတော့ belly ရိုက်ရင် လူကမခံနိုင်ဘူး. . မူးတယ်. .နောက်ပိုင်း gym ဆော့ရင်း မေ့လဲတာမျိုးအထိတောင်ဖြစ်လာတော့ gym ဆော့တာကိုရပ်လိုက်ရတယ်
အလုပ်ကလဲ computer အရှေ့မှာ ထိုင်လုပ်ရတာများတော့ လှုပ်ရှားမှုသိမ့်မရှိဘူး. .အဲ့တော့ လူက အဆီတွေများလာသလိုခံစားရပြီး ဝိတ်တကယ်ချကြည့်မယ်ဆိုပြီး စိတ်ကိုဆုံးဖြတ်ခဲ့တယ်. . အစပိုင်းမှာတော့ လုပ်ရခက်တယ်
ဒါပေမယ့်ကိုယ့်စိတ်ကိုနိုင်အောင်လုပ်ပြီး ချခဲ့တာ ၅လကျော်ကို ပေါင်၃၀ ချနိုင်ခဲ့တယ်. .အရမ်းကြီးအပြင်းအထန်တော့ မလုပ်ပါဘူး. . အစား၁ခုတည်းရှောင်ပြီး ချတော့ အချိန်ပိုကြာတာပါ Gym ပါတွဲဆော့ရင်တော့ ၄လလောက်လိုဆို အဆင်ပြေမယ်.
အရင်ကမနက်စာကို ထမင်းကြော်တို့ နန်းကြီးသုတ်တို့ကို ဗိုက်အဝစားခဲ့ရာကနေ ဝိတ်ချတော့ မနက်စာကို ထမင်းဖြူနည်းနည်းနဲ့ကြက်ဥပြုတ် ဒါမှမဟုတ် ပေါင်မုန့်ကြမ်း ၂ချပ် လောက်စားတယ်. .
နေ့လည်စာနဲ့ ညစာကိုတော့ ထမင်း၊ခေါက်ဆွဲ၊ဂျုံ့နဲ့လုပ်ထားတာတွေ လုံးဝမစားတော့ဘူး. .နေ့လည်စာကို Broccoli ရေမုန့်ညှင်း ကန်စွန်းရွှက် စတဲ့ အရွှက်၁မျိုးမျိုးနဲ့ ကြက်သားပြုတ် ဒါမှမဟုတ် အမဲသားပြုတ် အဲ့တာတွေပဲစားတော့တယ်. .
ကြက်သားဆိုလို CP လုံးဝမစားဘူး မြန်မာကြက်ပဲ ပြုတ်စားတယ်. . အဲ့ဒါတောင်ပြုတ်လို့ ဆီတွေမြင်ရင် ရေကိုသွန်ပြီး ပြန်ပြုတ်တယ်. . ညပိုင်းကြရင် ဟင်းရည်တမျိုးမျိုးကို ဗိုက်ဝအောင်သောက်တယ်. . သောက်တဲ့ဟင်းရည်လဲအရည်ကြည်ပဲသောက်တာ… အဓိက ကတော့ ကဆီဓာတ်ပါတဲ့ဟာတွေ အကုန်ဖြတ်တယ် ဝက်သားဖြတ်တယ် . . Gas ပါတဲ့ အချိုရည်တွေအကုန်ဖြတ်တယ်. .
နေ့လည်စာကိုတော့ ၅လလုံးလုံးကိုယ့်ဘာသာသေချာပြင်ဆင်ပြီး လုပ်တယ်. . အရွက်ကြော်နဲ့ အသားပြုတ်ကို ဗိုက်ဝနေအောင်စားတာပါ. . မေပွင့် ဝိတ်ကျသွားတာကို သိချင်နေတဲ့ သူငယ်ချင်းတွေ မေပွင့်ပြောအတိုင်းလိုက်စားကြည့်ပါ. . လုပ်နိုင်ပါတယ်. .အရမ်းမခက်သလို လူကိုလဲ အန္တရာယ်မဖြစ်ဘူး. .နေ့လည်စာနဲ့ ညစာကြားမှာ ဗိုက်ဆာရင်လဲ ကိုယ်ကြိုက်တဲ့ အသီးအနံှလေးတွေစားနဲ့. .
ခုဆို အသီးတွေ အရွက်တွေစားလွန်းလို့ အသားအရေတွေတောင် ကြည်လာတယ်. . ပြီးတော့ မေပွင့် ဝိတ်ချနေတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ hot pot တို့ မာလာရှမ်းကောတို့လဲသွားစားတာပဲ😅..
ဒါပေမယ့် အရွက်နဲ့ အသားပဲ အဓိကစားတယ်. . အလုံးတို့ ဝက်သားတို့လုံးဝမစားဘူး. . မာလာရှမ်းကောစားရင်လဲ ထမင်းနဲ့တွဲမစားဘူး. . ဆီတွေစစ်စားတယ်. . မှာကထဲက အသီးတွေနဲ့ အရွက်တွေ အမဲသား ကြက်သား ပုဇွန် တွေပဲထည့်ပီးစားတာ. .
အဲ့တော့ ဝိတ်ချချင်တဲ့သူငယ်ချင်းတို့ သေချာလေးလုပ်ကြည့်ပါ. . ဗိုက်ဝမှာချင်းအတူတူ ဝိတ်တက်မည့် အစားအသောက်တွေစားပြီး ဝိတ်အတက်ခံမလား. .
ခန္တာကိုယ်ကို fit ဖြစ်စေမယ့် အစား စားပြီး လှအောင်နေမလား စဉ်းစားပြီး စားကြည့်ကြပါနော်
မေပွင့်စားတာလေးတွေ သေချာသိချင်ရင်လဲ လာမေးလို့ရပါတယ်. .
အဓိက ကGym ဆော့ဖို့မအားတဲ့သူတွေ ကျန်းမာရေးအရ မဆော့နိုင်သေးတဲ့သူတွေ မေပွင့်လုပ်သလိုလေး လိုက်လုပ်ကြည့်ပါနော်. . .
Credit:May Pwint fb


မှတ်ချက်များ