ေနတိုးလို အလြန္နားလည္တတ္တဲ့ သူငယ္ခ်င္းတစ္ေယာက္ကုိပိုင္ဆိုင္ရတာ ဆုလာဘ္တစ္ခုပဲဆိုတဲ့ သက္မြန္ျမင့္
Zawgyiျဖင့္ဖတ္ရန္
ပရိသတ္ေတြ ခ်စ္ၾကတဲ့ မင္းသားေခ်ာ ေနတိုးနဲ့ မင္းသမီးေခ်ာေလး သက္မြန္ျမင့္က အတြဲညီညီနဲ့ သရုပ္ေဆာင္နုိင္တာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို ကုိယ္စီရရိွထားတဲ့ အနုပညာေမာင္နွမ ေတြျဖစ္ပါတယ္။ အတြဲညီညီ၊ လိုက္ဖက္ညီစြာနဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြကို သရုပ္ေဆာင္နိုင္တဲ့ ေနတိုးနဲ့ သက္မြန္ျမင့္တို့ ေမာင္နွမနွစ္ဦးကို ပရိသတ္ေတြကလည္း ခ်စ္ခင္ၾကပါတယ္။ လက္ရိွမွာလည္း ေနတိုးနဲ့ သက္မြန္ျမင့္က ျမန္မာနိုင္ငံက ထိပ္တန္းအနုပညာရွင္ေတြအျဖစ္ ေအာင္ေအာင္ျမင္ျမင္နဲ့ ရပ္တည္ေနနိုင္တာ ျဖစ္ပါတယ္
ေနတိုးနဲ့ သက္မြန္ျမင့္တို့က မေန့က နိုဝင္ဘာလ (၁၉) ရက္ေန့မွာေတာ့ သမၼတရုပ္ရွင္ရံုမွာ က်င္းပျပုလုပ္ခဲ့တဲ့ "ဗိုလ္ေနတိုး" ရုပ္ရွင္ဇာတ္ကားၾကီးရဲ့ Red Carpet Show အခမ္းအနားကို တက္ေရာက္ခဲ့ၾကပါတယ္။
ထိုပြဲမွာ ေနတိုးနဲ့ သက္မြန္ျမင့္တို့ သူငယ္ခ်င္းနွစ္ေယာက္ကို အရင္တုန္းက ပံုစံအတိုင္း ရင္းရင္းနွီးနွီး ေတြ့ျမင္ရတာျဖစ္ျပီး ပရိသတ္ေတြကလည္း အရမ္းသေဘာက်ေနၾကတာ ျဖစ္ပါတယ္။
သက္မြန္ျမင့္က " ကႊၽန္မကို အလြန္နားလည္ၿပီးသံေယာဇဥ္ရွိေသာ သူငယ္ခ်င္းတစ္ေယာက္ ပိုင္ဆိုင္ရတာလည္း ဆုလာဘ္တစ္ခုပဲ" ဆိုျပီး သူ့ရဲ့ သူငယ္ခ်င္းေနတိုးကို ရည္ရြယ္ျပီး ေျပာထားပါတယ္။
ေနတိုးနဲ့ သက္မြန္ျမင့္က "ဗိုလ္ေနတိုး" ရုပ္ရွင္ဇာတ္ကားၾကီးမွာ အတူတူ သရုပ္ေဆာင္ခဲ့ျပီး အနုပညာနယ္ပယ္မွာလည္း အတြဲညီသူေတြလို့ေတာင္ တင္စားလုိ့ရပါတယ္။
ေနတိုးနဲ့ သက္မြန္ျမင့္ကေတာ့ တကယ့္ကို နွစ္ရွည္လမ်ား ရင္းနွီးခင္မင္ခဲ့ၾကတဲ့ သူငယ္ခ်င္းေကာင္းေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနတိုးနဲ့ သက္မြန္ျမင့္တို့ ေမာင္နွမနွစ္ေယာက္ရဲ့ ပံုေလးေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။
Rowena
Source: Thet Mon Myint's fb
Credit:Ozll(မိုမိုလေး)
Unicodeဖြင့်ဖတ်ရန်
နေတိုးလို အလွန်နားလည်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုပိုင်ဆိုင်ရတာ ဆုလာဘ်တစ်ခုပဲဆိုတဲ့ သက်မွန်မြင့်
ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော နေတိုးနဲ့ မင်းသမီးချောလေး သက်မွန်မြင့်က အတွဲညီညီနဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ကိုယ်စီရရှိထားတဲ့ အနုပညာမောင်နှမ တွေဖြစ်ပါတယ်။ အတွဲညီညီ၊ လိုက်ဖက်ညီစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို သရုပ်ဆောင်နိုင်တဲ့ နေတိုးနဲ့ သက်မွန်မြင့်တို့ မောင်နှမနှစ်ဦးကို ပရိသတ်တွေကလည်း ချစ်ခင်ကြပါတယ်။ လက်ရှိမှာလည်း နေတိုးနဲ့ သက်မွန်မြင့်က မြန်မာနိုင်ငံက ထိပ်တန်းအနုပညာရှင်တွေအဖြစ် အောင်အောင်မြင်မြင်နဲ့ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်
နေတိုးနဲ့ သက်မွန်မြင့်တို့က မနေ့က နိုဝင်ဘာလ (၁၉) ရက်နေ့မှာတော့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ဗိုလ်နေတိုး" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
ထိုပွဲမှာ နေတိုးနဲ့ သက်မွန်မြင့်တို့ သူငယ်ချင်းနှစ်ယောက်ကို အရင်တုန်းက ပုံစံအတိုင်း ရင်းရင်းနှီးနှီး တွေ့မြင်ရတာဖြစ်ပြီး ပရိသတ်တွေကလည်း အရမ်းသဘောကျနေကြတာ ဖြစ်ပါတယ်။
သက်မွန်မြင့်က " ကွျှန်မကို အလွန်နားလည်ပြီးသံယောဇဉ်ရှိသော သူငယ်ချင်းတစ်ယောက် ပိုင်ဆိုင်ရတာလည်း ဆုလာဘ်တစ်ခုပဲ" ဆိုပြီး သူ့ရဲ့ သူငယ်ချင်းနေတိုးကို ရည်ရွယ်ပြီး ပြောထားပါတယ်။
နေတိုးနဲ့ သက်မွန်မြင့်က "ဗိုလ်နေတိုး" ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ သရုပ်ဆောင်ခဲ့ပြီး အနုပညာနယ်ပယ်မှာလည်း အတွဲညီသူတွေလို့တောင် တင်စားလို့ရပါတယ်။
နေတိုးနဲ့ သက်မွန်မြင့်ကတော့ တကယ့်ကို နှစ်ရှည်လများ ရင်းနှီးခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးနဲ့ သက်မွန်မြင့်တို့ မောင်နှမနှစ်ယောက်ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Thet Mon Myint's fb
Credit:Ozll(မိုမိုလေး)



မှတ်ချက်များ