လမ္းခင္းေက်ာက္ကို ေဆးသုတ္၍ (သံစားေက်ာက္) ဟု သိန္း ၆၀၀၀ ျဖင့္ လိမ္လည္ေရာင္းခ်မႈျဖစ္ပြား




Zawgyiျဖင့္ဖတ္ရန္

ႏိုဝင္ဘာလ (၅) ရက္ေန႔ ညေန (၀၅ း ၀၀)နာရီအခ်ိန္ခန႔္တြင္ ဦးဆမ္႐ိုင္း ၄၃ ႏွစ္ (၁၀) ရပ္ကြက္ ကမာ႐ြတ္ၿမိဳ႕နယ္ေနသူပါက်ား (၅) ဦးအဖြဲ႕သည္ ကိုေက်ာ္မင္းခိုင္ (၃၇) ႏွစ္ ေပါက္ကုန္းေက်း႐ြာ အုတ္တြင္းၿမိဳ႕ေနသူ၏ဆက္သြယ္ ကမ္းလွမ္းခ်က္အရ




သံစားေက်ာက္ဝယ္ယူရန္ အတြက္ အျမန္လမ္း ၁၂၂ မိုင္ အနီးတြင္ ေတြ႕ဆုံရန္ ခ်ိန္းဆိုေရာက္ရွိၿပီး ဦးဆမ္႐ိုင္းမွ ေက်ာ္မင္းခိုင္ပါ (၆) ဦးအဖြဲ႕ ထံမွ နမူနာေက်ာက္ကို ၾကည့္ကာ စရံေငြငါးသိန္းက်ပ္ေပးၿပီး ေနာက္ေန႔နံနက္တြင္ အေရာင္းအဝယ္လုပ္မည္ ျဖစ္ေၾကာင္း သေဘာတူ ညႇိႏႈိင္း၍ ေနျပည္ေတာ္သို႔ျပန္လည္ညအိပ္ခဲ့ပါသည္။



ႏိုဝင္ဘာလ (၆) ရက္ေန႔ နံနက္ (၀၇ း ၃၀) အခ်ိန္ခန႔္တြင္ ခ်ိန္းဆိုထားသည့္ ရန္ကုန္-ေနျပည္ေတာ္လမ္း ၁၁၈/၇- ၁၁၉/ဝၾကား ေနရာသို႔ ေရာက္ရွိၿပီး ေက်ာက္အား သိန္း ၆၀၀၀ ျဖင့္ေရာင္းခ် ရန္ ညႇိႏႈိင္းကမ္းလွမ္းသျဖင့္ စရံသိန္း (၁၅၀ ) ျဖင့္စာခ်ဳပ္ ခ်ဳပ္ဆိုရန္ ေက်း႐ြာလူႀကီးမ်ားရွိသည့္ ေနရာသို႔သြားရန္ ေျပာၾကားၿပီး သြားေရာက္ၾကရာ


ကိုေက်ာ္မင္းခိုင္တို႔ အဖြဲ႕သည္ လိုက္ပါ ေရာက္ရွိလာျခင္းမရွိဘဲ ေက်ာက္အားထားခဲ့ၿပီး ေငြသိန္း ၁၅၀ ထုပ္အား ယူေဆာင္ကာ လမ္းတြင္ ဆိုင္ကယ္ မ်ားျဖင့္ထြက္ေျပးသြားခဲ့သျဖင့္ ေက်ာက္အား ခြဲၾကည့္ရာ ေဆးဆိုးထားသည့္ လမ္းခင္းေက်ာက္မ်ား ျဖစ္ေနသည္ကို ေတြ႕ရွိ ရေၾကာင္း


ႏိုဝင္ဘာလ (၁၆) ရက္ေန႔တြင္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕ ျဖဴးစခန္းသို႔ လာေရာက္ သတင္းပို႔ တိုင္ၾကား သျဖင့္ ဥပေဒ ႏွင့္အညီ အမႈဖြင့္ေဆာင္႐ြက္၍ မသကၤာ တရားခံမ်ား ေဖာ္ထုတ္ ဖမ္းဆီးရမိေရး ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။



Unicode ဖြင့်ဖတ်ရန်



နိုဝင်ဘာလ (၅) ရက်နေ့ ညနေ (၀၅ း ၀၀)နာရီအချိန်ခန့်တွင် ဦးဆမ်ရိုင်း ၄၃ နှစ် (၁၀) ရပ်ကွက် ကမာရွတ်မြို့နယ်နေသူပါကျား (၅) ဦးအဖွဲ့သည် ကိုကျော်မင်းခိုင် (၃၇) နှစ် ပေါက်ကုန်းကျေးရွာ အုတ်တွင်းမြို့နေသူ၏ဆက်သွယ် ကမ်းလှမ်းချက်အရ




သံစားကျောက်ဝယ်ယူရန် အတွက် အမြန်လမ်း ၁၂၂ မိုင် အနီးတွင် တွေ့ဆုံရန် ချိန်းဆိုရောက်ရှိပြီး ဦးဆမ်ရိုင်းမှ ကျော်မင်းခိုင်ပါ (၆) ဦးအဖွဲ့ ထံမှ နမူနာကျောက်ကို ကြည့်ကာ စရံငွေငါးသိန်းကျပ်ပေးပြီး နောက်နေ့နံနက်တွင် အရောင်းအဝယ်လုပ်မည် ဖြစ်ကြောင်း သဘောတူ ညှိနှိုင်း၍ နေပြည်တော်သို့ပြန်လည်ညအိပ်ခဲ့ပါသည်။


နိုဝင်ဘာလ (၆) ရက်နေ့ နံနက် (၀၇ း ၃၀) အချိန်ခန့်တွင် ချိန်းဆိုထားသည့် ရန်ကုန်-နေပြည်တော်လမ်း ၁၁၈/၇- ၁၁၉/ဝကြား နေရာသို့ ရောက်ရှိပြီး ကျောက်အား သိန်း ၆၀၀၀ ဖြင့်ရောင်းချ ရန် ညှိနှိုင်းကမ်းလှမ်းသဖြင့် စရံသိန်း (၁၅၀ ) ဖြင့်စာချုပ် ချုပ်ဆိုရန် ကျေးရွာလူကြီးများရှိသည့် နေရာသို့သွားရန် ပြောကြားပြီး သွားရောက်ကြရာ


ကိုကျော်မင်းခိုင်တို့ အဖွဲ့သည် လိုက်ပါ ရောက်ရှိလာခြင်းမရှိဘဲ ကျောက်အားထားခဲ့ပြီး ငွေသိန်း ၁၅၀ ထုပ်အား ယူဆောင်ကာ လမ်းတွင် ဆိုင်ကယ် များဖြင့်ထွက်ပြေးသွားခဲ့သဖြင့် ကျောက်အား ခွဲကြည့်ရာ ဆေးဆိုးထားသည့် လမ်းခင်းကျောက်များ ဖြစ်နေ
သည်ကို တွေ့ရှိ ရကြောင်း


နိုဝင်ဘာလ (၁၆) ရက်နေ့တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဖြူးစခန်းသို့ လာရောက် သတင်းပို့ တိုင်ကြား သဖြင့် ဥပဒေ နှင့်အညီ အမှုဖွင့်ဆောင်ရွက်၍ မသင်္ကာ တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။


Source – အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး႐ုံ



မှတ်ချက်များ