အရမ္းခ်စ္တတ္တဲ့မိန္းကေလးတစ္ေယာက္ စိတ္ကုန္သြားျပီဆိုရင္ျဖစ္လာမယ့္ အျပဳအမူ(၅)ခ်က္


Zawgyiျဖင့္ဖတ္ရန္

မိန္းကေလးေတြဟာ ႏွလံုးသားအရမး္ႏုနယ္တယ္ ဆိုေပမယ့္လည္း ေတာ္ေတာ္ကို သည္းခံႏိုင္စြမး္ၾကီးမားသူေတြပါ။ ဒါေပမယ့္လည္း မိန္းကေလးတိုင္းမွာ ကိုယ္သည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ ရွိပါတယ္။ အဲ့ဒီ့အတိုင္းအတာကို ေက်ာ္သြားရင္ေတာ့ ဘယ္ေလာက္ခ်စ္ခဲ့သည္ျဖစ္ျဖစ္၊ သည္းခံခဲ့သည္ျဖစ္ျဖစ္ ျပန္လွည့္ၾကည့္ေတာ့မွာ မဟုတ္ပါဘူး။ မိန္းကေလးတစ္ေယာက္သညး္မခံႏိုင္ေတာ့တာဟာ စိတ္နာသြားလုိ႔ပဲျဖစ္ပါတယ္။ စိတ္နာသြားတဲ့မိန္းကေလးေတြဟာ ဘယ္လုိျပဳမူတတ္လဲဆိုတာကို ေဖာ္ျပေပးမယ္ေနာ္။

(၁) လံုးဝဂရုမစုိက္ေတာ့ဘူး

မိန္းကေလးတိုင္း ကုိယ့္ခ်စ္သူက ကိုယ့္ကို ဂရုစိုက္တာကိုပဲလိုခ်င္ၾကတာပါ။ ဒါဟာ အတၱၾကီးတာမဟုတ္ပါဘူး။ ရသင့္ရထိုက္တဲ့အရာတစ္ခုပါ။ ဒီလိုပဲ မိနး္ကေလးတစ္ေယာက္က ကုိယ့္ခ်စ္သူကို အရမ္းဂရုစိုက္ေပးႏိုင္ပါတယ္။ သင့္ကိုစိတ္နာသြားတဲ့မိန္းကေလးကေတာ့ သင့္ကိုလံုးဝဂရုစိုက္ေတာ့မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူဂရုစိုက္ခဲ့တုနး္က သင္ေကာင္းေကာင္းျပန္ဂရုမစုိက္ခဲ့လို႔ ၾကာလာေတာ့သူ႔ရင္ထဲမွာ ဒဏ္ရာအၾကီးၾကီးျဖစ္သြားလို႔ပါ။

(၂) အဖက္မလုပ္ေတာ့ဘူး

အဖက္မလုပ္ေတာ့တာက ဂရုမစိုက္တာနဲ႔ အတူတူဆိုေပမယ့္ နည္းနည္းကြဲပါတယ္။ သင့္ကိုစိတ္နာသြားတဲ့ ေကာင္မေလးဟာ သင့္ကို လံုးဝ အဖက္လုပ္ေတာ့မွာ မဟုတ္ပါဘူး။ သူ႔ေဘးနားမွာ သင္ရွိရွိမရွိရွိ၊ သင္ဘယ္ပဲေရာက္ေရာက္ သူ႔ေခါင္းထဲမွာ သင့္ကို အေရးလုပ္ေတာ့မွာ မဟုတ္ပါဘူး။ သူလုပ္ခ်င္တာလုပ္မယ္၊ သြားခ်င္ရာသြားမယ္၊ အဲဒီ့အတြက္သင့္ရဲ႕ ရွိျခင္း၊ မရွိျခင္းက လံုးဝကို အေရးမပါေတာ့ပါဘူး။

(၃) သင့္ေဘးမွာမေနခ်င္ေတာ့ဘူး

သင့္ကိုစိတ္နာသြားတဲ့မိန္းကေလးတစ္ေယာက္ဟာ သင့္အနားမွာ ေနခ်င္ေတာ့မွာမဟုတ္ပါဘူး။ သင့္အသံ၊ သင့္အမူအရာ၊ သင့္အေျပာအဆိုတိုင္းလိုလိုက သူ႔အတြက္ ဒဏ္ရာျဖစ္ေစလို႔ပါ။ စိတ္ထဲမွာ ဒဏ္ရာအရမး္ၾကီးလာရင္ အရာရာတိုငး္ဟာ သူ႔အတြက္ ခါးသီးေနေတာ့မွာပါ။ ဒါေၾကာင့္ သင့္အနားမွာ သူေနခ်င္ေတာ့မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့သင့္အနားမွာ ေနရတာသူ႔အတြက္ အရမး္ပင္ပန္းလို႔ပါ။

(၄) ဘယ္ေတာ့မွ ျပန္မေျပလည္ႏိုင္ေတာ့ဘူး

မိန္းကေလးတစ္ေယာက္ တကယ္စိတ္နာသြားျပီဆိုရင္ ဘယ္ေတာ့မွ ျပန္ေျပလည္ေတာ့မွာ မဟုတ္ပါဘူး။ သူစိတ္နာသြားျပီဆိုကတညး္က ဒီဒဏ္ရာဟာ လတ္တေလာကမွ ျဖစ္လာတာ မဟုတ္ပါဘူး။ အၾကိမ္ၾကိမ္အခါခါ၊ ေန႔ေတြလေတြ နဲ႔ခ်ီျပီး သူခံစားလာခဲ့တယ္၊ သညး္ခံလာခဲ့တယ္ ေနာက္ဆံုး သူ႔ရဲ႕ ခံႏိုင္ရည္အဆင့္ကိုေက်ာ္လြန္သြာလို႔ စိတ္နာတဲ့အဆင့္ကို ေရာက္သြားတာျဖစ္တယ္။ စိတ္မနာခင္မွာေတာ့ ေျပလည္ႏိုင္ေပမယ့္၊ တကယ္စိတ္နာသြားရင္ေတာ့ ဘယ္ေတာ့မွ ျပန္ေျပလည္ေတာ့မွာ မဟုတ္ပါဘူး။

(၅) သင့္ကိုမလုိအပ္ေတာ့ဘူး

သင့္ကိုစိတ္နာသြားတ့ဲ မိန္းကေလးတစ္ေယာက္အတြက္ သင္ဟာ မလိုအပ္ေတာ့ပါဘူး။ သင္ဟာသူ႔အတြက္ ဝန္ထုပ္ၾကီးတစ္ခုလို ျဖစ္သြားပါျပီ။ သင္နဲ႔ရွိေနတာထက္ သင္နဲ႔ေဝးေနတာ၊ သင့္အတြက္ငိုေနရတာထက္ သင္မပါပဲ ေပ်ာ္ေနရတာ၊ သင့္အနားမွာေနျပီး စိတ္ပင္ပန္းတာထက္၊ သင္မပါပဲ ေပါ့ေပါ့ပါးပါးေနခ်င္တဲ့ ဆႏၵပဲရွိေတာ့တာပါ။ ဒါေၾကာင့္ သူ႔ဘဝမွာသင့္ကို မလုိအပ္ေတာ့သလို သင္မရွိေလ သူ႔အတြက္ေကာင္းေလလို႔ သတ္မွတ္ထားလိုက္ေတာ့မွာပါ။

Credit:Em Em(Auntymay)

Unicodeဖြင့်ဖတ်ရန်

အရမ်းချစ်တတ်တဲ့မိန်းကလေးတစ်ယောက် စိတ်ကုန်သွားပြီဆိုရင်ဖြစ်လာမယ့် အပြုအမူ(၅)ချက်

မိန်းကလေးတွေဟာ နှလုံးသားအရမ်းနုနယ်တယ် ဆိုပေမယ့်လည်း တော်တော်ကို သည်းခံနိုင်စွမ်းကြီးမားသူတွေပါ။ ဒါပေမယ့်လည်း မိန်းကလေးတိုင်းမှာ ကိုယ်သည်းခံနိုင်တဲ့အတိုင်းအတာဆိုတာ ရှိပါတယ်။ အဲ့ဒီ့အတိုင်းအတာကို ကျော်သွားရင်တော့ ဘယ်လောက်ချစ်ခဲ့သည်ဖြစ်ဖြစ်၊ သည်းခံခဲ့သည်ဖြစ်ဖြစ် ပြန်လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်သည်းမခံနိုင်တော့တာဟာ စိတ်နာသွားလို့ပဲဖြစ်ပါတယ်။ စိတ်နာသွားတဲ့မိန်းကလေးတွေဟာ ဘယ်လိုပြုမူတတ်လဲဆိုတာကို ဖော်ပြပေးမယ်နော်။

(၁) လုံးဝဂရုမစိုက်တော့ဘူး

မိန်းကလေးတိုင်း ကိုယ့်ချစ်သူက ကိုယ့်ကို ဂရုစိုက်တာကိုပဲလိုချင်ကြတာပါ။ ဒါဟာ အတ္တကြီးတာမဟုတ်ပါဘူး။ ရသင့်ရထိုက်တဲ့အရာတစ်ခုပါ။ ဒီလိုပဲ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်သူကို အရမ်းဂရုစိုက်ပေးနိုင်ပါတယ်။ သင့်ကိုစိတ်နာသွားတဲ့မိန်းကလေးကတော့ သင့်ကိုလုံးဝဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူဂရုစိုက်ခဲ့တုန်းက သင်ကောင်းကောင်းပြန်ဂရုမစိုက်ခဲ့လို့ ကြာလာတော့သူ့ရင်ထဲမှာ ဒဏ်ရာအကြီးကြီးဖြစ်သွားလို့ပါ။

(၂) အဖက်မလုပ်တော့ဘူး

အဖက်မလုပ်တော့တာက ဂရုမစိုက်တာနဲ့ အတူတူဆိုပေမယ့် နည်းနည်းကွဲပါတယ်။ သင့်ကိုစိတ်နာသွားတဲ့ ကောင်မလေးဟာ သင့်ကို လုံးဝ အဖက်လုပ်တော့မှာ မဟုတ်ပါဘူး။ သူ့ဘေးနားမှာ သင်ရှိရှိမရှိရှိ၊ သင်ဘယ်ပဲရောက်ရောက် သူ့ခေါင်းထဲမှာ သင့်ကို အရေးလုပ်တော့မှာ မဟုတ်ပါဘူး။ သူလုပ်ချင်တာလုပ်မယ်၊ သွားချင်ရာသွားမယ်၊ အဲဒီ့အတွက်သင့်ရဲ့ ရှိခြင်း၊ မရှိခြင်းက လုံးဝကို အရေးမပါတော့ပါဘူး။

(၃) သင့်ဘေးမှာမနေချင်တော့ဘူး

သင့်ကိုစိတ်နာသွားတဲ့မိန်းကလေးတစ်ယောက်ဟာ သင့်အနားမှာ နေချင်တော့မှာမဟုတ်ပါဘူး။ သင့်အသံ၊ သင့်အမူအရာ၊ သင့်အပြောအဆိုတိုင်းလိုလိုက သူ့အတွက် ဒဏ်ရာဖြစ်စေလို့ပါ။ စိတ်ထဲမှာ ဒဏ်ရာအရမ်းကြီးလာရင် အရာရာတိုင်းဟာ သူ့အတွက် ခါးသီးနေတော့မှာပါ။ ဒါကြောင့် သင့်အနားမှာ သူနေချင်တော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့သင့်အနားမှာ နေရတာသူ့အတွက် အရမ်းပင်ပန်းလို့ပါ။

(၄) ဘယ်တော့မှ ပြန်မပြေလည်နိုင်တော့ဘူး

မိန်းကလေးတစ်ယောက် တကယ်စိတ်နာသွားပြီဆိုရင် ဘယ်တော့မှ ပြန်ပြေလည်တော့မှာ မဟုတ်ပါဘူး။ သူစိတ်နာသွားပြီဆိုကတည်းက ဒီဒဏ်ရာဟာ လတ်တလောကမှ ဖြစ်လာတာ မဟုတ်ပါဘူး။ အကြိမ်ကြိမ်အခါခါ၊ နေ့တွေလတွေ နဲ့ချီပြီး သူခံစားလာခဲ့တယ်၊ သည်းခံလာခဲ့တယ် နောက်ဆုံး သူ့ရဲ့ ခံနိုင်ရည်အဆင့်ကိုကျော်လွန်သွာလို့ စိတ်နာတဲ့အဆင့်ကို ရောက်သွားတာဖြစ်တယ်။ စိတ်မနာခင်မှာတော့ ပြေလည်နိုင်ပေမယ့်၊ တကယ်စိတ်နာသွားရင်တော့ ဘယ်တော့မှ ပြန်ပြေလည်တော့မှာ မဟုတ်ပါဘူး။

(၅) သင့်ကိုမလိုအပ်တော့ဘူး

သင့်ကိုစိတ်နာသွားတဲ့ မိန်းကလေးတစ်ယောက်အတွက် သင်ဟာ မလိုအပ်တော့ပါဘူး။ သင်ဟာသူ့အတွက် ဝန်ထုပ်ကြီးတစ်ခုလို ဖြစ်သွားပါပြီ။ သင်နဲ့ရှိနေတာထက် သင်နဲ့ဝေးနေတာ၊ သင့်အတွက်ငိုနေရတာထက် သင်မပါပဲ ပျော်နေရတာ၊ သင့်အနားမှာနေပြီး စိတ်ပင်ပန်းတာထက်၊ သင်မပါပဲ ပေါ့ပေါ့ပါးပါးနေချင်တဲ့ ဆန္ဒပဲရှိတော့တာပါ။ ဒါကြောင့် သူ့ဘဝမှာသင့်ကို မလိုအပ်တော့သလို သင်မရှိလေ သူ့အတွက်ကောင်းလေလို့ သတ်မှတ်ထားလိုက်တော့မှာပါ။

Credit:Em Em(Auntymay)

မှတ်ချက်များ