မိန္းကေလးေတြကရုပ္ေခ်ာသူေတြထက္ ဒီလုိေယာက်ၤားေတြကုိပုိသေဘာက်ၾကတယ္


Zawgyiျဖင့္ဖတ္ရန္
 မ်ားေသာအားျဖင့္္ေတာ့ မိန္းကေလးေတြက ရုပ္ေခ်ာတဲ့ေကာင္ေလးေတြကုိ သေဘာက်တတ္္ၾကတာေပါ့။ မိန္းကေလးေတြမွမဟုတ္ပါဘူး။ ေယာက်ၤားေလးေတြဆုိရင္လည္း ရုပ္ေခ်ာတဲ့ေကာင္မေလးေတြကုိ သေဘာက်တတ္ၾကတာပဲေလ။ ဒါေပမယ့္ မိန္းကေလးေတြရဲ႕ တခိ်ဳ႕စံႏႈန္ေတြမွာေတာ့ ရုပ္ေခ်ာတာထက္ပုိၿပီး သေဘာက်ၾကတဲ့အခ်က္ေတြရွိေနပါေသးတယ္။ အဲဒီအခ်က္ေတြကုိသာ ပုိင္ဆုိင္ထားရင္ ကုိယ့္ရဲ႕ၿပိဳင္ဖက္က ဘယ္ေလာက္ပဲ ရုပ္ေခ်ာပါေစ၊ မိန္းကေလးတစ္ေယာက္ကုိေတာ့ျဖင့္ ရေအာင္ပုိးပန္းႏုိင္မွာ အေသအခ်ာပါပဲ။
(၁) အမွီအခုိကင္းသူေတြ
တစ္လ တစ္လ ပုိက္ဆံသုံးဖုိ႔မေလာက္လုိ႔ အိမ္ကေန ျပန္ေတာင္းေနရတဲ့သူေတြ၊ ေနစရာအဆင္မေျပလုိ႔ ေဆြမ်ိဳးေတြအိမ္မွာ ကပ္ေနရတဲ့သူေတြ .. အဲဒီလုိလူမ်ိဳးေတြကုိ မိန္းကေလးေတြက လက္ခံဖုိ႔အတြက္ ေသေသခ်ာခ်ာစဥ္းစားၾကရပါတယ္။ သူတုိ႔ကုိယ္တုိင္ေတာင္ အမွီအခုိမလြတ္ဘူးဆုိရင္ ခ်စ္သူဘ၀ေရာက္တဲ့အခ်ိန္မွာလည္း အဆင္ေျပပါ့မလား၊ အနာဂတ္အစီအစဥ္ေတြအတြက္ေရာ အဆင္ေျပပါ့မလား။ စတာေတြကုိ စဥ္းစားတတ္ၾကတယ္။ သူတုိ႔သေဘာက်တာက အမွီအခုိကင္းတဲ့သူမ်ိဳးေတြျဖစ္ၿပီး ကုိယ့္ေျခေထာက္ေပၚကုိယ္ရပ္ေနႏိုင္တဲ့သူ၊ တစ္ေယာက္တည္းေနၿပီးဘ၀ကုိ ရပ္တည္ႏုိင္တဲ့သူေတြကုိ သေဘာက်ေလ့ရွိၾကပါတယ္။
(၂) ေထာက္ပံ့ေပးႏုိင္သူ
မိန္းကေလးေတြက သူတုိ႔ကုိ ေထာက္ပံ့ေပးႏုိင္တဲ့သူမ်ိဳးကုိလည္း သေဘာက်ၾကတယ္။ သူတုိ႔လုိခ်င္တာ၀ယ္ေပးႏုိင္မယ့္သူမ်ိဳး၊ သူတုိ႔သြားခ်င္တဲ့ေနရာ လုိက္ပုိ႔ႏုိင္မယ့္သူ၊ စားခ်င္တာမွန္သမွ် ေကၽြးႏုိင္မယ့္သူ၊ သူတုိ႔အခက္အခဲျဖစ္ခ်ိန္မွာ ကူညီႏုိင္မယ့္သူ အဲဒီလုိ လူမ်ိဳးကုိ ရုပ္ေခ်ာတဲ့သူေတြထက္ ပုိၿပီး သေဘာက်တတ္ၾကပါတယ္။
(၃) ရုိးသားတဲ့သူ
မိန္းကေလးေတြ သေဘာက်တဲ့ေနာက္ထပ္တစ္မ်ိဳးကေတာ့ ရုိးသားတဲ့သူေတြပါ။ မိန္းကေလးအမ်ားစုက လိမ္တာညာတာေတြ မႀကိဳက္ၾကဘူး။ ဘာတစ္ခုမွ အဆင္မေျပဘူးဆုိရင္ေတာင္ သူတုိ႔အေပၚေတာ့ ရုိးသားေစခ်င္ၾကတယ္။ ဒီေတာ့ သူတုိ႔ကုိ အရွိအတုိင္းရုိးရုိးသားသား ဆက္ဆံတယ္ဆုိတာနဲ႔ အမွတ္ရၿပီးသားျဖစ္မွာပါ။
(၄) ေစာင့္ေရွာက္တတ္တဲ့သူ
ေနမေကာင္းဘူးဆုိတာနဲ႔ ေဆးေတြအိမ္အထိ ယူလာေပးတတ္တဲ့သူမ်ိဳး၊ ခ်မ္းေနၿပီဆုိတာနဲ႔ အေႏြးထည္ေတြလာေပးတတ္သူမ်ိဳး ။ မေတာ္တဆတစ္ခုခုမျဖစ္ေအာင္ ေဘးကေန လုိက္ၿပီး ဂရုစုိက္တတ္တဲ့သူမ်ိဳးဆိုတာ မိန္းကေလးေတြ အရမ္းသေဘာက်ၾကတဲ့ သူမ်ိဳးေပါ့။ သူတုိ႔က အဲဒီလုိ ေစာင့္ေရွာက္ေပးတာကုိ ခံခ်င္ၾကၿပီး အဲဒီလူအနားမွာရွိေနရင္ လုံၿခဳံတယ္လုိ႔ ခံစားၾကရပါတယ္။
(၅) ခ်စ္တတ္သူ
ဒီအခ်က္ကလည္း အေရးႀကီးပါတယ္။ အေပၚက အခ်က္ေတြ ဘယ္လုိပဲ ျပည့္စုံပါေစဦး။ သူတုိ႔ရဲ႕ မ်က္စိထဲမွာ သင္က ခ်စ္တတ္သူတစ္ေယာက္ ျဖစ္ေနဖုိ႔လုိပါတယ္။ ရုိမန္းတစ္ဆန္ဆန္ေတြလုပ္တတ္တယ္၊ အၿမဲတေစ ဂရုစုိက္တတ္တယ္၊ သူတုိ႔ကုိခ်စ္တယ္လုိ႔ အၿမဲခံစားေနရတယ္..စတဲ့အခ်က္ေတြ ရွိေနတယ္ဆုိရင္ သူတုိ႔သေဘာက်တဲ့စာရင္းထဲမွာ ပါသြားပါၿပီ။
Linn

မိန်းကလေးတွေကရုပ်ချောသူတွေထက် ဒီလိုယောင်္ကျားတွေကိုပိုသဘောကျကြတယ်

များသောအားဖြင့််တော့ မိန်းကလေးတွေက ရုပ်ချောတဲ့ကောင်လေးတွေကို သဘောကျတတ်ကြတာပေါ့။ မိန်းကလေးတွေမှမဟုတ်ပါဘူး။ ယောင်္ကျားလေးတွေဆိုရင်လည်း ရုပ်ချောတဲ့ကောင်မလေးတွေကို သဘောကျတတ်ကြတာပဲလေ။ ဒါပေမယ့် မိန်းကလေးတွေရဲ့ တချို့စံနှုန်တွေမှာတော့ ရုပ်ချောတာထက်ပိုပြီး သဘောကျကြတဲ့အချက်တွေရှိနေပါသေးတယ်။ အဲဒီအချက်တွေကိုသာ ပိုင်ဆိုင်ထားရင် ကိုယ့်ရဲ့ပြိုင်ဖက်က ဘယ်လောက်ပဲ ရုပ်ချောပါစေ၊ မိန်းကလေးတစ်ယောက်ကိုတော့ဖြင့် ရအောင်ပိုးပန်းနိုင်မှာ အသေအချာပါပဲ။
(၁) အမှီအခိုကင်းသူတွေ
တစ်လ တစ်လ ပိုက်ဆံသုံးဖို့မလောက်လို့ အိမ်ကနေ ပြန်တောင်းနေရတဲ့သူတွေ၊ နေစရာအဆင်မပြေလို့ ဆွေမျိုးတွေအိမ်မှာ ကပ်နေရတဲ့သူတွေ .. အဲဒီလိုလူမျိုးတွေကို မိန်းကလေးတွေက လက်ခံဖို့အတွက် သေသေချာချာစဉ်းစားကြရပါတယ်။ သူတို့ကိုယ်တိုင်တောင် အမှီအခိုမလွတ်ဘူးဆိုရင် ချစ်သူဘဝရောက်တဲ့အချိန်မှာလည်း အဆင်ပြေပါ့မလား၊ အနာဂတ်အစီအစဉ်တွေအတွက်ရော အဆင်ပြေပါ့မလား။ စတာတွေကို စဉ်းစားတတ်ကြတယ်။ သူတို့သဘောကျတာက အမှီအခိုကင်းတဲ့သူမျိုးတွေဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေနိုင်တဲ့သူ၊ တစ်ယောက်တည်းနေပြီးဘဝကို ရပ်တည်နိုင်တဲ့သူတွေကို သဘောကျလေ့ရှိကြပါတယ်။
(၂) ထောက်ပံ့ပေးနိုင်သူ
မိန်းကလေးတွေက သူတို့ကို ထောက်ပံ့ပေးနိုင်တဲ့သူမျိုးကိုလည်း သဘောကျကြတယ်။ သူတို့လိုချင်တာဝယ်ပေးနိုင်မယ့်သူမျိုး၊ သူတို့သွားချင်တဲ့နေရာ လိုက်ပို့နိုင်မယ့်သူ၊ စားချင်တာမှန်သမျှ ကျွေးနိုင်မယ့်သူ၊ သူတို့အခက်အခဲဖြစ်ချိန်မှာ ကူညီနိုင်မယ့်သူ အဲဒီလို လူမျိုးကို ရုပ်ချောတဲ့သူတွေထက် ပိုပြီး သဘောကျတတ်ကြပါတယ်။
(၃) ရိုးသားတဲ့သူ
မိန်းကလေးတွေ သဘောကျတဲ့နောက်ထပ်တစ်မျိုးကတော့ ရိုးသားတဲ့သူတွေပါ။ မိန်းကလေးအများစုက လိမ်တာညာတာတွေ မကြိုက်ကြဘူး။ ဘာတစ်ခုမှ အဆင်မပြေဘူးဆိုရင်တောင် သူတို့အပေါ်တော့ ရိုးသားစေချင်ကြတယ်။ ဒီတော့ သူတို့ကို အရှိအတိုင်းရိုးရိုးသားသား ဆက်ဆံတယ်ဆိုတာနဲ့ အမှတ်ရပြီးသားဖြစ်မှာပါ။
(၄) စောင့်ရှောက်တတ်တဲ့သူ
နေမကောင်းဘူးဆိုတာနဲ့ ဆေးတွေအိမ်အထိ ယူလာပေးတတ်တဲ့သူမျိုး၊ ချမ်းနေပြီဆိုတာနဲ့ အနွေးထည်တွေလာပေးတတ်သူမျိုး ။ မတော်တဆတစ်ခုခုမဖြစ်အောင် ဘေးကနေ လိုက်ပြီး ဂရုစိုက်တတ်တဲ့သူမျိုးဆိုတာ မိန်းကလေးတွေ အရမ်းသဘောကျကြတဲ့ သူမျိုးပေါ့။ သူတို့က အဲဒီလို စောင့်ရှောက်ပေးတာကို ခံချင်ကြပြီး အဲဒီလူအနားမှာရှိနေရင် လုံခြုံတယ်လို့ ခံစားကြရပါတယ်။
(၅) ချစ်တတ်သူ
ဒီအချက်ကလည်း အရေးကြီးပါတယ်။ အပေါ်က အချက်တွေ ဘယ်လိုပဲ ပြည့်စုံပါစေဦး။ သူတို့ရဲ့ မျက်စိထဲမှာ သင်က ချစ်တတ်သူတစ်ယောက် ဖြစ်နေဖို့လိုပါတယ်။ ရိုမန်းတစ်ဆန်ဆန်တွေလုပ်တတ်တယ်၊ အမြဲတစေ ဂရုစိုက်တတ်တယ်၊ သူတို့ကိုချစ်တယ်လို့ အမြဲခံစားနေရတယ်..စတဲ့အချက်တွေ ရှိနေတယ်ဆိုရင် သူတို့သဘောကျတဲ့စာရင်းထဲမှာ ပါသွားပါပြီ။
Linn
Credit:လင်းလင်း (ShweMom)

မှတ်ချက်များ