Zawgyiျဖင့္ဖတ္ရန္
ေနာင္ႏွစ္ ၁၀၀၊ ႏွစ္ ၅၀ မွသာ မဟုုတ္ဘဲ ေနာင္ ၁၀ ႏွစ္၊ အႏွစ္ ၂၀ အတြင္းမွာပင္ ရာသီဥတုု ေျပာင္းလဲမႈသည္ ျမန္မာႏိုုင္ငံအေပၚ ဆိုးဝါးစြာ ထိခိုက္ေစပါလိမ့္မည္။ (English below)
ကမာၻ႔အပူခ်ိန္မ်ား ျမင့္တက္လာျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ ဆိုးက်ိဳးမ်ားကို အျခားႏိုုင္ငံမ်ားႏွင့္စာလွ်င္ ျမန္မာႏိုုင္ငံ ပိုုမိုုေတြ႕ႀကဳံလာရမည္ ျဖစ္သည္။ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာၿပီး ကမ္း႐ိုုးတန္းေဒသမ်ား ေရလႊမ္းမိုုးခံရမည္။ ရာသီဥတုု ျပင္းထန္ျခင္း၊ မိုုးေခါင္ေရရွားျခင္း၊ ေရႀကီးျခင္း (၂၀၁၅ ခုုႏွစ္တုန္းကကဲ့သိုု႔) ႏွင့္ ဆိုုင္ကလုန္း မုုန္တိုုင္းမ်ား (နာဂစ္မုုန္တိုုင္းကဲ့သိုု႔) လည္း မၾကာခဏျဖစ္ပြားလာမည္။ မုုတ္သုုန္မိုုးသည္ ခန႔္မွန္းမရေအာင္ ျဖစ္ၿပီး စိုုက္ပ်ိဳးေရးအတြက္ မ်ားစြာ အခက္ေတြ႕ေစမည္။
ျမန္မာႏိုုင္ငံ၏ ေဒသအမ်ားစုုတြင္ မခံမရပ္ႏိုုင္ေအာင္ ပူျပင္းလာလိမ့္မည္။ ယခုုအခါ ျမန္မာႏိုုင္ငံတြင္ အပူခ်ိန္ အလြန္အမင္းျဖစ္ေသာေန႔ရက္ တစ္ႏွစ္လွ်င္ ၁၀ ရက္ခန႔္သာ ႀကံဳရေသးသည္။ ကမာၻတစ္ဝွမ္းရွိ အစိုုးရ အသီးသီးက ရာသီဥတုု ေျပာင္းလဲလာမႈကိုု တြန္းလွန္ရန္ ယခုုခ်က္ခ်င္း ထိေရာက္စြာ ေဆာင္႐ြက္သည့္တိုင္ ဤရာစုုႏွစ္အကုန္တြင္ ျမန္မာႏိုုင္ငံ၌ အလြန္အမင္း ပူျပင္းေသာရက္ေပါင္း တစ္ႏွစ္လွ်ွင္ ၂၀၀ ေက်ာ္ ခံစားရႏိုုင္သည္။ ထိထိေရာက္ေရာက္ အေရးမယူ မေဆာင္႐ြက္ျခင္း မရွိပါက (ထိုသို႔ ျဖစ္ႏိုုင္ေျခက ပိုမ်ားေနသည္) မ်ားမၾကာမီတြင္ ျမန္မာႏိုုင္ငံသည္ အသက္အႏၲရာယ္ ဆုံးရႈံးႏိုင္ေစေလာက္ေသာ အပူဒဏ္ကိုု ႏွစ္စဥ္ႏွစ္တိုုင္း လေပါင္းမ်ားစြာ ႀကံဳေတြ႕ရေတာ့မည္ ျဖစ္ပါသည္။
ျမန္မာႏိုုင္ငံသည္ ကမာၻတစ္ဝွမ္းလုံုးတြင္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အတြက္ ဦးေဆာင္ဦး႐ြက္ ျပဳသင့္ပါသည္။ ကမာၻတစ္ဝွမ္းက ေဆြးေႏြးပြဲမ်ားတြင္ ေရွ႕ဆုံုးက ပါ၀င္ကာ ရာသီဥတုု ေျပာင္းလဲမႈကိုု ထိန္းခ်ဳပ္ႏိုုင္ရန္ စြမ္းစြမ္းတမံ ေဆာင္႐ြက္သင့္ေၾကာင္း အေရးဆိုုသင့္ပါသည္။
ျပည္တြင္း၌လည္း အစိုုးရအဖြဲ႕က ျပဳလုုပ္သမွ် ဆုံုးျဖတ္ခ်က္မ်ား အားလုံုးတြင္ ရာသီဥတုု ေျပာင္းလဲမႈႏွင့္ ပိုုမိုု စိမ္းစိုုေသာ အနာဂတ္ကိုု အၿမဲတေစ ထည့္သြင္းစဥ္းစားသင့္ပါသည္။ ထိုု႔ျပင္ ျမန္မာႏိုင္ငံရွိ သစ္ေတာမ်ား၊ ကမ္း႐ိုုးတန္းႏွင့္ ထူးျခားစုံုလင္ေသာ ဇီဝမ်ိဳးကြဲမ်ားကိုု ထိန္းသိမ္းကာကြယ္ျခင္း၊ ေမာ္ေတာ္ကားအသုံုးျပဳမႈ ေလွ်ာ့ခ်ျခင္းႏွင့္ ၿမိဳ႕ျပ စီမံကိန္း ေရးဆြဲရာတြင္ အမ်ားျပည္သူ ပိုု႔ေဆာင္ဆက္သြယ္ေရးကိုု ဗဟိုုျပဳျခင္း၊ ပိုမိုစိမ္းစိုုေသာ ၿမိဳ႕ျပမ်ား တည္္ေဆာက္ျခင္းႏွင့္ သန႔္စင္ေသာ စြမ္းအင္ သုံုးစြဲမႈကိုု ျမႇင့္တင္ျခင္း အစရွိသည္တို႔ကို ေဆာင္႐ြက္ၿပီး အျခားႏိုင္ငံမ်ား စံနမူနာျပဳႏိုင္သည့္ ႏိုင္ငံတစ္ခု ျဖစ္လာသင့္ပါသည္။
သဘာဝပတ္ဝန္းက်င္ကိုု ထိန္းသိမ္းျခင္းႏွင့္ ရာသီဥတုု ေျပာင္းလဲလာမႈအတြက္ ႀကိဳတင္ျပင္ဆင္ျခင္းတုုိ႔သည္ တိုင္းသူျပည္သား အားလုံုးကိုု စည္းလုံုးညီၫြတ္ေစသည့္ အေၾကာင္းတစ္ရပ္ ျဖစ္သင့္ပါသည္။ ဤသည္မွာ ယခုုလက္ရွိတြင္ မိမိတိုု႔ ႏိုုင္ငံအေနျဖင့္ ရင္ဆိုုင္ေနရသည့္ အေရးအႀကီးဆုံုးေသာ အေရးကိစၥပင္ ျဖစ္ပါသည္။
Credit:Thant Myint-U
Unicodeဖြင့်ဖတ်ရန်
လာမည့် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်း ရာသီဥတု ပြောင်းလဲမှုများက မြန်မာနိုင်ငံကို ဆိုးရွာစွာထိခိုက်စေမည်
နောင်နှစ် ၁၀၀၊ နှစ် ၅၀ မှသာ မဟုတ်ဘဲ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာပင် ရာသီဥတု ပြောင်းလဲမှုသည် မြန်မာနိုင်ငံအပေါ် ဆိုးဝါးစွာ ထိခိုက်စေပါလိမ့်မည်။ (English below)
ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို အခြားနိုင်ငံများနှင့်စာလျှင် မြန်မာနိုင်ငံ ပိုမိုတွေ့ကြုံလာရမည် ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသများ ရေလွှမ်းမိုးခံရမည်။ ရာသီဥတု ပြင်းထန်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း (၂၀၁၅ ခုနှစ်တုန်းကကဲ့သို့) နှင့် ဆိုင်ကလုန်း မုန်တိုင်းများ (နာဂစ်မုန်တိုင်းကဲ့သို့) လည်း မကြာခဏဖြစ်ပွားလာမည်။ မုတ်သုန်မိုးသည် ခန့်မှန်းမရအောင် ဖြစ်ပြီး စိုက်ပျိုးရေးအတွက် များစွာ အခက်တွေ့စေမည်။
မြန်မာနိုင်ငံ၏ ဒေသအများစုတွင် မခံမရပ်နိုင်အောင် ပူပြင်းလာလိမ့်မည်။ ယခုအခါ မြန်မာနိုင်ငံတွင် အပူချိန် အလွန်အမင်းဖြစ်သောနေ့ရက် တစ်နှစ်လျှင် ၁၀ ရက်ခန့်သာ ကြုံရသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ အသီးသီးက ရာသီဥတု ပြောင်းလဲလာမှုကို တွန်းလှန်ရန် ယခုချက်ချင်း ထိရောက်စွာ ဆောင်ရွက်သည့်တိုင် ဤရာစုနှစ်အကုန်တွင် မြန်မာနိုင်ငံ၌ အလွန်အမင်း ပူပြင်းသောရက်ပေါင်း တစ်နှစ်လျှှင် ၂၀၀ ကျော် ခံစားရနိုင်သည်။ ထိထိရောက်ရောက် အရေးမယူ မဆောင်ရွက်ခြင်း မရှိပါက (ထိုသို့ ဖြစ်နိုင်ခြေက ပိုများနေသည်) များမကြာမီတွင် မြန်မာနိုင်ငံသည် အသက်အန္တရာယ် ဆုံးရှုံးနိုင်စေလောက်သော အပူဒဏ်ကို နှစ်စဉ်နှစ်တိုင်း လပေါင်းများစွာ ကြုံတွေ့ရတော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဦးဆောင်ဦးရွက် ပြုသင့်ပါသည်။ ကမ္ဘာတစ်ဝှမ်းက ဆွေးနွေးပွဲများတွင် ရှေ့ဆုံးက ပါဝင်ကာ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်သင့်ကြောင်း အရေးဆိုသင့်ပါသည်။
ပြည်တွင်း၌လည်း အစိုးရအဖွဲ့က ပြုလုပ်သမျှ ဆုံးဖြတ်ချက်များ အားလုံးတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပိုမို စိမ်းစိုသော အနာဂတ်ကို အမြဲတစေ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ သစ်တောများ၊ ကမ်းရိုးတန်းနှင့် ထူးခြားစုံလင်သော ဇီဝမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်း၊ မော်တော်ကားအသုံးပြုမှု လျှော့ချခြင်းနှင့် မြို့ပြ စီမံကိန်း ရေးဆွဲရာတွင် အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးကို ဗဟိုပြုခြင်း၊ ပိုမိုစိမ်းစိုသော မြို့ပြများ တည်ဆောက်ခြင်းနှင့် သန့်စင်သော စွမ်းအင် သုံးစွဲမှုကို မြှင့်တင်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ပြီး အခြားနိုင်ငံများ စံနမူနာပြုနိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာသင့်ပါသည်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့် ရာသီဥတု ပြောင်းလဲလာမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့သည် တိုင်းသူပြည်သား အားလုံးကို စည်းလုံးညီညွတ်စေသည့် အကြောင်းတစ်ရပ် ဖြစ်သင့်ပါသည်။ ဤသည်မှာ ယခုလက်ရှိတွင် မိမိတို့ နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးသော အရေးကိစ္စပင် ဖြစ်ပါသည်။
Credit:Thant Myint-U


မှတ်ချက်များ