အ႐ွိကို အ႐ွိတုိင္း ျမင္ေအာင္ေျပာတတ္တဲ့ ခ်စ္သူဟာ မင္းဘဝအတြက္ လက္တဲြေဖာ္ေကာင္းသာျဖစ္
Zawgyiျဖင့္ဖတ္ရန္
ခ်စ္လို႔ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အမွန္ကိုမျမင္ႏိုင္ပဲ လမ္းေပ်ာက္သြားေအာင္ ကိုယ့္ခ်စ္သူအေပၚ
လုပ္တတ္ၾကပါတယ္။ ” ေၾသာ္ .. ငါေျပာလုိက္ရင္ သူစိတ္ကြက္သြားမလား” ဆိုတဲ့ စိတ္နဲ႔ ျငိဳျငင္ခံရမွာ
ေၾကာက္လုိ႔ အမွန္ကို အမွားလုပ္ပစ္လုိက္တဲ့အခါေတြလည္း ႐ွိတယ္။
ခ်စ္သူဆိုတာလည္း ဘဝရဲ႕တစ္စိတ္တစ္ပုိင္းေလာက္ေတာ့ တုိင္ပင္သင့္တဲ့ လူတစ္ေယာက္ပဲေလ။
တကယ္တမ္း တုိင္ပင္တဲ့အခါ အမွန္ကို မင္းအေနနဲ႔ ခ်ျပဖို႔လိုပါတယ္။ ဒီလိုအမွန္တိုင္းေျပာလိုက္လုိ႔
စိတ္ဆိုးသြားတယ္ဆိုရင္ ထားလုိက္ပါ။ ေနာက္မွ မင္းရဲ႕ေစတနာကို သူနားလည္ပါလိမ့္မယ္။
တကယ္ခ်စ္ရင္ အမွန္ျမင္ႏုိင္ေအာင္ လမ္းျပေပးႏုိင္ရမယ္။ သူစိတ္ဆိုးမွာတစ္ခုကို ထည့္တြက္ေနလို႔
မရပါဘူး။ အေပၚယံေတြနဲ႔သာယာတဲ့ Rs တစ္ခုအျဖစ္ခံမလား ၊ ႏွစ္ဦးႏွစ္ဖက္အတြက္ အက်ဳိးျပဳတဲ့
RS တစ္ခုျဖစ္ေအာင္ လုပ္မလား။ အေရးၾကီးပါတယ္။ တကယ္တမ္း ခ်စ္လာျပီဆိုရင္
သူဟာ ကုိယ္အခ်စ္ဆံုး သူစိမ္းတစ္ေယာက္လည္းျဖစ္သလုိ မိသားစုဝင္လိုျဖစ္လာတာ ခံစားမိၾကမွာပါ။
သူ႔ကိုေအာင္ျမင္ေစခ်င္တယ္ ၊ ထြန္းေတာက္ေစခ်င္တယ္ဆိုရင္ အမွန္တရားကို ျမင္ေအာင္ လမ္းျပဖို႔
လိုပါတယ္။ ခ်စ္သူနဲ႔ ဟိုသြားတယ္၊ ဒီသြားတယ္ ၊ လက္ေဆာင္ေတြ အျပန္လွန္ေပးပါတယ္ဆိုတဲ့
အျခားစံုတဲြေတြရဲ႕အေပၚယံဘဝအေပၚ သြားအားမက်ပါနဲ႔။ သူတို႔မွာလည္း မင္းမျမင္ႏုိင္တဲ့
အခက္ခဲ ၊ ျပႆနာေတြ ႐ွိပါတယ္။ ကိုယ့္အေၾကာင္းကိုယ္သာ သိေအာင္လုပ္ျပီး ဘဝကို ခ်စ္တဲ့သူနဲ႔
ေပ်ာ္ရႊင္စြာ ျဖတ္သန္းပါ။ ေအာင္ျမင္တဲ့ Rs ဘဝဆိုတာ တစ္ေယာက္အေပၚတစ္ေယာက္ အက်ဳိးျပဳေနျပီး လမ္းအမွန္ျပေနဖို႔လိုပါ
တယ္။
Credit:Trend Maynmar
Unicodeဖြင့်ဖတ်ရန်
အရှိကို အရှိတိုင်း မြင်အောင်ပြောတတ်တဲ့ ချစ်သူဟာ မင်းဘဝအတွက် လက်တွဲဖော်ကောင်းသာဖြစ်
ချစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမှန်ကိုမမြင်နိုင်ပဲ လမ်းပျောက်သွားအောင် ကိုယ့်ချစ်သူအပေါ်
လုပ်တတ်ကြပါတယ်။ ” သြော် .. ငါပြောလိုက်ရင် သူစိတ်ကွက်သွားမလား” ဆိုတဲ့ စိတ်နဲ့ ငြိုငြင်ခံရမှာ
ကြောက်လို့ အမှန်ကို အမှားလုပ်ပစ်လိုက်တဲ့အခါတွေလည်း ရှိတယ်။
ချစ်သူဆိုတာလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းလောက်တော့ တိုင်ပင်သင့်တဲ့ လူတစ်ယောက်ပဲလေ။
တကယ်တမ်း တိုင်ပင်တဲ့အခါ အမှန်ကို မင်းအနေနဲ့ ချပြဖို့လိုပါတယ်။ ဒီလိုအမှန်တိုင်းပြောလိုက်လို့
စိတ်ဆိုးသွားတယ်ဆိုရင် ထားလိုက်ပါ။ နောက်မှ မင်းရဲ့စေတနာကို သူနားလည်ပါလိမ့်မယ်။
တကယ်ချစ်ရင် အမှန်မြင်နိုင်အောင် လမ်းပြပေးနိုင်ရမယ်။ သူစိတ်ဆိုးမှာတစ်ခုကို ထည့်တွက်နေလို့
မရပါဘူး။ အပေါ်ယံတွေနဲ့သာယာတဲ့ Rs တစ်ခုအဖြစ်ခံမလား ၊ နှစ်ဦးနှစ်ဖက်အတွက် အကျိုးပြုတဲ့
RS တစ်ခုဖြစ်အောင် လုပ်မလား။ အရေးကြီးပါတယ်။ တကယ်တမ်း ချစ်လာပြီဆိုရင်
သူဟာ ကိုယ်အချစ်ဆုံး သူစိမ်းတစ်ယောက်လည်းဖြစ်သလို မိသားစုဝင်လိုဖြစ်လာတာ ခံစားမိကြမှာပါ။
သူ့ကိုအောင်မြင်စေချင်တယ် ၊ ထွန်းတောက်စေချင်တယ်ဆိုရင် အမှန်တရားကို မြင်အောင် လမ်းပြဖို့
လိုပါတယ်။ ချစ်သူနဲ့ ဟိုသွားတယ်၊ ဒီသွားတယ် ၊ လက်ဆောင်တွေ အပြန်လှန်ပေးပါတယ်ဆိုတဲ့
အခြားစုံတွဲတွေရဲ့အပေါ်ယံဘဝအပေါ် သွားအားမကျပါနဲ့။ သူတို့မှာလည်း မင်းမမြင်နိုင်တဲ့
အခက်ခဲ ၊ ပြဿနာတွေ ရှိပါတယ်။ ကိုယ့်အကြောင်းကိုယ်သာ သိအောင်လုပ်ပြီး ဘဝကို ချစ်တဲ့သူနဲ့
ပျော်ရွှင်စွာ ဖြတ်သန်းပါ။ အောင်မြင်တဲ့ Rs ဘဝဆိုတာ တစ်ယောက်အပေါ်တစ်ယောက် အကျိုးပြုနေပြီး လမ်းအမှန်ပြနေဖို့လိုပါ
တယ်။
Credit:Trend Maynmar


မှတ်ချက်များ