ေငြေၾကးေဖာင္းပြမႈေၾကာင့္ ၾကက္တစ္ေကာင္ကို ၁၄ သန္းေက်ာ္ ေပးဝယ္ေနရတဲ့ ဗင္နီဇြဲလား
Zawgyi ျဖင့္ဖတ္ရန္
ဗင္နီဇြဲလားႏိုင္ငံ၏ အုပ္ခ်ဳပ္ေရး စနစ္ေၾကာင့္ ျပည္သူမ်ားဆင္းရဲဒုကၡ ေရာက္လာၾကရၿပီး ေငြေၾကးေဖာင္းပြမႈျမင့္ တက္လာေနျခင္းေၾကာင့္ ဗင္နီဇြဲလားႏိုင္ငံ သုံးေငြ ဘိုလီဗာေငြစကၠဴ ၁၀၀၀ တန္မွာ အိမ္သာသုံးစကၠဴတစ္လိပ္မွ်ပင္ တန္ဖိုး မရွိေတာ့ဘဲ ၂ ဒသမ ၄ ကီလိုဂရမ္ အ ေလးခ်ိန္ရွိ ၾကက္တစ္ေကာင္ကိုပင္ ဘိုလီ ဗာ သန္းႏွင့္ခ်ီကာ ေပးေနရၿပီျဖစ္ေၾကာင္း သိရသည္။
ဗင္နီဇြဲလားႏိုင္ငံတြင္း လက္ရွိ ရင္ဆိုင္ေနရသည့္ ေငြေၾကးေဖာင္းပြမႈ ျပႆနာအေျခအေနကို နားလည္သေဘာ ေပါက္လြယ္ေစရန္အတြက္ ဗင္နီဇြဲလား ႏိုင္ငံ၊ ကာရာကတ္စ္ၿမိဳ႕အေျခစိုက္ ႐ိုက္ တာသတင္းဓာတ္ပုံဆရာ ကားလို႔စ္ဂါစီ ယာေရာ္လင္းစ္က ေန႔စဥ္သုံးအေျခခံ ကုန္ပစၥည္းတစ္ခုစီတိုင္းကို လက္ရွိ ေပါက္ေဈးနဲ႔ ကိုက္ညီတဲ့တန္ေၾကးပမာဏ အတိုင္း ဘိုလီဗာေငြစကၠဴအပုံလိုက္ေတြနဲ႔ ယွဥ္ျပကာ ဓာတ္ပုံ႐ိုက္ကူးပုံေဖာ္ထားခဲ့ တာျဖစ္ပါတယ္။
ကားလို႔စ္ရဲ႕ဓာတ္ပုံေတြ အရ ကာရာကတ္စ္ေဈးမွာ ေရာင္းခ်ေန တဲ့ၾကက္တစ္ေကာင္ကို ဘိုလီဗာ ၁၄၆၀၀၀၀၀(၂ ဒသမ ၂၂ ေဒၚလာ)၊ အ သား ၁ ကီလိုဂရမ္ကို ဘိုလီဗာ ၉၅၀၀၀၀၀ (၁ ဒသမ ၄၅ ေဒၚလာ)၊ အိမ္သာသုံး စကၠဴလိပ္တစ္လိပ္ကို ဘိုလီဗာ ၂၆၀၀၀၀၀ (၄၀ ဆင့္)၊ ၁ ကီလိုဂရမ္ ဆန္တစ္အိတ္ ကို ဘိုလီဗာ ၂၅၀၀၀၀၀( ၃၈ ဆင့္)၊ ၁ ကီလိုဂရမ္ ေျပာင္းဂ်ဳံမႈန႔္တစ္အိတ္ကို ဘိုလီဗာ ၂၅၀၀၀၀၀ (၃၈ ဆင့္) ၊ ကိုယ္ တိုက္ဆပ္ျပာခဲတစ္တုံးကို ဘိုလီဗာ ၃၅၀၀၀၀၀ (၅၃ ဆင့္)ဆိုၿပီး ဘိုလီဗာေငြ စကၠဴအပုံလိုက္ေတြနဲ႔ ယွဥ္ျပထားခဲ့တာ ျဖစ္ပါတယ္။
ဗင္နီဇြဲလားႏိုင္ငံရဲ႕လက္ရွိ အေနအထားအရ ဘိုလီဗာက ခိုင္မာမႈမရွိ ေတာ့တာေၾကာင့္ အရာရာတိုင္းကို ေဒၚလာနဲ႔တြက္ေနၾကတယ္လို႔ သိရပါ တယ္။ ဗင္နီဇြဲလားႏိုင္ငံရဲ႕ စီးပြားေရးအ က်ပ္အတည္းျပႆနာေၾကာင့္ ၂၀၁၄ ခု ႏွစ္ကတည္းက ႏိုင္ငံကေန ထြက္ခြာသြားခဲ့ တဲ့ ဗင္နီဇြဲလားႏိုင္ငံသားအေရအတြက္ ၂ ဒသမ ၂ သန္း ရွိခဲ့ၿပီလို႔သိရပါတယ္။
share form : xyznews
Unicode ဖြင့်ဖတ်ရန်
ငွေကြေးဖောင်းပွမှုကြောင့် ကြက်တစ်ကောင်ကို ၁၄ သန်းကျော် ပေးဝယ်နေရတဲ့ ဗင်နီဇွဲလား
ဗင်နီဇွဲလားနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်ကြောင့် ပြည်သူများဆင်းရဲဒုက္ခ ရောက်လာကြရပြီး ငွေကြေးဖောင်းပွမှုမြင့် တက်လာနေခြင်းကြောင့် ဗင်နီဇွဲလားနိုင်ငံ သုံးငွေ ဘိုလီဗာငွေစက္ကူ ၁၀၀၀ တန်မှာ အိမ်သာသုံးစက္ကူတစ်လိပ်မျှပင် တန်ဖိုး မရှိတော့ဘဲ ၂ ဒသမ ၄ ကီလိုဂရမ် အ လေးချိန်ရှိ ကြက်တစ်ကောင်ကိုပင် ဘိုလီ ဗာ သန်းနှင့်ချီကာ ပေးနေရပြီဖြစ်ကြောင်း သိရသည်။
ဗင်နီဇွဲလားနိုင်ငံတွင်း လက်ရှိ ရင်ဆိုင်နေရသည့် ငွေကြေးဖောင်းပွမှု ပြဿနာအခြေအနေကို နားလည်သဘော ပေါက်လွယ်စေရန်အတွက် ဗင်နီဇွဲလား နိုင်ငံ၊ ကာရာကတ်စ်မြို့အခြေစိုက် ရိုက် တာသတင်းဓာတ်ပုံဆရာ ကားလို့စ်ဂါစီ ယာရော်လင်းစ်က နေ့စဉ်သုံးအခြေခံ ကုန်ပစ္စည်းတစ်ခုစီတိုင်းကို လက်ရှိ ပေါက်ဈေးနဲ့ ကိုက်ညီတဲ့တန်ကြေးပမာဏ အတိုင်း ဘိုလီဗာငွေစက္ကူအပုံလိုက်တွေနဲ့ ယှဉ်ပြကာ ဓာတ်ပုံရိုက်ကူးပုံဖော်ထားခဲ့ တာဖြစ်ပါတယ်။
ကားလို့စ်ရဲ့ဓာတ်ပုံတွေ အရ ကာရာကတ်စ်ဈေးမှာ ရောင်းချနေ တဲ့ကြက်တစ်ကောင်ကို ဘိုလီဗာ ၁၄၆၀၀၀၀၀(၂ ဒသမ ၂၂ ဒေါ်လာ)၊ အ သား ၁ ကီလိုဂရမ်ကို ဘိုလီဗာ ၉၅၀၀၀၀၀ (၁ ဒသမ ၄၅ ဒေါ်လာ)၊ အိမ်သာသုံး စက္ကူလိပ်တစ်လိပ်ကို ဘိုလီဗာ ၂၆၀၀၀၀၀ (၄၀ ဆင့်)၊ ၁ ကီလိုဂရမ် ဆန်တစ်အိတ် ကို ဘိုလီဗာ ၂၅၀၀၀၀၀( ၃၈ ဆင့်)၊ ၁ ကီလိုဂရမ် ပြောင်းဂျုံမှုန့်တစ်အိတ်ကို ဘိုလီဗာ ၂၅၀၀၀၀၀ (၃၈ ဆင့်) ၊ ကိုယ် တိုက်ဆပ်ပြာခဲတစ်တုံးကို ဘိုလီဗာ ၃၅၀၀၀၀၀ (၅၃ ဆင့်)ဆိုပြီး ဘိုလီဗာငွေ စက္ကူအပုံလိုက်တွေနဲ့ ယှဉ်ပြထားခဲ့တာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့လက်ရှိ အနေအထားအရ ဘိုလီဗာက ခိုင်မာမှုမရှိ တော့တာကြောင့် အရာရာတိုင်းကို ဒေါ်လာနဲ့တွက်နေကြတယ်လို့ သိရပါ တယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးအ ကျပ်အတည်းပြဿနာကြောင့် ၂၀၁၄ ခု နှစ်ကတည်းက နိုင်ငံကနေ ထွက်ခွာသွားခဲ့ တဲ့ ဗင်နီဇွဲလားနိုင်ငံသားအရေအတွက် ၂ ဒသမ ၂ သန်း ရှိခဲ့ပြီလို့သိရပါတယ်။
share form : xyznews


မှတ်ချက်များ