ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္႐ိုက္ႏိုင္တဲ့အထိ ေအာင္ျမင္လာတဲ့ ျဖဴျဖဴေထြး





Zawgyi ျဖင့္ဖတ္ရန္

ေဖ့စ္ဘုတ္ေပၚမွာ ဟာသဗီဒီယိုေတြ၊အကဗီဒီယိုေတြတင္ရင္းကေနတစ္ဆင့္ လူသိမ်ားလာတဲ့သူတစ္ေယာက္ျဖစ္တဲ့ ျဖဴျဖဴေထြးကေတာ့ စိတ္ထားျဖဴစင္သူေလးတစ္ေယာက္လည္းျဖစ္တာေၾကာင့္ ပရိသတ္ေတြတိုင္း ခ်စ္ၾကတဲ့ သူေလးတစ္ေယာက္လည္းျဖစ္ပါတယ္။ သူမကေတာ့ လတ္တေလာမွာလည္း ေၾကာ္ျငာေတြနဲ႔ ပြဲတက္ေတြကို မနားတမ္းျပဳလုပ္ေနရတဲ့ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။



ဒီတစ္ေခါက္မွာလည္း ျဖဴျဖဴေထြးက ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္သြားရဦးမွာ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက “ေရာသမေမႊ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဝါရင့္ အႏုပညာရွင္ေတြမ်ားစြာနဲ႔ သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) ႐ိုက္ကူးပုံေဖာ္မယ့္ “ေရာသမေမႊ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ အကယ္ဒမီ ေဖြးေဖြး၊ လႊမ္းပိုင္၊ ရဲရင့္ေအာင္ တို႔နဲ႔အတူတူ သ႐ုပ္ေဆာင္သြားမွာပဲ ျဖစ္ပါတယ္။





ျဖဴျဖဴေထြးက လက္ရွိမွာ ေအာင္ျမင္မႈေတြ ရရွိၿပီး ပရိသတ္ အခိုင္အမာ ရရွိထားတဲ့ မင္းသမီးေလး တစ္ေယာက္ ျဖစ္လို႔ ေနပါၿပီ။ သာမာန္ ေက်ာင္းသူဘဝကေန အခုလို ေန႔ခ်င္းညခ်င္း ေအာင္ျမင္ေက်ာ္ၾကားလာတာ သူမရဲ႕ ကံၾကမၼာပါပဲ။


ျဖဴျဖဴေထြးရဲ႕ ေအာင္ျမင္မႈကေတာ့ တကယ့္ကို ေၾကာက္ခမန္းလိလိပါပဲ။ ပရိသတ္ႀကီးလည္း ျဖဴျဖဴေထြးရဲ႕ “ေရာသမေမႊ” ႐ုပ္ရွင္ဇာတ္ကားႀကီး ထြက္ရွိရင္ အားေပးၾကပါဦးေနာ္။

share from: /burmese.asia


Unicode ဖြင့်ဖတ်ရန်

ဝါရင့်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ရိုက်နိုင်တဲ့အထိ အောင်မြင်လာတဲ့ ဖြူဖြူထွေး

ဖေ့စ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေ၊အကဗီဒီယိုတွေတင်ရင်းကနေတစ်ဆင့် လူသိများလာတဲ့သူတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ စိတ်ထားဖြူစင်သူလေးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိသတ်တွေတိုင်း ချစ်ကြတဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း ကြော်ငြာတွေနဲ့ ပွဲတက်တွေကို မနားတမ်းပြုလုပ်နေရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။



ဒီတစ်ခေါက်မှာလည်း ဖြူဖြူထွေးက ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ ပါဝင်သရုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဝါရင့် အနုပညာရှင်တွေများစွာနဲ့ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်မယ့် “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ ဖွေးဖွေး၊ လွှမ်းပိုင်၊ ရဲရင့်အောင် တို့နဲ့အတူတူ သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။



ဖြူဖြူထွေးက လက်ရှိမှာ အောင်မြင်မှုတွေ ရရှိပြီး ပရိသတ် အခိုင်အမာ ရရှိထားတဲ့ မင်းသမီးလေး တစ်ယောက် ဖြစ်လို့ နေပါပြီ။ သာမာန် ကျောင်းသူဘဝကနေ အခုလို နေ့ချင်းညချင်း အောင်မြင်ကျော်ကြားလာတာ သူမရဲ့ ကံကြမ္မာပါပဲ။



ဖြူဖြူထွေးရဲ့ အောင်မြင်မှုကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိရင် အားပေးကြပါဦးနော်။

share from: /burmese.asia

မှတ်ချက်များ