မွန္ကန္ေသာ ေလမႈတ္စက္အသုံးျပဳျခင္း




Zawgyi ျဖင့္ဖတ္ရန္

ဆံပင္ ေလမႈတ္စက္ကို မိန္းကေလးတိုင္းသုံးစြဲၾကေသာ္လည္း ဆံပင္သားမပ်က္စီးေစရန္ မွန္ကန္ေသာနည္းလမ္းကို သိႏိုင္ေစရန္ ရည္႐ြယ္ပါသည္။



မွန္ကန္ေသာ ေလမႈတ္စက္အသုံးျပဳျခင္း Blow drying

အိမ္မွာသုံးဖို႔ ေလမႈတ္စက္ကို ဝယ္တဲ့အခါမွာ ေလႁပြန္ခပ္ရွည္ရွည္နဲ႔ အေလးခ်ိန္ေပါ့တာမ်ိဳးကို ေ႐ြးခ်ယ္ပါတယ္။အသုံးျပဳရလြယ္ကူၿပီး သဘာဝေလရဲ႕လႈပ္ရွားမႈမ်ိဳးနဲ႔ ဆံပင္ကို ေျခာက္ေသြ႕ေစႏိုင္သလို အေကာက္မ်ားကို ေျပေလ်ာ့ေစႏိုင္တဲ့ Diffuser ကို ေလမႈတ္စက္ႁပြန္ရွည္ထိပ္မွာ တပ္ေပးၿပီးလည္း ပုံသြင္းေပးႏိုင္ပါတယ္။ဆံပင္ကို ေခ်ာေမြ႕ေတာက္ေျပာင္တဲ့ ပုံစံမ်ိဳးျဖစ္ေစခ်င္ရင္ ေလမႈတ္စက္မွာ ေလကို စုစည္းေစတဲ့ ကိရိယာတပ္ၿပီးမွ ပုံသြင္းေပးပါ။



ဒါမွေလကို ေလႁပြန္ထိပ္ဝမွာ စုစည္းေစၿပီး ဆံအိတ္ႁပြန္ေလးေတြကို လိုရာပုံသြင္းႏိုင္ေအာင္ တြန္းလႊတ္ေစမွာျဖစ္တယ္။သတိထားရမွာက ဆံပင္ကို ေလမႈတ္တဲ့အခါမွာ ဆံပင္ရဲ႕ေအာက္ကေန မဟုတ္ဘဲ အေပၚကေန ေအာက္ဘက္ကို ေလမႈတ္ေပးရပါမယ္။ဆံပင္ေအာက္ဘက္ကေန ဆံပင္သားေတြကို ေလမႈတ္တဲ့အခါမွာ ဆံပင္မ်ားအေပၚဘက္လႊင့္တက္ၿပီး ရႈပ္ေထြးတတ္သလို အေရာင္ကိုလည္း ေမွးမွိန္သြားေစႏိုင္ပါတယ္။တစ္ကယ္လို႔ ေအာက္ဘက္မွ ေလမႈတ္မယ္ဆိုရင္ ေလမလြင့္ေအာင္ ဆံပင္သားအဖ်ားပိုင္းမ်ားကို လက္ျဖင့္ပါ အုပ္ထားေပးရပါမယ္။



ဆံပင္အုံမ်ားသေယာင္ျဖစ္ေစလိုတဲ့အခါမွာေတာ့ ဦးေခါင္းကို ေအာက္ဘက္ငုံ႔ခ်လိုက္ၿပီး ဆံပင္အရင္းေနရာကို ေလမႈတ္စက္ႏွင့္မႈတ္ေပးပါ။အခ်ိန္ရရင္ေတာ့ ဆံပင္ကိုအပိုင္းေလးမ်ားခြဲၿပီး ဆံပင္လိပ္တံႏွင့္ျဖစ္ေစ၊ လက္ႏွင့္ေခြၿပီး အလိပ္ေလးမ်ားကို ကလစ္နဲ႔ညႇပ္ထားလို႔ျဖစ္ေစ အရင္ဆုံးပုံသြင္းထားၿပီးမွ ေလကို စုစည္းေပးတဲ့ Diffuser နဲ႔ သဘာဝဆန္ဆန္လွပေအာင္ ေလမႈတ္ၿပီး ပုံသြင္းေပးပါ။



Credit  :  နန္းအိအိဇာ ( ဆံေကသာအေၾကာင္းသိေကာင္းဖြယ္ရာ )


Unicode ဖြင့်ဖတ်ရန်

မှန်ကန်သော လေမှုတ်စက်အသုံးပြုခြင်း



ဆံပင် လေမှုတ်စက်ကို မိန်းကလေးတိုင်းသုံးစွဲကြသော်လည်း ဆံပင်သားမပျက်စီးစေရန် မှန်ကန်သောနည်းလမ်းကို သိနိုင်စေရန် ရည်ရွယ်ပါသည်။



မှန်ကန်သော လေမှုတ်စက်အသုံးပြုခြင်း Blow drying

အိမ်မှာသုံးဖို့ လေမှုတ်စက်ကို ဝယ်တဲ့အခါမှာ လေပြွန်ခပ်ရှည်ရှည်နဲ့ အလေးချိန်ပေါ့တာမျိုးကို ရွေးချယ်ပါတယ်။အသုံးပြုရလွယ်ကူပြီး သဘာဝလေရဲ့လှုပ်ရှားမှုမျိုးနဲ့ ဆံပင်ကို ခြောက်သွေ့စေနိုင်သလို အကောက်များကို ပြေလျော့စေနိုင်တဲ့ Diffuser ကို လေမှုတ်စက်ပြွန်ရှည်ထိပ်မှာ တပ်ပေးပြီးလည်း ပုံသွင်းပေးနိုင်ပါတယ်။ဆံပင်ကို ချောမွေ့တောက်ပြောင်တဲ့ ပုံစံမျိုးဖြစ်စေချင်ရင် လေမှုတ်စက်မှာ လေကို စုစည်းစေတဲ့ ကိရိယာတပ်ပြီးမှ ပုံသွင်းပေးပါ။



ဒါမှလေကို လေပြွန်ထိပ်ဝမှာ စုစည်းစေပြီး ဆံအိတ်ပြွန်လေးတွေကို လိုရာပုံသွင်းနိုင်အောင် တွန်းလွှတ်စေမှာဖြစ်တယ်။သတိထားရမှာက ဆံပင်ကို လေမှုတ်တဲ့အခါမှာ ဆံပင်ရဲ့အောက်ကနေ မဟုတ်ဘဲ အပေါ်ကနေ အောက်ဘက်ကို လေမှုတ်ပေးရပါမယ်။ဆံပင်အောက်ဘက်ကနေ ဆံပင်သားတွေကို လေမှုတ်တဲ့အခါမှာ ဆံပင်များအပေါ်ဘက်လွှင့်တက်ပြီး ရှုပ်ထွေးတတ်သလို အရောင်ကိုလည်း မှေးမှိန်သွားစေနိုင်ပါတယ်။တစ်ကယ်လို့ အောက်ဘက်မှ လေမှုတ်မယ်ဆိုရင် လေမလွင့်အောင် ဆံပင်သားအဖျားပိုင်းများကို လက်ဖြင့်ပါ အုပ်ထားပေးရပါမယ်။



ဆံပင်အုံများသယောင်ဖြစ်စေလိုတဲ့အခါမှာတော့ ဦးခေါင်းကို အောက်ဘက်ငုံ့ချလိုက်ပြီး ဆံပင်အရင်းနေရာကို လေမှုတ်စက်နှင့်မှုတ်ပေးပါ။အချိန်ရရင်တော့ ဆံပင်ကိုအပိုင်းလေးများခွဲပြီး ဆံပင်လိပ်တံနှင့်ဖြစ်စေ၊ လက်နှင့်ခွေပြီး အလိပ်လေးများကို ကလစ်နဲ့ညှပ်ထားလို့ဖြစ်စေ အရင်ဆုံးပုံသွင်းထားပြီးမှ လေကို စုစည်းပေးတဲ့ Diffuser နဲ့ သဘာဝဆန်ဆန်လှပအောင် လေမှုတ်ပြီး ပုံသွင်းပေးပါ။



Credit  :  နန်းအိအိဇာ ( ဆံကေသာအကြောင်းသိကောင်းဖွယ်ရာ )

မှတ်ချက်များ