သင့္ေက်ာက္ကပ္ ပ်က္စီးေနေၾကာင္း ျပေနေသာ လကၡဏာ (၅)မ်ိဳး





Zawgyi ျဖင့္ဖတ္ရန္

သင့္ေက်ာက္ကပ္မ်ားဟာ သင့္က်န္းမာေရးတြက္ မရွိမျဖစ္ အေရးပါေသာ အစိတ္အပိုင္းဆိုလွ်င္ မွားမယ္ မထင္ပါဘူး။ ကိုယ္ခႏၶာမွ အညစ္အေၾကးမ်ားႏွင့္ ပိုလွ်ံေသာအရည္မ်ားကို ေက်ာက္ကပ္ကေနတစ္ဆင့္ စြန႔္ပစ္ေပးပါတယ္။ထို႔ျပင္ အျခားေသာ ကိုယ္အစိတ္အပိုင္းမ်ား ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ရန္လည္း ကူညီေပးပါေသးတယ္။ေက်ာက္ကပ္က သူ႔၏လုပ္ငန္းေဆာင္တာမ်ားကို ေကာင္းမြန္စြာ မျပဳလုပ္ႏိုင္ေတာ့ပါက ေက်ာက္ကပ္ပ်က္စီးျခင္း (renal failure) ျဖစ္ေပၚေနၿပီဟု သတ္မွတ္ပါတယ္။ အေမရိကန္လူမ်ိဳး ၃၇ သန္းခန႔္ဟာ ေက်ာက္ကပ္ပ်က္စီးျခင္းကို ခံစားေနရၿပီး အ႐ြယ္ေရာက္သူ ၁၀ဦးအနက္ ၉ဦးမွာ သူကိုယ္တိုင္မသိေပမယ့္ ေက်ာက္ကပ္ပ်က္စီးျခင္းကို ခံစားေနရတယ္လို႔ ေလ့လာခ်က္မ်ားအရ သိရပါတယ္။ ေက်ာက္ကပ္ပ်က္စီးျခင္းကို ျပေနေသာလကၡဏာမ်ားမွာ –


(၁) ေသြးေပါင္တက္ျခင္း

ေက်ာက္ကပ္ကေန ဟိုမုန္းမ်ား ထုတ္ေပးျခင္းျဖင့္ ေသြးေပါင္ခ်ိန္ကို ပုံမွန္ျဖစ္ေအာင္ ထိန္းညႇိေပးပါသည္။ထို႔ေၾကာင့္ ေက်ာက္ကပ္ပ်က္စီးပါက ေသြးေပါင္ခ်ိန္မ်ား တက္လာပါသည္။

(၂) ဆီးသြားျခင္းဆိုင္ရာ ေျပာင္းလဲမႈမ်ား

ေက်ာက္ကပ္ပ်က္စီးေနသူတစ္ေယာက္ဟာ ဆီးသြားႀကိမ္ နည္းလာႏိုင္သလို လုံး၀ ဆီးမသြားေတာ့တာမ်ိဳးလည္း ရွိပါတယ္။ ထို႔ျပင္ ကိုကာကိုလာ အေရာင္ကဲသို႔ ဆီးအေရာင္ရင့္ျခင္း၊ ဆီးတြင္ အျမႇဳပ္ထျခင္းတို႔ပါ ျဖစ္ေပၚလာတတ္ပါတယ္။

(၃) ေဖာေယာင္ျခင္း

ေျခေထာက္မ်ား၊ ေက်ာဘက္၊ မ်က္ႏွာႏွင့္ မ်က္ခြံမ်ား ေဖာေယာင္လာမွာ ျဖစ္ပါတယ္။

(၄) ပ်ိဳ႕အန္ျခင္း၊ အစာစားလိုစိတ္ မရွိျခင္း

ေက်ာက္ကပ္ပ်က္စီးပါက တစ္ကိုယ္လုံးတြင္ အဆိပ္အေတာက္မ်ား ပ်ံ႕ႏွံ႔ေနမွာျဖစ္တာမို႔ အစာအိမ္တြင္လည္းအဆိပ္မ်ား စုပုံလာၿပီး ပ်ိဳ႕အန္ျခင္း၊ အစားအေသာက္ပ်က္ျခင္းတို႔ ျဖစ္ေပၚေစပါတယ္။

(၅) ဦးေႏွာက္ရႈပ္ေထြးျခင္း

ေက်ာက္ကပ္ပ်က္စီးျခင္းေၾကာင့္ အဆိပ္အေတာက္မ်ားကို ဆီးလမ္းေၾကာင္းကေန မစြန႔္ထုတ္ႏိုင္ေတာ့ပါဘူး။ထိုအခါ အဆိပ္အေတာက္ေတြဟာ ဦးေႏွာက္အပါအဝင္ တစ္ကိုယ္လုံးတြင္ စုပုံလာတတ္ပါသည္။ ေခါင္းမူးျခင္း၊ စိတ္ရႈပ္ေထြးျခင္း၊ သတိလစ္ျခင္းတို႔ကို ျဖစ္ေပၚေစတတ္ပါသည္။

ေက်ာက္ကပ္ပ်က္စီးျခင္းက ဘယ္သူေတြမွာျဖစ္ဖို႔ အလားအလာမ်ားသလဲ?

အျဖစ္မ်ားေသာ အုပ္စုႏွစ္ခု ရွိပါသည္။ ပထမအုပ္စုမွာ ေသြးတိုးေရာဂါရွိသူမ်ားျဖစ္ၿပီး ဒုတိယအုပ္စုကေတာ့ ဆီးခ်ိဳေရာဂါရွိသူမ်ား ျဖစ္ပါသည္။ အျခားေသာ ျဖစ္ေပၚႏိုင္သည့္ အလားအလာရွိသူမ်ားမွာ –

မိဘမ်ိဳး႐ိုးတြင္ ေက်ာက္ကပ္ေရာဂါရွိသူ

အကိုက္အခဲေပ်ာက္ေဆးမ်ားႏွင့္ အစာအိမ္ေဆး Omeprazole စြဲေသာက္သူမ်ား

ေက်ာက္ကပ္တြင္ ထိခိုက္ဒဏ္ရာရထားသူမ်ား

ကင္ဆာေဆး သြင္းထားသူမ်ား စသည္တို႔ ျဖစ္ပါသည္။

Credit-ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

Unicode ဖြင့်ဖတ်ရန်

သင့်ကျောက်ကပ် ပျက်စီးနေကြောင်း ပြနေသော လက္ခဏာ (၅)မျိုး



သင့်ကျောက်ကပ်များဟာ သင့်ကျန်းမာရေးတွက် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းဆိုလျှင် မှားမယ် မထင်ပါဘူး။ ကိုယ်ခန္ဓာမှ အညစ်အကြေးများနှင့် ပိုလျှံသောအရည်များကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ပစ်ပေးပါတယ်။ထို့ပြင် အခြားသော ကိုယ်အစိတ်အပိုင်းများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်လည်း ကူညီပေးပါသေးတယ်။ကျောက်ကပ်က သူ့၏လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ မပြုလုပ်နိုင်တော့ပါက ကျောက်ကပ်ပျက်စီးခြင်း (renal failure) ဖြစ်ပေါ်နေပြီဟု သတ်မှတ်ပါတယ်။ အမေရိကန်လူမျိုး ၃၇ သန်းခန့်ဟာ ကျောက်ကပ်ပျက်စီးခြင်းကို ခံစားနေရပြီး အရွယ်ရောက်သူ ၁၀ဦးအနက် ၉ဦးမှာ သူကိုယ်တိုင်မသိပေမယ့် ကျောက်ကပ်ပျက်စီးခြင်းကို ခံစားနေရတယ်လို့ လေ့လာချက်များအရ သိရပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းကို ပြနေသောလက္ခဏာများမှာ –


(၁) သွေးပေါင်တက်ခြင်း

ကျောက်ကပ်ကနေ ဟိုမုန်းများ ထုတ်ပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါသည်။ထို့ကြောင့် ကျောက်ကပ်ပျက်စီးပါက သွေးပေါင်ချိန်များ တက်လာပါသည်။

(၂) ဆီးသွားခြင်းဆိုင်ရာ ပြောင်းလဲမှုများ

ကျောက်ကပ်ပျက်စီးနေသူတစ်ယောက်ဟာ ဆီးသွားကြိမ် နည်းလာနိုင်သလို လုံး၀ ဆီးမသွားတော့တာမျိုးလည်း ရှိပါတယ်။ ထို့ပြင် ကိုကာကိုလာ အရောင်ကဲသို့ ဆီးအရောင်ရင့်ခြင်း၊ ဆီးတွင် အမြှုပ်ထခြင်းတို့ပါ ဖြစ်ပေါ်လာတတ်ပါတယ်။

(၃) ဖောယောင်ခြင်း

ခြေထောက်များ၊ ကျောဘက်၊ မျက်နှာနှင့် မျက်ခွံများ ဖောယောင်လာမှာ ဖြစ်ပါတယ်။

(၄) ပျို့အန်ခြင်း၊ အစာစားလိုစိတ် မရှိခြင်း

ကျောက်ကပ်ပျက်စီးပါက တစ်ကိုယ်လုံးတွင် အဆိပ်အတောက်များ ပျံ့နှံ့နေမှာဖြစ်တာမို့ အစာအိမ်တွင်လည်းအဆိပ်များ စုပုံလာပြီး ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

(၅) ဦးနှောက်ရှုပ်ထွေးခြင်း

ကျောက်ကပ်ပျက်စီးခြင်းကြောင့် အဆိပ်အတောက်များကို ဆီးလမ်းကြောင်းကနေ မစွန့်ထုတ်နိုင်တော့ပါဘူး။ထိုအခါ အဆိပ်အတောက်တွေဟာ ဦးနှောက်အပါအဝင် တစ်ကိုယ်လုံးတွင် စုပုံလာတတ်ပါသည်။ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါသည်။

ကျောက်ကပ်ပျက်စီးခြင်းက ဘယ်သူတွေမှာဖြစ်ဖို့ အလားအလာများသလဲ?

အဖြစ်များသော အုပ်စုနှစ်ခု ရှိပါသည်။ ပထမအုပ်စုမှာ သွေးတိုးရောဂါရှိသူများဖြစ်ပြီး ဒုတိယအုပ်စုကတော့ ဆီးချိုရောဂါရှိသူများ ဖြစ်ပါသည်။ အခြားသော ဖြစ်ပေါ်နိုင်သည့် အလားအလာရှိသူများမှာ –

မိဘမျိုးရိုးတွင် ကျောက်ကပ်ရောဂါရှိသူ

အကိုက်အခဲပျောက်ဆေးများနှင့် အစာအိမ်ဆေး Omeprazole စွဲသောက်သူများ

ကျောက်ကပ်တွင် ထိခိုက်ဒဏ်ရာရထားသူများ

ကင်ဆာဆေး သွင်းထားသူများ စသည်တို့ ဖြစ်ပါသည်။

Credit-လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

မှတ်ချက်များ