အသက္(၅၀) ကြာတဲ့ အမ်ိဳးသမီးေလးနဲ႔ လက္ထပ္ခဲ့တဲ့ အသက္(၇၀) အရြယ္သူေဌးၾကီး


Zawgyiျဖင့္ဖတ္ရန္

တစ္ေယာက္နဲ႔ တစ္ေယာက္ တကယ္ခ်စ္လာတဲ့အခါ အသက္အရြယ္ ကြာျခားခ်က္ေတြက ဘာမွမဟုတ္ေတာ့ဘူးလို႔ ဆိုၾကပါတယ္။ အသက္ႏွစ္ဆေက်ာ္၊ သံုးဆကြာေပမယ့္ အခ်င္းခ်င္းျမတ္ႏိုးလို႔ အိမ္ေထာင္ျပဳလိုက္ၾကတာေတြလည္း ၾကားဖူးမွာပါ။ Worldofbuzz ကေန အခုသိရတဲ့ သတင္းတစ္ပုဒ္ကလည္း အလားတူ အျဖစ္မ်ိဳးပါပဲ။ ထိုင္းႏိုင္ငံက အြန္လိုင္းအသံုးျပဳသူတစ္ဦးကေန ၄င္း သူငယ္ခ်င္းရဲ႕ မဂၤလာပြဲဓာတ္ပံုေတြကို လူမႈကြန္ယက္ေပၚတင္ခဲ့ပါတယ္။

မဂၤလာေဆာင္မွာ ထူးျခားတာတစ္ခုက သတို႔သားနဲ႔ သတို႔သမီးပါ။ သတို႔သားက အသက္(၇၀) ရွိေနၿပီ ျဖစ္ၿပီး သတို႔သမီးကေတာ့ အသက္ (၂၀) ပဲ ရွိပါေသးတယ္။ သိရတာက သတို႔သားဟာ တစ္ၾကိမ္တစ္ခါမွ လက္ထပ္ဖူးသူမဟုတ္ပဲ ယခုမွ ပထမဆံုးအၾကိမ္ လက္ထပ္တယ္ ဆိုတာကိုပါ။ သတို႔သမီးဘက္ကိုေတာ့ သတို႔သားကေန ဘတ္သန္း(၂၀) နဲ႔ တင္ေတာင္းခဲ့တယ္လို႔ ဆိုပါတယ္။

မဂၤလာသတို႔သားနဲ႔ သတို႔သမီးက အသက္အမ်ားၾကီး ကြာေနတဲ့အတြက္ ၄င္းတို႔ရဲဲ႕ သူငယ္ခ်င္းေတြနဲ႔ မိတ္ေဆြေတြၾကားထဲမွာေတာ့ အတင္းေျပာစရာျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း မဂၤလာေမာင္ႏွွံတို႔ဟာ ေပ်ာ္ရႊင္လ်က္ရွိဆဲျဖစ္ေၾကာင္းလည္း သိရပါတယ္။ မဂၤလာအခမ္းအနားကို တက္ေရာက္ခ်ီးျမွင့္ခဲ့သူ ပုဂၢိဳလ္တစ္ဦးကေတာ့ သတို႔သားဟာ စီးပြားေရးမွာ ေအာင္ျမင္သူတစ္ဦးျဖစ္ၿပီး သူၾကြယ္မ်ိဳးရိုးက လာသူျဖစ္ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အသက်(၅၀) ကွာတဲ့ အမျိုးသမီးလေးနဲ့ လက်ထပ်ခဲ့တဲ့ အသက်(၇၀) အရွယ်သူဌေးကြီး

တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်လာတဲ့အခါ အသက်အရွယ် ကွာခြားချက်တွေက ဘာမှမဟုတ်တော့ဘူးလို့ ဆိုကြပါတယ်။ အသက်နှစ်ဆကျော်၊ သုံးဆကွာပေမယ့် အချင်းချင်းမြတ်နိုးလို့ အိမ်ထောင်ပြုလိုက်ကြတာတွေလည်း ကြားဖူးမှာပါ။ Worldofbuzz ကနေ အခုသိရတဲ့ သတင်းတစ်ပုဒ်ကလည်း အလားတူ အဖြစ်မျိုးပါပဲ။ ထိုင်းနိုင်ငံက အွန်လိုင်းအသုံးပြုသူတစ်ဦးကနေ ၎င်း သူငယ်ချင်းရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။

မင်္ဂလာဆောင်မှာ ထူးခြားတာတစ်ခုက သတို့သားနဲ့ သတို့သမီးပါ။ သတို့သားက အသက်(၇၀) ရှိနေပြီ ဖြစ်ပြီး သတို့သမီးကတော့ အသက် (၂၀) ပဲ ရှိပါသေးတယ်။ သိရတာက သတို့သားဟာ တစ်ကြိမ်တစ်ခါမှ လက်ထပ်ဖူးသူမဟုတ်ပဲ ယခုမှ ပထမဆုံးအကြိမ် လက်ထပ်တယ် ဆိုတာကိုပါ။ သတို့သမီးဘက်ကိုတော့ သတို့သားကနေ ဘတ်သန်း(၂၀) နဲ့ တင်တောင်းခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာသတို့သားနဲ့ သတို့သမီးက အသက်အများကြီး ကွာနေတဲ့အတွက် ၎င်းတို့ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေကြားထဲမှာတော့ အတင်းပြောစရာဖြစ်နေပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာမောင်နှံတို့ဟာ ပျော်ရွှင်လျက်ရှိဆဲဖြစ်ကြောင်းလည်း သိရပါတယ်။ မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့သူ ပုဂ္ဂိုလ်တစ်ဦးကတော့ သတို့သားဟာ စီးပွားရေးမှာ အောင်မြင်သူတစ်ဦးဖြစ်ပြီး သူကြွယ်မျိုးရိုးက လာသူဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

Credit:Shwemom

မှတ်ချက်များ