Selena ရဲ႕Comment တစ္ေၾကာင္းေၾကာင့္ Post ပါ ဖ်က္ပစ္လုိက္တဲ့ Bella Hadid


Zawgyiျဖင့္ဖတ္ရန္

Selena Gomez နဲ႔ Bella Hadid တုိ႔ ၾကားက ရန္စ မီးပြားေလးတစ္ခုကေတာ့ မၾကာေသးခင္က လူသိရွင္ ၾကား ထြက္ေပၚခဲ့ပါတယ္။Selena ကေတာ့ ဂီတဘက္မွာ အရမ္းကို ေအာင္ျမင္ေနတဲ့ အဆုိေတာ္ တစ္ေယာက္ျဖစ္ၿပီး  ႔ Bella Hadid  ကလည္း သူမရဲ႕ ေမာ္ဒယ္လိုင္းဘက္မွာ အရမ္းကို ေအာင္ျမင္ေနတဲ့ သူတစ္ေယာက္ပါ။သြားတဲ့ လမ္းေၾကာင္းလည္း မတူတဲ့ သူမတို႔ႏွစ္ေယာက္ၾကားမွာ အဓိကဆက္ႏြယ္ေနတဲ့ တစ္ခုတည္းေသာ အရာကေတာ့ The Weeknd ပါ။ The Weeknd ကေတာ့ Selena နဲ႔ေရာ Bella နဲ႔ပါ  တြဲခဲ့ဖူးပါတယ္။Bella Hadid  နဲ႔ တြဲၿပီးေနာက္ Selena နဲ႔ တြဲခဲ့ပါတယ္။Selena နဲ႔ ျပတ္ၿပီးေနာက္ Bella နဲ႔ ျပန္တြဲ ခဲ့တာပါ။

လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္က Selena Gomez က ဘယ္သူမွ ထင္မထားတဲ့  အရာတစ္ခုကို လုုပ္ ခဲ့ပါတယ္။Bella Hadid ရဲ႕ IG ကို Follow လုပ္ခဲ့တာပါ။ဘာေၾကာင့္ ရုတ္တရက္ႀကီး Follow လုပ္ခဲ့လဲ ဆိုတာ ကိုေတာ့ မသိေပမယ့္ Bella ကေတာ့ Selena ကို ျပန္ Follow မလုပ္ခဲ့ပါဘူး။Selena ကေတာ့ Bella Hadid နဲ႔ မိတ္ ေဆြ သူငယ္ခ်င္းျဖစ္ခ်င္လို႔ လမ္းစ ခင္းခဲ့တာလား ဒါမွမဟုတ္ တျခား အေၾကာင္းအရင္း ေၾကာင့္ ခုလို လုပ္သလား ဆုိတာကေတာ့ ပရိသတ္ၾကားမွာ အျငင္းပြားစရာ တစ္ခု ျဖစ္ခဲ့ပါတယ္။Follow လုပ္ရံုတင္ မဟုတ္ပဲ ေနာက္ဆံုးမွာေတာ့ ..

Bella ရဲ႕ Instagram Post တစ္ခု ေအာက္မွာ ၀င္ၿပီး Comment ေရးခဲ့ပါတယ္။”Stunning .” လို႔ Comment ၀င္ေရးခဲ့တာပါ။ဒါေပမယ့္ သူမကို လာ Follow တာေတာင္မွ ျပန္ မ Follow ပဲ ဒီအတုိင္း  ေနေနတဲ့ Bella Hadid ကေတာ့ Selena ကို ဘယ္ေလာက္ထိ မႀကိဳဆိုလဲဆိုတာကို အလုပ္နဲ႔ သက္ေသ ျပလိုက္ပါတယ္။Selena ၀င္ Comment ေရးတဲ့ Post တစ္ခုလံုးကိုပါ လံုး၀ Delete လုပ္ပစ္ခဲ့ပါတယ္။

Selena  ကေတာ့ Bella ရဲ႕ ခ်စ္သူ The Weeknd  နဲ႔ (2017) ဇန္န၀ါရီ ကေန (၂၀၁၇) ေအာက္တိုဘာ အထိ တြဲ ခဲ့ ဖူးပါတယ္။Bella နဲ႔ The Weeknd တို႔ကေတာ့ (၂၀၁၅)တည္းက ဇာတ္လမ္းစခဲ့တာပါ။(၂၀၁၆)Met Gala ပြဲကိုလည္း ႏွစ္ကိုယ္တူ ယွဥ္တြဲ ၿပီး တက္ေရာက္ခဲ့ဖူးပါတယ္။ႏို၀င္ဘာ (၂၀၁၆)မွာေတာ့ လမ္းခြဲ သတင္းထြက္ခဲ့ပါတယ္။အဲ့ဒီေနာက္မွာေတာ့ Selena နဲ႔ The Weeknd  တို႔ တြဲခဲ့ပါတယ္။

(၂၀၁၇) ေအာက္တုိဘာမွာ Selena နဲ႔ လမ္းခြဲ လိုက္ၿပီးေနာက္ ႏို၀င္ဘာမွာေတာ့ Hadid ရဲ႕ တ္ိုက္ခန္းထဲကေန The Weeknd တစ္ေယာက္ ထြက္လာတဲ့ ပံုေတြ တက္လာခဲ့ပါတယ္။သိပ္မၾကာခင္မွာပဲ ႏွစ္ေယာက္သား တပူးပူးတတြဲတြဲ သြားလာေနပံုေတြ၊နမ္းေနပံုေတြ တက္လာခဲ့ၿပီး ျပန္တြဲခဲ့ၾကတာပါ။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

Selena ရဲ့Comment တစ်ကြောင်းကြောင့် Post ပါ ဖျက်ပစ်လိုက်တဲ့ Bella Hadid

Selena Gomez နဲ့ Bella Hadid တို့ ကြားက ရန်စ မီးပွားလေးတစ်ခုကတော့ မကြာသေးခင်က လူသိရှင် ကြား ထွက်ပေါ်ခဲ့ပါတယ်။Selena ကတော့ ဂီတဘက်မှာ အရမ်းကို အောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီး ့ Bella Hadid  ကလည်း သူမရဲ့ မော်ဒယ်လိုင်းဘက်မှာ အရမ်းကို အောင်မြင်နေတဲ့ သူတစ်ယောက်ပါ။သွားတဲ့ လမ်းကြောင်းလည်း မတူတဲ့ သူမတို့နှစ်ယောက်ကြားမှာ အဓိကဆက်နွယ်နေတဲ့ တစ်ခုတည်းသော အရာကတော့ The Weeknd ပါ။ The Weeknd ကတော့ Selena နဲ့ရော Bella နဲ့ပါ  တွဲခဲ့ဖူးပါတယ်။Bella Hadid  နဲ့ တွဲပြီးနောက် Selena နဲ့ တွဲခဲ့ပါတယ်။Selena နဲ့ ပြတ်ပြီးနောက် Bella နဲ့ ပြန်တွဲ ခဲ့တာပါ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က Selena Gomez က ဘယ်သူမှ ထင်မထားတဲ့  အရာတစ်ခုကို လုပ် ခဲ့ပါတယ်။Bella Hadid ရဲ့ IG ကို Follow လုပ်ခဲ့တာပါ။ဘာကြောင့် ရုတ်တရက်ကြီး Follow လုပ်ခဲ့လဲ ဆိုတာ ကိုတော့ မသိပေမယ့် Bella ကတော့ Selena ကို ပြန် Follow မလုပ်ခဲ့ပါဘူး။Selena ကတော့ Bella Hadid နဲ့ မိတ် ဆွေ သူငယ်ချင်းဖြစ်ချင်လို့ လမ်းစ ခင်းခဲ့တာလား ဒါမှမဟုတ် တခြား အကြောင်းအရင်း ကြောင့် ခုလို လုပ်သလား ဆိုတာကတော့ ပရိသတ်ကြားမှာ အငြင်းပွားစရာ တစ်ခု ဖြစ်ခဲ့ပါတယ်။Follow လုပ်ရုံတင် မဟုတ်ပဲ နောက်ဆုံးမှာတော့ ..

Bella ရဲ့ Instagram Post တစ်ခု အောက်မှာ ဝင်ပြီး Comment ရေးခဲ့ပါတယ်။”Stunning .” လို့ Comment ဝင်ရေးခဲ့တာပါ။ဒါပေမယ့် သူမကို လာ Follow တာတောင်မှ ပြန် မ Follow ပဲ ဒီအတိုင်း  နေနေတဲ့ Bella Hadid ကတော့ Selena ကို ဘယ်လောက်ထိ မကြိုဆိုလဲဆိုတာကို အလုပ်နဲ့ သက်သေ ပြလိုက်ပါတယ်။Selena ဝင် Comment ရေးတဲ့ Post တစ်ခုလုံးကိုပါ လုံး၀ Delete လုပ်ပစ်ခဲ့ပါတယ်။

Selena  ကတော့ Bella ရဲ့ ချစ်သူ The Weeknd  နဲ့ (2017) ဇန်နဝါရီ ကနေ (၂၀၁၇) အောက်တိုဘာ အထိ တွဲ ခဲ့ ဖူးပါတယ်။Bella နဲ့ The Weeknd တို့ကတော့ (၂၀၁၅)တည်းက ဇာတ်လမ်းစခဲ့တာပါ။(၂၀၁၆)Met Gala ပွဲကိုလည်း နှစ်ကိုယ်တူ ယှဉ်တွဲ ပြီး တက်ရောက်ခဲ့ဖူးပါတယ်။နိုဝင်ဘာ (၂၀၁၆)မှာတော့ လမ်းခွဲ သတင်းထွက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Selena နဲ့ The Weeknd  တို့ တွဲခဲ့ပါတယ်။

(၂၀၁၇) အောက်တိုဘာမှာ Selena နဲ့ လမ်းခွဲ လိုက်ပြီးနောက် နိုဝင်ဘာမှာတော့ Hadid ရဲ့ တိုက်ခန်းထဲကနေ The Weeknd တစ်ယောက် ထွက်လာတဲ့ ပုံတွေ တက်လာခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ နှစ်ယောက်သား တပူးပူးတတွဲတွဲ သွားလာနေပုံတွေ၊နမ်းနေပုံတွေ တက်လာခဲ့ပြီး ပြန်တွဲခဲ့ကြတာပါ။

Credit:Shwemom

မှတ်ချက်များ