Zawgyiျဖင့္ဖတ္ရန္
“တပည့္ေတာ္ တ႐ုတ္ျပည္နယ္စပ္မွာ ေနတုန္းက ျမန္မာျပည္က စိန္ပန္းပင္ေတြကို တ႐ုတ္က ရသေလာက္ ေဈးေပးဝယ္ေနတယ္ဘုရား˝ ဉာဏ္ႀကီးသူ ရေသ့ရွင္အား ေလွ်ာက္မိ၏။̏ တကာေလးရယ္ ဘာစမ္းလဲ..။ အျခားသုံးတာမဟုတ္ဘူး..။ စိန္ပန္းပင္ကို ေဆးအျဖစ္ သုံးဖို႔ဝယ္တာ။ ရေသ့တစ္ခုလက္ေတြ႕စမ္းျပမယ္ ˝
(၁) စိန္ပန္းပင္အား ဓားရာေပးၿပီး အေစးကို ရယူပါ။ (၂) ဖန္ခြက္ေလးထဲ ေရအျပည့္ထည့္ ဆားကြမ္းသီးလုံးခန႔္ ထည့္ေစကာ ငံေသာအရသာကို ျဖစ္ေစပါ။ (၃) ထိုဆားရည္ဖန္ခြက္ထဲသို႔ စိန္ပန္းေစးေလး လက္သန္းလုံးမွ် ထည့္ကာ (၁၅)မိနစ္မွ် စိမ္ထားလိုက္ပါ။ အေျဖ – ဆား၏အငံဓာတ္မ်ား အလိုလိုေလ်ာ့က် သြားပါေၾကာင္း လက္ေတြ႕ျမင္ရပါလိမ့္မည္။ ရေသ့ရွင္သည္ လက္ေတြ႕ျပကာ ေသြးတိုးက်ေစေၾကာင္း ၫြန္ျပဖူးပါသည္။
̏စဥ္းစားၾကည့္ ဒကာေလး ဒီစိန္ပန္းပင္ဟာ သိပ္ၿပီး ေဆးဖက္ဝင္တယ္။ ေပ်ာက္ကင္းႏိုင္တဲ့ အျခားေရာဂါေတြ ရွိေသးတယ္˝ ဟုမိန႔္ဖူးခဲ့သည္။
ၾသကၤန္ကာလ မိတ္ေဆြဝန္ထမ္းတစ္ဦး အေပ်ာ္လြန္ၿပီး အရက္ေသာက္သျဖင့္ ေသြးတိုးေတာ့သည္။ ထိုသူ၏ ေသြးေပါင္တိုင္းၾကည့္ရာ ေသြး(၁၆၀/၁၉၀)ထိ ေသြးတိုးေနေတာ့သည္။ ေသာက္ေဆးက မရွိ။ ေဆးခန္းသြားေသာ္လည္း ၾသကၤန္ပိတ္ရက္မ်ားျဖစ္၍ ေဆးခန္းပိတ္ေလသည္။ ထိုသူမွာ ယခင္ကပင္ ေသြးတိုးရွိသူ ျဖစ္သည္။ ကတုန္ကယင္ႏွင့္ ခ်က္ခ်င္းပင္ အသက္ အႏၲရာယ္စိုးရိမ္ဖြယ္ ျဖစ္ေလသည္။ လက္ေတြ႕ပင္ စိန္ပန္းပင္မွ အေစးကိုရယူၿပီး လက္ဖက္စားဇြန္း(၂)ဇြန္းမွ် တိုက္ေပးခဲ့ရာ နာရီဝက္အတြင္း ေသြးက်ျခင္းကို အမွန္ႀကဳံဖူးပါသည္။
မွတ္သားထားေသာ သုတမ်ား – အေစ့တြင္ ၁၈မွ၂၇.၅%ထိ အဆီဓာတ္ပါဝင္ၿပီး ပိုးသတ္ မႈိသတ္ေသာ ဆပ္ျပာဆီအျဖစ္ ထုတ္လုပ္သည္။ အေစ့ဆီျဖင့္ထုတ္လုပ္ေသာ ကိတ္မုန႔္သည္ သားသမီးကို ရေစႏိုင္ေၾကာင္း ဆိုသည္။ အေစ့မႈန႔္သည္ ေသြးတြင္းရွိ အညစ္အေၾကးမ်ားကို သန႔္စင္ေပးႏိုင္ေသာ အာနိသင္ ရွိသည္။ နားကိုက္ျခင္းကို သက္သာေစသည္။အ႐ြက္သည္ အေရျပားေရာဂါကို ေပ်ာက္ေစသည္။ အ႐ြက္ကို စားေပးပါက သံပိုးကို က်ေစသည္။ အပြင့္ႏွင့္ အေခါက္ကို အစာအိမ္ေပ်ာက္ေဆး အျဖစ္သုံးသည္။အပြင့္ကို ျပဳတ္စားျခင္း၊ တို႔စား၊ သုပ္စားျခင္းျဖင့္ အိပ္ေပ်ာ္မႈကို ျဖစ္ေစပါသည္။
စိန္ပန္း႐ြက္သည္ ေသြးတြင္းရွိ အခ်ိဳ႕ဓာတ္မ်ားကို က်ဆင္းေစ၍ ေသြးက်ေရာဂါရွိသူတို႔ စားရန္မသင့္ေပ။ စိန္ပန္းပင္ႏွင့္ ပတ္သက္ေသာ ေဆးဝါးစမ္းသပ္မႈမ်ား မ်ားစြာရွိေနၿပီဟု သိရပါသည္။
Unicode ဖြင့်ဖတ်ရန်
“တပည့်တော် တရုတ်ပြည်နယ်စပ်မှာ နေတုန်းက မြန်မာပြည်က စိန်ပန်းပင်တွေကို တရုတ်က ရသလောက် ဈေးပေးဝယ်နေတယ်ဘုရား˝ ဉာဏ်ကြီးသူ ရသေ့ရှင်အား လျှောက်မိ၏။̏ တကာလေးရယ် ဘာစမ်းလဲ..။ အခြားသုံးတာမဟုတ်ဘူး..။ စိန်ပန်းပင်ကို ဆေးအဖြစ် သုံးဖို့ဝယ်တာ။ ရသေ့တစ်ခုလက်တွေ့စမ်းပြမယ် ˝
(၁) စိန်ပန်းပင်အား ဓားရာပေးပြီး အစေးကို ရယူပါ။ (၂) ဖန်ခွက်လေးထဲ ရေအပြည့်ထည့် ဆားကွမ်းသီးလုံးခန့် ထည့်စေကာ ငံသောအရသာကို ဖြစ်စေပါ။ (၃) ထိုဆားရည်ဖန်ခွက်ထဲသို့ စိန်ပန်းစေးလေး လက်သန်းလုံးမျှ ထည့်ကာ (၁၅)မိနစ်မျှ စိမ်ထားလိုက်ပါ။ အဖြေ – ဆား၏အငံဓာတ်များ အလိုလိုလျော့ကျ သွားပါကြောင်း လက်တွေ့မြင်ရပါလိမ့်မည်။ ရသေ့ရှင်သည် လက်တွေ့ပြကာ သွေးတိုးကျစေကြောင်း ညွန်ပြဖူးပါသည်။
̏စဉ်းစားကြည့် ဒကာလေး ဒီစိန်ပန်းပင်ဟာ သိပ်ပြီး ဆေးဖက်ဝင်တယ်။ ပျောက်ကင်းနိုင်တဲ့ အခြားရောဂါတွေ ရှိသေးတယ်˝ ဟုမိန့်ဖူးခဲ့သည်။
သြင်္ကန်ကာလ မိတ်ဆွေဝန်ထမ်းတစ်ဦး အပျော်လွန်ပြီး အရက်သောက်သဖြင့် သွေးတိုးတော့သည်။ ထိုသူ၏ သွေးပေါင်တိုင်းကြည့်ရာ သွေး(၁၆၀/၁၉၀)ထိ သွေးတိုးနေတော့သည်။ သောက်ဆေးက မရှိ။ ဆေးခန်းသွားသော်လည်း သြင်္ကန်ပိတ်ရက်များဖြစ်၍ ဆေးခန်းပိတ်လေသည်။ ထိုသူမှာ ယခင်ကပင် သွေးတိုးရှိသူ ဖြစ်သည်။ ကတုန်ကယင်နှင့် ချက်ချင်းပင် အသက် အန္တရာယ်စိုးရိမ်ဖွယ် ဖြစ်လေသည်။ လက်တွေ့ပင် စိန်ပန်းပင်မှ အစေးကိုရယူပြီး လက်ဖက်စားဇွန်း(၂)ဇွန်းမျှ တိုက်ပေးခဲ့ရာ နာရီဝက်အတွင်း သွေးကျခြင်းကို အမှန်ကြုံဖူးပါသည်။
မှတ်သားထားသော သုတများ – အစေ့တွင် ၁၈မှ၂၇.၅%ထိ အဆီဓာတ်ပါဝင်ပြီး ပိုးသတ် မှိုသတ်သော ဆပ်ပြာဆီအဖြစ် ထုတ်လုပ်သည်။ အစေ့ဆီဖြင့်ထုတ်လုပ်သော ကိတ်မုန့်သည် သားသမီးကို ရစေနိုင်ကြောင်း ဆိုသည်။ အစေ့မှုန့်သည် သွေးတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးနိုင်သော အာနိသင် ရှိသည်။ နားကိုက်ခြင်းကို သက်သာစေသည်။အရွက်သည် အရေပြားရောဂါကို ပျောက်စေသည်။ အရွက်ကို စားပေးပါက သံပိုးကို ကျစေသည်။ အပွင့်နှင့် အခေါက်ကို အစာအိမ်ပျောက်ဆေး အဖြစ်သုံးသည်။အပွင့်ကို ပြုတ်စားခြင်း၊ တို့စား၊ သုပ်စားခြင်းဖြင့် အိပ်ပျော်မှုကို ဖြစ်စေပါသည်။
စိန်ပန်းရွက်သည် သွေးတွင်းရှိ အချို့ဓာတ်များကို ကျဆင်းစေ၍ သွေးကျရောဂါရှိသူတို့ စားရန်မသင့်ပေ။ စိန်ပန်းပင်နှင့် ပတ်သက်သော ဆေးဝါးစမ်းသပ်မှုများ များစွာရှိနေပြီဟု သိရပါသည်။
Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)


မှတ်ချက်များ