မ်က္ခံုးေမြးမရိွတဲ့သူေတြအတြက္ ထူထဲနက္ေမွာင္လာေစမယ့္ သဘာ၀နည္းလမ္း


Zawgyiျဖင့္ဖတ္ရန္

မ်က္ခံုးေမြးက လူတစ္ေယာက္ရဲ႕ မ်က္နွာအလွကို ပိုထင္ရွားေစနိုင္တဲ့ အစြမ္းရွိတာေၾကာင့္ မ်က္ခံုးေမြး မလွရင္ အလွအပက မျပည့္စံုဘူးလို႕ေျပာရမွာပါ။ ဒါေၾကာင့္ ပ်ိဳေမတို႕ မ်က္နွာအလွကို ေပၚလြင္ထင္ရွားေစမယ့္ မ်က္ခံုးေမြးေလးေတြ ထူထဲလွပလာေအာင္ လုပ္လို႕ရမယ့္ သဘာ၀နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ သဘာ၀နည္းလမ္းေလးေတြျဖစ္တာမို႕ အသားအေရလည္း မပ်က္စီးေစတာေၾကာင့္ စိတ္ခ်လက္ခ် လိုက္လုပ္နိုင္ပါတယ္။

(၁) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္အနွစ္ကို ယူျပီး မ်က္ခံုးေမြးတေလွ်ာက္ လိမ္းေပးကာ (၃) မိနစ္ေလာက္ နွိပ္နယ္ေပးပါ။ ျပီးရင္ မိနစ္နွစ္ဆယ္ေလာက္ထားျပီး ေရေအးနဲ႕ျပန္ေဆးေပးလိုက္ရံုပါပဲ။ ဒါေလးကို ေန႕တိုင္းလုပ္ေပးမယ္ဆိုရင္ ထူထဲလွပတဲ့ မ်က္ခံုးေလးကို ရလာမွာပါ။

(၄) Vaseline

ညအိပ္ရာ၀င္ခါနီးမွာ မ်က္ခံုးတေလွ်ာက္ Vaseline ကို ပါးပါးေလးလိမ္းေပးျပီး တစ္ညလံုးထားလိုက္ပါ။ မနက္ေရာက္မွ ေရေႏြးေလးနဲ႕ျပန္ေဆးေပးလိုက္ရံုပါပဲ။ ညတိုင္းလုပ္ေပးမယ္ဆိုရင္ အခ်ိန္တိုအတြင္း မ်က္ခံုးေမြးေလးေတြထူထဲလွပလာမွာပါ။

(၂) ၾကက္ဥအနွစ္

ၾကက္ဥတစ္လံုးကို ယူျပီး အကာကို ဖယ္ပါ။ က်န္ခဲ့တဲ့ အနွစ္ကို ေၾကသြားေအာင္ ေခါက္လိုက္ျပီး ဘရပ္ရွ္ေလးနဲ႕ယူကာ မ်က္ခံုးေမြးတေလွ်ာက္ လိမ္းေပးလိုက္ပါ။ မိနစ္နွစ္ဆယ္ေလာက္ထားျပီး ေရေႏြးေလးနဲ႕ျပန္ေဆးေပးပါ။ ေန႕တိုင္း ဒီလိုေလးလုပ္ေပးမယ္ဆိုရင္ ဆယ္ရက္ေလာက္ၾကာရင္ မ်က္ခံုးေမြးေလးေတြ သိသိသာသာထူလာတာကိုေတြ႕ရမွာပါ။

(၃) ႏွမ္းဆီ၊ အုန္းဆီ၊ သံလြင္ဆီ

နွမ္းဆီ၊ အုန္းဆီနဲ႕သံလြင္ဆီ ထဲက ၾကိဳက္ရာ တစ္မ်ိဳးကို မ်က္ခံုးမွာ လိမ္းျပီး မိနစ္အနည္းငယ္ေလာက္ ဖြဖြေလးနွိပ္နယ္ေပးျပီး တစ္ညလံုးထားလိုက္ပါ။ မနက္ေရာက္မွ မ်က္နွာသစ္ေပးလိုက္ရံုပါ။ နွမ္းဆီ၊ အုန္းဆီ နဲ႕ သံလြင္ဆီသံုး မ်ိဳးလံုးက မ်က္ခံုးေမြးေတြကို ထူထဲသန္မာေစလို႕ ၾကိဳက္တဲ့ဆီတစ္မ်ိဳးကို သံုးလို႕ရပါတယ္။

(၅) ၾကက္သြန္နီ

ၾကက္သြန္နီတစ္ျခမ္းကို ေၾကညက္ေနေအာင္ေခ်ပါ။ ဘရပ္ရွ္အေသးေလးနဲ႕ တို႕ယူျပီး မ်က္ခံုးေမြးတေလွ်ာက္ လိမ္းေပးလိုက္ပါ။ တစ္နာရီေလာက္ထားျပီးရင္ ဂြမ္းစေလးမွာ သံပရိုရည္ဆြတ္ျပီး မ်က္ခံုးေမြးက ၾကက္သြန္နီေတြကို ဖယ္ရွားေပးလိုက္ပါ။ ဒီနည္းက မ်က္ခံုးေမြးေတြ ထူထဲလာဖို႕ ေတာ္ေတာ္ေလးထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။

MAY THAZINHTOO

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

မျက်ခုံးမွေးမရှိတဲ့သူတွေအတွက် ထူထဲနက်မှောင်လာစေမယ့် သဘာဝနည်းလမ်း

မျက်ခုံးမွေးက လူတစ်ယောက်ရဲ့ မျက်နှာအလှကို ပိုထင်ရှားစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်ခုံးမွေး မလှရင် အလှအပက မပြည့်စုံဘူးလို့ပြောရမှာပါ။ ဒါကြောင့် ပျိုမေတို့ မျက်နှာအလှကို ပေါ်လွင်ထင်ရှားစေမယ့် မျက်ခုံးမွေးလေးတွေ ထူထဲလှပလာအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းလေးတွေဖြစ်တာမို့ အသားအရေလည်း မပျက်စီးစေတာကြောင့် စိတ်ချလက်ချ လိုက်လုပ်နိုင်ပါတယ်။

(၁) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကို ယူပြီး မျက်ခုံးမွေးတလျှောက် လိမ်းပေးကာ (၃) မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ဒါလေးကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင် ထူထဲလှပတဲ့ မျက်ခုံးလေးကို ရလာမှာပါ။

(၄) Vaseline

ညအိပ်ရာဝင်ခါနီးမှာ မျက်ခုံးတလျှောက် Vaseline ကို ပါးပါးလေးလိမ်းပေးပြီး တစ်ညလုံးထားလိုက်ပါ။ မနက်ရောက်မှ ရေနွေးလေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ညတိုင်းလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း မျက်ခုံးမွေးလေးတွေထူထဲလှပလာမှာပါ။

(၂) ကြက်ဥအနှစ်

ကြက်ဥတစ်လုံးကို ယူပြီး အကာကို ဖယ်ပါ။ ကျန်ခဲ့တဲ့ အနှစ်ကို ကြေသွားအောင် ခေါက်လိုက်ပြီး ဘရပ်ရှ်လေးနဲ့ယူကာ မျက်ခုံးမွေးတလျှောက် လိမ်းပေးလိုက်ပါ။ မိနစ်နှစ်ဆယ်လောက်ထားပြီး ရေနွေးလေးနဲ့ပြန်ဆေးပေးပါ။ နေ့တိုင်း ဒီလိုလေးလုပ်ပေးမယ်ဆိုရင် ဆယ်ရက်လောက်ကြာရင် မျက်ခုံးမွေးလေးတွေ သိသိသာသာထူလာတာကိုတွေ့ရမှာပါ။

(၃) နှမ်းဆီ၊ အုန်းဆီ၊ သံလွင်ဆီ

နှမ်းဆီ၊ အုန်းဆီနဲ့သံလွင်ဆီ ထဲက ကြိုက်ရာ တစ်မျိုးကို မျက်ခုံးမှာ လိမ်းပြီး မိနစ်အနည်းငယ်လောက် ဖွဖွလေးနှိပ်နယ်ပေးပြီး တစ်ညလုံးထားလိုက်ပါ။ မနက်ရောက်မှ မျက်နှာသစ်ပေးလိုက်ရုံပါ။ နှမ်းဆီ၊ အုန်းဆီ နဲ့ သံလွင်ဆီသုံး မျိုးလုံးက မျက်ခုံးမွေးတွေကို ထူထဲသန်မာစေလို့ ကြိုက်တဲ့ဆီတစ်မျိုးကို သုံးလို့ရပါတယ်။

(၅) ကြက်သွန်နီ

ကြက်သွန်နီတစ်ခြမ်းကို ကြေညက်နေအောင်ချေပါ။ ဘရပ်ရှ်အသေးလေးနဲ့ တို့ယူပြီး မျက်ခုံးမွေးတလျှောက် လိမ်းပေးလိုက်ပါ။ တစ်နာရီလောက်ထားပြီးရင် ဂွမ်းစလေးမှာ သံပရိုရည်ဆွတ်ပြီး မျက်ခုံးမွေးက ကြက်သွန်နီတွေကို ဖယ်ရှားပေးလိုက်ပါ။ ဒီနည်းက မျက်ခုံးမွေးတွေ ထူထဲလာဖို့ တော်တော်လေးထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

MAY THAZINHTOO

Credit:Aunty May

မှတ်ချက်များ