အန္တီေတာ္ေတာ္မ်ားမ်ားက ကိုယ္႔ကိုေခၽြးမေတာ္ခ်င္ရတဲ႔အေျကာင္းအရင္း
Zawgyiျဖင့္ဖတ္ရန္
အိမ္က အေမက ေတာင္ ကိုယ္႔ကို အပိုးမက်ိဳးဘူးလို႕ခနခနဆူေနပင္မဲ႔ ပတ္၀န္းက်င္က သားရွင္ အန္တီျကီးေတြျကားထဲမွာ ကိုယ္ကေပၚျပဴလာ ျဖစ္ဖူးျကလား။ ကိုယ္လည္းဘာမွ သြားမေျပာပဲ
ကိုယ္႔ကို ျမင္တာနဲ႔ သားရွင္ အန္တီ ျကီးေတြ ခ်စ္ေနရတဲ့အေျကာင္းရင္းဟာ ဘာေျကာင္႔ ျဖစ္နုိင္မလဲ…
(၁) တည္ျငိမ္ရင္႔က်က္တဲ႔ပံုေပၚလို႕
အိမ္မွာသာေပါေတာေတာေနပင္မဲ႔ အျပင္ေရာက္လို႕လူျကီးသူမနဲ႔ေျပာဆို ဆက္ဆံတဲ႔အခါ တည္ျငိမ္တဲ႔ ပံု ၊ ရင္႔က်က္တဲ႔ မိန္းကေလးပံု ေပါက္တာေျကာင္႔သားရွင္ အေမေတြက သူတို႕သားကို ထိန္းသိမ္းနိုင္မယ္လို႔ယံုျကည္လိုက္ျကျပီးေခၽြးမေတာ္ခ်င္သြားတက္ျကပါတယ္။
(၂) ခ်စ္စရာေကာင္းလို႕
ကိုယ္႔ကို ေတြ႕လိုက္တဲ့အခ်ိန္မွာ ကိုယ္ဟာ ေအးခ်မ္းယဥ္ေက်းျပီး ခ်စ္စရာေကာင္းတဲ့ပံုစၤ ေပၚ ေနရင္ ကိုယ္႔ကိုျမင္တာနဲ႕ခ်စ္စရာေလး သားေလးနဲ႔ဆုိ လိုက္ဖက္မွာဆိုျပီး ေခၽြးမေတာ္ခ်င္တက္ျကပါတယ္။
(၃) စကားေျပာေကာင္းလို႕
လူျကီးသူမနဲ႔စကားေျပာဆိုတဲ႔ အခါပဲျဖစ္ျဖစ္ ဘယ္သူနဲ႕မဆို စကားေျပာဆိုတဲ့အခါပဲျဖစ္ျဖစ္ ကိုယ္က စကားေျပာခ်ိဳ သာယဥ္ေက်းျပီး အထူးသျဖင္႔ လူျကီး ျကိုက္ စကားေတြေျပာတက္တဲ့အခါ သေဘာက်တက္ျကပါတယ္။ ဒါမွ သူတို႕အသက္အရြယ္ျကီးျပင္းလာလည္းအေဖာ္ရျပီး သားအတြက္လည္းအဆင္ေျပမယ္လို႕ေတြးတက္ျကပါတယ္။
(၄) အလိုက္သိလို႕
လူမႈေပါင္းသင္းဆက္ဆံေရးေကာင္း ျပီး လူခ်စ္လူခင္မ်ားကာ အလိုက္သိတက္တဲ့သူမ်ိဳးကို ေခၽြးမေတာ္ခ်င္ျကပါတယ္။ ဒါမွသာ သားျဖစ္သူအတြက္လည္း ပြဲတက္ မယားေကာင္းျဖစ္ နုိင္မယ္လို႕ ယံုျကည္တက္ျကပါတယ္။
(၅) ျကင္နာတက္လို႕
လူအမ်ားေပၚ ဂရုစိုက္ ျကင္နာတက္တဲ့သူမ်ိဳး ကို သေဘာျကပါတယ္။ ကိုယ္႔သားရဲ႕အိုစာတာေကာင္းျပီး ေႏြးေထြးမႈကို အျပည္႕ အ၀ေပးနုိင္မယ္လုိ႕ယံုျကည္ထားလို႕ ျကင္နာတက္တဲ့မိန္းကေလးကို သားရွင္ အေမေတြကလိုခ်င္ပါတယ္။
(၆) ဟိုဆက္ဆက္ဒီဆက္ဆက္ရလို႕
ဟိုဆက္ဆက္ဒီဆက္ဆက္ သိျပီး သြက္လက္ခ်က္ခ်ာတဲ့သူမ်ိဳး ကို သားရွင္းမ်ားကသေဘာျကျကပါတယ္။ ကိုယ္႔ရဲ႕ ဟိုဆက္ဆက္ဒီဆက္ဆက္သိတဲ့အက်ိဳးေျကာင္႕ သားျဖစ္သူရဲ႕ ျပဳလုပ္သမ်ွကို ပါ၀င္ကူညီေပးနိုင္မယ္လို႕ယံုျကည္ထားျကလို႔ပါ။
(၇) ညဏ္ေျပးလို႕
စီးတဲ့ေရ ဆည္တဲ့ကသင္း ဆိုတာမ်ိဳး ျဖစ္လာေအာင္ ကိုယ္႔သားရဲ႕စည္းစိမ္ေတြကို ထိန္းသိမ္းနို္င္ေအာင္ အကိ်ဳးစီးပြား မပ်က္ျပားေအာင္ ညဏ္ေျပးတဲ့မိန္းကေလးကိုခ်စ္ျကပါတယ္။
(၈) မိန္းမပီသလို႔
အိမ္မႈကိစၥကို နိုင္နင္းျပီး အခ်က္အျပဳတ္ ကၽြမ္းက်င္ကာ နူးညံ႔သိမ္ေမြ႕တဲ့မိိန္းကေလးမို႕ သားရွင္ေမေမတြက ခ်စ္တက္ျကပါတယ္။
ဆိုေတာ႔ ကိုယ္႔ကို သားရွင္ေမေမေတြ ဘာလို႔ေခၽြးမေတာ္ခ်င္ေနျကတယ္္ဆိုတာကို အေပၚ ကအခ်က္တစ္ခ်ိဳ႕ကေဖာ္ျပေပးေနပါတယ္…း…
Credit:Trend Maynmar
Unicodeဖြင့်ဖတ်ရန်
အန်တီတော်တော်များများက ကိုယ့်ကိုချွေးမတော်ချင်ရတဲ့အကြောင်းအရင်း
အိမ်က အမေက တောင် ကိုယ့်ကို အပိုးမကျိုးဘူးလို့ခနခနဆူနေပင်မဲ့ ပတ်ဝန်းကျင်က သားရှင် အန်တီကြီးတွေကြားထဲမှာ ကိုယ်ကပေါ်ပြူလာ ဖြစ်ဖူးကြလား။ ကိုယ်လည်းဘာမှ သွားမပြောပဲ
ကိုယ့်ကို မြင်တာနဲ့ သားရှင် အန်တီ ကြီးတွေ ချစ်နေရတဲ့အကြောင်းရင်းဟာ ဘာကြောင့် ဖြစ်နိုင်မလဲ…
(၁) တည်ငြိမ်ရင့်ကျက်တဲ့ပုံပေါ်လို့
အိမ်မှာသာပေါတောတောနေပင်မဲ့ အပြင်ရောက်လို့လူကြီးသူမနဲ့ပြောဆို ဆက်ဆံတဲ့အခါ တည်ငြိမ်တဲ့ ပုံ ၊ ရင့်ကျက်တဲ့ မိန်းကလေးပုံ ပေါက်တာကြောင့်သားရှင် အမေတွေက သူတို့သားကို ထိန်းသိမ်းနိုင်မယ်လို့ယုံကြည်လိုက်ကြပြီးချွေးမတော်ချင်သွားတက်ကြပါတယ်။
(၂) ချစ်စရာကောင်းလို့
ကိုယ့်ကို တွေ့လိုက်တဲ့အချိန်မှာ ကိုယ်ဟာ အေးချမ်းယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ပုံင်္စ ပေါ် နေရင် ကိုယ့်ကိုမြင်တာနဲ့ချစ်စရာလေး သားလေးနဲ့ဆို လိုက်ဖက်မှာဆိုပြီး ချွေးမတော်ချင်တက်ကြပါတယ်။
(၃) စကားပြောကောင်းလို့
လူကြီးသူမနဲ့စကားပြောဆိုတဲ့ အခါပဲဖြစ်ဖြစ် ဘယ်သူနဲ့မဆို စကားပြောဆိုတဲ့အခါပဲဖြစ်ဖြစ် ကိုယ်က စကားပြောချို သာယဉ်ကျေးပြီး အထူးသဖြင့် လူကြီး ကြိုက် စကားတွေပြောတက်တဲ့အခါ သဘောကျတက်ကြပါတယ်။ ဒါမှ သူတို့အသက်အရွယ်ကြီးပြင်းလာလည်းအဖော်ရပြီး သားအတွက်လည်းအဆင်ပြေမယ်လို့တွေးတက်ကြပါတယ်။
(၄) အလိုက်သိလို့
လူမှုပေါင်းသင်းဆက်ဆံရေးကောင်း ပြီး လူချစ်လူခင်များကာ အလိုက်သိတက်တဲ့သူမျိုးကို ချွေးမတော်ချင်ကြပါတယ်။ ဒါမှသာ သားဖြစ်သူအတွက်လည်း ပွဲတက် မယားကောင်းဖြစ် နိုင်မယ်လို့ ယုံကြည်တက်ကြပါတယ်။
(၅) ကြင်နာတက်လို့
လူအများပေါ် ဂရုစိုက် ကြင်နာတက်တဲ့သူမျိုး ကို သဘောကြပါတယ်။ ကိုယ့်သားရဲ့အိုစာတာကောင်းပြီး နွေးထွေးမှုကို အပြည့် အဝပေးနိုင်မယ်လို့ယုံကြည်ထားလို့ ကြင်နာတက်တဲ့မိန်းကလေးကို သားရှင် အမေတွေကလိုချင်ပါတယ်။
(၆) ဟိုဆက်ဆက်ဒီဆက်ဆက်ရလို့
ဟိုဆက်ဆက်ဒီဆက်ဆက် သိပြီး သွက်လက်ချက်ချာတဲ့သူမျိုး ကို သားရှင်းများကသဘောကြကြပါတယ်။ ကိုယ့်ရဲ့ ဟိုဆက်ဆက်ဒီဆက်ဆက်သိတဲ့အကျိုးကြောင့် သားဖြစ်သူရဲ့ ပြုလုပ်သမျှကို ပါဝင်ကူညီပေးနိုင်မယ်လို့ယုံကြည်ထားကြလို့ပါ။
(၇) ညဏ်ပြေးလို့
စီးတဲ့ရေ ဆည်တဲ့ကသင်း ဆိုတာမျိုး ဖြစ်လာအောင် ကိုယ့်သားရဲ့စည်းစိမ်တွေကို ထိန်းသိမ်းနိုင်အောင် အကျိုးစီးပွား မပျက်ပြားအောင် ညဏ်ပြေးတဲ့မိန်းကလေးကိုချစ်ကြပါတယ်။
(၈) မိန်းမပီသလို့
အိမ်မှုကိစ္စကို နိုင်နင်းပြီး အချက်အပြုတ် ကျွမ်းကျင်ကာ နူးညံ့သိမ်မွေ့တဲ့မိန်းကလေးမို့ သားရှင်မေမေတွက ချစ်တက်ကြပါတယ်။
ဆိုတော့ ကိုယ့်ကို သားရှင်မေမေတွေ ဘာလို့ချွေးမတော်ချင်နေကြတယ်ဆိုတာကို အပေါ် ကအချက်တစ်ချို့ကဖော်ပြပေးနေပါတယ်…း…
Credit:Trend Maynmar


မှတ်ချက်များ