ေျမငလ်င္ျဖစ္ပြားႏိုင္သည့္ ေနရာမ်ားႏွင့္ အျမင့္ဆုံးလႈပ္ႏိုင္သည့္ ငလ်င္အင္အားအဆင့္




Zawgyi ျဖင့္ဖတ္ရန္


ကမာၻေျမေပၚက ငလ်င္ရပ္ဝန္းမ်ားမွာ ပစိဖိတ္မီးေတာင္ရပ္ဝန္း၊ အယ္လ္ပိုက္ရပ္ဝန္းဟူ၍ ႏွစ္မ်ိဳးရွိပါတယ္။ျမန္မာႏိုင္ငံ အလယ္ပိုင္းႏွင့္ အေနာက္ပိုင္းတို႔တြင္ အယ္လ္ပိုက္ငလ်င္ရပ္ဝန္း က်ေရာက္ေနပါတယ္။ ယင္းငလ်င္ရပ္ဝန္းသည္ ဟိမဝႏၲာေတာင္တန္းမွ အေရွ႕ဘက္ တ႐ုတ္ႏိုင္ငံ၊ ျမန္မာႏိုင္ငံ၊ ကပၸလီကြၽန္းႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ ပါဝင္တယ္။ျမန္မာႏိုင္ငံတြင္မူ ေျမာက္လတၱီက်ဴး ၂၂ ဒီဂရီ၏ ေျမာက္ဘက္တြင္ ငလ်င္ပိုလႈပ္ႏိုင္သည္ဟု ပညာရွင္အခ်ိဳ႕ကဆိုပါတယ္။ ငလ်င္မလႈပ္ႏိုင္ဆုံးေဒသမွာ တနသၤာရီေဒသျဖစ္ပါတယ္။ ျမန္မာျပည္အလယ္ပိုင္းႏွင့္ အေနာက္ပိုင္းတို႔တြင္ ယေန႔ထိ လႈပ္ရွားေနဆဲျဖစ္ပါတယ္။ေအာက္တြင္ အျမင့္ဆုံးလႈပ္ႏိုင္သည့္ ငလ်င္အင္အားအဆင့္ကို ေဖာ္ျပေပးထားပါတယ္။



( အေနာက္႐ိုးမ ) ရခိုင္႐ိုးမသည္ နာဂေတာင္၊ ခ်င္းေတာင္၊ ပတ္ကြိဳင္ေတာင္တို႔ထက္ ငလ်င္လႈပ္ႏိုင္ေျခ နည္းပါတယ္။ ရခိုင္႐ိုးမ၏ အံလြဲေၾကာင္းမွာ အေရးမႀကီးေခ်။ ေက်ာက္လြာဖြဲ႕စည္းမႈမွာလည္း ရႈပ္ေထြးမႈ မရွိေပ။ အေနာက္႐ိုးမ ေျမာက္ပိုင္းေဒသ၏ ေက်ာက္လႊာဖြဲ႕စည္းပုံမွာမူ ရႈပ္ေထြးလွပါတယ္။ တည္ၿငိမ္မႈ မရွိေပ။ ယင္းေဒသတြင္ ငလ်င္ဗဟိုခ်က္ အမ်ားအျပားေတြ႕ရွိရၿပီး ျပင္းထန္ေသာ ငလ်င္မ်ားလည္း လႈပ္ခဲ့ဖူးပါတယ္။ အာသံဘက္ နီးလာေလ အင္အား ပိုျမင့္လာေလျဖစ္ပါတယ္။

ငလ်င္ဒဏ္ကို ခံႏိုင္ရည္ရွိသည့္ ပထမဦးဆုံး သံမဏိ အထပ္ျမင့္အေဆာက္အအုံ တည္ေဆာက္ေန

( ဗဟိုခ်ိဳင့္ဝွမ္း ) ဗဟိုခ်ိဳင့္ဝွမ္းသည္ ျမန္မာႏိုင္ငံအလယ္ပိုင္း၊ ေျမနိမ့္ရပ္ဝန္းေဒသျဖစ္ၿပီး ေက်ာက္လႊာမ်ား တည္ၿငိမ္မႈရွိေသာ္လည္း ယင္းႏွင့္ ဆက္စပ္ေနေသာ ပဲခူး႐ိုးမ၏ ေက်ာက္လႊာမွာ တည္ၿငိမ္မႈ မရွိေသာေၾကာင့္ ငလ်င္လႈပ္ႏိုင္ပါတယ္။ ဤရပ္ဝန္းတြင္ လႈပ္ခဲ့ေသာ ငလ်င္မ်ားမွာ ဗဟိုခ်က္တိမ္ၿပီး အင္အားေသးကာ ဧရိယာက်ဥ္းက်ဥ္းေလးတြင္ လႈပ္ရွားတတ္ၿပီး ပွ်မ္းမွ် အင္အားအဆင့္ (၆)သာ ရွိႏိုင္ပါတယ္။သို႔ေသာ္လည္း ၁၉၇၅ ခုႏွစ္တြင္ ပုဂံ-ေညာင္ဦး ငလ်င္သည္ အင္အား (၆.၈) လႈပ္ခဲ့ၿပီး အံလြဲေၾကာင္းမ်ားႏွင့္ ပဲခူး႐ိုးမေက်ာက္လႊာမ်ား လႈပ္ရွားမႈေၾကာင့္ ပဲခူး႐ိုးမအလယ္ေၾကာႏွင့္ ရွမ္းကုန္းျပင္ျမင့္ အစြန္းတြင္မူ အင္အား(၉) အထိ လႈပ္ႏိုင္ပါတယ္။



( ရွမ္းကုန္းျပင္ျမင့္  ) ရွမ္းကုန္းျပင္ျမင့္သည္ အျခားေဒသမ်ားထက္ပို၍ တည္ၿငိမ္ပါတယ္။ သို႔ရာတြင္ အေနာက္ပိုင္း အံလြဲေၾကာင္းမ်ားေၾကာင့္ အင္အား(၉)အထိ လႈပ္ႏိုင္ၿပီး ထိုင္းႏိုင္ငံေျမာက္ပိုင္းႏွင့္ ထိစပ္ေနေသာ ေဒသမ်ားတြင္ အင္အား(၆) ထက္ပိုမလႈပ္ႏိုင္ပါ။ အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္း မိုးႀကီးမည္။

( စစ္ကိုင္း-တေကာင္းေတာင္တန္း )ျပင္းထန္ေသာ ငလ်င္လႈပ္ႏိုင္သည့္ ရပ္ဝန္းမွာ စစ္ကိုင္း-တေကာင္းေတာင္တန္း ျဖစ္ပါတယ္။ ငလ်င္အင္အား အဆင့္(၉)ထက္ပင္ ပိုႏိုင္ပါတယ္။




( တနသၤာရီ )  တနသၤာရီတိုင္းသည္ ထင္ရွားရွည္လ်ားေသာ ျပတ္ေ႐ြ႕အံလြဲေၾကာင္းမ်ား မရွိျခင္း၊ ေက်ာက္မ်ား သက္တမ္းရင့္ေနျခင္းတို႔ေၾကာင့္ ဗဟိုျပဳ၍ ငလ်င္မလႈပ္ခဲ့ေခ်။ ကမ္း႐ိုးတမ္းတြင္ လႈပ္ခဲ့ေသာ မွတ္တမ္းမ်ားအရ အင္အား(၆)အထိသာ လႈပ္ႏိုင္ၿပီး ငလ်င္အႏၲရာယ္မွ စိတ္အခ်ရဆုံးအပိုင္းျဖစ္ပါတယ္။

အျမင့္ဆုံးလႈပ္ႏိုင္သည့္ ငလ်င္အင္အားအဆင့္ ေအာက္ေဖာ္ျပပါဇယားမွာ ကမာၻေအးေျမငလ်င္ဌာန၏ ယူဆသတ္မွတ္ခ်က္မ်ားအေပၚ အေျခခံထားၿပီး ယခုတိုင္ အေျပာင္းအလဲမရွိေၾကာင္း သိရပါတယ္။

share from : burmese.asia





Unicode ဖြင့်ဖတ်ရန်

မြေငလျင်ဖြစ်ပွားနိုင်သည့် နေရာများနှင့် အမြင့်ဆုံးလှုပ်နိုင်သည့် ငလျင်အင်အားအဆင့်

ကမ္ဘာမြေပေါ်က ငလျင်ရပ်ဝန်းများမှာ ပစိဖိတ်မီးတောင်ရပ်ဝန်း၊ အယ်လ်ပိုက်ရပ်ဝန်းဟူ၍ နှစ်မျိုးရှိပါတယ်။မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အယ်လ်ပိုက်ငလျင်ရပ်ဝန်း ကျရောက်နေပါတယ်။ ယင်းငလျင်ရပ်ဝန်းသည် ဟိမဝန္တာတောင်တန်းမှ အရှေ့ဘက် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကပ္ပလီကျွန်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်တယ်။မြန်မာနိုင်ငံတွင်မူ မြောက်လတ္တီကျူး ၂၂ ဒီဂရီ၏ မြောက်ဘက်တွင် ငလျင်ပိုလှုပ်နိုင်သည်ဟု ပညာရှင်အချို့ကဆိုပါတယ်။ ငလျင်မလှုပ်နိုင်ဆုံးဒေသမှာ တနင်္သာရီဒေသဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ယနေ့ထိ လှုပ်ရှားနေဆဲဖြစ်ပါတယ်။အောက်တွင် အမြင့်ဆုံးလှုပ်နိုင်သည့် ငလျင်အင်အားအဆင့်ကို ဖော်ပြပေးထားပါတယ်။



( အနောက်ရိုးမ ) ရခိုင်ရိုးမသည် နာဂတောင်၊ ချင်းတောင်၊ ပတ်ကွိုင်တောင်တို့ထက် ငလျင်လှုပ်နိုင်ခြေ နည်းပါတယ်။ ရခိုင်ရိုးမ၏ အံလွဲကြောင်းမှာ အရေးမကြီးချေ။ ကျောက်လွာဖွဲ့စည်းမှုမှာလည်း ရှုပ်ထွေးမှု မရှိပေ။ အနောက်ရိုးမ မြောက်ပိုင်းဒေသ၏ ကျောက်လွှာဖွဲ့စည်းပုံမှာမူ ရှုပ်ထွေးလှပါတယ်။ တည်ငြိမ်မှု မရှိပေ။ ယင်းဒေသတွင် ငလျင်ဗဟိုချက် အများအပြားတွေ့ရှိရပြီး ပြင်းထန်သော ငလျင်များလည်း လှုပ်ခဲ့ဖူးပါတယ်။ အာသံဘက် နီးလာလေ အင်အား ပိုမြင့်လာလေဖြစ်ပါတယ်။

ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိသည့် ပထမဦးဆုံး သံမဏိ အထပ်မြင့်အဆောက်အအုံ တည်ဆောက်နေ

( ဗဟိုချိုင့်ဝှမ်း ) ဗဟိုချိုင့်ဝှမ်းသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေနိမ့်ရပ်ဝန်းဒေသဖြစ်ပြီး ကျောက်လွှာများ တည်ငြိမ်မှုရှိသော်လည်း ယင်းနှင့် ဆက်စပ်နေသော ပဲခူးရိုးမ၏ ကျောက်လွှာမှာ တည်ငြိမ်မှု မရှိသောကြောင့် ငလျင်လှုပ်နိုင်ပါတယ်။ ဤရပ်ဝန်းတွင် လှုပ်ခဲ့သော ငလျင်များမှာ ဗဟိုချက်တိမ်ပြီး အင်အားသေးကာ ဧရိယာကျဉ်းကျဉ်းလေးတွင် လှုပ်ရှားတတ်ပြီး ပျှမ်းမျှ အင်အားအဆင့် (၆)သာ ရှိနိုင်ပါတယ်။သို့သော်လည်း ၁၉၇၅ ခုနှစ်တွင် ပုဂံ-ညောင်ဦး ငလျင်သည် အင်အား (၆.၈) လှုပ်ခဲ့ပြီး အံလွဲကြောင်းများနှင့် ပဲခူးရိုးမကျောက်လွှာများ လှုပ်ရှားမှုကြောင့် ပဲခူးရိုးမအလယ်ကြောနှင့် ရှမ်းကုန်းပြင်မြင့် အစွန်းတွင်မူ အင်အား(၉) အထိ လှုပ်နိုင်ပါတယ်။



( ရှမ်းကုန်းပြင်မြင့်  ) ရှမ်းကုန်းပြင်မြင့်သည် အခြားဒေသများထက်ပို၍ တည်ငြိမ်ပါတယ်။ သို့ရာတွင် အနောက်ပိုင်း အံလွဲကြောင်းများကြောင့် အင်အား(၉)အထိ လှုပ်နိုင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် ထိစပ်နေသော ဒေသများတွင် အင်အား(၆) ထက်ပိုမလှုပ်နိုင်ပါ။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးမည်။

( စစ်ကိုင်း-တကောင်းတောင်တန်း )ပြင်းထန်သော ငလျင်လှုပ်နိုင်သည့် ရပ်ဝန်းမှာ စစ်ကိုင်း-တကောင်းတောင်တန်း ဖြစ်ပါတယ်။ ငလျင်အင်အား အဆင့်(၉)ထက်ပင် ပိုနိုင်ပါတယ်။

( တနင်္သာရီ )  တနင်္သာရီတိုင်းသည် ထင်ရှားရှည်လျားသော ပြတ်ရွေ့အံလွဲကြောင်းများ မရှိခြင်း၊ ကျောက်များ သက်တမ်းရင့်နေခြင်းတို့ကြောင့် ဗဟိုပြု၍ ငလျင်မလှုပ်ခဲ့ချေ။ ကမ်းရိုးတမ်းတွင် လှုပ်ခဲ့သော မှတ်တမ်းများအရ အင်အား(၆)အထိသာ လှုပ်နိုင်ပြီး ငလျင်အန္တရာယ်မှ စိတ်အချရဆုံးအပိုင်းဖြစ်ပါတယ်။

အမြင့်ဆုံးလှုပ်နိုင်သည့် ငလျင်အင်အားအဆင့် အောက်ဖော်ပြပါဇယားမှာ ကမ္ဘာအေးမြေငလျင်ဌာန၏ ယူဆသတ်မှတ်ချက်များအပေါ် အခြေခံထားပြီး ယခုတိုင် အပြောင်းအလဲမရှိကြောင်း သိရပါတယ်။

share from : burmese.asia


မှတ်ချက်များ