Zawgyi ျဖင့္ဖတ္ရန္
ျမန္မာျပည္က လူေတြ ေဟာ့ေပါ့အရမ္းႀကိဳက္ၾကတယ္ဆိုတာ ေနရာအႏွံ႔မွာ တိုးၿပီးဖြင့္လာၾကတဲ့ ေဟာ့ေပါ့ဆိုင္ေတြက သက္ေသျပေနပါတယ္။ ေဟာ့ေပါ့ဆိုင္ေတြကလည္း အရသာ၊ အျပင္အဆင္တို႔ကို တစ္ဆိုင္နဲ႔တစ္ဆိုင္ ထူးျခားေအာင္ အၿပိဳင္အဆိုင္ေတြနဲ႔ စားသုံးသူေတြကို စြဲေဆာင္ေနၾကပါတယ္။ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕က ကမာၻ႔အႀကီးဆုံး မွတ္တမ္းဝင္ထားတဲ့ ေဟာ့ေပါ့အိုးႀကီးက ေဟာ့ေပါ့ႀကိဳက္သူေတြ သြားစားၾကည့္ခ်င္ေလာက္ေအာင္ ထူးျခားပါတယ္။
ေဟာ့ေပါ့အိုးႀကီးရဲ႕ အခ်င္းဟာ ၃၂ ေပက်ယ္ဝန္းၿပီး အျမင့္ကေတာ့ ၃ ေပ ၂ လကၼစြန္းစြန္းရွိပါတယ္။ အိုးရဲ႕ အေလးခ်ိန္က ၁၃ တန္ ေလးပါတယ္။ ဒီေဟာ့ေပါ့အိုးႀကီးကို ေခ်ာင္ကြင္းၿမိဳ႕ရဲ႕ အႀကီးဆုံး ေဟာ့ေပါ့ဆိုင္ႀကီးျဖစ္တဲ့ Morals Village Hot Pot က ဖန္တီးထားတာျဖစ္ၿပီး ႏိုဝင္ဘာလ ၆ ရက္ေန႔က ရွန္ဟိုင္းၿမိဳ႕မွာ ျပဳလုပ္ေနတဲ့ China International Import Expo မွာ လက္ေတြ႕ျပသ တည္ခင္းဧည့္ခံေနတာျဖစ္ပါတယ္။
အဆိုပါျပပြဲမွာ အလိုအေလ်ာက္ေမာင္းႏွင္တဲ့ကား၊ ကိုယ္ပိုင္အသိဉာဏ္တုနဲ႔ ပ်ံသန္းတဲ့ ေလယာဥ္ပ်ံ စတဲ့ေခတ္မီနည္းပညာေတြရဲ႕ၾကားမွာ ေဟာ့ေပါ့အိုးႀကီးကိုလည္း တ႐ုတ္႐ိုးရာအေမြအႏွစ္ တစ္ခုအျဖစ္ လာေရာက္ျပသထားတာျဖစ္ပါတယ္။
ေဟာေပါ့အိုးတို႔ရဲ႕ ထုံးစံအတိုင္း အကန႔္ႏွစ္ကန႔္ပါရွိၿပီး တစ္ဖက္က အစပ္၊ တစ္ဖက္က အသီး႐ြက္ျပဳတ္ဟင္းခ်ိဳတို႔ကို အရသာႏွစ္မ်ိဳးထည့္ထားပါတယ္။ အိုးႀကီးရဲ႕ ႏႈတ္ခမ္းမွာ တစ္ေယာက္စာ အိုးအေသးေလး ၅၆ လုံး ထည့္သြင္းထားၿပီး လူ ၅၆ ေယာက္ တၿပိဳင္တည္း စားႏိုင္ပါတယ္။ အိုး ၅၆ လုံး ကေတာ့ တ႐ုတ္ႏိုင္ငံတြင္းမွာရွိတဲ့ လူမ်ိဳးစု ၅၆ စုကို ကိုယ္စားျပဳထားတာျဖစ္ပါတယ္။ အိုးႀကီးထဲမွာ ေဟာ့ေပါ့အရည္ ၂,၀၀၀ ကီလီုဂရမ္ ထည့္ထားၿပီး င႐ုတ္ေကာင္း ၂၀၀ ကီလိုဂရမ္၊ င႐ုတ္သီး ၅၀၀ ကီလိုဂရမ္တို႔ ေရာစပ္ထားပါတယ္။ ေဟာ့အိုးႀကီးကို အပူေပးဖို႔အတြက္ေတာ့ ၂၂၀ ကီလိုဝပ္ လွ်ပ္စစ္မီးအား သုံးထားပါတယ္။
ေဟာ့ေပါ့အရည္တို႔နဲ႔အတူ ႏိုင္ငံျခားကေန တင္သြင္းထားတဲ့ အစားအစာ ၁၀ မ်ိဳး ပါဝင္ပါတယ္။ အဲဒီထဲမွာ နယူးဇီလန္ႏိုင္ငံက တင္သြင္းတဲ့ အမဲအူၾကမ္း(ဝမ္းတြင္းသား)၊ အိႏၵိယက င႐ုတ္သီး၊ ကေနဒါက ပင္လယ္စာ၊ ၾသစေၾတးလ်၊ ဘရာဇီးနဲ႔ ဂ်ာမဏီႏိုင္ငံတို႔က တင္သြင္းတဲ့ အမဲသားေတြလည္း ပါဝင္ပါတယ္။
႐ုပ္သံမွာ အားရပါးရ ေဟာ့ေပါ့စားေနၾကတဲ့ ဧည့္သည္ေတြကို ၾကည့္ရင္း ေဟာ့ေပါ့စားခ်င္စိတ္က တားမႏိုင္ဆီးမရ ျဖစ္ရပါတယ္။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
၅၆ ယောက် တစ်ပြိုင်တည်းစားနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး Hotpot အိုးကြီး(ရုပ်သံ)
မြန်မာပြည်က လူတွေ ဟော့ပေါ့အရမ်းကြိုက်ကြတယ်ဆိုတာ နေရာအနှံ့မှာ တိုးပြီးဖွင့်လာကြတဲ့ ဟော့ပေါ့ဆိုင်တွေက သက်သေပြနေပါတယ်။ ဟော့ပေါ့ဆိုင်တွေကလည်း အရသာ၊ အပြင်အဆင်တို့ကို တစ်ဆိုင်နဲ့တစ်ဆိုင် ထူးခြားအောင် အပြိုင်အဆိုင်တွေနဲ့ စားသုံးသူတွေကို စွဲဆောင်နေကြပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က ကမ္ဘာ့အကြီးဆုံး မှတ်တမ်းဝင်ထားတဲ့ ဟော့ပေါ့အိုးကြီးက ဟော့ပေါ့ကြိုက်သူတွေ သွားစားကြည့်ချင်လောက်အောင် ထူးခြားပါတယ်။
ဟော့ပေါ့အိုးကြီးရဲ့ အချင်းဟာ ၃၂ ပေကျယ်ဝန်းပြီး အမြင့်ကတော့ ၃ ပေ ၂ လက္မစွန်းစွန်းရှိပါတယ်။ အိုးရဲ့ အလေးချိန်က ၁၃ တန် လေးပါတယ်။ ဒီဟော့ပေါ့အိုးကြီးကို ချောင်ကွင်းမြို့ရဲ့ အကြီးဆုံး ဟော့ပေါ့ဆိုင်ကြီးဖြစ်တဲ့ Morals Village Hot Pot က ဖန်တီးထားတာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့က ရှန်ဟိုင်းမြို့မှာ ပြုလုပ်နေတဲ့ China International Import Expo မှာ လက်တွေ့ပြသ တည်ခင်းဧည့်ခံနေတာဖြစ်ပါတယ်။
အဆိုပါပြပွဲမှာ အလိုအလျောက်မောင်းနှင်တဲ့ကား၊ ကိုယ်ပိုင်အသိဉာဏ်တုနဲ့ ပျံသန်းတဲ့ လေယာဉ်ပျံ စတဲ့ခေတ်မီနည်းပညာတွေရဲ့ကြားမှာ ဟော့ပေါ့အိုးကြီးကိုလည်း တရုတ်ရိုးရာအမွေအနှစ် တစ်ခုအဖြစ် လာရောက်ပြသထားတာဖြစ်ပါတယ်။
ဟောပေါ့အိုးတို့ရဲ့ ထုံးစံအတိုင်း အကန့်နှစ်ကန့်ပါရှိပြီး တစ်ဖက်က အစပ်၊ တစ်ဖက်က အသီးရွက်ပြုတ်ဟင်းချိုတို့ကို အရသာနှစ်မျိုးထည့်ထားပါတယ်။ အိုးကြီးရဲ့ နှုတ်ခမ်းမှာ တစ်ယောက်စာ အိုးအသေးလေး ၅၆ လုံး ထည့်သွင်းထားပြီး လူ ၅၆ ယောက် တပြိုင်တည်း စားနိုင်ပါတယ်။ အိုး ၅၆ လုံး ကတော့ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ လူမျိုးစု ၅၆ စုကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ အိုးကြီးထဲမှာ ဟော့ပေါ့အရည် ၂,၀၀၀ ကီလီုဂရမ် ထည့်ထားပြီး ငရုတ်ကောင်း ၂၀၀ ကီလိုဂရမ်၊ ငရုတ်သီး ၅၀၀ ကီလိုဂရမ်တို့ ရောစပ်ထားပါတယ်။ ဟော့အိုးကြီးကို အပူပေးဖို့အတွက်တော့ ၂၂၀ ကီလိုဝပ် လျှပ်စစ်မီးအား သုံးထားပါတယ်။
ဟော့ပေါ့အရည်တို့နဲ့အတူ နိုင်ငံခြားကနေ တင်သွင်းထားတဲ့ အစားအစာ ၁၀ မျိုး ပါဝင်ပါတယ်။ အဲဒီထဲမှာ နယူးဇီလန်နိုင်ငံက တင်သွင်းတဲ့ အမဲအူကြမ်း(ဝမ်းတွင်းသား)၊ အိန္ဒိယက ငရုတ်သီး၊ ကနေဒါက ပင်လယ်စာ၊ သြစတြေးလျ၊ ဘရာဇီးနဲ့ ဂျာမဏီနိုင်ငံတို့က တင်သွင်းတဲ့ အမဲသားတွေလည်း ပါဝင်ပါတယ်။ ရုပ်သံမှာ အားရပါးရ ဟော့ပေါ့စားနေကြတဲ့ ဧည့်သည်တွေကို ကြည့်ရင်း ဟော့ပေါ့စားချင်စိတ်က တားမနိုင်ဆီးမရ ဖြစ်ရပါတယ်။
Credit : popolay


မှတ်ချက်များ