အရက္မူးလာရင္ ရာသီခြင္အလိုက္ ဘယ္လိုအမူအက်င့္ေတြ ေပၚလာတတ္လဲ
Zawgyiျဖင့္ဖတ္ရန္
အရက္ေသာက္ျဖစ္တဲ့ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳး ရွိၾကပါတယ္။ စိတ္ေပ်ာ္လို႔ တစ္ခြက္ တစ္ဖလားေသာက္တယ္။ စိတ္ညစ္စရာရွိလို႔ ေသာက္ျဖစ္တယ္။ အသည္းကြဲလို႔ စိတ္ေျဖတဲ့အေနနဲ႔ ေသာက္တယ္ စသျဖင့္ အမ်ိဳးမ်ိဳးေပါ့။
တခ်ိဳ႕က အရက္ေလး နည္းနည္းဝင္ၿပီဆိုတာနဲ႔ ဣေျႏၵမပ်က္ ေအးေဆးေနတတ္သူေတြ ရွိသလို ေသြးဆိုးၿပီး ရမ္းကားတတ္တဲ့ အက်င့္ရွိသူေတြလည္း ရွိပါတယ္။ ဆိုလိုခ်င္တာကေတာ့ ေသာက္တဲ့အရက္ခ်င္းတူတာေတာင္ အရက္ေသာက္ၿပီးေနာက္ ျပဳမူပံုေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ မတူတတ္ၾကဘူးေပါ့။
အိမြန္ၾကည့္တဲ့ ကိုရီးယားကားထဲမွာဆိုရင္ မင္းသားက တစ္ခါမွ အရက္မေသာက္ဖူးဘူး။ သူ႕ဟာသူ ေအးေဆးေနတယ္။ ဒါေပမဲ့ အလုပ္ကလူေတြ အတင္းတိုက္လို႔ အရက္ေသာက္ၿပီး အိမ္လည္းျပန္ေရာက္ေရာ အဝတ္ဗီရိုဖြင့္ၿပီး ေသးေပါက္ထည့္တာ။ သူမူးမွသိရတဲ့ သူ႔ရဲ႕ အက်င့္ဆိုးေပါ့။
ဒီေတာ့ ရာသီခြင္အလိုက္ အရက္မူးလာရင္ ေပၚလာတတ္တဲ့ အမူအက်င့္ေလးေတြကို အိမြန္က သိခ်င္ေဇာနဲ႔ ရွာၾကည့္ၿပီး ေဝမွ်ေပးလိုက္ပါတယ္ေနာ္။
မိႆရာသီဖြား (Aries) ( မတ္ ၂၁ – ဧၿပီ ၁၉)
ေပ်ာ္မယ္ ပါးမယ္ ဆိုတဲ့ စိတ္နဲ႔ အရက္ေသာက္ေပမဲ့ စေသာက္ၿပီဆိုတာနဲ႔ ရီေဝေဝ ျဖစ္လာတာ မိႆရာသီဖြားေတြပါပဲ။ တကယ္တမ္း ေရခ်ိန္ကိုက္သြားတဲ့အခ်ိန္မွာေတာ့ ပံုမွန္စိတ္ မဟုတ္ေတာ့ပါဘူး။ မူးလာရင္ လုပ္တတ္တဲ့ အက်င့္က ရည္းစားေဟာင္းကို ဖုန္းဆက္ၿပီး သူငယ္ခ်င္းအျဖစ္ ေနၾကမလားလို႔ ေမးတတ္တာပါ။ ပံုမွန္အတိုင္းဆိုရင္ ေျပာထြက္ဖို႔ စဥ္းစားမွာ မဟုတ္တဲ့ စကားလံုးေတြကို မူးမူးနဲ႔ ေသြးရဲၿပီး ေျပာတတ္တဲ့ လူစားမ်ိဳးေတြပါ။ နည္းနည္းေလး ေသာက္ၿပီဆိုတာနဲ႔ အသံစြာက်ယ္ စြာက်ယ္ ထြက္လာတတ္ပါတယ္။
ၿပိႆရာသီဖြား (Taurus ) (ဧၿပီ ၂၀ – ေမ ၂၁ )
အေသာက္နဲ႔ အစား ၂ မ်ိဳးစလံုးကို ဝါသနာပါသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ေရခဲေသတၱာထဲမွာ စားခ်င္တဲ့ မုန္႔ေတြကို အႀကိဳက္ သိမ္းထားတတ္သူေပါ့။ မူးလာၿပီဆိုရင္လည္း အရက္နဲ႔ ျမည္းဖို႔ အႀကိဳက္ဆံုး အစားအစာေတြကိုမွ ေတာင့္တတတ္ပါေသးတယ္။ ၿပီးတာနဲ႔ အျမည္းေတြက ၾကမ္းျပင္ေပၚ တစ္စစီျပဳတ္က်လို က် ၊ တျခားစားပြဲဝိုင္းေပၚ သြားတင္လို တင္ လုပ္ပစ္တတ္တဲ့ လူစားေတြပါ။ တစ္ခြက္ႏွစ္ခြက္ ေသာက္ရံုေလာက္နဲ႔ေတာ့ ေအးေဆးပဲ ျဖစ္ေနတတ္ၿပီး အရက္ဝိုင္းမွာ ေနာက္ဆံုးခ်ိန္ထိ ထိုင္ႏိုင္စြမ္း ရွိသူေတြျဖစ္ပါတယ္။
ေမထုန္ရာသီဖြား (Gemini) (ေမ ၂၂ – ဇြန္ ၂၁)
အရက္မူးလာၿပီဆိုရင္ ကိုယ္ပြားေတြ ဘာေတြထြက္လာတတ္တဲ့ လူစားမ်ိဳးေတြပါ။ မူးလာတာနဲ႔ ေပ်ာ္လိုက္ ၊ ဝမ္းနည္းလိုက္ ၊ စိတ္ဆိုးလိုက္ ၊ပ်င္းလိုက္၊ ေပ်ာ္သြားလိုက္ နဲ႔ အခ်ိန္ခဏေလးအတြင္းမွာ စိတ္အမ်ိဳးမ်ိဳး ေျပာင္းႏိုင္လြန္းသူ ျဖစ္ပါတယ္။ အရက္မူးလာၿပီဆိုရင္ ဘယ္စရိုက္က အရင္စေပၚလာမယ္ဆိုတာကိုေတာ့ ဘယ္သူကမွ ခန္႔မွန္းလို႔ မရပါဘူး ။ ေသခ်ာတာကေတာ့ ေတြ႔သမွ်လူနဲ႔ သူငယ္ခ်င္းျဖစ္သြားၿပီး အိမ္ျပန္ပို႔ခိုင္းတတ္တဲ့ လူစားမ်ိဳးေတြ ျဖစ္ပါတယ္။
ကရကဋ္ရာသီဖြား (Cancer) ( ဇြန္ ၂၂ – ဇူလုိင္ ၂၂ )
အရက္ေလး တျမျမ ျဖစ္လာတဲ့အခါ ခံစားလြယ္တတ္သူေတြပါ။ ခံစားမႈေတြက ေပ်ာ္လိုက္ ၊ စိတ္လႈပ္ရွားလိုက္ ျဖစ္တတ္သလို တစ္ခါတေလ ဝမ္းနည္း ေဒါသထြက္ေနတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒါကလည္း အရက္စေသာက္ခ်ိန္က စိတ္အေျခအေနေပၚ မူတည္ပါတယ္။ အရက္ေသာက္ဖို႔ မသြားခင္က ခ်စ္သူနဲ႔ ရန္ျဖစ္ထားသူဆိုရင္ အရက္လည္းေသာက္ေရာ စိတ္အေျခအေန မေကာင္းပါဘူး။ ဒါေပမဲ့ ေပ်ာ္ရႊင္ရလို႔ အရက္ေသာက္တာဆိုရင္ေတာ့ မူးေပမဲ့ ေပ်ာ္ေနမွာပါ။ ကရကဋ္ရာသီဖြားေတြက အရက္ေသာက္ရတာႀကိဳက္တဲ့ ယမကာသမားေတြ ျဖစ္ၾကပါတယ္။ ဒါေပမဲ့ မူးၿပီး ရမ္းကားတတ္သူေတြေတာ့ မဟုတ္ၾကပါဘူး။ ဒါေပမဲ့ ခက္တာက ဘယ္အခ်ိန္မွာ ေရခ်ိန္ကိုက္ၿပီလဲဆိုတာသိဖို႔ ေသာက္ရင္း ေသာက္ရင္းနဲ႔ မ်ားသြားၿပီး အရက္နာက်ကုန္တာမ်ားပါတယ္။
သိဟ္ရာသီဖြား (Leo) (ဇူလိုင္ ၂၃ – ၾသဂုတ္ ၂၂ )
ဒီရာသီဖြားေတြက အရက္မူးေပမဲ့ အမူအရာက သိပ္မေျပာင္းတဲ့အတြက္ သိရခက္ပါတယ္။ ဒါကေတာ့ အားသာခ်က္ပါပဲ။ ဒါေပမဲ့ ဆိုးတဲ့အခ်က္က မူးလာရင္ လူေတြကို ေတာ္ကီပြားတတ္တာပါပဲ။ ကိုယ့္ေရွ႕မွာ ရွိေနတဲ့လူက ဘာႀကီးပဲ ျဖစ္ျဖစ္ ဂရုမစိုက္ေတာ့ဘဲ ရင္ထဲက အႏွစ္ႏွစ္အလလ ၿမိဳသိပ္ထားတဲ့ ခံစားခ်က္ေတြကို ေပါက္ကြဲပစ္ေတာ့တာပါပဲ။ ဒါေၾကာင့္ တစ္ဖက္သားကို နာက်င္ေစတတ္သလို အႏၱရာယ္ရွိတဲ့ ခ်ိန္ကိုက္ဗံုး ျဖစ္ေနတတ္ပါတယ္။
ကန္ရာသီဖြား (Virgo) ( ၾသဂုတ္ ၂၃ – စက္တင္ဘာ ၂၂ )
အျပင္ပန္းမွာ တည္ၿငိမ္ေပမဲ့ အရက္နည္းနည္း ဝင္ရံုနဲ႔ ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိသူက ကန္ရာသီဖြားေတြပါ။ ဒီေတာ့ သူငယ္ခ်င္း ၊ မိသားစု ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ပတ္သက္ၿပီး ေပါက္ကြဲခ်င္သမွ်ေတြက အရက္မူးၿပီဆိုတာနဲ႔ တန္းေပၚလာပါေတာ့တယ္။ အရက္မူးရင္ ကၽြဲခိုးေပၚဆိုသလိုပဲ လွ်ိဳ႕ဝွက္ခိုင္းထားတဲ့ အရာမွန္သမွ်ကလည္း အစ္ေအာက္ေမးတာနဲ႔ အကုန္ေျပာျပမယ့္ ရာသီဖြား ျဖစ္ပါတယ္။ ဒါေၾကာင့္ ကန္ရာသီဖြားေတြနဲ႔ အရက္တူတူေသာက္မယ္ဆိုရင္ စက္ကြင္းလြတ္ေအာင္ ေရွာင္ဖို႔လိုပါတယ္။
တူရာသီဖြား (Libra ) (စက္တင္ဘာ ၂၃ – ေအာက္တိုဘာ ၂၂ )
တူရာသီဖြားေတြအတြက္က ဘယ္အရာကိုမဆို အလြန္အကၽြံ စြဲလမ္းတာမ်ိဳး မရွိပါဘူး။ အရက္ေသာက္ၿပီဆိုလည္း ေတာ္ရံုသင့္ရံုပဲ ေသာက္ၿပီး ေနာက္ပိုင္းမွာ ေရနဲ႔ အျမည္းပဲ ထိုင္တုတ္ေနတဲ့ လူစားမ်ိဳးေတြပါ။ တကယ္တမ္း မူးလာတဲ့အခါ အျခားရာသီဖြားေတြလို ရူးေၾကာင္ေၾကာင္ မလုပ္တတ္ေပမဲ့ အသံတိတ္ေနတတ္ပါတယ္။ အလြန္အကၽြံ မူးလာၿပီဆိုရင္ေတာ့ ေတြ႕တဲ့ေနရာ အန္ခ်တတ္တဲ့ အက်င့္ရွိလို႔ သတိထားရပါမယ္။
ၿဗိ စၦာရာသီဖြား (Scorpio) (ေအာက္တုိဘာ ၂၃ – ႏိုဝင္ဘာ ၂၁ )
ၿဗိ စၦာရာသီဖြားေတြက ကိုယ္ေရးကိုယ္တာနဲ႔ ပတ္သက္လာရင္ လွ်ိဳ႕ဝွက္တတ္တဲ့ လူစားေတြပါ။ ကိုယ့္အေၾကာင္းအားလံုးသိထားသင့္သူက ကိုယ္ပဲ ျဖစ္တယ္လို႔ ခံယူထားသူေတြလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီရာသီဖြားေတြ မူးလာၿပီဆိုရင္ေတာ့ အတိတ္ကို ထပ္ကာတလဲလဲ တူးဆြ ေျပာတတ္ၾကပါတယ္။ သူတို႔နဲ႕ အရက္ေသာက္မိတဲ့လူကေတာ့ ငါးပါးေမွာက္ၿပီလို႔သာ ေတြးရမွာပဲ ျဖစ္ပါတယ္။ တျခားလူကို ဂရုမစိုက္ေတာ့ဘဲ ေျပာခ်င္တာေတြ အကုန္ေျပာၿပီးမွ ေနာက္တစ္ေန႔ အမူးေျပရင္ ေတာင္းပန္တတ္တဲ့ လူစားေတြထဲ သူတို႔လည္း ပါပါတယ္။
ဓႏုရာသီဖြား (Sagittarius) (ႏိုဝင္ဘာ ၂၃ – ဒီဇင္ဘာ ၂၁ )
ဓႏုရာသီဖြားေတြက မူးလာၿပီဆိုတာနဲ႔ အျငင္းပြားဖြယ္ အေၾကာင္းအရာေတြကို အခ်ီအခ် ေျပာရတာ ႏွစ္သက္ပါတယ္။ ႏိုင္ငံေရး၊ ပုဂၢိဳလ္ေရး ရႈေထာင့္ ၊ အျခားေသာ ထင္ျမင္ခ်က္ေတြကို အိတ္သြန္ဖာေမွာက္ ေျပာခ်င္ၾကပါတယ္။ တစ္ခါတေလ သူငယ္ခ်င္းေတြနဲ႔ အရက္ေသာက္ဖို႔ သြားေပမဲ့ အရက္ေသာက္တာနည္းနည္း အေတြးအေခၚပိုင္းဆိုင္ရာ ဖလွယ္ရင္း အခ်ိန္ကုန္တာမ်ားမ်ား ျဖစ္တတ္ပါတယ္။
မကာရ ရာသီဖြား (Capricon) (ဒီဇင္ဘာ ၂၂ – ဇန္နဝါရီ ၂၀)
မကာရ ရာသီဖြားေတြက အရက္ေသာက္ဖို႔ ပိုက္ဆံကို ႏွေျမာတတ္ၾကပါတယ္။ သူမ်ားထဲက ကပ္ေသာက္တာမ်ားၿပီး သူတို႔ရွင္းတဲ့ ေန႔ဆိုရင္ေတာ့ သူတို႔ ရစ္သမွ်ကို အားနာပါးနာ နားေထာင္ရမယ့္ ေန႔လည္း ျဖစ္ပါတယ္။ တစ္ကမၻာလံုးမွာ ကိုယ္တစ္ေယာက္တည္းပဲ တတ္သိေနသလို ဆရာႀကီးေလသံနဲ႔ ေျပာတတ္တာျဖစ္လို႔ နားေထာင္ေနသူေတြ စိတ္ညစ္ၿပီး အေပါင္းအသင္းပ်က္မယ့္ကိန္း ျဖစ္ပါတယ္။
ကံုရာသီဖြား (Aquarius) (ဇန္နဝါရီ ၂၁ – ေဖေဖာ္ဝါရီ ၁၈)
ကံုရာသီဖြားေတြက အရက္မူးလာရင္ ေပါက္ကရေတြ ေျပာတတ္လြန္းလို႔ သူတို႔နဲ႔ အရက္ေသာက္တဲ့အခါ ဟာသေတြပဲ ၾကားရမွာ ျဖစ္ပါတယ္။ အိမ္မွာပဲ ရုပ္ရွင္ေလး ေအးေဆးၾကည့္ရင္း အရသာရွိတာေတြစားကာ ယမကာစည္းစိမ္ ခံစားခ်င္သူေတြ ျဖစ္ပါတယ္။ အရက္မူးလာတာနဲ႔ အိမ္ကို တစ္ခ်ိဳးတည္း တန္းေျပးၿပီး အိပ္ရာထဲ ပစ္လွဲခ်င္သူလည္း ျဖစ္ပါတယ္။
မိန္ရာသီဖြား (Pisces) ( ေဖေဖာ္ဝါရီ ၁၉ – မတ္ ၂၀)
မူးေအာင္ေသာက္တာက လက္ေတြ႕ဘဝထဲကေန ခဏတာ ရုန္းထြက္ဖို႔ အခြင့္အေရးေကာင္းလို႔ ထင္ၾကသူေတြပါ။ မူးလာရင္ ေဖာက္တတ္တဲ့လူေတြထဲ ဒီရာသီဖြားေတြ ပါပါတယ္။ ဘားမွာ အရက္ခိုးေသာက္တယ္ ၊ မီးပြိဳင့္ျဖတ္ေမာင္းမယ္ စသျဖင့္ မေကာင္းတဲ့ အရာေတြကို ဖန္တီးပါေတာ့တယ္။
ကဲ…ေယာင္းတို႔ေရ…ေယာင္းတို႔အတြက္ေရာ မွန္ရဲ့လား….
Reference: scoopwhoop, yourtango,
Credit:Ei Mon (For Her Myanmar)
Unicodeဖြင့်ဖတ်ရန်
အရက်မူးလာရင် ရာသီခွင်အလိုက် ဘယ်လိုအမူအကျင့်တွေ ပေါ်လာတတ်လဲ
အရက်သောက်ဖြစ်တဲ့ အကြောင်းပြချက် အမျိုးမျိုး ရှိကြပါတယ်။ စိတ်ပျော်လို့ တစ်ခွက် တစ်ဖလားသောက်တယ်။ စိတ်ညစ်စရာရှိလို့ သောက်ဖြစ်တယ်။ အသည်းကွဲလို့ စိတ်ဖြေတဲ့အနေနဲ့ သောက်တယ် စသဖြင့် အမျိုးမျိုးပေါ့။
တချို့က အရက်လေး နည်းနည်းဝင်ပြီဆိုတာနဲ့ ဣန္ဒြေမပျက် အေးဆေးနေတတ်သူတွေ ရှိသလို သွေးဆိုးပြီး ရမ်းကားတတ်တဲ့ အကျင့်ရှိသူတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာကတော့ သောက်တဲ့အရက်ချင်းတူတာတောင် အရက်သောက်ပြီးနောက် ပြုမူပုံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတတ်ကြဘူးပေါ့။
အိမွန်ကြည့်တဲ့ ကိုရီးယားကားထဲမှာဆိုရင် မင်းသားက တစ်ခါမှ အရက်မသောက်ဖူးဘူး။ သူ့ဟာသူ အေးဆေးနေတယ်။ ဒါပေမဲ့ အလုပ်ကလူတွေ အတင်းတိုက်လို့ အရက်သောက်ပြီး အိမ်လည်းပြန်ရောက်ရော အဝတ်ဗီရိုဖွင့်ပြီး သေးပေါက်ထည့်တာ။ သူမူးမှသိရတဲ့ သူ့ရဲ့ အကျင့်ဆိုးပေါ့။
ဒီတော့ ရာသီခွင်အလိုက် အရက်မူးလာရင် ပေါ်လာတတ်တဲ့ အမူအကျင့်လေးတွေကို အိမွန်က သိချင်ဇောနဲ့ ရှာကြည့်ပြီး ဝေမျှပေးလိုက်ပါတယ်နော်။
မိဿရာသီဖွား (Aries) ( မတ် ၂၁ – ဧပြီ ၁၉)
ပျော်မယ် ပါးမယ် ဆိုတဲ့ စိတ်နဲ့ အရက်သောက်ပေမဲ့ စသောက်ပြီဆိုတာနဲ့ ရီဝေဝေ ဖြစ်လာတာ မိဿရာသီဖွားတွေပါပဲ။ တကယ်တမ်း ရေချိန်ကိုက်သွားတဲ့အချိန်မှာတော့ ပုံမှန်စိတ် မဟုတ်တော့ပါဘူး။ မူးလာရင် လုပ်တတ်တဲ့ အကျင့်က ရည်းစားဟောင်းကို ဖုန်းဆက်ပြီး သူငယ်ချင်းအဖြစ် နေကြမလားလို့ မေးတတ်တာပါ။ ပုံမှန်အတိုင်းဆိုရင် ပြောထွက်ဖို့ စဉ်းစားမှာ မဟုတ်တဲ့ စကားလုံးတွေကို မူးမူးနဲ့ သွေးရဲပြီး ပြောတတ်တဲ့ လူစားမျိုးတွေပါ။ နည်းနည်းလေး သောက်ပြီဆိုတာနဲ့ အသံစွာကျယ် စွာကျယ် ထွက်လာတတ်ပါတယ်။
ပြိဿရာသီဖွား (Taurus ) (ဧပြီ ၂၀ – မေ ၂၁ )
အသောက်နဲ့ အစား ၂ မျိုးစလုံးကို ဝါသနာပါသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရေခဲသေတ္တာထဲမှာ စားချင်တဲ့ မုန့်တွေကို အကြိုက် သိမ်းထားတတ်သူပေါ့။ မူးလာပြီဆိုရင်လည်း အရက်နဲ့ မြည်းဖို့ အကြိုက်ဆုံး အစားအစာတွေကိုမှ တောင့်တတတ်ပါသေးတယ်။ ပြီးတာနဲ့ အမြည်းတွေက ကြမ်းပြင်ပေါ် တစ်စစီပြုတ်ကျလို ကျ ၊ တခြားစားပွဲဝိုင်းပေါ် သွားတင်လို တင် လုပ်ပစ်တတ်တဲ့ လူစားတွေပါ။ တစ်ခွက်နှစ်ခွက် သောက်ရုံလောက်နဲ့တော့ အေးဆေးပဲ ဖြစ်နေတတ်ပြီး အရက်ဝိုင်းမှာ နောက်ဆုံးချိန်ထိ ထိုင်နိုင်စွမ်း ရှိသူတွေဖြစ်ပါတယ်။
မေထုန်ရာသီဖွား (Gemini) (မေ ၂၂ – ဇွန် ၂၁)
အရက်မူးလာပြီဆိုရင် ကိုယ်ပွားတွေ ဘာတွေထွက်လာတတ်တဲ့ လူစားမျိုးတွေပါ။ မူးလာတာနဲ့ ပျော်လိုက် ၊ ဝမ်းနည်းလိုက် ၊ စိတ်ဆိုးလိုက် ၊ပျင်းလိုက်၊ ပျော်သွားလိုက် နဲ့ အချိန်ခဏလေးအတွင်းမှာ စိတ်အမျိုးမျိုး ပြောင်းနိုင်လွန်းသူ ဖြစ်ပါတယ်။ အရက်မူးလာပြီဆိုရင် ဘယ်စရိုက်က အရင်စပေါ်လာမယ်ဆိုတာကိုတော့ ဘယ်သူကမှ ခန့်မှန်းလို့ မရပါဘူး ။ သေချာတာကတော့ တွေ့သမျှလူနဲ့ သူငယ်ချင်းဖြစ်သွားပြီး အိမ်ပြန်ပို့ခိုင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ပါတယ်။
ကရကဋ်ရာသီဖွား (Cancer) ( ဇွန် ၂၂ – ဇူလိုင် ၂၂ )
အရက်လေး တမြမြ ဖြစ်လာတဲ့အခါ ခံစားလွယ်တတ်သူတွေပါ။ ခံစားမှုတွေက ပျော်လိုက် ၊ စိတ်လှုပ်ရှားလိုက် ဖြစ်တတ်သလို တစ်ခါတလေ ဝမ်းနည်း ဒေါသထွက်နေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကလည်း အရက်စသောက်ချိန်က စိတ်အခြေအနေပေါ် မူတည်ပါတယ်။ အရက်သောက်ဖို့ မသွားခင်က ချစ်သူနဲ့ ရန်ဖြစ်ထားသူဆိုရင် အရက်လည်းသောက်ရော စိတ်အခြေအနေ မကောင်းပါဘူး။ ဒါပေမဲ့ ပျော်ရွှင်ရလို့ အရက်သောက်တာဆိုရင်တော့ မူးပေမဲ့ ပျော်နေမှာပါ။ ကရကဋ်ရာသီဖွားတွေက အရက်သောက်ရတာကြိုက်တဲ့ ယမကာသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ မူးပြီး ရမ်းကားတတ်သူတွေတော့ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ခက်တာက ဘယ်အချိန်မှာ ရေချိန်ကိုက်ပြီလဲဆိုတာသိဖို့ သောက်ရင်း သောက်ရင်းနဲ့ များသွားပြီး အရက်နာကျကုန်တာများပါတယ်။
သိဟ်ရာသီဖွား (Leo) (ဇူလိုင် ၂၃ – သြဂုတ် ၂၂ )
ဒီရာသီဖွားတွေက အရက်မူးပေမဲ့ အမူအရာက သိပ်မပြောင်းတဲ့အတွက် သိရခက်ပါတယ်။ ဒါကတော့ အားသာချက်ပါပဲ။ ဒါပေမဲ့ ဆိုးတဲ့အချက်က မူးလာရင် လူတွေကို တော်ကီပွားတတ်တာပါပဲ။ ကိုယ့်ရှေ့မှာ ရှိနေတဲ့လူက ဘာကြီးပဲ ဖြစ်ဖြစ် ဂရုမစိုက်တော့ဘဲ ရင်ထဲက အနှစ်နှစ်အလလ မြိုသိပ်ထားတဲ့ ခံစားချက်တွေကို ပေါက်ကွဲပစ်တော့တာပါပဲ။ ဒါကြောင့် တစ်ဖက်သားကို နာကျင်စေတတ်သလို အန္တရာယ်ရှိတဲ့ ချိန်ကိုက်ဗုံး ဖြစ်နေတတ်ပါတယ်။
ကန်ရာသီဖွား (Virgo) ( သြဂုတ် ၂၃ – စက်တင်ဘာ ၂၂ )
အပြင်ပန်းမှာ တည်ငြိမ်ပေမဲ့ အရက်နည်းနည်း ဝင်ရုံနဲ့ ထိန်းချုပ်နိုင်စွမ်း မရှိသူက ကန်ရာသီဖွားတွေပါ။ ဒီတော့ သူငယ်ချင်း ၊ မိသားစု ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်ပြီး ပေါက်ကွဲချင်သမျှတွေက အရက်မူးပြီဆိုတာနဲ့ တန်းပေါ်လာပါတော့တယ်။ အရက်မူးရင် ကျွဲခိုးပေါ်ဆိုသလိုပဲ လျှို့ဝှက်ခိုင်းထားတဲ့ အရာမှန်သမျှကလည်း အစ်အောက်မေးတာနဲ့ အကုန်ပြောပြမယ့် ရာသီဖွား ဖြစ်ပါတယ်။ ဒါကြောင့် ကန်ရာသီဖွားတွေနဲ့ အရက်တူတူသောက်မယ်ဆိုရင် စက်ကွင်းလွတ်အောင် ရှောင်ဖို့လိုပါတယ်။
တူရာသီဖွား (Libra ) (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂ )
တူရာသီဖွားတွေအတွက်က ဘယ်အရာကိုမဆို အလွန်အကျွံ စွဲလမ်းတာမျိုး မရှိပါဘူး။ အရက်သောက်ပြီဆိုလည်း တော်ရုံသင့်ရုံပဲ သောက်ပြီး နောက်ပိုင်းမှာ ရေနဲ့ အမြည်းပဲ ထိုင်တုတ်နေတဲ့ လူစားမျိုးတွေပါ။ တကယ်တမ်း မူးလာတဲ့အခါ အခြားရာသီဖွားတွေလို ရူးကြောင်ကြောင် မလုပ်တတ်ပေမဲ့ အသံတိတ်နေတတ်ပါတယ်။ အလွန်အကျွံ မူးလာပြီဆိုရင်တော့ တွေ့တဲ့နေရာ အန်ချတတ်တဲ့ အကျင့်ရှိလို့ သတိထားရပါမယ်။
ဗြိ စ္ဆာရာသီဖွား (Scorpio) (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁ )
ဗြိ စ္ဆာရာသီဖွားတွေက ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လာရင် လျှို့ဝှက်တတ်တဲ့ လူစားတွေပါ။ ကိုယ့်အကြောင်းအားလုံးသိထားသင့်သူက ကိုယ်ပဲ ဖြစ်တယ်လို့ ခံယူထားသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီဖွားတွေ မူးလာပြီဆိုရင်တော့ အတိတ်ကို ထပ်ကာတလဲလဲ တူးဆွ ပြောတတ်ကြပါတယ်။ သူတို့နဲ့ အရက်သောက်မိတဲ့လူကတော့ ငါးပါးမှောက်ပြီလို့သာ တွေးရမှာပဲ ဖြစ်ပါတယ်။ တခြားလူကို ဂရုမစိုက်တော့ဘဲ ပြောချင်တာတွေ အကုန်ပြောပြီးမှ နောက်တစ်နေ့ အမူးပြေရင် တောင်းပန်တတ်တဲ့ လူစားတွေထဲ သူတို့လည်း ပါပါတယ်။
ဓနုရာသီဖွား (Sagittarius) (နိုဝင်ဘာ ၂၃ – ဒီဇင်ဘာ ၂၁ )
ဓနုရာသီဖွားတွေက မူးလာပြီဆိုတာနဲ့ အငြင်းပွားဖွယ် အကြောင်းအရာတွေကို အချီအချ ပြောရတာ နှစ်သက်ပါတယ်။ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ရှုထောင့် ၊ အခြားသော ထင်မြင်ချက်တွေကို အိတ်သွန်ဖာမှောက် ပြောချင်ကြပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ အရက်သောက်ဖို့ သွားပေမဲ့ အရက်သောက်တာနည်းနည်း အတွေးအခေါ်ပိုင်းဆိုင်ရာ ဖလှယ်ရင်း အချိန်ကုန်တာများများ ဖြစ်တတ်ပါတယ်။
မကာရ ရာသီဖွား (Capricon) (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၂၀)
မကာရ ရာသီဖွားတွေက အရက်သောက်ဖို့ ပိုက်ဆံကို နှမြောတတ်ကြပါတယ်။ သူများထဲက ကပ်သောက်တာများပြီး သူတို့ရှင်းတဲ့ နေ့ဆိုရင်တော့ သူတို့ ရစ်သမျှကို အားနာပါးနာ နားထောင်ရမယ့် နေ့လည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်းပဲ တတ်သိနေသလို ဆရာကြီးလေသံနဲ့ ပြောတတ်တာဖြစ်လို့ နားထောင်နေသူတွေ စိတ်ညစ်ပြီး အပေါင်းအသင်းပျက်မယ့်ကိန်း ဖြစ်ပါတယ်။
ကုံရာသီဖွား (Aquarius) (ဇန်နဝါရီ ၂၁ – ဖေဖော်ဝါရီ ၁၈)
ကုံရာသီဖွားတွေက အရက်မူးလာရင် ပေါက်ကရတွေ ပြောတတ်လွန်းလို့ သူတို့နဲ့ အရက်သောက်တဲ့အခါ ဟာသတွေပဲ ကြားရမှာ ဖြစ်ပါတယ်။ အိမ်မှာပဲ ရုပ်ရှင်လေး အေးဆေးကြည့်ရင်း အရသာရှိတာတွေစားကာ ယမကာစည်းစိမ် ခံစားချင်သူတွေ ဖြစ်ပါတယ်။ အရက်မူးလာတာနဲ့ အိမ်ကို တစ်ချိုးတည်း တန်းပြေးပြီး အိပ်ရာထဲ ပစ်လှဲချင်သူလည်း ဖြစ်ပါတယ်။
မိန်ရာသီဖွား (Pisces) ( ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
မူးအောင်သောက်တာက လက်တွေ့ဘဝထဲကနေ ခဏတာ ရုန်းထွက်ဖို့ အခွင့်အရေးကောင်းလို့ ထင်ကြသူတွေပါ။ မူးလာရင် ဖောက်တတ်တဲ့လူတွေထဲ ဒီရာသီဖွားတွေ ပါပါတယ်။ ဘားမှာ အရက်ခိုးသောက်တယ် ၊ မီးပွိုင့်ဖြတ်မောင်းမယ် စသဖြင့် မကောင်းတဲ့ အရာတွေကို ဖန်တီးပါတော့တယ်။
ကဲ…ယောင်းတို့ရေ…ယောင်းတို့အတွက်ရော မှန်ရဲ့လား….
Reference: scoopwhoop, yourtango,
Credit:Ei Mon (For Her Myanmar)


မှတ်ချက်များ