လူေနတိုက္ခန္းမ်ား ၿပိဳက်ပ်က္စီးလွ်င္ အခန္းပိုင္ရွင္အတြက္ ပိုင္ဆိုင္မႈ အာမခံခ်က္မရွိ




Zawgyi ျဖင့္ဖတ္ရန္

အထပ္ျမင့္ လူေနအိမ္တိုက္ခန္းမ်ား သဘာဝေဘးအႏၲရာယ္ေၾကာင့္ ၿပိဳက်ပ်က္စီးလွ်င္ အခန္းပိုင္ရွင္မ်ားအတြက္ မည္သည့္ပိုင္ဆိုင္မႈ အာမခံခ်က္မရွိဟုဆို  အထပ္ျမင့္လူေနအိမ္တိုက္ခန္းမ်ား ေျမငလ်င္၊ မီး အစရွိသည့္ သဘာဝေဘး အႏၲရာယ္မ်ားေၾကာင့္ ၿပိဳက်ပ်က္စီးျခင္းမ်ားျဖစ္ေပၚခဲ့လွ်င္ တိုက္ခန္းပိုင္ရွင္မ်ားအတြက္ ပိုင္ဆိုင္မႈအာမခံခ်က္မရွိဘဲ လုံးဝ ဆုံးရႈံးမည္ျဖစ္ေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္ဦးစိုင္းခြန္ေနာင္က ေျပာသည္။



ဥပေဒမွာပါတာက အခန္းကအေပ်ာက္ဝယ္ထားတာေပါ့ေနာ္၊ ေျမနဲ႔ မဆိုင္ဘူး။ ေျမပိုင္ဆိုင္မႈက အခ်ိဳးက်မပါ တဲ့အခါက်ေတာ့ တကယ္ဥပေဒအရ ေျပာရရင္ ငလ်င္လႈပ္လို႔ၿပိဳသြားတယ္၊ မီးေဘးေၾကာင့္ ၿပိဳသြားတယ္ဆိုရင္ ဒီအေပ်ာက္ဝယ္ထားတဲ့အခန္းရဲ႕ ပိုင္ဆိုင္မႈရပိုင္ခြင့္က သုညျဖစ္သြားၿပီး”ဟု ၎က ေျပာသည္။ ထိုသို႔ေသာအေျခအေနျဖစ္ေပၚခဲ့လွ်င္ တိုက္ခန္းပိုင္ရွင္မ်ားအေနျဖင့္ ေျမပိုင္ရွင္ႏွင့္ ညႇိႏႈိင္းေျပလည္ပါက အေဆာက္အဦအသစ္ ျပန္လည္ေဆာက္လုပ္ရန္အတြက္ က်သင့္ေငြကို အခ်ိဳးက်ထည့္ဝင္၍ အခန္းပိုင္ဆိုင္ခြင့္အတြက္ ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ ဥပေဒအရ အေဆာက္အဦ ၿပိဳက်ပ်က္စီးသြားပါက မူလေျမရွင္ကသာ ျပန္လည္ပိုင္ဆိုင္မည္ျဖစ္ေၾကာင္း ဦးစိုင္းခြန္ေနာင္က ဆက္လက္ေျပာဆိုသည္။ အိမ္ၿခံေျမႏွင့္ပတ္သက္၍ ဥပေဒအက်ိဳးေဆာင္လုပ္ကိုင္ေပးေနသည့္ အထက္တန္းေရွ႕ေန တဦးကလည္း”အထပ္ျမင့္အေဆာက္အအုံေတြ ေျမၿပိဳလို႔ပဲျဖစ္ျဖစ္၊ တခုခုေၾကာင့္ၿပိဳက်ရင္ အခန္းပိုင္ရွင္ေတြမွာ ဘာရပိုင္ခြင့္မွမရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မူလေျမပိုင္ရွင္က ေျမကိုပိုင္တာ။ သူတို႔က ေလေပၚက တိုက္ခန္းကိုပိုင္တာ။ ေလေပၚကတိုက္ခန္းမရွိေတာ့ရင္ သူတို႔ပိုင္ဆိုင္မႈမရွိေတာ့ဘူး ”ဟု ေျပာသည္။



ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ေျမေအာက္ေရကို ထုတ္ယူသုံးစြဲေနသည့္ အထပ္ျမင့္အေဆာက္အဦမ်ား အေရအတြက္မ်ားျပားလာပါက ေျမၿပိဳျခင္းမ်ား ျဖစ္လာႏိုင္ေၾကာင္း၊ ေတာင္ဥကၠလာ၊ တာေမြ၊ သဃၤန္းကြၽန္းၿမိဳ႕နယ္မ်ားတြင္ အထပ္ျမင့္ကန္ထ႐ိုက္တိုက္ေဆာက္လုပ္မႈ အမ်ားဆုံးျဖစ္ၿပီး ကန္ထ႐ိုက္တိုက္အမ်ားစုသည္ ေျမေအာက္ေရကိုသာ အသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။အဝီစိတြင္းတူရန္ တတြင္းႏွင့္တတြင္း အကြာအေဝးေပ ၁၅ဝ ခန႔္သတ္မွတ္ထားေသာ္လည္း ကန္ထ႐ိုက္တိုက္ ေဆာက္လုပ္သူအခ်ိဳ႕သည့္ အဆိုပါအကြာ အေဝးကိုလိုက္နာျခင္းမရွိေၾကာင္း၊ ရန္ကုန္ၿမိဳ႕တြင္ ကတၱရာ၊ ကြန္ကရစ္လမ္းမ်ားခင္းထားမႈေၾကာင့္ မိုး႐ြာလွ်င္ေျမေအာက္သို႔ ေရေရာက္ရန္ခက္ခဲေၾကာင္း၊ ေျမေအာက္ ေရထုတ္ယူမႈမ်ားျပားလာလွ်င္ကေတာ့ ပုံလိုဏ္ေခါင္းမ်ားျဖစ္ၿပီး ေျမၿပိဳျခင္းမ်ားျဖစ္ႏိုင္ေၾကာင္း၊ ရန္ကုန္ၿမိဳ႕တြင္ေနစဥ္ ေရဂါ လန္ သန္း ၂၅ဝ နီးပါး ေပးေဝးေနေသာ္လည္း လုံေလာက္မႈမရွိသည့္အျပင္ ေရဆုံး ရႈံးမႈရွိေနၿပီး အမ်ားစုမွာ ေျမေအာက္ေရကို ထုတ္ယူသုံးစြဲေနရေၾကာင္း သိရသည္။

share from : burmese.asia


Unicode ဖြင့်ဖတ်ရန်

လူနေတိုက်ခန်းများ ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင်အတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိ



အထပ်မြင့် လူနေအိမ်တိုက်ခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင်များအတွက် မည်သည့်ပိုင်ဆိုင်မှု အာမခံချက်မရှိဟုဆို  အထပ်မြင့်လူနေအိမ်တိုက်ခန်းများ မြေငလျင်၊ မီး အစရှိသည့် သဘာဝဘေး အန္တရာယ်များကြောင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိဘဲ လုံးဝ ဆုံးရှုံးမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ဦးစိုင်းခွန်နောင်က ပြောသည်။



ဥပဒေမှာပါတာက အခန်းကအပျောက်ဝယ်ထားတာပေါ့နော်၊ မြေနဲ့ မဆိုင်ဘူး။ မြေပိုင်ဆိုင်မှုက အချိုးကျမပါ တဲ့အခါကျတော့ တကယ်ဥပဒေအရ ပြောရရင် ငလျင်လှုပ်လို့ပြိုသွားတယ်၊ မီးဘေးကြောင့် ပြိုသွားတယ်ဆိုရင် ဒီအပျောက်ဝယ်ထားတဲ့အခန်းရဲ့ ပိုင်ဆိုင်မှုရပိုင်ခွင့်က သုညဖြစ်သွားပြီး”ဟု ၎င်းက ပြောသည်။ ထိုသို့သောအခြေအနေဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအနေဖြင့် မြေပိုင်ရှင်နှင့် ညှိနှိုင်းပြေလည်ပါက အဆောက်အဦအသစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ကျသင့်ငွေကို အချိုးကျထည့်ဝင်၍ အခန်းပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်နိုင်ကြောင်း၊ ဥပဒေအရ အဆောက်အဦ ပြိုကျပျက်စီးသွားပါက မူလမြေရှင်ကသာ ပြန်လည်ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဦးစိုင်းခွန်နောင်က ဆက်လက်ပြောဆိုသည်။ အိမ်ခြံမြေနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်လုပ်ကိုင်ပေးနေသည့် အထက်တန်းရှေ့နေ တဦးကလည်း”အထပ်မြင့်အဆောက်အအုံတွေ မြေပြိုလို့ပဲဖြစ်ဖြစ်၊ တခုခုကြောင့်ပြိုကျရင် အခန်းပိုင်ရှင်တွေမှာ ဘာရပိုင်ခွင့်မှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ မူလမြေပိုင်ရှင်က မြေကိုပိုင်တာ။ သူတို့က လေပေါ်က တိုက်ခန်းကိုပိုင်တာ။ လေပေါ်ကတိုက်ခန်းမရှိတော့ရင် သူတို့ပိုင်ဆိုင်မှုမရှိတော့ဘူး ”ဟု ပြောသည်။



ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲနေသည့် အထပ်မြင့်အဆောက်အဦများ အရေအတွက်များပြားလာပါက မြေပြိုခြင်းများ ဖြစ်လာနိုင်ကြောင်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်များတွင် အထပ်မြင့်ကန်ထရိုက်တိုက်ဆောက်လုပ်မှု အများဆုံးဖြစ်ပြီး ကန်ထရိုက်တိုက်အများစုသည် မြေအောက်ရေကိုသာ အသုံးပြုလျက်ရှိကြောင်း သိရသည်။အဝီစိတွင်းတူရန် တတွင်းနှင့်တတွင်း အကွာအဝေးပေ ၁၅ဝ ခန့်သတ်မှတ်ထားသော်လည်း ကန်ထရိုက်တိုက် ဆောက်လုပ်သူအချို့သည့် အဆိုပါအကွာ အဝေးကိုလိုက်နာခြင်းမရှိကြောင်း၊ ရန်ကုန်မြို့တွင် ကတ္တရာ၊ ကွန်ကရစ်လမ်းများခင်းထားမှုကြောင့် မိုးရွာလျှင်မြေအောက်သို့ ရေရောက်ရန်ခက်ခဲကြောင်း၊ မြေအောက် ရေထုတ်ယူမှုများပြားလာလျှင်ကတော့ ပုံလိုဏ်ခေါင်းများဖြစ်ပြီး မြေပြိုခြင်းများဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့တွင်နေစဉ် ရေဂါ လန် သန်း ၂၅ဝ နီးပါး ပေးဝေးနေသော်လည်း လုံလောက်မှုမရှိသည့်အပြင် ရေဆုံး ရှုံးမှုရှိနေပြီး အများစုမှာ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေရကြောင်း သိရသည်။

share from : burmese.asia


မှတ်ချက်များ