ခ်စ္သူက ကိုယ့္ထက္သူငယ္ခ်င္းကို ဦးစားေပးေနေသာအခါ


Zawgyiျဖင့္ဖတ္ရန္

ကိုယ့္ကို မခ်စ္တာလည္း မဟုတ္ဘဲ ကိုယ္နဲ႔ႏွစ္ေယာက္တည္းေတြ႕တဲ့အခါေတြမွာ ကိုယ့္ကိုဂ႐ုတစိုက္႐ွိတတ္ၿပီး ေဘာ္ဒါေတြနဲ႔ ယွဥ္လာရင္ ကိုယ့္ကို ပလစ္သြားတတ္တဲ့ ေကာင္ေလးမ်ိဳး ပိုင္ဆိုင္ထားၾကလား? အဲဒါဆိုရင္ေတာ့ ဒီလို ျပႆနာေလးေတြ ရင္ဆိုင္ရမယ္နဲ႔တူတယ္ေနာ္..

၁။ ဖုန္းဆက္ရင္ မကိုင္ေတာ့ဘူး။

အရင္လုိ ဖုန္းေျပာေနက်အခ်ိန္ေရာက္ရင္ ကိုယ့္မွာေတာ့ ဖုန္းေတြဆက္လုိ႔၊ သူကေတာ့ အေပါင္းအသင္းေတြနဲ႔ေတြ႔ေနရင္ ကိုင္ခ်င္မွ ကိုင္တယ္၊ ကိုင္ျပန္ေတာ့လည္း ဒီမွာ ငါ့သူငယ္ခ်င္းေတြနဲ႔ ေတြ႕ေနလို႔ ဖုန္းမေျပာေတာ့ဘူးတို႔၊ ေနာက္ေန႔မွဆက္တို႔ လုပ္ေတာ့တာေရာ။ ကိုယ့္မွာေတာ့ ေဒါသလည္းထြက္ ဝမ္းလည္းနည္းနဲ႔ က်န္ခဲ့ေရာ.. မေက်နပ္လို႔ ေျပာမိေတာ့လည္း ငါက ေဖာက္ျပန္ေနတာမွ မဟုတ္တာ ဆိုေတာ့ ေအးေလ ဒါလည္း ဟုတ္သားပဲဆိုၿပီး မေလွ်ာ့ခ်င္၊ ေလွ်ာ့ခ်င္ ေအာင့္သက္သက္နဲ႔ပဲ နားလည္ေပးလိုက္ရျပန္ပါေရာလား…

၂။ ေတြ႕ခ်င္လုိ႔ ေခၚရင္လည္း မလာဘူး။

သူ႔ေဘာ္ဒါေတြနဲ႔ ႐ွိတဲ့အခ်ိန္မ်ိဳး ကိုယ္လုိအပ္တာတစ္ခုခု႐ွိလုိ႔ လွမ္းေခၚရင္ အေရးတႀကီးကိစၥမ်ိဳးကလြဲလို႔ လံုးဝ လာမေပးေတာ့ဘူးေလ။ ကိုယ္ ဘယ္ေလာက္ေဒါသထြက္ျပျပ သူက ဒီအခ်ိန္မ်ိဳးဆုိရင္ေတာ့ ေဆာရီးပဲ စိတ္ေကာက္ရင္ ေနာက္မွ ျပန္ေခ်ာ့လုိက္မယ္ဆိုတဲ့ အထာနဲ႔ေပါ့။ ကိုယ္ေတြကလည္း ကိုယ္ေတြပဲ.. ဘယ္ေလာက္ စိတ္ေကာက္ေကာက္ မ်က္ႏွာျမင္ၿပီး အေၾကာင္းျပခ်က္ေလး ပိစိေလး ေပးလိုက္တာနဲ႔တင္ မေခ်ာ့ရေသးဘူး၊ ေပ်ာ့ဖို႔အဆင္သင့္ဆိုတာမ်ိဳး.. 😛

၃။ သံုးေလးရက္ေလာက္ အဖက္မလုပ္ေတာ့ဘူး။

သူ႔အေပါင္းအသင္းေတြထဲက တစ္ေယာက္ေယာက္အေဝးေရာက္ေနရာကေန ျပန္လာၿပီဆုိပါေတာ့။ သူနဲ႔ ကိုယ့္ေကာင္ေလးနဲ႔ ျပန္ေတြ႕တဲ့ သံုးေလးရက္မွာေတာ့ ကိုယ့္ကို အခ်ိန္ေပးဖို႔ လံုးဝမေမွ်ာ္လင့္လို႔မရေတာ့ပါဘူး။

ကိုယ္က သူ႔ကိုဆက္သြယ္ၿပီး ကိုယ့္ကိုအခ်ိန္မေပးဘူး ဘာဘူး ေျပာျပန္ေတာ့လည္း သူငယ္ခ်င္းနဲ႔က မေတြ႕ရတာၾကာၿပီ၊ နင္နဲ႔က ခဏခဏေတြ႕ေနရတာတဲ့ေလ။ မဟုတ္ဘူးလားဆုိေတာ့လည္း ဟုတ္ေတာ့ဟုတ္ေပမဲ့ နည္းနည္းေတာ့ ေဒါသထြက္တာေပါ့ေနာ္…

ေဘာ္ဒါေတြေတြ႕တာနဲ႔ အေပ်ာ္လြန္ၿပီး ကိုယ့္ကိုေမ့သြားတယ္ဆုိပါေတာ့

၄။ သူတို႔စကားဝိုင္းထဲ တိုးမရ

ကိုယ္ ပူဆာလြန္း ဂ်ီက်လြန္းရင္ သူ႔ေဘာ္ဒါေတြနဲ႔ ေတြ႕ဖို႔သြားတဲ့အခါ ကိုယ့္ကိုေခၚေတာ့ ေခၚသြားပါရဲ႕။ ဟုိေရာက္တာနဲ႔ ကိုယ့္ကို အဖက္မလုပ္ေတာ့ဘူး။ သူ႔ေဘာ္ဒါေတြနဲ႔ စကားေတြ ေရပက္မဝင္ ေျပာေတာ့တာပဲ။

သူတို႔ ေျပာတာေတြကလည္း ဂိမ္းအေၾကာင္း၊ ေဘာလံုးပြဲအေၾကာင္း နဲ႔ တျခား မိမိနားမလည္ႏိုင္ေသာ အေၾကာင္းအရာေတြဆုိေတာ့ ကိုယ့္မယ္ ဟိုေၾကာင္ၾကည့္၊ ဒီေၾကာင္ၾကည့္နဲ႔ ထုိင္ေနရေသာပါေနာ္။

ဒါကေတာ့ အေပါင္းအသင္းေတြကို ခ်စ္တတ္တဲ့ ခ်စ္သူမ်ိဳးပိုင္ဆိုင္ထားတဲ့ ေကာင္မေလးေတြၾကံဳရတတ္တဲ့ အျဖစ္အပ်က္ေတြေပါ့။ ဒါေတြၾကံဳရရင္ ဘယ္လုိေျဖ႐ွင္းမလဲဆိုေတာ့ သူနဲ႔ နားလည္မႈယူထားတာကလြဲလို႔ တျခားမ႐ွိဘူးလို႔ပဲ အက္ဒ္မင္က ထင္ပါတယ္။

ဥပမာ – အေပါင္းအသင္းေတြနဲ႔ ေတြ႔တုန္းဆံုတုန္း လြတ္လြတ္လပ္လပ္ ေနခ်င္တယ္ဆုိရင္ အနည္းဆံုးေတာ့ ကိုယ့္ကို အက်ိဳးအေၾကာင္းေျပာျပထားဖုိ႔၊ ေဘာ္ဒါအကန္႔ နဲ႔ ခ်စ္သူ အကန္႔ သီးသန္႔ ခြဲထားဖို႔ ဆိုတာမ်ိဳးေပါ့ေနာ္.. ကိုယ့္ဘက္ကလည္း နားလည္မႈေပးတတ္ဖို႔ လိုပါတယ္လို႔.. ခ်စ္သူနဲ႔ေတြ႕ရတဲ့ ခံစားခ်က္နဲ႔ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ရတဲ့ ခံစားခ်က္က မတူဘူးေလေနာ္…

ေယာင္းတုိ႔ကို ခ်စ္ၿပီး ေယာင္းတုိ႔က တကယ္ခ်စ္တဲ့ ခ်စ္သူမ်ိဳး နဲ႔ ေပ်ာ္႐ႊင္စြာ ေ႐ႊလက္တြဲႏိုင္ၾကပါေစလုိ႔ ဆုေတာင္းေပးရင္း …

Credit:Sugar Cane (For Her Myanmar)

Unicodeဖြင့်ဖတ်ရန်

ချစ်သူက ကိုယ့်ထက်သူငယ်ချင်းကို ဦးစားပေးနေသောအခါ

ကိုယ့်ကို မချစ်တာလည်း မဟုတ်ဘဲ ကိုယ်နဲ့နှစ်ယောက်တည်းတွေ့တဲ့အခါတွေမှာ ကိုယ့်ကိုဂရုတစိုက်ရှိတတ်ပြီး ဘော်ဒါတွေနဲ့ ယှဉ်လာရင် ကိုယ့်ကို ပလစ်သွားတတ်တဲ့ ကောင်လေးမျိုး ပိုင်ဆိုင်ထားကြလား? အဲဒါဆိုရင်တော့ ဒီလို ပြဿနာလေးတွေ ရင်ဆိုင်ရမယ်နဲ့တူတယ်နော်..

၁။ ဖုန်းဆက်ရင် မကိုင်တော့ဘူး။

အရင်လို ဖုန်းပြောနေကျအချိန်ရောက်ရင် ကိုယ့်မှာတော့ ဖုန်းတွေဆက်လို့၊ သူကတော့ အပေါင်းအသင်းတွေနဲ့တွေ့နေရင် ကိုင်ချင်မှ ကိုင်တယ်၊ ကိုင်ပြန်တော့လည်း ဒီမှာ ငါ့သူငယ်ချင်းတွေနဲ့ တွေ့နေလို့ ဖုန်းမပြောတော့ဘူးတို့၊ နောက်နေ့မှဆက်တို့ လုပ်တော့တာရော။ ကိုယ့်မှာတော့ ဒေါသလည်းထွက် ဝမ်းလည်းနည်းနဲ့ ကျန်ခဲ့ရော.. မကျေနပ်လို့ ပြောမိတော့လည်း ငါက ဖောက်ပြန်နေတာမှ မဟုတ်တာ ဆိုတော့ အေးလေ ဒါလည်း ဟုတ်သားပဲဆိုပြီး မလျှော့ချင်၊ လျှော့ချင် အောင့်သက်သက်နဲ့ပဲ နားလည်ပေးလိုက်ရပြန်ပါရောလား…

၂။ တွေ့ချင်လို့ ခေါ်ရင်လည်း မလာဘူး။

သူ့ဘော်ဒါတွေနဲ့ ရှိတဲ့အချိန်မျိုး ကိုယ်လိုအပ်တာတစ်ခုခုရှိလို့ လှမ်းခေါ်ရင် အရေးတကြီးကိစ္စမျိုးကလွဲလို့ လုံးဝ လာမပေးတော့ဘူးလေ။ ကိုယ် ဘယ်လောက်ဒေါသထွက်ပြပြ သူက ဒီအချိန်မျိုးဆိုရင်တော့ ဆောရီးပဲ စိတ်ကောက်ရင် နောက်မှ ပြန်ချော့လိုက်မယ်ဆိုတဲ့ အထာနဲ့ပေါ့။ ကိုယ်တွေကလည်း ကိုယ်တွေပဲ.. ဘယ်လောက် စိတ်ကောက်ကောက် မျက်နှာမြင်ပြီး အကြောင်းပြချက်လေး ပိစိလေး ပေးလိုက်တာနဲ့တင် မချော့ရသေးဘူး၊ ပျော့ဖို့အဆင်သင့်ဆိုတာမျိုး.. 😛

၃။ သုံးလေးရက်လောက် အဖက်မလုပ်တော့ဘူး။

သူ့အပေါင်းအသင်းတွေထဲက တစ်ယောက်ယောက်အဝေးရောက်နေရာကနေ ပြန်လာပြီဆိုပါတော့။ သူနဲ့ ကိုယ့်ကောင်လေးနဲ့ ပြန်တွေ့တဲ့ သုံးလေးရက်မှာတော့ ကိုယ့်ကို အချိန်ပေးဖို့ လုံးဝမမျှော်လင့်လို့မရတော့ပါဘူး။

ကိုယ်က သူ့ကိုဆက်သွယ်ပြီး ကိုယ့်ကိုအချိန်မပေးဘူး ဘာဘူး ပြောပြန်တော့လည်း သူငယ်ချင်းနဲ့က မတွေ့ရတာကြာပြီ၊ နင်နဲ့က ခဏခဏတွေ့နေရတာတဲ့လေ။ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်တော့ဟုတ်ပေမဲ့ နည်းနည်းတော့ ဒေါသထွက်တာပေါ့နော်…

ဘော်ဒါတွေတွေ့တာနဲ့ အပျော်လွန်ပြီး ကိုယ့်ကိုမေ့သွားတယ်ဆိုပါတော့

၄။ သူတို့စကားဝိုင်းထဲ တိုးမရ

ကိုယ် ပူဆာလွန်း ဂျီကျလွန်းရင် သူ့ဘော်ဒါတွေနဲ့ တွေ့ဖို့သွားတဲ့အခါ ကိုယ့်ကိုခေါ်တော့ ခေါ်သွားပါရဲ့။ ဟိုရောက်တာနဲ့ ကိုယ့်ကို အဖက်မလုပ်တော့ဘူး။ သူ့ဘော်ဒါတွေနဲ့ စကားတွေ ရေပက်မဝင် ပြောတော့တာပဲ။

သူတို့ ပြောတာတွေကလည်း ဂိမ်းအကြောင်း၊ ဘောလုံးပွဲအကြောင်း နဲ့ တခြား မိမိနားမလည်နိုင်သော အကြောင်းအရာတွေဆိုတော့ ကိုယ့်မယ် ဟိုကြောင်ကြည့်၊ ဒီကြောင်ကြည့်နဲ့ ထိုင်နေရသောပါနော်။

ဒါကတော့ အပေါင်းအသင်းတွေကို ချစ်တတ်တဲ့ ချစ်သူမျိုးပိုင်ဆိုင်ထားတဲ့ ကောင်မလေးတွေကြုံရတတ်တဲ့ အဖြစ်အပျက်တွေပေါ့။ ဒါတွေကြုံရရင် ဘယ်လိုဖြေရှင်းမလဲဆိုတော့ သူနဲ့ နားလည်မှုယူထားတာကလွဲလို့ တခြားမရှိဘူးလို့ပဲ အက်ဒ်မင်က ထင်ပါတယ်။

ဥပမာ – အပေါင်းအသင်းတွေနဲ့ တွေ့တုန်းဆုံတုန်း လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်ကို အကျိုးအကြောင်းပြောပြထားဖို့၊ ဘော်ဒါအကန့် နဲ့ ချစ်သူ အကန့် သီးသန့် ခွဲထားဖို့ ဆိုတာမျိုးပေါ့နော်.. ကိုယ့်ဘက်ကလည်း နားလည်မှုပေးတတ်ဖို့ လိုပါတယ်လို့.. ချစ်သူနဲ့တွေ့ရတဲ့ ခံစားချက်နဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရတဲ့ ခံစားချက်က မတူဘူးလေနော်…

ယောင်းတို့ကို ချစ်ပြီး ယောင်းတို့က တကယ်ချစ်တဲ့ ချစ်သူမျိုး နဲ့ ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း …

Credit:Sugar Cane (For Her Myanmar)

မှတ်ချက်များ