မမနဲ႔ေမာင္ေလး မဂၤလာပြဲေၾကာင့္ အြန္လိုင္းမွာ ဝုန္းကုန္ၾကၿပီ
Zawgyi ျဖင့္ဖတ္ရန္
ၿပီးခဲ့တဲ့အပတ္က အသက္ ၂၁ ႏွစ္အ႐ြယ္ ေကာင္မေလးနဲ႔ အသက္ ၁၄ ႏွစ္အ႐ြယ္ အလယ္တန္းေက်ာင္းသားေလးရဲ႕ မဂၤလာေဆာင္ ဓါတ္ပုံေတြ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အြန္လိုင္းသုံးသူေတြၾကားမွာ ေမးခြန္းေတြ၊ မနာလိုမႈေတြနဲ႔ ဝုန္းဆန္သြားခဲ့ပါတယ္။
မဂၤလာေမာင္ႏွံဟာ ကေမာၻဒီးယားႏိုင္ငံက ျဖစ္ၾကၿပီး ႏိုဝင္ဘာလ ၉ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ မဂၤလာေဆာင္ပုံေတြကို ေဆြမ်ိဳးေတာ္စပ္သူတစ္ဦးက ေဖ့စ္ဘြခ္ေပၚတင္လိုက္ရာမွာ အခုလို ပ်ံ႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။
သတို႔သမီးက အသက္ ၂၁ ႏွစ္ရွိၿပီမို႔ အ႐ြယ္ေရာက္ၿပီးသားျဖစ္ေပမယ့္ သတို႔သားကေတာ့ အသက္ ၁၄ ႏွစ္သာရွိေသးတဲ့ အလယ္တန္းေက်ာင္းသားေလးျဖစ္ေနတာက လူအမ်ား ေဝဖန္ေထာက္ျပစရာျဖစ္ခဲ့တာပါ။
ဒီပုံေတြကို ျပန္လည္ ေဝမွ်ခဲ့သူ ၅၀၀၀ နီးပါးရွိၿပီး ဝင္ေရာက္ေရးသား ေဝဖန္မႈေတြကေတာ့ အဆုံးမသတ္ေသးပါဘူး။ အခ်ိဳ႕ကလည္း ကေမာၻဒီယားႏိုင္ငံရဲ႕ ဥပေဒအရ အသက္ ၁၈ ႏွစ္ျပည့္ၿပီးမွ တရားဝင္လပ္ထပ္ရတာ မဟုတ္ဘူးလားလို႔ ေမးခြန္းထုတ္ထားၾကပါတယ္။
ေနာက္တစ္ဦးလည္း ငယ္ငယ္႐ြယ္႐ြယ္ေလးေတြနဲ႔ အခ်စ္ဆိုတာ ဘာမွန္းမသိ၊ အေတြ႕အႀကဳံမရွိေသးပဲနဲ႔ အခုလို မဆုံးျဖတ္သင့္ဖူးလို႔ ေထာက္ျပထားပါတယ္။
စာဖတ္သူေတြအေနနဲ႔ေရာ ဒီစုံတြဲေလးနဲ႔ပက္သက္ၿပီး ေျပာခ်င္တာေတြရွိရင္ ကြန္မန႔္မွာ အတူတူေဝမွ်ခဲ့ပါဦးေနာ္..။
credit : popolay
Unicode ဖြင့်ဖတ်ရန်
မမနဲ့မောင်လေး မင်္ဂလာပွဲကြောင့် အွန်လိုင်းမှာ ဝုန်းကုန်ကြပြီ
ပြီးခဲ့တဲ့အပတ်က အသက် ၂၁ နှစ်အရွယ် ကောင်မလေးနဲ့ အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသားလေးရဲ့ မင်္ဂလာဆောင် ဓါတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် အွန်လိုင်းသုံးသူတွေကြားမှာ မေးခွန်းတွေ၊ မနာလိုမှုတွေနဲ့ ဝုန်းဆန်သွားခဲ့ပါတယ်။
မင်္ဂလာမောင်နှံဟာ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်ကြပြီး နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ပုံတွေကို ဆွေမျိုးတော်စပ်သူတစ်ဦးက ဖေ့စ်ဘွခ်ပေါ်တင်လိုက်ရာမှာ အခုလို ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
သတို့သမီးက အသက် ၂၁ နှစ်ရှိပြီမို့ အရွယ်ရောက်ပြီးသားဖြစ်ပေမယ့် သတို့သားကတော့ အသက် ၁၄ နှစ်သာရှိသေးတဲ့ အလယ်တန်းကျောင်းသားလေးဖြစ်နေတာက လူအများ ဝေဖန်ထောက်ပြစရာဖြစ်ခဲ့တာပါ။
ဒီပုံတွေကို ပြန်လည် ဝေမျှခဲ့သူ ၅၀၀၀ နီးပါးရှိပြီး ဝင်ရောက်ရေးသား ဝေဖန်မှုတွေကတော့ အဆုံးမသတ်သေးပါဘူး။ အချို့ကလည်း ကမ္ဘောဒီယားနိုင်ငံရဲ့ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးမှ တရားဝင်လပ်ထပ်ရတာ မဟုတ်ဘူးလားလို့ မေးခွန်းထုတ်ထားကြပါတယ်။
နောက်တစ်ဦးလည်း ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ အချစ်ဆိုတာ ဘာမှန်းမသိ၊ အတွေ့အကြုံမရှိသေးပဲနဲ့ အခုလို မဆုံးဖြတ်သင့်ဖူးလို့ ထောက်ပြထားပါတယ်။
စာဖတ်သူတွေအနေနဲ့ရော ဒီစုံတွဲလေးနဲ့ပက်သက်ပြီး ပြောချင်တာတွေရှိရင် ကွန်မန့်မှာ အတူတူဝေမျှခဲ့ပါဦးနော်..။
credit : popolay


မှတ်ချက်များ