Zawgyi ဖြင့်ဖတ်ရန်
( Video ဖိုင္ကို အောက္ဆုံးမွာတျြဲပီး တင်ပေးထားပါတယ် )
Unicode ဖြင့်ဖတ်ရန်
ရန်ကုန်မြို့မှာ ငလျင်အန္တရာယ်ကြုံလာရနိုင်တယ်လို့ ဆိုလာတဲ့ ငလျင်ပညာရှင် ဒေါ်လှလှအောင်
( Video ဖိုင္ကို အောက္ဆုံးမွာတြဲျပီး တင်ပေးထားပါတယ် )
မနေ့က ညဘက်မှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်မြောင်းဘက်မှာ ပြင်းအား ၄.၁ ရစ်ချက်တာစကေးရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်တဲ့အချိန် သိပ်မကြာ
မြင့်လိုက်တာကြောင့် လူထိခိုက်မှု မရှိပေမယ့် လူနေ အထပ်မြင့်တိုက်တွေ ပူးကပ်သွားခြင်း ယိုင်နဲ့သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအတွက် ငလျင်ပညာရှင်တွေကလည်း အမျိုးမျိုးသော ယူဆချက်တွေ ထွက်ပေါ်နေပြီးတော့ ငလျင်ပညာရှင် ဒေါ်လှလှအောင်ကတော့ ရန်ကုန်ဟာ ငလျင်လှုပ်နိုင်မယ့် အခြေ
အနေ ပိုများတယ်လို့ ဆိုပါတယ်။ ယခင် ခေတ်အဆက်ဆက်မှာလည်း ငလျင်တွေလှုပ်ခဲ့ဖူးတဲ့ မှတ်တမ်းတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။
အထူုးသဖြင့် စစ်ကိုင်းပြတ်ရွေ့နဲ့ နီးတဲ့ အပြင် ရန်ကုန်တိုင်းဒေသကြီးမှာလည်း ငလျင်ပြတ်ရွေ့တွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မူလပြတ်ရွေ့ကြောင့်လည်း လှုပ်ခတ်နိုင်သလို စစ်ကိုင်းပြတ်ရွေ့ရဲ့ ရိုက်ခတ်မှုကြောင့် လှုပ်နိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာ ဒေးဒရဲ ပြတ်ရွေ့ဆိုတာ ရှိပြီး ၎င်း ပြတ်ရွေ့ရဲ့ ရိုက်ခတ်မှုကြောင့်လည်း ရန်ကုန်မြို့ကို သက်ရောက်မှုတွေ ဖြစ်တည်လာနိုင်တယ်လို့ ဆိုပါတယ်။
ရုပ်သံဖိုင်အားကြည့်ရန် နွိပ္ပါ
Writer- SMT(Shwe Yaung Lan)

မှတ်ချက်များ