သူ႔ရွိသမွ်ေပါင္ႏွံၿပီး Vote ေပးသြားမယ့္ ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္ကို ထုတ္ေျပာလာတဲ့ ေနမင္း
Zawgyi ျဖင့္ဖတ္ရန္
ေမး႐ိုးကားကားနဲ႔ သ႐ုပ္ေဆာင္ မင္းသား ေနမင္းကိုေတာ့ ပရိသတ္မ်ားက သိၾကမွာပါ။ သူ႔ရဲ႕ သ႐ုပ္ေဆာင္ ပီျပင္မႈေတြေၾကာင့္ ပရိသတ္ရဲ႕ ရင္ခြင္မွာ ေနရာတစ္ေနရာစာရလာသူ အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ သူဟာဆိုရင္မၾကာေသးခင္က သူ႔ရဲ႕ ကားေနတဲ့ ေမး႐ိုးကို သြားခ်ိဳးခဲ့ၿပီျဖစ္ပါတယ္။
လက္ရွိမွာေတာ့ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနၿပီးေတာ့ Myanmar Idol ၿပိဳင္ပြဲဝင္ တစ္ဦးကို ရွိသမွ်ေပါင္ႏွံေရာင္းခ်ၿပီးေတာ့ Vote ေပးသြားမယ္လို႔ ေျပာဆိုထားတာေတြ႕ရပါတယ္။ ဒါဟာ အတည္အတံ့ေျပာတာလား ၊ ေပါ့ေပါ့ပါးပါး ေပ်ာ္ေစပ်က္ေစေျပာတာလားဆိုတာေတာ့ မသိႏိုင္ေသးပါဘူး။
ေနမင္းရွိသမွ်ကို ေရာင္းခ်ၿပီး Vote ေပးမယ့္ ၿပိဳင္ပြဲဝင္ကေတာ့ Rock Week မွာ Vote အနည္းဆုံးနဲ႔ ျပဳတ္သြားခဲ့ၿပီး ဒိုင္ေတြက Save ေပးထားၾကတဲ့ ကံေကာင္းသူ ကရင္မေလး ေနာ္ေစးေစးထူးပဲျဖစ္ပါတယ္။ သူမဟာ သီဆိုဟန္ အသံအားေကာင္းသူျဖစ္ၿပီးေတာ့ ပါေဖာမန႔္စ္ပိုင္းမွာလည္း အစြမ္းအစရွိသူတစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ Voter ေတြဟာ အႏုပညာထက္ မ်က္စိနဲ႔ ႏွာေခါင္းကိုသာ သုံးေနၾကတာေၾကာင့္ Voting ရလာဒ္အရ သူမအေနနဲ႔ ျပဳတ္သြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အဆိုေတာ္ သာဒီးလူက နားနဲ႔ နားေထာင္ၿပီး အားေပးဖို႔ စင္ျမင့္ေပၚမွ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
အခုလို ကံေကာင္းသူေလး ေနာ္ေစးေစးထူး ဟာ Save ျဖစ္ၿပီးတဲ့အျပင္ သူမကို အားေပးသူ ႏိုင္ငံေက်ာ္ ႐ုပ္ရွင္မင္းသား ေနမင္းက အခုလို ေျပာဆိုမႈအတြက္ အတည္ျဖစ္ေစ ၊ ေပါ့ပါးစြာေျပာသည္ျဖစ္ေစ ခြန္အားအျဖစ္ တည္ရွိေနမွာေတာ့ အမွန္ပါပဲေနာ္။ ဒါေၾကာင့္ ေနာက္ထပ္ ၿပိဳင္ပြဲေတြမွာ ဆက္တက္ခြင့္ရမလား ၊ ဘယ္လို အားမာန္ေတြနဲ႔ ျဖတ္ေက်ာ္သြားမလားဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ၾကည့္ရႈအားေပးၾကရေအာင္လားခင္ဗ်ာ..
Writer- SMT(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
သူ့ရှိသမျှပေါင်နှံပြီး Vote ပေးသွားမယ့် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ကို ထုတ်ပြောလာတဲ့ နေမင်း
မေးရိုးကားကားနဲ့ သရုပ်ဆောင် မင်းသား နေမင်းကိုတော့ ပရိသတ်များက သိကြမှာပါ။ သူ့ရဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ပရိသတ်ရဲ့ ရင်ခွင်မှာ နေရာတစ်နေရာစာရလာသူ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာဆိုရင်မကြာသေးခင်က သူ့ရဲ့ ကားနေတဲ့ မေးရိုးကို သွားချိုးခဲ့ပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ Myanmar Idol ပြိုင်ပွဲဝင် တစ်ဦးကို ရှိသမျှပေါင်နှံရောင်းချပြီးတော့ Vote ပေးသွားမယ်လို့ ပြောဆိုထား
တာတွေ့ရပါတယ်။ ဒါဟာ အတည်အတံ့ပြောတာလား ၊ ပေါ့ပေါ့ပါးပါး ပျော်စေပျက်စေပြောတာလားဆိုတာတော့ မသိနိုင်သေးပါဘူး။
နေမင်းရှိသမျှကို ရောင်းချပြီး Vote ပေးမယ့် ပြိုင်ပွဲဝင်ကတော့ Rock Week မှာ Vote အနည်းဆုံးနဲ့ ပြုတ်သွားခဲ့ပြီး ဒိုင်တွေက Save ပေးထားကြတဲ့ ကံကောင်းသူ ကရင်မလေး နော်စေးစေးထူးပဲဖြစ်ပါတယ်။ သူမဟာ သီဆိုဟန် အသံအားကောင်းသူဖြစ်ပြီးတော့ ပါဖောမန့်စ်ပိုင်းမှာလည်း အစွမ်းအစရှိသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် Voter တွေဟာ အနုပညာထက် မျက်စိနဲ့ နှာခေါင်းကိုသာ သုံးနေကြတာကြောင့် Voting ရလာဒ်အရ သူမအနေနဲ့ ပြုတ်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုတော် သာဒီးလူက နားနဲ့ နားထောင်ပြီး အားပေးဖို့ စင်မြင့်ပေါ်မှ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုလို ကံကောင်းသူလေး နော်စေးစေးထူး ဟာ Save ဖြစ်ပြီးတဲ့အပြင် သူမကို အားပေးသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား နေမင်းက အခုလို ပြောဆိုမှုအတွက် အတည်ဖြစ်စေ ၊ ပေါ့ပါးစွာပြောသည်ဖြစ်စေ ခွန်အားအဖြစ် တည်ရှိနေမှာတော့ အမှန်ပါပဲနော်။ ဒါကြောင့် နောက်ထပ် ပြိုင်ပွဲတွေမှာ ဆက်တက်ခွင့်ရမလား ၊ ဘယ်လို အားမာန်တွေနဲ့ ဖြတ်ကျော်သွားမလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုအားပေးကြရအောင်လားခင်ဗျာ..
Writer- SMT(Shwe Yaung Lan)

မှတ်ချက်များ