Facebook မွာ ပ်ံ႕ႏွံ႔လာခဲ့တဲ့ Myanmar Idol ၿပိဳင္ပြဲဝင္တခ်ိဳ႕ရဲ႕ စုံတြဲပုံရိပ္မ်ား




Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံရဲ႕ လူစိတ္ဝင္စားမႈ အမ်ားဆုံးျဖစ္တဲ့ Myanmar Idol Season 4 ဟာဆိုရင္အခုဆို အေတာ္ေလး ခရီးေပါက္ခဲ့ၿပီျဖစ္ပါတယ္။ တစ္ဦးခ်င္းယွဥ္ၿပိဳင္ေ႐ြးခ်ယ္ရကေနအခုဆိုရင္ rock Show အထိ ၿပီးေျမာက္ခဲ့သလို ႏႈတ္ဆက္ခဲ့ရတဲ့ ၿပိဳင္ပြဲဝင္ေတြလည္းမ်ားစြာရွိပါတယ္။ ဒါ့အျပင္ အျခားတစ္ဖက္မွာလည္း က်န္ရစ္ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြဟာလည္း အသစ္သစ္ေသာ စိန္ေခၚမႈေတြအတြက္ ႀကိဳတင္ျပင္ဆင္ေနၾကရပါတယ္။




ဒါေပမယ့္ ကိုယ္က ဘယ္ေလာက္ပဲ ေကာင္းတယ္ဆိုဆို ၊ အသံအား သာပင္သာေသာ္ျငားလည္းပဲ Voting စနစ္ နဲ႔ ျဖစ္တာေၾကာင့္ ထင္သေလာက္ေတာ့ ခရီးမေပါက္ၾကပါဘူး။ ဒါေၾကာင့္ ၿပိဳင္ပြဲဝင္ေတြဟာ Voting ရဖို႔အတြက္ကို အေနအထိုင္အေျပာအဆိုကအစ သတိထားဆင္ျခင္ေနၾကရပါတယ္။




အထူးသျဖင့္ ၿပိဳင္ပြဲဝင္ေမာင္မယ္ေတြဟာ သူတို႔ရဲ႕ လက္ရွိ Real Life က ခ်စ္သူရည္းစားေတြကို အသိမခံလိုၾကဘူးလို႔ ဆိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Voting နည္းသြားမွာ စိုးရိမ္လို႔ပါတဲ့။ တကယ္ဆိုရင္ေတာ့ ဒါဟာ တစ္ခုခု မွားယြင္းေနသလိုပဲ ခံစားရေစပါတယ္။ သီဆိုမႈ အေကာင္းဆုံးအပိုင္အႏိုင္ဆုံး ၿပိဳင္ပြဲဝင္ကို ေ႐ြးခ်ယ္ႏိုင္ဖို႔ အဓိက မက်ပဲနဲ႔မူလအရွိတရားကို ဖုံးကြယ္ထားရတာဟာ ကာယကံရွင္ေတြ ၾကားမွာ စိတ္မသက္မသာျဖစ္ေစမွာေတာ့ အမွန္ပါပဲ။



အခုေတာ့ ဘယ္သူက ဘယ္လို ဖြလိုက္တယ္မသိပါပဲ လက္ရွိၿပိဳင္ပြဲဝင္ေတြရဲ႕ ခ်စ္သူပုံေတြကို မွ်ေဝေနၾကတာကိုေတြ႕ရပါတယ္။ ေဖာ္ျပပုံကလည္း လက္ရွိၿပိဳင္ပြဲဝင္ေတြရဲ႕ ခ်စ္သူေတြပါ ဆိုၿပီး မွ်ေဝေနၾကတာျဖစ္ပါတယ္။




တကယ္ဆို သူတို႔ကိုယ္တိုင္က မသိေစခ်င္ဘူးဆိုရင္ လူတစ္ဦးတစ္ေယာက္ရဲ႕ စိတ္ခံစားမႈကို အေလးထားရမွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ျမန္မာႏိုင္ငံက Voter အမ်ားစုဟာ ႐ုပ္ေခ်ာတာ ၊ ရည္းစားမရွိတာကိုသာ ေ႐ြးၿပီး Vote ၾကေလ့ရွိတာေၾကာင့္ လည္း ၿပိဳင္ပြဲဝင္ေတြကို စိုးရိမ္စိတ္ျဖစ္ေစတာျဖစ္ပါတယ္။



ျမန္မာ voter မ်ားအားလုံး အႏုပညာကိုသာေ႐ြးခ်ယ္ႏိုင္ၾကပါေစ။

Writer- SMT(Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

Facebook မှာ ပျံ့နှံ့လာခဲ့တဲ့ Myanmar Idol ပြိုင်ပွဲဝင်တချို့ရဲ့ စုံတွဲပုံရိပ်များ

မြန်မာနိုင်ငံရဲ့ လူစိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ Myanmar Idol Season 4 ဟာဆိုရင်အခုဆို အတော်လေး ခရီးပေါက်ခဲ့ပြီဖြစ်ပါတယ်။ တစ်ဦးချင်းယှဉ်ပြိုင်ရွေးချယ်ရကနေ
အခုဆိုရင် rock Show အထိ ပြီးမြောက်ခဲ့သလို နှုတ်ဆက်ခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေလည်းများစွာရှိပါတယ်။ ဒါ့အပြင် အခြားတစ်ဖက်မှာလည်း ကျန်ရစ်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေဟာ
လည်း အသစ်သစ်သော စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်နေကြရပါတယ်။


ဒါပေမယ့် ကိုယ်က ဘယ်လောက်ပဲ ကောင်းတယ်ဆိုဆို ၊ အသံအား သာပင်သာသော်ငြားလည်းပဲ Voting စနစ် နဲ့ ဖြစ်တာကြောင့် ထင်သလောက်တော့ ခရီးမပေါက်ကြပါ
ဘူး။ ဒါကြောင့် ပြိုင်ပွဲဝင်တွေဟာ Voting ရဖို့အတွက်ကို အနေအထိုင်အပြောအဆိုကအစ သတိထားဆင်ခြင်နေကြရပါတယ်။



အထူးသဖြင့် ပြိုင်ပွဲဝင်မောင်မယ်တွေဟာ သူတို့ရဲ့ လက်ရှိ Real Life က ချစ်သူရည်းစားတွေကို အသိမခံလိုကြဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Voting နည်းသွား
မှာ စိုးရိမ်လို့ပါတဲ့။ တကယ်ဆိုရင်တော့ ဒါဟာ တစ်ခုခု မှားယွင်းနေသလိုပဲ ခံစားရစေပါတယ်။ သီဆိုမှု အကောင်းဆုံးအပိုင်အနိုင်ဆုံး ပြိုင်ပွဲဝင်ကို ရွေးချယ်နိုင်ဖို့ အဓိက မကျပဲနဲ့မူလအရှိတရားကို ဖုံးကွယ်ထားရတာဟာ ကာယကံရှင်တွေ ကြားမှာ စိတ်မသက်မသာဖြစ်စေမှာတော့ အမှန်ပါပဲ။



အခုတော့ ဘယ်သူက ဘယ်လို ဖွလိုက်တယ်မသိပါပဲ လက်ရှိပြိုင်ပွဲဝင်တွေရဲ့ ချစ်သူပုံတွေကို မျှဝေနေကြတာကိုတွေ့ရပါတယ်။ ဖော်ပြပုံကလည်း လက်ရှိပြိုင်ပွဲဝင်တွေရဲ့ ချစ်သူတွေပါ ဆိုပြီး မျှဝေနေကြတာဖြစ်ပါတယ်။ တကယ်ဆို သူတို့ကိုယ်တိုင်က မသိစေချင်ဘူးဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အလေးထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံက Voter အများစုဟာ ရုပ်ချောတာ ၊ ရည်းစားမရှိတာကိုသာ ရွေးပြီး Vote ကြလေ့ရှိတာကြောင့် လည်း ပြိုင်ပွဲဝင်တွေကို စိုးရိမ်စိတ်ဖြစ်စေတာဖြစ်ပါတယ်။



မြန်မာ voter များအားလုံး အနုပညာကိုသာရွေးချယ်နိုင်ကြပါစေ။

Writer- SMT(Shwe Yaung Lan)


မှတ်ချက်များ