အသက္ (၂၅) ေက်ာ္လာရင္ ရွိကိုရွိသင့္တဲ့ အမ်ိဳးသမီး အဝတ္အစားအသံုးအေဆာင္ (၈) မ်ိဳး
Zawgyiျဖင့္ဖတ္ရန္
ေယာင္းတို႔ေရ … အသက္ (၂၅) ႏွစ္အရြယ္ဆိုတာ သစ္ရြက္လႈပ္ရင္ေတာင္ ရင္ခုန္တတ္တဲ့အရြယ္ကို ေက်ာ္လြန္ၿပီး ကိုယ္စီကိုယ္စီအလုပ္ခြင္ထဲ ေရာက္ေနၾကတဲ့ ရင့္က်က္စအရြယ္ေပါ့။ ဒီအရြယ္ေရာက္လာရင္ အရင္ကနဲ႔ အျမင္ေတြ အေတြးအေခၚေတြ ဝတ္ပံုစားပံု ေနပံုထိုင္ပံုေတြ ေတာ္ေတာ္မ်ားမ်ားမတူႏိုင္ေတာ့ဘူးေပါ့ကြယ္။ ကိုယ္ပိုင္ဝင္ေငြလည္း ရွာေနရၿပီဆိုေတာ့ ဘက္ဂ်က္ကိုလည္း ခ်ိန္ရၿပီ ဟုတ္ ? ဒီလိုအခ်ိန္ေတြမွာ ေယာင္းတို႔အတြက္ မကုန္သင့္တာမကုန္ရေအာင္ ေယာင္းတို႔အတြက္ မရွိမျဖစ္ဝယ္ထားရမယ့္ အသံုးအေဆာင္ေတြကို Stella ေျပာျပေပးသြားပါမယ္။
(၁) ဘေလဇာကုတ္
မရွိမျဖစ္စာရင္းထဲမွာ ထိပ္ဆံုးကပါေနတာ ဘေလဇာကုတ္ပါ။ ပံုက်က်ကုတ္တစ္ထည္က ေယာင္းကို အင္တာဗ်ဴးမွာေရာ အလုပ္ခြင္မွာပါ ေယာင္းကို စမတ္က်က်လွေနေစမွာပါ။
(၂) နာရီ
အသက္ (၂၅) ႏွစ္ေက်ာ္လာၿပီဆိုရင္ နာရီဘရန္းဒ္ေကာင္းေကာင္းတစ္လံုးဝယ္ထားတာ မမွားပါဘူး။ ဒီဇိုင္းကိုေတာ့ ငယ္ငယ္ကလို ဖန္စီဒီဇိုင္းမ်ိဳးထက္ ေယာင္းရဲ႕ image ကို ျမင့္တက္ေစမယ့္ classic ဒီဇိုင္းေတြကို ေရြးေပးေနာ္။
(၃) ႀကိဳးသိုင္းေဒါက္ျမင့္ဖိနပ္
ႀကိဳးသိုင္းလို႔ဆိုတာနဲ႔ ရႈပ္ရႈပ္ယွက္ယွက္ႀကိဳးေတြအမ်ားႀကီးနဲ႔ ဖိနပ္ကို ေျပးျမင္ရင္ေတာ့ အမွားႀကီးမွားမယ္ေနာ္။ Stella ေျပာတာက ႀကိဳးေလးႏွစ္ေခ်ာင္းထဲနဲ႔ ရွင္းရွင္းေလးလွေနေစမယ့္ ေဒါက္ျမင့္ဖိနပ္ေလးေတြပါ။ ဘယ္လိုအဝတ္အစားနဲ႔မဆို လိုက္ဖက္တာေၾကာင့္ တစ္ရံေလာက္ရွိထားတာ အေကာင္းဆံုးပါပဲ။
(၄) Midi စကတ္
ဒူးဖံုးအရွည္ေလာက္ရွိတဲ့ midi စကတ္ေတြက ေယာင္းအတြက္မရွိမျဖစ္ပါ။ မိန္းကေလးဆန္ဆန္လွေစတဲ့အျပင္ ရုံးတက္ဖို႔အတြက္လည္း အဆင္ေျပတာမို႔ မရွိေသးရင္ ျမန္ျမန္ေလးဝယ္လိုက္ပါဦး။
(၅) နားကပ္
နားကပ္ဆိုတဲ့ေနရာမွာ ဆယ္ေက်ာ္သက္အရြယ္က ဝတ္ခဲ့သလို တြဲေလာင္းတြဲေလာင္းေတြထက္ တစ္ပြင့္တည္းစိန္နားကပ္ေတြက ေယာင္းအတြက္ပိုသင့္ေတာ္ပါတယ္။ ခပ္ၾကြားၾကြား စိန္နားကပ္ေလးပဲျဖစ္ျဖစ္ ဖန္စီတစ္ပြင့္တည္းစိန္နားကပ္ေလးေတြ ဝယ္ပန္လို႔ရပါတယ္။
(၆) ခါးပတ္
ကြာလတီေကာင္းေကာင္းခါးပတ္တစ္ခုက ေယာင္းကို သတိျပဳမိေစပါတယ္။ အညိဳေရာင္သားေရခါးပတ္တစ္ခုရွိရင္ ဘာနဲ႔မဆို တြဲဝတ္လို႔လွတာေၾကာင့္ ခါးပတ္ေကာင္းေကာင္းလွလွတစ္ခုေတာ့ ရွိပါေစ။
(၇) အိတ္
အိတ္ေတြလွလို႔ ႀကိဳက္လို႔ ဝယ္လိုက္ၿပီး ထုတ္မကိုင္ျဖစ္တဲ့အိတ္ေတြ ဘယ္ႏွအိတ္ရွိေနၿပီလဲဆိုတာေရာ စဥ္းစားမိရဲ႕လား ? တကယ္ေတာ့ ေန႔စဥ္ကိုင္လို႔ရတဲ့ မေသးမႀကီးအေနေတာ္ အိတ္တစ္အိတ္ရွိရင္ ေယာင္းအတြက္အဆင္ေျပပါတယ္။ ေန႔စဥ္ကိုင္မွာဆိုေတာ့ အေရာင္ေဖ်ာ့တဲ့အိတ္ေတြနဲ႔ ကြာလတီမေကာင္းတာေတာ့ မဝယ္နဲ႔ေပါ့ေနာ္။
(၈) အနီေရာင္ႏႈတ္ခမ္းနီ
ဘယ္ေတာ့ရိုးမသြားတဲ့ classic ႏႈတ္ခမ္းနီကို ျပပါဆိုရင္ အနီေရာင္ေတာက္ေတာက္ ႏႈတ္ခမ္းနီကို လက္ညိွဳးထိုးျပရမွာပါ။ အနီေရာင္ရဲ႕သေဘာတရားကိုက ရဲရင့္တဲ့သေဘာေဆာင္တာေၾကာင့္ ေယာင္းကို စမတ္က်ထက္ျမက္တဲ့အသြင္ျဖစ္ေစမွာပါ။
ကဲ…ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း အသက္ (၂၅) ႏွစ္ေက်ာ္မွာ မကုန္သင့္တာမကုန္ရေအာင္ ဘာေတြပဲမရွိမျဖစ္လိုအပ္လဲဆိုတာ သိေလာက္ၿပီထင္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္က အလွဆံုးဆိုတာေၾကာင့္ ယံုၾကည္မႈကို သြားေလရာသယ္သြားဖို႔ မေမ့ေနနဲ႔ဦး ေယာင္းေယာင္းေရ…
Credit:Stella (For Her Myanmar)
Unicodeဖြင့်ဖတ်ရန်
အသက် (၂၅) ကျော်လာရင် ရှိကိုရှိသင့်တဲ့ အမျိုးသမီး အဝတ်အစားအသုံးအဆောင် (၈) မျိုး
ယောင်းတို့ရေ … အသက် (၂၅) နှစ်အရွယ်ဆိုတာ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်ကို ကျော်လွန်ပြီး ကိုယ်စီကိုယ်စီအလုပ်ခွင်ထဲ ရောက်နေကြတဲ့ ရင့်ကျက်စအရွယ်ပေါ့။ ဒီအရွယ်ရောက်လာရင် အရင်ကနဲ့ အမြင်တွေ အတွေးအခေါ်တွေ ဝတ်ပုံစားပုံ နေပုံထိုင်ပုံတွေ တော်တော်များများမတူနိုင်တော့ဘူးပေါ့ကွယ်။ ကိုယ်ပိုင်ဝင်ငွေလည်း ရှာနေရပြီဆိုတော့ ဘက်ဂျက်ကိုလည်း ချိန်ရပြီ ဟုတ် ? ဒီလိုအချိန်တွေမှာ ယောင်းတို့အတွက် မကုန်သင့်တာမကုန်ရအောင် ယောင်းတို့အတွက် မရှိမဖြစ်ဝယ်ထားရမယ့် အသုံးအဆောင်တွေကို Stella ပြောပြပေးသွားပါမယ်။
(၁) ဘလေဇာကုတ်
မရှိမဖြစ်စာရင်းထဲမှာ ထိပ်ဆုံးကပါနေတာ ဘလေဇာကုတ်ပါ။ ပုံကျကျကုတ်တစ်ထည်က ယောင်းကို အင်တာဗျူးမှာရော အလုပ်ခွင်မှာပါ ယောင်းကို စမတ်ကျကျလှနေစေမှာပါ။
(၂) နာရီ
အသက် (၂၅) နှစ်ကျော်လာပြီဆိုရင် နာရီဘရန်းဒ်ကောင်းကောင်းတစ်လုံးဝယ်ထားတာ မမှားပါဘူး။ ဒီဇိုင်းကိုတော့ ငယ်ငယ်ကလို ဖန်စီဒီဇိုင်းမျိုးထက် ယောင်းရဲ့ image ကို မြင့်တက်စေမယ့် classic ဒီဇိုင်းတွေကို ရွေးပေးနော်။
(၃) ကြိုးသိုင်းဒေါက်မြင့်ဖိနပ်
ကြိုးသိုင်းလို့ဆိုတာနဲ့ ရှုပ်ရှုပ်ယှက်ယှက်ကြိုးတွေအများကြီးနဲ့ ဖိနပ်ကို ပြေးမြင်ရင်တော့ အမှားကြီးမှားမယ်နော်။ Stella ပြောတာက ကြိုးလေးနှစ်ချောင်းထဲနဲ့ ရှင်းရှင်းလေးလှနေစေမယ့် ဒေါက်မြင့်ဖိနပ်လေးတွေပါ။ ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်တာကြောင့် တစ်ရံလောက်ရှိထားတာ အကောင်းဆုံးပါပဲ။
(၄) Midi စကတ်
ဒူးဖုံးအရှည်လောက်ရှိတဲ့ midi စကတ်တွေက ယောင်းအတွက်မရှိမဖြစ်ပါ။ မိန်းကလေးဆန်ဆန်လှစေတဲ့အပြင် ရုံးတက်ဖို့အတွက်လည်း အဆင်ပြေတာမို့ မရှိသေးရင် မြန်မြန်လေးဝယ်လိုက်ပါဦး။
(၅) နားကပ်
နားကပ်ဆိုတဲ့နေရာမှာ ဆယ်ကျော်သက်အရွယ်က ဝတ်ခဲ့သလို တွဲလောင်းတွဲလောင်းတွေထက် တစ်ပွင့်တည်းစိန်နားကပ်တွေက ယောင်းအတွက်ပိုသင့်တော်ပါတယ်။ ခပ်ကြွားကြွား စိန်နားကပ်လေးပဲဖြစ်ဖြစ် ဖန်စီတစ်ပွင့်တည်းစိန်နားကပ်လေးတွေ ဝယ်ပန်လို့ရပါတယ်။
(၆) ခါးပတ်
ကွာလတီကောင်းကောင်းခါးပတ်တစ်ခုက ယောင်းကို သတိပြုမိစေပါတယ်။ အညိုရောင်သားရေခါးပတ်တစ်ခုရှိရင် ဘာနဲ့မဆို တွဲဝတ်လို့လှတာကြောင့် ခါးပတ်ကောင်းကောင်းလှလှတစ်ခုတော့ ရှိပါစေ။
(၇) အိတ်
အိတ်တွေလှလို့ ကြိုက်လို့ ဝယ်လိုက်ပြီး ထုတ်မကိုင်ဖြစ်တဲ့အိတ်တွေ ဘယ်နှအိတ်ရှိနေပြီလဲဆိုတာရော စဉ်းစားမိရဲ့လား ? တကယ်တော့ နေ့စဉ်ကိုင်လို့ရတဲ့ မသေးမကြီးအနေတော် အိတ်တစ်အိတ်ရှိရင် ယောင်းအတွက်အဆင်ပြေပါတယ်။ နေ့စဉ်ကိုင်မှာဆိုတော့ အရောင်ဖျော့တဲ့အိတ်တွေနဲ့ ကွာလတီမကောင်းတာတော့ မဝယ်နဲ့ပေါ့နော်။
(၈) အနီရောင်နှုတ်ခမ်းနီ
ဘယ်တော့ရိုးမသွားတဲ့ classic နှုတ်ခမ်းနီကို ပြပါဆိုရင် အနီရောင်တောက်တောက် နှုတ်ခမ်းနီကို လက်ညှိုးထိုးပြရမှာပါ။ အနီရောင်ရဲ့သဘောတရားကိုက ရဲရင့်တဲ့သဘောဆောင်တာကြောင့် ယောင်းကို စမတ်ကျထက်မြက်တဲ့အသွင်ဖြစ်စေမှာပါ။
ကဲ…ဒီလောက်ဆိုရင် ယောင်းတို့လည်း အသက် (၂၅) နှစ်ကျော်မှာ မကုန်သင့်တာမကုန်ရအောင် ဘာတွေပဲမရှိမဖြစ်လိုအပ်လဲဆိုတာ သိလောက်ပြီထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်က အလှဆုံးဆိုတာကြောင့် ယုံကြည်မှုကို သွားလေရာသယ်သွားဖို့ မမေ့နေနဲ့ဦး ယောင်းယောင်းရေ…
Credit:Stella (For Her Myanmar)






မှတ်ချက်များ