ပုဇြန္ကို ျဖတ္ဖို႔ၾက္ိုးစားရင္ လက္ေခ်ာင္းျဖတ္မိတဲ့သူ ၃ ရက္ေနေတာ့ ေသဆုံး



Zawgyi ျဖင့္ဖတ္ရန္

ဟန္က်ိဳးမွာေနထိုင္တဲ့ အမ်ိဳးသားတစ္ဦးဟာ လက္ေခ်ာင္းကို ပုဇြန္ခြံနဲ႔ျခစ္မိရာမွ ေရာဂါပိုးဝင္ကာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။Wang အမည္ရွိ အမ်ိဳးသားတစ္ဦးဟာ ေဆး႐ုံကို သတိလစ္ေနတဲ့အေျခအေနနဲ႔ေရာက္လာခဲ့ၿပီး ညာဘက္ေျခေထာက္လည္း ေယာင္ေနတယ္လို႔သိရပါတယ္။


Wang ဟာ ႐ုတ္တရက္ႀကီးအဖ်ားဝင္ၿပီး ေမ့လဲကာ ကိုမာျဖစ္သြားတာမို႔ မိသားစုေတြကေတာ့ ထူးဆန္းလို႔ေနပါတယ္။ေဆး႐ုံေရာက္ခ်ိန္မွာေတာ့ သူ႔ကိုအေရးေပၚခန္းကို ေျပာင္းေ႐ြ႕ၿပီး ကုသေပးခဲ့ပါတယ္။

ဆရာဝန္ေတြကေမးျမန္းတဲ့အခါမွာ Wangဟာ လြန္ခဲ့တဲ့ သုံးရက္က ေဈးထဲမွ ပုဇြန္ဝယ္ရင္း လက္ႏွင့္ပုဇြန္အခြံျခစ္မိခဲ့တာကို သတိထားမိသြားၾကပါတယ္။



Wangရဲ႕အေျခအေနကိုစစ္ေဆးၾကည့္တဲ့အခါမွာ သူဟာ ရွားပါးၿပီး လူကိုေသေစႏိုင္တဲ့ ဘတ္တီးရီယားတစ္မ်ိဳးေၾကာင့္ ေရာဂါပိုးဝင္တယ္လို႔ စစ္ေဆးရရွိခဲ့ပါတယ္။

ဒီဘတ္တီးရီးယားေတြဟာ အခြံပါတဲ့ ပုဇြန္ ခ႐ု ဂဏန္း ဂုံး စတဲ့အေကာင္ေတြကို အစိမ္း သိုမဟုတ္ မက်တ္တက်တ္စားျခင္းမွလည္း ဝင္ေရာက္ႏိုင္ၿပီး အေရျပားကို ထိခိုက္ေစကာ ေရာဂါပိုးဝင္လာၿပီး ေသဆုံးႏိုင္သည္အထိ ျပင္းထန္တယ္လို႔ သိရပါတယ္။





Wang ကို ႀကိဳးစားၿပီးကုသခဲ့ၾကေပမယ့္ ကံဆိုးစြာနဲ႔ပဲ ကုသၿပီး ၃ရက္အၾကာမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

ဆရာဝန္ေတြကေတာ့ အခြံပါတဲ့ ပုဇြန္ ခ႐ု ဂုံး ဂဏန္း စတဲ့အေကာင္ေတြကို ကိုင္တြယ္ စားေသာက္ရာမွာ သတိထားၾကဖို႔ ျပည္သူလူထုကို သတိေပးထားကာ ထိခိုက္မိပါကလည္း သန႔္စင္ေအာင္ ေဆးေၾကာဖို႔ ေျပာထားၾကပါေသးတယ္။

Writer -LLA ( Shwe Yaung Lan )


Unicode ဖြင့်ဖတ်ရန်

ပုဇွန်ကို ဖြတ်ဖို့ြကိုးစားရင် လက်ချောင်းဖြတ်မိတဲ့သူ ၃ ရက်နေတော့ သေဆုံး



ဟန်ကျိုးမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ လက်ချောင်းကို ပုဇွန်ခွံနဲ့ခြစ်မိရာမှ ရောဂါပိုးဝင်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။Wang အမည်ရှိ အမျိုးသားတစ်ဦးဟာ ဆေးရုံကို သတိလစ်နေတဲ့အခြေအနေနဲ့ရောက်လာခဲ့ပြီး ညာဘက်ခြေထောက်လည်း ယောင်နေတယ်လို့သိရပါတယ်။


Wang ဟာ ရုတ်တရက်ကြီးအဖျားဝင်ပြီး မေ့လဲကာ ကိုမာဖြစ်သွားတာမို့ မိသားစုတွေကတော့ ထူးဆန်းလို့နေပါတယ်။ဆေးရုံရောက်ချိန်မှာတော့ သူ့ကိုအရေးပေါ်ခန်းကို ပြောင်းရွေ့ပြီး ကုသပေးခဲ့ပါတယ်။

ဆရာဝန်တွေကမေးမြန်းတဲ့အခါမှာ Wangဟာ လွန်ခဲ့တဲ့ သုံးရက်က ဈေးထဲမှ ပုဇွန်ဝယ်ရင်း လက်နှင့်ပုဇွန်အခွံခြစ်မိခဲ့တာကို သတိထားမိသွားကြပါတယ်။



Wangရဲ့အခြေအနေကိုစစ်ဆေးကြည့်တဲ့အခါမှာ သူဟာ ရှားပါးပြီး လူကိုသေစေနိုင်တဲ့ ဘတ်တီးရီယားတစ်မျိုးကြောင့် ရောဂါပိုးဝင်တယ်လို့ စစ်ဆေးရရှိခဲ့ပါတယ်။

ဒီဘတ်တီးရီးယားတွေဟာ အခွံပါတဲ့ ပုဇွန် ခရု ဂဏန်း ဂုံး စတဲ့အကောင်တွေကို အစိမ်း သိုမဟုတ် မကျတ်တကျတ်စားခြင်းမှလည်း ဝင်ရောက်နိုင်ပြီး အရေပြားကို ထိခိုက်စေကာ ရောဂါပိုးဝင်လာပြီး သေဆုံးနိုင်သည်အထိ ပြင်းထန်တယ်လို့ သိရပါတယ်။



Wang ကို ကြိုးစားပြီးကုသခဲ့ကြပေမယ့် ကံဆိုးစွာနဲ့ပဲ ကုသပြီး ၃ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆရာဝန်တွေကတော့ အခွံပါတဲ့ ပုဇွန် ခရု ဂုံး ဂဏန်း စတဲ့အကောင်တွေကို ကိုင်တွယ် စားသောက်ရာမှာ သတိထားကြဖို့ ပြည်သူလူထုကို သတိပေးထားကာ ထိခိုက်မိပါကလည်း သန့်စင်အောင် ဆေးကြောဖို့ ပြောထားကြပါသေးတယ်။

Writer -LLA ( Shwe Yaung Lan )

မှတ်ချက်များ